ကျန်းမာရေးဝန်ကြီးဗိုင်းရပ်စ်ကူးစက်ခံရသောကြောင့် အိုင်ယာလန် အစိုးရတစ်ဖွဲ့လုံး သီးခြားနေထိုင်ကြရမည်

ကျန်းမာရေးဝန်ကြီးဗိုင်းရပ်စ်ကူးစက်ခံရသောကြောင့် အိုင်ယာလန် အစိုးရတစ်ဖွဲ့လုံး သီးခြားနေထိုင်ကြရမည် - Property News in Myanmar from iMyanmarHouse.com
18 Sep 2020 11:52 am တွင် တင်ခဲ့သည်
804 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိုင်ယာလန်ကျန်းမာရေးဝန်ကြီးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိသဖြင့် အစိုးရတစ်ဖွဲ့လုံး သီးခြားနေထိုင် (self-isolate) ကြရတော့မည် ဖြစ်သည်။

အိုင်ယာလန် လွှတ်တော် (Dail) မှာလည်း ကျန်းမာရေးဝန်ကြီး စတီဖန် ဒွန်နယ်လီ (Stephen Donnelly) နာမကျန်းဖြစ်ခြင်းကြောင့် ရွှေ့ဆိုင်းရတော့မည် ဖြစ်သည်။

အစိုးရအဖွဲ့၏ အစည်းအဝေးတွင် ယာယီကျန်းမာရေးအကြီးအကဲ ဒေါက်တာ ရိုနန် ဂလင်း၏ အကြံပြုချက်အရ ယခုအစီအစဉ်ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း independent.ie တွင် ဖော်ပြသည်။

လွှတ်တော်ဥက္ကဌ Sean O Fearghail က ကြေညာခဲ့ရာတွင် “ကျွန်တော်အလွန်အရေးကြီးတဲ့သတင်းကို တင်ပြစရာရှိပါတယ်။ ဒီနေ့အစည်းအဝေးအရ အစိုးရအဖွဲ့ဟာ မိမိတို့ဘာသာ သီးခြားနေထိုင်ကြရတော့မှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုလည်း ရွှေ့ဆိုင်းလိုက်ပါတယ်။ လာမယ့် အင်္ဂါနေ့လောက်အထိ ဖြစ်ဖွယ်ရာရှိပါတယ်။ ဒါမှမဟုတ် လွှတ်တော်ပြန်စဖို့ ဝန်ကြီးချုပ် ထေးရှာ (Taoiseach) က ကျွန်တော့်ကို ညွှန်ကြားလာတဲ့အချိန်အထိ ဖြစ်ဖွယ်ရှိပါတယ်။ ဒါကြောင့် လွှတ်တော်ကို နောက်ထပ်ထုတ်ပြန်ချက် မထုတ်ပြန်ခင်အထိ ရွှေ့ဆိုင်းသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားရာတွင် “ဝန်ကြီးဟာ သူ့ရဲ့ ဆရာဝန်ကို ဆက်သွယ်ခဲ့ရာမှာ Covid-19 စမ်းသပ်စစ်ဆေးဖို့ အကြံပြုခြင်းခံရပါတယ်။ သူဟာ နေအိမ်မှာ ပြန်နေမှာဖြစ်ပြီး သူ့ရဲ့သွားလာမှုတွေကို တင်းကြပ်ထားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အခြားသော အစိုးရအဖွဲ့ဝန်ကြီး ၂ ဦးသည်လည်း သီးခြားနေထိုင်ကြရလျက်ရှိပြီး covid-19 စမ်းသပ်စစ်ဆေးရန် စောင့်ဆိုင်းနေကြသည်ဟု ဆိုသည်။

ဥရောပရေးရာဝန်ကြီး သောမတ်စ် ဘန်းက ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်မှုဆိုင်ရာအရေးကို ဗွီဒီယိုမှတဆင့် ပြောကြားရာတွင် ၎င်းတွင် ချောင်းဆိုးသည့်ဝေဒနာခံစားနေရကြောင်း ပြောကြားခဲ့သည်။

Green Party ခေါင်းဆောင် အီမွန် ရိုင်ယန်နှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးတို့လည်း အစိုးရအဖွဲ့အစည်းအဝေးသို့ ဗွီဒီယိုမှတဆင့် ပါဝင်ခဲ့ကြသည်။ သယ်ယူပို့ဆောင်ရေးဝန်ကြီးသည် ၎င်း၏ မိသားစုဝင်တစ်ဦးအတွက် Covid-19 စစ်ဆေးမှုခံယူရန် စောင့်ဆိုင်းနေချိန်တွင် ကြိုတင်ကာကွယ်မှုအနေဖြင့် အစိုးရအဖွဲ့အစည်းအဝေးကို ဗွီဒီယိုမှသာ ပါဝင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Entire Irish cabinet to self isolate after Health Minister undergoes tests for coronavirus (Metro)

[Zawgyi]

က်န္းမာေရးဝန္ၾကီးဗိုင္းရပ္စ္ကူးစက္ခံရေသာေၾကာင့္ အိုင္ယာလန္ အစိုးရတစ္ဖြဲ႔လံုး သီးျခားေနထိုင္ၾကရမည္

အိုင္ယာလန္က်န္းမာေရးဝန္ၾကီးတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႔ရွိသျဖင့္ အစိုးရတစ္ဖြဲ႔လံုး သီးျခားေနထုိင္ (self-isolate) ၾကရေတာ့မည္ ျဖစ္သည္။

အိုင္ယာလန္ လႊတ္ေတာ္ (Dail) မွာလည္း က်န္းမာေရးဝန္ၾကီး စတီဖန္ ဒြန္နယ္လီ (Stephen Donnelly) နာမက်န္းျဖစ္ျခင္းေၾကာင့္ ေရႊ ႔ဆိုင္းရေတာ့မည္ ျဖစ္သည္။

အစိုးရအဖြဲ႔၏ အစည္းအေဝးတြင္ ယာယီက်န္းမာေရးအၾကီးအကဲ ေဒါက္တာ ရိုနန္ ဂလင္း၏ အၾကံျပဳခ်က္အရ ယခုအစီအစဥ္ေပၚေပါက္လာျခင္း ျဖစ္ေၾကာင္း independent.ie တြင္ ေဖာ္ျပသည္။

လႊတ္ေတာ္ဥကၠဌ Sean O Fearghail က ေၾကညာခဲ့ရာတြင္ “ကၽြန္ေတာ္အလြန္အေရးၾကီးတဲ့သတင္းကို တင္ျပစရာရွိပါတယ္။ ဒီေန႔အစည္းအေဝးအရ အစိုးရအဖြဲ႔ဟာ မိမိတို႔ဘာသာ သီးျခားေနထုိင္ၾကရေတာ့မွာ ျဖစ္ပါတယ္။ လႊတ္ေတာ္ကိုလည္း ေရႊ ႔ဆိုင္းလိုက္ပါတယ္။ လာမယ့္ အဂၤ ါေန႔ေလာက္အထိ ျဖစ္ဖြယ္ရာရွိပါတယ္။ ဒါမွမဟုတ္ လႊတ္ေတာ္ျပန္စဖို႔ ဝန္ၾကီးခ်ဳပ္ ေထးရွာ (Taoiseach) က ကၽြန္ေတာ့္ကို ညႊန္ၾကားလာတဲ့အခ်ိန္အထိ ျဖစ္ဖြယ္ရွိပါတယ္။ ဒါေၾကာင့္ လႊတ္ေတာ္ကို ေနာက္ထပ္ထုတ္ျပန္ခ်က္ မထုတ္ျပန္ခင္အထိ ေရႊ ႔ဆိုင္းသြားမွာ ျဖစ္ပါတယ္” ဟု ဆိုသည္။

အစိုးရအဖြဲ႔ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္က ေျပာၾကားရာတြင္ “ဝန္ၾကီးဟာ သူ႔ရဲ ႔ ဆရာဝန္ကို ဆက္သြယ္ခဲ့ရာမွာ Covid-19 စမ္းသပ္စစ္ေဆးဖို႔ အၾကံျပဳျခင္းခံရပါတယ္။ သူဟာ ေနအိမ္မွာ ျပန္ေနမွာျဖစ္ျပီး သူ႔ရဲ ႔သြားလာမႈေတြကို တင္းၾကပ္ထားမွာ ျဖစ္ပါတယ္” ဟု ေျပာၾကားသည္။

အျခားေသာ အစိုးရအဖြဲ႔ဝန္ၾကီး ၂ ဦးသည္လည္း သီးျခားေနထုိင္ၾကရလ်က္ရွိျပီး covid-19 စမ္းသပ္စစ္ေဆးရန္ ေစာင့္ဆိုင္းေနၾကသည္ဟု ဆိုသည္။

ဥေရာပေရးရာဝန္ၾကီး ေသာမတ္စ္ ဘန္းက ဥေရာပသမဂၢမွ ျဗိတိန္ႏႈတ္ထြက္မႈဆိုင္ရာအေရးကို ဗီြဒီယိုမွတဆင့္ ေျပာၾကားရာတြင္ ၎တြင္ ေခ်ာင္းဆိုးသည့္ေဝဒနာခံစားေနရေၾကာင္း ေျပာၾကားခဲ့သည္။

Green Party ေခါင္းေဆာင္ အီမြန္ ရိုင္ယန္ႏွင့္ သယ္ယူပို႔ေဆာင္ေရးဝန္ၾကီးတို႔လည္း အစိုးရအဖြဲ႔အစည္းအေဝးသို႔ ဗြီဒီယိုမွတဆင့္ ပါဝင္ခဲ့ၾကသည္။ သယ္ယူပို႔ေဆာင္ေရးဝန္ၾကီးသည္ ၎၏ မိသားစုဝင္တစ္ဦးအတြက္ Covid-19 စစ္ေဆးမႈခံယူရန္ ေစာင့္ဆိုင္းေနခ်ိန္တြင္ ၾကိဳတင္ကာကြယ္မႈအေနျဖင့္ အစိုးရအဖြဲ႔အစည္းအေဝးကို ဗြီဒီယိုမွသာ ပါဝင္ခဲ့ျခင္း ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Entire Irish cabinet to self isolate after Health Minister undergoes tests for coronavirus (Metro)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service