Covid 19 ကြောင့် အရွယ်မရောက်သေးသော မိန်းကလေးများ အဓမ္မလက်ထပ်ပေးခြင်းခံနေကြရ

Covid 19 ကြောင့် အရွယ်မရောက်သေးသော မိန်းကလေးများ အဓမ္မလက်ထပ်ပေးခြင်းခံနေကြရ - Property News in Myanmar from iMyanmarHouse.com
7 Sep 2020 12:15 pm တွင် တင်ခဲ့သည်
1443 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြီးကြောင့် အာရှတစ်လွှားတွင် ဆင်းရဲတွင်းသို့ ကျဆင်းနေကြသည့် မိသားစုများမှ အရွယ်မရောက်သေး သော မိန်းကလေးငယ် ထောင်ပေါင်းများစွာသည် မိသားစု၏ ကြံမိကြံရာ လုပ်ဆောင်မှုအနေဖြင့် အတင်းအဓမ္မ အိမ်ထောင်ချထားပေး ခြင်း ခံနေကြရလျက် ရှိသည်။

အရွယ်မရောက်မီ အိမ်ထောင်ပြုခြင်းသည် အင်ဒိုနီးရှား၏ ကျွန်းစုများမှသည် အိန္ဒိယ ၊ ပါကစ္စတန်၊ ဗီယက်နမ်၊ အစရှိသည့် နိုင်ငံများအထိ ရိုးရာဓလ့သဖွယ်ဖြစ်နေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။

သို့ရာတွင် ပရဟိတအဖွဲ့အသီးသီးက ပညာရေးနှင့် အမျိုးသမီးများ ကျန်းမာရေးကဏ္ဍတို့ကို ပြည်သူအများထံ ရောက်ရှိနိုင်အောင် ဆောင်ကြဉ်းပေးနိုင်ခဲ့ပြီးနောက်ပိုင်း အရွယ်မရောက်မီ အိမ်ထောင်ပြုသည့်ပမာဏ ကျဆင်းလာခဲ့သည်။

သို့သော် အဆိုပါ တိုးတက်မှုများကို Covid 19 ၏ ရိုက်ခတ်မှုက ပျောက်ကွယ်သွားစေခဲ့သည်။ Covid 19 ကြောင့် အလုပ်လက်မဲ့များ အလွန်များပြားလာရာ မိဘတို့သည် ၎င်းတို့၏ မိသားစုကို ကျွေးမွေးနိုင်ရန် ရုန်းကန်လာရတော့သည်။

“ပြီးခဲ့တဲ့ ဆယ်စုနှစ်မှာ ကျွန်မတို့ရရှိထားခဲ့တဲ့ အောင်မြင်မှုတွေအားလုံး တကယ်ကို ထိခိုက်တော့မှာပါ” ဟု NGO Girls Not Brides ၏ အာရှဆိုင်ရာ အကြီးအကဲ မစ္စ ရှီပရာ ဂျေဟာက ပြောကြားသည်။

ကလေးငယ်များအိမ်ထောင်ပြုခြင်းသည် လိင်မညီမျှမှုနှင့် အဖဦးဆောင်သည့် လူမှုဖွဲ့စည်းပုံတို့ထဲတွင် ခိုင်မာစွာအမြစ်တွယ်နေကြောင်း၊ ထိုအခြေအနေသည် Covid 19 ကြုံရချိန်တွင် ပိုမိုဆိုးရွားလာကြောင်းလည်း ရှီပရာက ပြောကြားသည်။

ဆင်းရဲခြင်း၊ အတန်းပညာမရှိခြင်းနှင့် လုံခြုံမှုမရှိခြင်း အစရှိသည့် အခြေအနေတို့က အရွယ်မရောက်မီ အိမ်ထောင်ပြုခြင်းကို မောင်းနှင်ပေးနေခဲ့ရာ covid 19 ကဲ့သို့ ရောဂါအန္တရာယ်ကပ်ဘေးဆိုက်ချိန်တွင် ပိုမိုဆိုးရွားလာစေခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂမှ ထုတ်ပြန်သော အချက်အလက်များအရ နှစ်စဉ် ကမ္ဘာပေါ်တွင် မိန်းကလေးငယ်ပေါင်း ၁၂ သန်းခန့်သည် အသက် ၁၈ နှစ် မပြည့်မီ အိမ်ထောင်ပြုလျက်ရှိကြောင်း ဖော်ပြသည်။

စီးပွားရေးနှင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူမှုထိခိုက်မှုများကို အဆောတလျင် ကိုင်တွယ်ဖြေရှင်းမှုများ မရှိပါက လာမည့်ဆယ်စုနှစ်တွင် နှစ်စဉ် အရွယ်မရောက်မီအိမ်ထောင်ပြုမှုမှာ ၂၅ သန်းခန့်အထိ ရှိလာနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးထားသည်။

“လော့ဒေါင်းကာလအတွင်းမှာ ကလေးသူငယ်အိမ်ထောင်ပြုမှုပမာဏ မြင့်တက်လာပါတယ်။ အလုပ်လက်မဲ့တွေ၊ အလုပ်ပြုတ်တာတွေ လည်း အလွန်များပြားနေတယ်။

မိသားစုတွေဟာ စားဖို့တောင် အနိုင်နိုင် ဖြစ်လာကြတယ်။ ဒါကြောင့် သူတို့ရဲ့ သမီးငယ်တွေကို အိမ်ထောင်ချပေးတာ အကောင်းဆုံးလို့ ဆုံးဖြတ်လာကြပါတယ်” ဟု အိန္ဒိယရှိ 1 Step 2 Stop Child Marriage ကို တည်ထောင်သူ မစ္စ ရိုလီဆင်းဂ်က ပြောကြားသည်။

ကိုဗစ် မျိုးဆက်

အသက် ၁၅ နှစ်အရွယ်ရှိ Muskaan ဟူသော မိန်းကလေးက ပြောရာတွင် ဘေးချင်းကပ်အိမ်ရှိ အသက် ၂၁ နှစ်အရွယ် ယောက်ျား တစ်ဦးနှင့် လက်ထပ်ရန် မိခင်နှင့် ဖခင်တို့က ဖိအားပေးခဲ့ကြောင်း၊ မိဘများမှာ အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့တွင် လမ်းသန့်ရှင်းရေး သမားများ ဖြစ်ကြပြီး မိမိအပြင် အခြားမွေးချင်း ၆ ဦးကို ကျွေးမွေးထားရကြောင်း ပြောကြားသည်။

“သမီးရဲ့ မိဘတွေက ဆင်းရဲတယ်။ သမီးအစပိုင်းမှာ တတ်နိုင်သလောက် ငြင်းပါတယ်။ နောက်ဆုံးမှာတော့ လက်ခံလိုက်ရတာပါပဲ” ဟု အဆိုပါ ဆယ်ကျော်သက်မိန်းကလေးက မျက်ရည်သွင်သွင်ကျရင်း ပြောပြသည်။

Save the Children အဖွဲ့က သတိပေးရာတွင် မိန်းကလေးများအပေါ် အကြမ်းဖက်မှုနှင့် အတင်းအကြပ် လက်ထပ်စေခြင်း (အထူးသဖြင့် အရွယ်မရောက်သေးသူများအကြား) တို့သည် ကိုရိုနာဗိုင်းရပ်စ်ထက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာနိုင်ကြောင်း သတိပေးထားသည်။

ပညာရေးသည် ကလေးသူငယ် လက်ထပ်ထိမ်းမြားမှုကို တိုက်ဖျက်ရေးတွင် အခရာအကျဆုံးအဖြစ် သတ်မှတ်ထားကြချိန်တွင် Covid19 ကြောင့် ချမှတ်ရသည့် လော့ဒေါင်းကာလ၌ ကျောင်းသားကျောင်းသူ သန်းရာနှင့်ချီ၍ စာသင်ခန်းပြင်ပသို့ ရောက်သွားကြရာ အထူးသဖြင့် ကမ္ဘာ့အဆင်းရဲဆုံးဒေသများမှ မိန်းကလေးငယ်များမှာ အဆိုးရွားဆုံးထိခိုက်ကြရလိမ့်မည်ဟု သတိပေးချက်များ ရှိသည်။

ယခုလအတွင်း ကမ္ဘာ့ခေါင်းဆောင်ဟောင်းများ၊ ပညာရေးကဏ္ဍ ကျွမ်းကျင်ပညာရှင်များနှင့် စီးပွားရေးပညာရှင်များ စုစုပေါင်း ၂၇၅ ဦးက ကမ္ဘာတဝန်းရှိ အစိုးရများ၊ ကမ္ဘာ့ဘဏ်ကဲ့သို့ အဖွဲ့အစည်းများအား ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကိုဗစ်မျိုးဆက် မဖန်တီးမိစေရန် သတိပေးတိုက်တွန်းထားသည်။

“အဆိုပါ ကလေးငယ်များအနက် ဆယ်ကျော်သက်မိန်းကလေးများစွာမှာ စာသင်ခန်းတွင် ရှိနေခြင်းသည် အတင်းအဓမ္မ လက်ထပ်စေခြင်းအပေါ် ကာကွယ်နိုင်သည့် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ပိုမိုကျယ်ပြန့်သည့် အခွင့်အလမ်းကောင်းများ ရရန် မျှော်လင့်ချက် အရှိဆုံးဖြစ်သည်” ဟု ဂုဏ်သရေရှိ ပုဂ္ဂိုလ်များစွာ ပါဝင်လက်မှတ်ရေးထိုးထားသော အိတ်ဖွင့်ပေးစာတွင် ဖော်ပြသည်။

အဆိုပါပေးစာတွင် ပါဝင်လက်မှတ်ရေးထိုးထားသူများတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်း၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့မှ မစ္စ ကာရိုးလ် ဘယ်လာမီ၊ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ရှောကက်အဇစ်၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်းများဖြစ်သော ဂေါ်ဒွန်ဘရောင်းနှင့် တိုနီဘလဲတို့ အပါအဝင်ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Coronavirus despair forces girls across Asia into child marriage (todayonline)

[Zawgyi]

Covid 19 ေၾကာင့္ အရြယ္မေရာက္ေသးေသာ မိန္းကေလးမ်ား အဓမၼလက္ထပ္ေပးျခင္းခံေနၾကရ

ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးၾကီးေၾကာင့္ အာရွတစ္လႊားတြင္ ဆင္းရဲတြင္းသို႔ က်ဆင္းေနၾကသည့္ မိသားစုမ်ားမွ အရြယ္မေရာက္ေသး ေသာ မိန္းကေလးငယ္ ေထာင္ေပါင္းမ်ားစြာသည္ မိသားစု၏ ၾကံမိၾကံရာ လုပ္ေဆာင္မႈအေနျဖင့္ အတင္းအဓမၼ အိမ္ေထာင္ခ်ထားေပး ျခင္း ခံေနၾကရလ်က္ ရွိသည္။

အရြယ္မေရာက္မီ အိမ္ေထာင္ျပဳျခင္းသည္ အင္ဒိုနီးရွား၏ ကၽြန္းစုမ်ားမွသည္ အိႏိၵယ ၊ ပါကစၥတန္၊ ဗီယက္နမ္၊ အစရွိသည့္ ႏိုင္ငံမ်ားအထိ ရိုးရာဓလ့သဖြယ္ျဖစ္ေနသည္မွာ ၾကာျမင့္ခဲ့ျပီျဖစ္သည္။

သို႔ရာတြင္ ပရဟိတအဖြဲ႔အသီးသီးက ပညာေရးႏွင့္ အမ်ဳိးသမီးမ်ား က်န္းမာေရးက႑တို႔ကို ျပည္သူအမ်ားထံ ေရာက္ရွိႏိုင္ေအာင္ ေဆာင္ၾကဥ္းေပးႏိုင္ခဲ့ျပီးေနာက္ပိုင္း အရြယ္မေရာက္မီ အိမ္ေထာင္ျပဳသည့္ပမာဏ က်ဆင္းလာခဲ့သည္။

သို႔ေသာ္ အဆိုပါ တိုးတက္မႈမ်ားကို Covid 19 ၏ ရိုက္ခတ္မႈက ေပ်ာက္ကြယ္သြားေစခဲ့သည္။ Covid 19 ေၾကာင့္ အလုပ္လက္မဲ့မ်ား အလြန္မ်ားျပားလာရာ မိဘတို႔သည္ ၎တို႔၏ မိသားစုကို ေကၽြးေမြးႏိုင္ရန္ ရုန္းကန္လာရေတာ့သည္။

“ျပီးခဲ့တဲ့ ဆယ္စုႏွစ္မွာ ကၽြန္မတို႔ရရွိထားခဲ့တဲ့ ေအာင္ျမင္မႈေတြအားလံုး တကယ္ကို ထိခိုက္ေတာ့မွာပါ” ဟု NGO Girls Not Brides ၏ အာရွဆိုင္ရာ အၾကီးအကဲ မစၥ ရွီပရာ ေဂ်ဟာက ေျပာၾကားသည္။

ကေလးငယ္မ်ားအိမ္ေထာင္ျပဳျခင္းသည္ လိင္မညီမွ်မႈႏွင့္ အဖဦးေဆာင္သည့္ လူမႈဖြဲ႔စည္းပံုတို႔ထဲတြင္ ခိုင္မာစြာအျမစ္တြယ္ေနေၾကာင္း၊ ထိုအေျခအေနသည္ Covid 19 ၾကံဳရခ်ိန္တြင္ ပိုမိုဆိုးရြားလာေၾကာင္းလည္း ရွီပရာက ေျပာၾကားသည္။

ဆင္းရဲျခင္း၊ အတန္းပညာမရွိျခင္းႏွင့္ လံုျခံဳမႈမရွိျခင္း အစရွိသည့္ အေျခအေနတို႔က အရြယ္မေရာက္မီ အိမ္ေထာင္ျပဳျခင္းကို ေမာင္းႏွင္ေပးေနခဲ့ရာ covid 19 ကဲ့သို႔ ေရာဂါအႏၱရာယ္ကပ္ေဘးဆိုက္ခ်ိန္တြင္ ပိုမိုဆိုးရြားလာေစခဲ့ျခင္း ျဖစ္သည္။

ကုလသမဂၢမွ ထုတ္ျပန္ေသာ အခ်က္အလက္မ်ားအရ ႏွစ္စဥ္ ကမၻာေပၚတြင္ မိန္းကေလးငယ္ေပါင္း ၁၂ သန္းခန္႔သည္ အသက္ ၁၈ ႏွစ္ မျပည့္မီ အိမ္ေထာင္ျပဳလ်က္ရွိေၾကာင္း ေဖာ္ျပသည္။

စီးပြားေရးႏွင့္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ လူမႈထိခိုက္မႈမ်ားကို အေဆာတလ်င္ ကိုင္တြယ္ေျဖရွင္းမႈမ်ား မရွိပါက လာမည့္ဆယ္စုႏွစ္တြင္ ႏွစ္စဥ္ အရြယ္မေရာက္မီအိမ္ေထာင္ျပဳမႈမွာ ၂၅ သန္းခန္႔အထိ ရွိလာႏိုင္ေၾကာင္း ကုလသမဂၢက သတိေပးထားသည္။

“ေလာ့ေဒါင္းကာလအတြင္းမွာ ကေလးသူငယ္အိမ္ေထာင္ျပဳမႈပမာဏ ျမင့္တက္လာပါတယ္။ အလုပ္လက္မဲ့ေတြ၊ အလုပ္ျပဳတ္တာေတြ လည္း အလြန္မ်ားျပားေနတယ္။

မိသားစုေတြဟာ စားဖို႔ေတာင္ အႏိုင္ႏိုင္ ျဖစ္လာၾကတယ္။ ဒါေၾကာင့္ သူတို႔ရဲ ႔ သမီးငယ္ေတြကို အိမ္ေထာင္ခ်ေပးတာ အေကာင္းဆံုးလို႔ ဆံုးျဖတ္လာၾကပါတယ္” ဟု အိႏိၵယရွိ 1 Step 2 Stop Child Marriage ကို တည္ေထာင္သူ မစၥ ရိုလီဆင္းဂ္က ေျပာၾကားသည္။

ကိုဗစ္ မ်ဳိးဆက္

အသက္ ၁၅ ႏွစ္အရြယ္ရွိ Muskaan ဟူေသာ မိန္းကေလးက ေျပာရာတြင္ ေဘးခ်င္းကပ္အိမ္ရွိ အသက္ ၂၁ ႏွစ္အရြယ္ ေယာက်္ား တစ္ဦးႏွင့္ လက္ထပ္ရန္ မိခင္ႏွင့္ ဖခင္တို႔က ဖိအားေပးခဲ့ေၾကာင္း၊ မိဘမ်ားမွာ အိႏိၵယႏိုင္ငံ၊ ဗာရာဏသီျမိဳ ႔တြင္ လမ္းသန္႔ရွင္းေရး သမားမ်ား ျဖစ္ၾကျပီး မိမိအျပင္ အျခားေမြးခ်င္း ၆ ဦးကို ေကၽြးေမြးထားရေၾကာင္း ေျပာၾကားသည္။

“သမီးရဲ ႔ မိဘေတြက ဆင္းရဲတယ္။ သမီးအစပိုင္းမွာ တတ္ႏိုင္သေလာက္ ျငင္းပါတယ္။ ေနာက္ဆံုးမွာေတာ့ လက္ခံလိုက္ရတာပါပဲ” ဟု အဆုိပါ ဆယ္ေက်ာ္သက္မိန္းကေလးက မ်က္ရည္သြင္သြင္က်ရင္း ေျပာျပသည္။

Save the Children အဖြဲ႔က သတိေပးရာတြင္ မိန္းကေလးမ်ားအေပၚ အၾကမ္းဖက္မႈႏွင့္ အတင္းအၾကပ္ လက္ထပ္ေစျခင္း (အထူးသျဖင့္ အရြယ္မေရာက္ေသးသူမ်ားအၾကား) တို႔သည္ ကိုရိုနာဗိုင္းရပ္စ္ထက္ ၾကီးမားေသာ ျခိမ္းေျခာက္မႈတစ္ရပ္ ျဖစ္လာႏိုင္ေၾကာင္း သတိေပးထားသည္။

ပညာေရးသည္ ကေလးသူငယ္ လက္ထပ္ထိမ္းျမားမႈကို တိုက္ဖ်က္ေရးတြင္ အခရာအက်ဆံုးအျဖစ္ သတ္မွတ္ထားၾကခ်ိန္တြင္ Covid19 ေၾကာင့္ ခ်မွတ္ရသည့္ ေလာ့ေဒါင္းကာလ၌ ေက်ာင္းသားေက်ာင္းသူ သန္းရာႏွင့္ခ်ီ၍ စာသင္ခန္းျပင္ပသို႔ ေရာက္သြားၾကရာ အထူးသျဖင့္ ကမၻာ့အဆင္းရဲဆံုးေဒသမ်ားမွ မိန္းကေလးငယ္မ်ားမွာ အဆိုးရြားဆံုးထိခိုက္ၾကရလိမ့္မည္ဟု သတိေပးခ်က္မ်ား ရွိသည္။

ယခုလအတြင္း ကမၻာ့ေခါင္းေဆာင္ေဟာင္းမ်ား၊ ပညာေရးက႑ ကၽြမ္းက်င္ပညာရွင္မ်ားႏွင့္ စီးပြားေရးပညာရွင္မ်ား စုစုေပါင္း ၂၇၅ ဦးက ကမၻာတဝန္းရွိ အစိုးရမ်ား၊ ကမၻာ့ဘဏ္ကဲ့သို႔ အဖြဲ႔အစည္းမ်ားအား ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ကိုဗစ္မ်ဳိးဆက္ မဖန္တီးမိေစရန္ သတိေပးတိုက္တြန္းထားသည္။

“အဆိုပါ ကေလးငယ္မ်ားအနက္ ဆယ္ေက်ာ္သက္မိန္းကေလးမ်ားစြာမွာ စာသင္ခန္းတြင္ ရွိေနျခင္းသည္ အတင္းအဓမၼ လက္ထပ္ေစျခင္းအေပၚ ကာကြယ္ႏိုင္သည့္ အေကာင္းဆံုးနည္းလမ္းျဖစ္ျပီး ပိုမိုက်ယ္ျပန္႔သည့္ အခြင့္အလမ္းေကာင္းမ်ား ရရန္ ေမွ်ာ္လင့္ခ်က္ အရွိဆံုးျဖစ္သည္” ဟု ဂုဏ္သေရရွိ ပုဂၢိဳလ္မ်ားစြာ ပါဝင္လက္မွတ္ေရးထိုးထားေသာ အိတ္ဖြင့္ေပးစာတြင္ ေဖာ္ျပသည္။

အဆိုပါေပးစာတြင္ ပါဝင္လက္မွတ္ေရးထိုးထားသူမ်ားတြင္ ကုလသမဂၢ အေထြေထြအတြင္းေရးမွဴးခ်ဳပ္ေဟာင္း မစၥတာ ဘန္ကီမြန္း၊ ကုလသမဂၢကေလးမ်ားရန္ပံုေငြအဖြဲ႔မွ မစၥ ကာရိုးလ္ ဘယ္လာမီ၊ ပါကစၥတန္ ဝန္ၾကီးခ်ဳပ္ေဟာင္း ေရွာကက္အဇစ္၊ ျဗိတိန္ဝန္ၾကီးခ်ဳပ္ေဟာင္းမ်ားျဖစ္ေသာ ေဂၚဒြန္ဘေရာင္းႏွင့္ တိုနီဘလဲတို႔ အပါအဝင္ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Coronavirus despair forces girls across Asia into child marriage (todayonline)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service