ရွှေလီမြို့ကို Lockdown ဖြေပြီးနောက် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ပြန်စ

ရွှေလီမြို့ကို Lockdown ဖြေပြီးနောက် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ပြန်စ - Property News in Myanmar from iMyanmarHouse.com
23 Sep 2020 12:24 pm တွင် တင်ခဲ့သည်
1183 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်နိုင်ငံအစိုးရက ရွှေလီမြို့ကို Lockdown ဖြေလျှော့ပြီး နယ်စပ်အကောက်အခွန်ဂိတ်ပြန်လည် ဖွင့်လှစ်ပေးသဖြင့် စက်တင်ဘာ ၂၂ ရက်တွင် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ပြီဟု မူဆယ်နယ်စပ်မှ ကုန်သည်အချို့က ပြောသည်။

ရွှေလီမြို့တွင် COVID -19 ကူးစက်ခံရသူနှစ်ဦး တွေ့ရှိ ပြီးနောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ စက်တင်ဘာ ၁၅ ရက်တွင် စတင် ရပ်ဆိုင်းသွားခြင်းဖြစ်သည်။

စက်တင်ဘာ ၂၁ ရက်ညတွင် ရွှေလီ မြို့ကို Lockdown ဖြေလျှော့ပေးပြီးနောက် စက်တင်ဘာ ၂၂ ရက် နံနက်တွင် အကောက်အခွန်ဂိတ်ကို တရုတ်နိုင်ငံအစိုးရက ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

“အရင်လိုပြန်လုပ်နိုင်ပါပြီ။ စက်တင်ဘာ ၂၃ ရက်ဆိုရင် ကုန်သွယ်ရေး ပုံမှန်ပြန်ဖြစ်ပြီ” ဟု မူဆယ်အဝေးပြေးကုန် စည်ပို့ဆောင်ရေးလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က ပြောသည်။

လက်ရှိတွင် တရုတ်နိုင်ငံမှကုန်တင်ယာဉ်ငယ်များ မြန်မာနိုင်ငံသို့ စတင်ဝင်နေသကဲ့သို့ ကျယ်ဂေါင်သို့ ရောက်ရှိနေသည့်မြန်မာနိုင်ငံမှ ကုန်တင်ကားများလည်း ထွက်ခွာနေကြောင်း ၎င်းကပြောသည်။

မူဆယ်- ရွှေလီနယ်စပ်ကုန်သွယ်ရေးသည် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ၁၈ ခုအနက် ကုန်သွယ်မှုအများဆုံးဖြစ်သည်။

မြန်မာ-တရုတ် တရားဝင် နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်း လေးခုအနက် မူဆယ်- ရွှေလီ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွင် ကုန်သွယ်ရေး လုပ်ငန်းများ ရပ်ဆိုင်းခဲ့ခြင်းဖြစ် သည်။တရုတ်နိုင်ငံနယ်စပ် ကျယ် ဂေါင်မှ ရွှေလီမြို့သို့ သွားသည့် လမ်းကြောင်းပေါ်ရှိ အကောက် အခွန်ဂိတ်ကို တရုတ်အစိုးရက ရက်အကန့်အသတ်မရှိ ပိတ်ထား ခြင်းကြောင့် နှစ်နိုင်ငံနယ်စပ်ကုန် သွယ်ရေး ပြတ်တောက်သွားသည်။

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးစခန်းစုစုပေါင်း၏ ယခု ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှု တန်ဖိုး ဒေါ်လာ ၉ ဒသမ ၉ ဘီလီ ယံကျော်ရှိပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုက ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံကျော်သည်။ နယ်စပ်ကုန်သွယ်မှု စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းခန့်ရှိနေသည်။

တစ်ရက်လျှင် ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၁၄သန်းကျော်ရှိနေပြီး မြန်မာနိုင်ငံမှ ဆန်၊ပဲ၊ရေထွက်ကုန်များ နေ့စဉ် တင်ပို့ပြီး တရုတ်နိုင်ငံမှ လူသုံးကုန်ပစ္စည်းများ ၊အထည်ချုပ်ကုန်ကြမ်း ပစ္စည်းများနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ အပါအဝင် ကုန်ပစ္စည်းများစွာ တင်သွင်းနေသည်။

ရွှေလီမြို့တွင် မြန်မာနိုင်ငံသား တရုတ်လူမျိုးတစ်ဦးနှင့်၎င်း၏အဖော်ဖြစ်သူတွင် COVID-19 ကူးစက်ခံထားရသည်ကို စစ်ဆေး တွေ့ရှိပြီးနောက် စက်တင်ဘာ ၁၄ ရက် တရုတ်နိုင်ငံစံတော်ချိန် ည ၁၀ နာရီခွဲတွင် ရွှေလီမြို့ကို တစ်ပတ်ကြာ Lockdown ချ‌ကြောင်း ကြေညာခဲ့သည်။

ရွှေလီအစိုးရသည် မြို့ကို သွားလာခွင့် ကန့်သတ်တားမြစ် ခြင်းသာမက ကုန်သွယ်ရေးနှင့် သက်ဆိုင်သော လုပ်ငန်းများကို ခေတ္တရပ်ဆိုင်းလိုက်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ေ႐ႊလီၿမိဳ႕ကို Lockdown ေျဖၿပီးေနာက္ ျမန္မာ-တ႐ုတ္နယ္စပ္ကုန္သြယ္ျပန္စ

တ႐ုတ္ႏိုင္ငံအစိုးရက ေ႐ႊလီၿမိဳ႕ကို Lockdown ေျဖေလွ်ာ့ၿပီး နယ္စပ္အေကာက္အခြန္ဂိတ္ျပန္လည္ ဖြင့္လွစ္ေပးသျဖင့္ စက္တင္ဘာ ၂၂ ရက္တြင္ ႏွစ္ႏိုင္ငံနယ္စပ္ကုန္သြယ္ေရးလုပ္ငန္းမ်ား ျပန္လည္စတင္ႏိုင္ၿပီဟု မူဆယ္နယ္စပ္မွ ကုန္သည္အခ်ိဳ႕က ေျပာသည္။

ေ႐ႊလီၿမိဳ႕တြင္ COVID -19 ကူးစက္ခံရသူႏွစ္ဦး ေတြ႕႐ွိ ၿပီးေနာက္ ျမန္မာ-တ႐ုတ္ နယ္စပ္ကုန္သြယ္ေရး လုပ္ငန္းမ်ား စက္တင္ဘာ ၁၅ ရက္တြင္ စတင္ ရပ္ဆိုင္းသြားျခင္းျဖစ္သည္။

စက္တင္ဘာ ၂၁ ရက္ညတြင္ ေ႐ႊလီ ၿမိဳ႕ကို Lockdown ေျဖေလွ်ာ့ေပးၿပီးေနာက္ စက္တင္ဘာ ၂၂ ရက္ နံနက္တြင္ အေကာက္အခြန္ဂိတ္ကို တ႐ုတ္ႏိုင္ငံအစိုးရက ျပန္လည္ဖြင့္လွစ္ေပးခဲ့ျခင္းျဖစ္သည္။

“အရင္လိုျပန္လုပ္ႏိုင္ပါၿပီ။ စက္တင္ဘာ ၂၃ ရက္ဆိုရင္ ကုန္သြယ္ေရး ပုံမွန္ျပန္ျဖစ္ၿပီ” ဟု မူဆယ္အေဝးေျပးကုန္ စည္ပို႔ေဆာင္ေရးလုပ္ငန္း႐ွင္အသင္း ဥကၠ႒ ဦးဝင္းေအာင္ခန္႔က ေျပာသည္။

လက္႐ွိတြင္ တ႐ုတ္ႏိုင္ငံမွကုန္တင္ယာဥ္ငယ္မ်ား ျမန္မာႏိုင္ငံသို႔ စတင္ဝင္ေနသကဲ့သို႔ က်ယ္ေဂါင္သို႔ ေရာက္႐ွိေနသည့္ျမန္မာႏိုင္ငံမွ ကုန္တင္ကားမ်ားလည္း ထြက္ခြာေနေၾကာင္း ၎ကေျပာသည္။

မူဆယ္- ေ႐ႊလီနယ္စပ္ကုန္သြယ္ေရးသည္ ျမန္မာႏိုင္ငံ၏ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္း ၁၈ ခုအနက္ ကုန္သြယ္မႈအမ်ားဆုံးျဖစ္သည္။

ျမန္မာ-တ႐ုတ္ တရားဝင္ နယ္စပ္ကုန္သြယ္ေရးလမ္း ေၾကာင္း ေလးခုအနက္ မူဆယ္- ေ႐ႊလီ နယ္စပ္ကုန္သြယ္ေရး လမ္းေၾကာင္းတြင္ ကုန္သြယ္ေရး လုပ္ငန္းမ်ား ရပ္ဆိုင္းခဲ့ျခင္းျဖစ္ သည္။တ႐ုတ္ႏိုင္ငံနယ္စပ္ က်ယ္ ေဂါင္မွ ေ႐ႊလီၿမိဳ႕သို႔ သြားသည့္ လမ္းေၾကာင္းေပၚ႐ွိ အေကာက္ အခြန္ဂိတ္ကို တ႐ုတ္အစိုးရက ရက္အကန္႔အသတ္မ႐ွိ ပိတ္ထား ျခင္းေၾကာင့္ ႏွစ္ႏိုင္ငံနယ္စပ္ကုန္ သြယ္ေရး ျပတ္ေတာက္သြားသည္။

ျမန္မာႏိုင္ငံ၏ နယ္စပ္ကုန္သြယ္ေရးစခန္းစုစုေပါင္း၏ ယခု ဘ႑ာႏွစ္အတြင္း ကုန္သြယ္မႈ တန္ဖိုး ေဒၚလာ ၉ ဒသမ ၉ ဘီလီ ယံေက်ာ္႐ွိၿပီး ျမန္မာ-တ႐ုတ္ နယ္စပ္ကုန္သြယ္မႈက ေဒၚလာ ၅ ဒသမ ၄ ဘီလီယံေက်ာ္သည္။ နယ္စပ္ကုန္သြယ္မႈ စုစုေပါင္း၏ ၆၀ ရာခိုင္ႏႈန္းခန္႔႐ွိေနသည္။

တစ္ရက္လွ်င္ ကုန္သြယ္မႈတန္ဖိုး ကန္ေဒၚလာ ၁၄သန္းေက်ာ္႐ွိေနၿပီး ျမန္မာႏိုင္ငံမွ ဆန္၊ပဲ၊ေရထြက္ကုန္မ်ား ေန႔စဥ္ တင္ပို႔ၿပီး တ႐ုတ္ႏိုင္ငံမွ လူသုံးကုန္ပစၥည္းမ်ား ၊အထည္ခ်ဳပ္ကုန္ၾကမ္း ပစၥည္းမ်ားႏွင့္ ေဆာက္လုပ္ေရး လုပ္ငန္းသုံး ပစၥည္းမ်ား အပါအဝင္ ကုန္ပစၥည္းမ်ားစြာ တင္သြင္းေနသည္။

ေ႐ႊလီၿမိဳ႕တြင္ ျမန္မာႏိုင္ငံသား တ႐ုတ္လူမ်ိဳးတစ္ဦးႏွင့္၎၏အေဖာ္ျဖစ္သူတြင္ COVID-19 ကူးစက္ခံထားရသည္ကို စစ္ေဆး ေတြ႕႐ွိၿပီးေနာက္ စက္တင္ဘာ ၁၄ ရက္ တ႐ုတ္ႏိုင္ငံစံေတာ္ခ်ိန္ ည ၁၀ နာရီခြဲတြင္ ေ႐ႊလီၿမိဳ႕ကို တစ္ပတ္ၾကာ Lockdown ခ်‌ေၾကာင္း ေၾကညာခဲ့သည္။

ေ႐ႊလီအစိုးရသည္ ၿမိဳ႕ကို သြားလာခြင့္ ကန္႔သတ္တားျမစ္ ျခင္းသာမက ကုန္သြယ္ေရးႏွင့္ သက္ဆိုင္ေသာ လုပ္ငန္းမ်ားကို ေခတၱရပ္ဆိုင္းလိုက္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service