ပလတ်စတစ်မျက်နှာဖုံးကာများ၏ အန္တရာယ် ကန်သိပ္ပံပညာရှင်များပြောကြား

ပလတ်စတစ်မျက်နှာဖုံးကာများ၏ အန္တရာယ် ကန်သိပ္ပံပညာရှင်များပြောကြား - Property News in Myanmar from iMyanmarHouse.com
10 Sep 2020 12:35 pm တွင် တင်ခဲ့သည်
34168 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပလတ်စတစ်အကြည်ဖြင့် ပြုလုပ်ထားသော မျက်နှာဖုံးကာများနှင့် လေထွက်ဘားပါသည့် နှာခေါင်းစည်းတို့သည် ကမ္ဘာ့ပြည်သူများအကြား Covid-19 ကာကွယ်ရေးအတွက် အသုံးပြုမှု ရေပန်းစားနေသော်လည်း အမေရိကန်နိုင်ငံမှ သုတေသနအရမူ အဆိုပါ မျက်နှာဖုံးတို့သည် ရောဂါကာကွယ်ရေးထိရောက်မှုမရှိကြောင်း ဖော်ထုတ်တင်ပြလာသည်။

ဖလော်ရီဒါ အတ္တလန်တစ် တက္ကသိုလ် (Florida Atlantic University) မှ သုတေသနပညာရှင်များသည် ပလတ်စတစ်မျက်နှာဖုံးကာများ နှင့် လေထွက်ဘားပါ နှာခေါင်းစည်းတို့၏ လုပ်ဆောင်မှုကို စမ်းစစ်ခဲ့ကြသည်။

ပလတ်စတစ် အကြည် မျက်နှာဖုံးကာများသည် ဗိုင်းရပ်စ်ပါသည့် အမှုန်အမွှားများ ရှေ့တူရူသို့ လွင့်ထွက်မှုကို တားဆီးပေးသော်လည်း မျက်နှာဖုံး၏ အောက်နှင့် ဘေးတို့မှတဆင့် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားနိုင်ကြောင်း သိပ္ပံပညာရှင်များ ဖတ်ရှုလေ့လာပြီးမှ ပုံနှိပ်ထုတ်ဝေမှုများ ပြုလုပ်သည့် သိပ္ပံဂျာနယ်တစ်ခုဖြစ်သော Physics of Fluids တွင် စက်တင်ဘာ ၁ ရက်က ဖော်ပြခဲ့သည်။

လေထွက်ဘားပါ နှာခေါင်းစည်း၏ လုပ်ဆောင်ပုံကို ကွန်ပြူတာပုံ လေ့လာရာတွင် အမှုန်အမွှားများစွာသည် မည်သည့်တားဆီးမှုမှ ပြုလုပ်မထားသည့် လေထွက်ဘားမှတဆင့် ပျံ့ထွက်သွားပုံကို တွေ့ရသည်။

သိပ္ပံပညာရှင်တို့က ပြောကြားရာတွင် ပလတ်စတစ်မျက်နှာဖုံးကာများနှင့် လေထွက်ဘားပါ နှာခေါင်းစည်းတို့အကြောင်း ကမ္ဘာ့ပြည်သူများ သိရှိနိုင်ရန် ယခုလေ့လာချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ကမ္ဘာ့ပြည်သူတို့သည် အဝတ်နှာခေါင်းစည်းနှင့် တစ်ခါသုံး mask တို့အစား အသက်ရှူရကောင်းမွန်ကာ သက်တောင့်သက်သာရှိသော ပလတ်စတစ် မျက်နှာဖုံးကာနှင့် လေထွက်ဘား နှာခေါင်းစည်းတို့ကို အသုံးပြုလာကြခြင်း ဖြစ်သည်။

ပလတ်စတစ်မျက်နှာဖုံးကာတို့ကို မျက်မှန်ကိုင်းဖြင့် တပ်ဆင်ပါက စိုထိုင်းဆကို လျှော့ချပေးပြီး အသက်ရှူရန်လည်း လွယ်ကူသည်။ မျက်လုံးထဲသို့ ဗိုင်းရပ်စ်ပါသည့် အမှုန်များ လွင့်စင်ဝင်ရောက်လာမည်ကို အကာအကွယ်ပေးပြီး ဆေးကြောပိုးသတ်ရန်လည်း လွယ်ကူသည်။

သို့သော် မိမိထံမှ ဗိုင်းရပ်စ်တို့သည် မျက်နှာဖုံးကာ၏ အောက်နှင့် ဘေးတို့မှတဆင့် အပြင်သို့ပျံ့နှံ့သွားနိုင်သည်။

ထို့အပြင် ဗိုင်းရပ်စ်များပြားသော ဝန်းကျင်တွင် ဗိုင်းရပ်စ်ပါသည့် အမှုန်များ မရှုရှိုက်မိစေရန် ကာကွယ်နိုင်စွမ်းမှာ ၂၃ ရာခိုင်နှုန်းသာရှိ ကြောင်း သုတေသနပညာရှင်များ တွေ့ရှိခဲ့ကြသည်။

လေထွက်ဘားပါ နှာခေါင်းစည်းများသည် ဝတ်ဆင်သူ ရှုထုတ်လိုက်သည့် လေများကို စစ်ထုတ်ကာကွယ်ပေးခြင်းမရှိရာ အခြားသူများထံ ရောဂါပိုးပါသည့် အမှုန်များ ကူးစက်ခြင်း ခံရနိုင်သည်။

ယခုလေ့လာချက်က ကောက်ချက်ချသည်မှာ ပလတ်စတစ် မျက်နှာဖုံးကာများနှင့် လေထွက်ဘားပါ နှာခေါင်းစည်းတို့သည် Covid-19 ကို ကာကွယ်ရာတွင် ပုံမှန်နှာခေါင်းစည်းများလောက် ထိရောက်မှုမရှိကြောင်း ကောက်ချက်ဆွဲခဲ့သည်။

ထို့အပြင် အမေရိကန် ရောဂါထိန်းချုပ်ရေးဗဟို (CDC) ကလည်း ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ပလတ်စတစ် မျက်နှာဖုံးကာများ အသုံးပြုခြင်းကို အားမပေးချေ။

တရုတ်ပြည် Shanghai Zhongshan ဆေးရုံမှ ကူးစက်ရောဂါ ပါရဂူ Gao Xiaodong က ပြောကြားရာတွင် အမေရိကန်သုတေသန ပညာရှင်တို့၏ တွေ့ရှိချက်အပေါ် သဘောတူလက်ခံကြောင်း၊ ပလတ်စတစ်မျက်နှာဖုံးကာများနှင့် လေထွက်ဘားပါ နှာခေါင်းစည်း ၂ မျိုးလုံးသည် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှု တားဆီးရေးတွင် အကန့်အသတ်များ ရှိနေကြောင်း ပြောကြားသည်။

“ပလတ်စတစ် မျက်နှာဖုံးကာအောက်မှာ တစ်ခါသုံး mask တပ်ထားမယ်ဆိုရင်တော့ အန္တရာယ်ကင်းပါတယ်။ မျက်နှာဖုံးကာတွေ တီထွင်ရခြင်းရဲ့ ရည်ရွယ်ချက်က တပ်ဆင်သူရဲ့ မျက်နှာကို ခန္ဓာကိုယ်က ထုတ်လုပ်တဲ့ အရည်တွေ လာမစင်စေဖို့သာ ဖြစ်ပါတယ်” ဟု Xiaodong က ပြောကြားသည်။

Xiaodong က ဆက်လက်ပြောကြားရာတွင် လေထွက်ဘားပါ နှာခေါင်းစည်း ဝတ်ဆင်သူတို့မှာ တကိုယ်ကောင်းဆန်သူများသာ ဖြစ်ကြောင်း၊ အဆိုပါ နှာခေါင်းစည်းမျိုးသည် ဝတ်ဆင်သူမှလွဲပြီး အခြားမည်သူ့ကိုမှ အကာအကွယ်မပေးကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Covid-19 research shows downsides of face shields and valve masksSCMP

[Zawgyi]

ပလတ္စတစ္မ်က္ႏွာဖံုးကာမ်ား၏ အႏၱရာယ္ ကန္သိပၸံပညာရွင္မ်ားေျပာၾကား

ပလတ္စတစ္အၾကည္ျဖင့္ ျပဳလုပ္ထားေသာ မ်က္ႏွာဖံုးကာမ်ားႏွင့္ ေလထြက္ဘားပါသည့္ ႏွာေခါင္းစည္းတို႔သည္ ကမၻာ့ျပည္သူမ်ားအၾကား Covid-19 ကာကြယ္ေရးအတြက္ အသံုးျပဳမႈ ေရပန္းစားေနေသာ္လည္း အေမရိကန္ႏိုင္ငံမွ သုေတသနအရမူ အဆိုပါ မ်က္ႏွာဖံုးတို႔သည္ ေရာဂါကာကြယ္ေရးထိေရာက္မႈမရွိေၾကာင္း ေဖာ္ထုတ္တင္ျပလာသည္။

ဖေလာ္ရီဒါ အတၱလန္တစ္ တကၠသိုလ္ (Florida Atlantic University) မွ သုေတသနပညာရွင္မ်ားသည္ ပလတ္စတစ္မ်က္ႏွာဖံုးကာမ်ား ႏွင့္ ေလထြက္ဘားပါ ႏွာေခါင္းစည္းတို႔၏ လုပ္ေဆာင္မႈကို စမ္းစစ္ခဲ့ၾကသည္။

ပလတ္စတစ္ အၾကည္ မ်က္ႏွာဖံုးကာမ်ားသည္ ဗိုင္းရပ္စ္ပါသည့္ အမႈန္အမႊားမ်ား ေရွ ႔တူရူသို႔ လြင့္ထြက္မႈကို တားဆီးေပးေသာ္လည္း မ်က္ႏွာဖံုး၏ ေအာက္ႏွင့္ ေဘးတို႔မွတဆင့္ ပတ္ဝန္းက်င္သို႔ ပ်ံ ႔ႏွံ႔သြားႏိုင္ေၾကာင္း သိပၸံပညာရွင္မ်ား ဖတ္ရႈေလ့လာျပီးမွ ပံုႏွိပ္ထုတ္ေဝမႈမ်ား ျပဳလုပ္သည့္ သိပၸံဂ်ာနယ္တစ္ခုျဖစ္ေသာ Physics of Fluids တြင္ စက္တင္ဘာ ၁ ရက္က ေဖာ္ျပခဲ့သည္။

ေလထြက္ဘားပါ ႏွာေခါင္းစည္း၏ လုပ္ေဆာင္ပုံကို ကြန္ျပဴတာပံု ေလ့လာရာတြင္ အမႈန္အမႊားမ်ားစြာသည္ မည္သည့္တားဆီးမႈမွ ျပဳလုပ္မထားသည့္ ေလထြက္ဘားမွတဆင့္ ပ်ံ ႔ထြက္သြားပံုကို ေတြ႔ရသည္။

သိပၸံပညာရွင္တို႔က ေျပာၾကားရာတြင္ ပလတ္စတစ္မ်က္ႏွာဖံုးကာမ်ားႏွင့္ ေလထြက္ဘားပါ ႏွာေခါင္းစည္းတို႔အေၾကာင္း ကမၻာ့ျပည္သူမ်ား သိရွိႏိုင္ရန္ ယခုေလ့လာခ်က္ကို လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

ကမၻာ့ျပည္သူတို႔သည္ အဝတ္ႏွာေခါင္းစည္းႏွင့္ တစ္ခါသံုး mask တို႔အစား အသက္ရွဴရေကာင္းမြန္ကာ သက္ေတာင့္သက္သာရွိေသာ ပလတ္စတစ္ မ်က္ႏွာဖံုးကာႏွင့္ ေလထြက္ဘား ႏွာေခါင္းစည္းတို႔ကို အသံုးျပဳလာၾကျခင္း ျဖစ္သည္။

ပလတ္စတစ္မ်က္ႏွာဖံုးကာတို႔ကို မ်က္မွန္ကိုင္းျဖင့္ တပ္ဆင္ပါက စိုထိုင္းဆကို ေလွ်ာ့ခ်ေပးျပီး အသက္ရွဴရန္လည္း လြယ္ကူသည္။ မ်က္လံုးထဲသုိ႔ ဗိုင္းရပ္စ္ပါသည့္ အမႈန္မ်ား လြင့္စင္ဝင္ေရာက္လာမည္ကို အကာအကြယ္ေပးျပီး ေဆးေၾကာပိုးသတ္ရန္လည္း လြယ္ကူသည္။

သို႔ေသာ္ မိမိထံမွ ဗိုင္းရပ္စ္တို႔သည္ မ်က္ႏွာဖံုးကာ၏ ေအာက္ႏွင့္ ေဘးတို႔မွတဆင့္ အျပင္သို႔ပ်ံ ႔ႏွံ႔သြားႏိုင္သည္။

ထို႔အျပင္ ဗိုင္းရပ္စ္မ်ားျပားေသာ ဝန္းက်င္တြင္ ဗိုင္းရပ္စ္ပါသည့္ အမႈန္မ်ား မရႈရႈိက္မိေစရန္ ကာကြယ္ႏိုင္စြမ္းမွာ ၂၃ ရာခိုင္ႏႈန္းသာရွိ ေၾကာင္း သုေတသနပညာရွင္မ်ား ေတြ႔ရွိခဲ့ၾကသည္။

ေလထြက္ဘားပါ ႏွာေခါင္းစည္းမ်ားသည္ ဝတ္ဆင္သူ ရႈထုတ္လိုက္သည့္ ေလမ်ားကို စစ္ထုတ္ကာကြယ္ေပးျခင္းမရွိရာ အျခားသူမ်ားထံ ေရာဂါပိုးပါသည့္ အမႈန္မ်ား ကူးစက္ျခင္း ခံရႏိုင္သည္။

ယခုေလ့လာခ်က္က ေကာက္ခ်က္ခ်သည္မွာ ပလတ္စတစ္ မ်က္ႏွာဖံုးကာမ်ားႏွင့္ ေလထြက္ဘားပါ ႏွာေခါင္းစည္းတို႔သည္ Covid-19 ကို ကာကြယ္ရာတြင္ ပံုမွန္ႏွာေခါင္းစည္းမ်ားေလာက္ ထိေရာက္မႈမရွိေၾကာင္း ေကာက္ခ်က္ဆြဲခဲ့သည္။

ထို႔အျပင္ အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးဗဟို (CDC) ကလည္း ဗိုင္းရပ္စ္ကာကြယ္ေရးအတြက္ ပလတ္စတစ္ မ်က္ႏွာဖံုးကာမ်ား အသံုးျပဳျခင္းကို အားမေပးေခ်။

တရုတ္ျပည္ Shanghai Zhongshan ေဆးရံုမွ ကူးစက္ေရာဂါ ပါရဂူ Gao Xiaodong က ေျပာၾကားရာတြင္ အေမရိကန္သုေတသန ပညာရွင္တို႔၏ ေတြ႔ရွိခ်က္အေပၚ သေဘာတူလက္ခံေၾကာင္း၊ ပလတ္စတစ္မ်က္ႏွာဖံုးကာမ်ားႏွင့္ ေလထြက္ဘားပါ ႏွာေခါင္းစည္း ၂ မ်ဳိးလံုးသည္ ကိုရိုနာဗိုင္းရပ္စ္ ပ်ံ ႔ပြားမႈ တားဆီးေရးတြင္ အကန္႔အသတ္မ်ား ရွိေနေၾကာင္း ေျပာၾကားသည္။

“ပလတ္စတစ္ မ်က္ႏွာဖံုးကာေအာက္မွာ တစ္ခါသံုး mask တပ္ထားမယ္ဆိုရင္ေတာ့ အႏၱရာယ္ကင္းပါတယ္။ မ်က္ႏွာဖံုးကာေတြ တီထြင္ရျခင္းရဲ ႔ ရည္ရြယ္ခ်က္က တပ္ဆင္သူရဲ ႔ မ်က္ႏွာကို ခႏၶာကိုယ္က ထုတ္လုပ္တဲ့ အရည္ေတြ လာမစင္ေစဖုိ႔သာ ျဖစ္ပါတယ္” ဟု Xiaodong က ေျပာၾကားသည္။

Xiaodong က ဆက္လက္ေျပာၾကားရာတြင္ ေလထြက္ဘားပါ ႏွာေခါင္းစည္း ဝတ္ဆင္သူတို႔မွာ တကိုယ္ေကာင္းဆန္သူမ်ားသာ ျဖစ္ေၾကာင္း၊ အဆိုပါ ႏွာေခါင္းစည္းမ်ဳိးသည္ ဝတ္ဆင္သူမွလြဲျပီး အျခားမည္သူ႔ကိုမွ အကာအကြယ္မေပးေၾကာင္း ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Covid-19 research shows downsides of face shields and valve masksSCMP

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service