ဟံသာဝတီလေဆိပ်ကို အမျိုးသားအကျိုးစီးပွားအတွက် မဖြစ်မနေဆောက်ရမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ပြော

ဟံသာဝတီလေဆိပ်ကို အမျိုးသားအကျိုးစီးပွားအတွက် မဖြစ်မနေဆောက်ရမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ပြော - Property News in Myanmar from iMyanmarHouse.com
1 Sep 2020 10:30 am တွင် တင်ခဲ့သည်
1409 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟံသာဝတီလေဆိပ်စီမံကိန်းသည် အမျိုးသားအကျိုးစီးပွားအတွက် ဆောင်ရွက်ရမည့်ဖြစ်၍ မဖြစ်မနေ ဆောင်ရွက်မည့် စီမံကိန်းဖြစ်သည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းကပြောသည်။

ပဲခူးမြို့ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရေးစီမံကိန်း ဆောင်ရွက်နိုင်ရန် ကွင်းဆင်းကြည့်ရှုရာတွင် ဝန်ကြီးချုပ်က ဩဂုတ် ၃၁ ရက်တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေယာဉ်ကွင်းပြေးလမ်းနှင့် လေယာဉ်ကွင်း ဧရိယာအတွင်းပါရှိနေသည့် ဇလပ်ထော်ရေလှောင်တမံတို့ကိုလည်း သွားရောက်ခဲ့သေးသည်ဟု ပဲခူးတိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

“ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်က နိုင်ငံတော်အဆင့် စီမံကိန်းဖြစ်လို့ အမျိုးသားအကျိုးစီးပွားအလို့ငှာ ဆောင်ရွက်ရတဲ့ စီမံကိန်းတစ်ခုဖြစ်တဲ့အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ထပ်မံတိုးချဲ့ရန် မြေနေရာမရှိခြင်းနဲ့ ကြီးမားတဲ့ ကုန်တင်လေယာဉ်‌တွေ ဆင်းသက်နိုင်ရန်မဖြစ်နိုင်လို့ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကိုမဖြစ်မနေဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းတစ်ခုဖြစ်တယ်” ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းက ဆိုသည်။

ထိုစီမံကိန်းတည်ဆောက်ရန်အတွက် တိုင်းအစိုးရနှင့် လမ်းကြောင်းဦးစီးဌာနမှ ဆောင်ရွက်ရမည် ကိစ္စများရှိနေသေးသည်ဟု ဝန်ကြီးချုပ်ကဆိုသည်။

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းကို ဂျပန်နိုင်ငံအကူအညီဖြင့်စီမံကိန်း ကနဦးဖြစ်နိုင်ခြေများကို ဩဂုတ် ၁၈ ရက်တွင် စတင် ဆောင်ရွက်ပြီး စီမံကိန်း ပထမအဆင့်ကို ၂၀၂၇ တွင် အပြီးဆောင်ရွက်မည်ဖြစ်ဟု လေကြောင်းညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

စီမံကိန်းကို ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ အကူအညီဖြင့် ပဲခူးမြို့ အနောက်ဘက်ခြမ်းတွင် ဆောင်ရွက်ခြင်းဖြစ်သည်။

ထိုစီမံကိန်းတည်ဆောက်ရခြင်းမှာ ပြည်တွင်း၊ ပြည်ပ ခရီးသွားများပြားလာစေရန်၊ ကုန်စည်ပို့ဆောင်ရေး ပိုမိုလုပ်ဆောင်နိုင်ရန်နှင့် ဒေသစီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်လာစေရန် ဖြစ်သည်ဟု အဆိုပါဦးစီးဌာနက ထုတ်ပြန်သည်။

လေဆိပ်စီမံကိန်းနှင့်အတူ လမ်းအသစ်များ၊ ရေဆိုးသန့်စင် စက်ရုံ၊ ရေပေးဝေရေးစနစ်၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းစဉ်များ ပါဝင်မည်ဟုဆိုသည်။ထိုစီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလေ့လာခြင်းကို JICA Study Team နှင့် ပြည်တွင်းပတ်ဝန်းကျင်အကြံပေး အဖွဲ့ Total Business Solution တို့က ဆောင်ရွက်မည်ဖြစ်ပြီး အစီရင်ခံစာမူကြမ်းကို လာမည့် အောက်တိုဘာတွင် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနထံ တင်ပြမည်ဟုဆိုသည်။

ပဲခူးမြို့ ကျောက်တိုင်ရွာအနီး ဂျပန်ခေတ်လေဆိပ်သဖွယ် အသုံးပြုသော မြေဧက ၉၀၀ ကျော်၌ ဟံသာဝတီလေဆိပ်အသစ် အကောင်အထည်ဖော်ရန် စီစဉ်နေခြင်းဖြစ်သည်။ထိုစီမံကိန်းသည် တင်ဒါနှစ်ကြိမ်ပျက်ခဲ့ပြီး လက်ရှိအစိုးရလက်ထက်တွင် ပြန်လည်စတင်ရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။

ထိုစီမံကိန်းအတွက် ကုန်ကျစရိတ်ကို ဂျပန်နိုင်ငံက ထုတ်ချေးမည်ဖြစ်ပြီး ကုန်ကျစရိတ်မှ ဒေါ်လာ ၁ ဒသမ၅ ဘီလီယံမှ ၂ ဘီလီယံကြားရှိမည်ဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ဟံသာဝတီေလဆိပ္ကို အမ်ိဳးသားအက်ိဳးစီးပြားအတြက္ မျဖစ္မေနေဆာက္ရမည္ဟု ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ေျပာ

ဟံသာဝတီေလဆိပ္စီမံကိန္းသည္ အမ်ိဳးသားအက်ိဳးစီးပြားအတြက္ ေဆာင္႐ြက္ရမည့္ျဖစ္၍ မျဖစ္မေန ေဆာင္႐ြက္မည့္ စီမံကိန္းျဖစ္သည္ဟု ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ဦးဝင္းသိန္းကေျပာသည္။

ပဲခူးၿမိဳ႕ ဟံသာဝတီအျပည္ျပည္ဆိုင္ရာ ေလဆိပ္တည္ေဆာက္ေရးစီမံကိန္း ေဆာင္႐ြက္ႏိုင္ရန္ ကြင္းဆင္းၾကည့္႐ႈရာတြင္ ဝန္ႀကီးခ်ဳပ္က ဩဂုတ္ ၃၁ ရက္တြင္ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ဝန္ႀကီးခ်ဳပ္ႏွင့္အဖြဲ႕သည္ ေလယာဥ္ကြင္းေျပးလမ္းႏွင့္ ေလယာဥ္ကြင္း ဧရိယာအတြင္းပါ႐ွိေနသည့္ ဇလပ္ေထာ္ေရေလွာင္တမံတို႔ကိုလည္း သြားေရာက္ခဲ့ေသးသည္ဟု ပဲခူးတိုင္းအစိုးရအဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

“ ဟံသာဝတီအျပည္ျပည္ဆိုင္ရာေလဆိပ္က ႏိုင္ငံေတာ္အဆင့္ စီမံကိန္းျဖစ္လို႔ အမ်ိဳးသားအက်ိဳးစီးပြားအလို႔ငွာ ေဆာင္႐ြက္ရတဲ့ စီမံကိန္းတစ္ခုျဖစ္တဲ့အျပင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္က ထပ္မံတိုးခ်ဲ႕ရန္ ေျမေနရာမ႐ွိျခင္းနဲ႔ ႀကီးမားတဲ့ ကုန္တင္ေလယာဥ္‌ေတြ ဆင္းသက္ႏိုင္ရန္မျဖစ္ႏိုင္လို႔ ဟံသာဝတီအျပည္ျပည္ဆိုင္ရာေလဆိပ္ကိုမျဖစ္မေနေဆာင္႐ြက္ရမည့္ စီမံကိန္းလုပ္ငန္းတစ္ခုျဖစ္တယ္” ဟု ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ဦးဝင္းသိန္းက ဆိုသည္။

ထိုစီမံကိန္းတည္ေဆာက္ရန္အတြက္ တိုင္းအစိုးရႏွင့္ လမ္းေၾကာင္းဦးစီးဌာနမွ ေဆာင္႐ြက္ရမည္ ကိစၥမ်ား႐ွိေနေသးသည္ဟု ဝန္ႀကီးခ်ဳပ္ကဆိုသည္။

ဟံသာဝတီအျပည္ျပည္ဆိုင္ရာေလဆိပ္စီမံကိန္းကို ဂ်ပန္ႏိုင္ငံအကူအညီျဖင့္စီမံကိန္း ကနဦးျဖစ္ႏိုင္ေျခမ်ားကို ဩဂုတ္ ၁၈ ရက္တြင္ စတင္ ေဆာင္႐ြက္ၿပီး စီမံကိန္း ပထမအဆင့္ကို ၂၀၂၇ တြင္ အၿပီးေဆာင္႐ြက္မည္ျဖစ္ဟု ေလေၾကာင္းၫြန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ထားသည္။

စီမံကိန္းကို ပို႔ေဆာင္ေရး ႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန လက္ေအာက္႐ွိ ေလေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနသည္ ဂ်ပန္အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးေအဂ်င္စီ (JICA) ၏ အကူအညီျဖင့္ ပဲခူးၿမိဳ႕ အေနာက္ဘက္ျခမ္းတြင္ ေဆာင္႐ြက္ျခင္းျဖစ္သည္။

ထိုစီမံကိန္းတည္ေဆာက္ရျခင္းမွာ ျပည္တြင္း၊ ျပည္ပ ခရီးသြားမ်ားျပားလာေစရန္၊ ကုန္စည္ပို႔ေဆာင္ေရး ပိုမိုလုပ္ေဆာင္ႏိုင္ရန္ႏွင့္ ေဒသစီးပြားေရးႏွင့္လူမႈေရးဖြံ႕ၿဖိဳးတိုးတက္လာေစရန္ ျဖစ္သည္ဟု အဆိုပါဦးစီးဌာနက ထုတ္ျပန္သည္။

ေလဆိပ္စီမံကိန္းႏွင့္အတူ လမ္းအသစ္မ်ား၊ ေရဆိုးသန္႔စင္ စက္႐ုံ၊ ေရေပးေဝေရးစနစ္၊ လွ်ပ္စစ္ဓာတ္အား ျဖန္႔ျဖဴးေရးႏွင့္ ဆက္သြယ္ေရးလုပ္ငန္းစဥ္မ်ား ပါဝင္မည္ဟုဆိုသည္။ထိုစီမံကိန္းအတြက္ သဘာဝပတ္ဝန္းက်င္ထိခိုက္မႈေလ့လာျခင္းကို JICA Study Team ႏွင့္ ျပည္တြင္းပတ္ဝန္းက်င္အၾကံေပး အဖြဲ႕ Total Business Solution တို႔က ေဆာင္႐ြက္မည္ျဖစ္ၿပီး အစီရင္ခံစာမူၾကမ္းကို လာမည့္ ေအာက္တိုဘာတြင္ သယံဇာတ ႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္း သိမ္းေရးဝန္ႀကီးဌာနထံ တင္ျပမည္ဟုဆိုသည္။

ပဲခူးၿမိဳ႕ ေက်ာက္တိုင္႐ြာအနီး ဂ်ပန္ေခတ္ေလဆိပ္သဖြယ္ အသုံးျပဳေသာ ေျမဧက ၉၀၀ ေက်ာ္၌ ဟံသာဝတီေလဆိပ္အသစ္ အေကာင္အထည္ေဖာ္ရန္ စီစဥ္ေနျခင္းျဖစ္သည္။ထိုစီမံကိန္းသည္ တင္ဒါႏွစ္ႀကိမ္ပ်က္ခဲ့ၿပီး လက္႐ွိအစိုးရလက္ထက္တြင္ ျပန္လည္စတင္ရန္စီစဥ္ခဲ့ျခင္းျဖစ္သည္။

ထိုစီမံကိန္းအတြက္ ကုန္က်စရိတ္ကို ဂ်ပန္ႏိုင္ငံက ထုတ္ေခ်းမည္ျဖစ္ၿပီး ကုန္က်စရိတ္မွ ေဒၚလာ ၁ ဒသမ၅ ဘီလီယံမွ ၂ ဘီလီယံၾကား႐ွိမည္ျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service