လိင်ဆက်ဆံနေသည့်ဟန် ဆောက်လုပ်ထားသည့် အဆောက်အအုံကြီးနှစ်လုံး

လိင်ဆက်ဆံနေသည့်ဟန် ဆောက်လုပ်ထားသည့် အဆောက်အအုံကြီးနှစ်လုံး - Property News in Myanmar from iMyanmarHouse.com
28 Aug 2020 12:14 pm တွင် တင်ခဲ့သည်
20008 ကြိမ် ကြည့်ရှု့ပြီး

[Unicode] ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ ၊ စိန့်မြစ်ကမ်းနံဘေးတွင် ကမ္ဘာ့အကြီးမားဆုံး အနုပညာပြတိုက်ကြီးတစ်ခုဖြစ်သော လုဗ်ပြတိုက် (Louvre) ကြီး တည်ရှိသည်။

လုဗ်ပြတိုက်ကြီးသည် အီဖဲမျှော်စင်ပြီးလျှင် ပဲရစ်၏ အကြီးမားဆုံးသောပြယုဂ်တစ်ခုလည်း ဖြစ်သည်။

သမိုင်းမတင်မီခေတ်မှသည် ၂၁ ရာစုအထိ သမိုင်းခေတ်အမျိုးမျိုးကို ကိုယ်စားပြုသည့် အနုပညာလက်ရာပေါင်း ၃၈၀၀၀ ခန့် ပြသထားပြီး ပြတိုက်ဝန်း၏ အကျယ်အဝန်းမှာ ၇၂၇၃၅ စတုရန်းမီတာ (၇၈၂၉၁၀ စတုရန်းပေ) ရှိသည်။

၂၀၁၉ ခုနှစ်အတွင်း လုဗ်ပြတိုက်သို့ လာရောက်လေ့လာသူ ၉ ဒသမ ၆ သန်းရှိခဲ့ပြီး ကမ္ဘာပေါ်တွင် ဝင်ရောက်လေ့လာသူ အများဆုံးပြတိုက်ကြီးအဖြစ် ရပ်တည်နေသည်။

သို့သော် လုဗ်ပြတိုက်၏ သမိုင်းယဉ်ကျေးမှုအထင်ကရများနှင့် မဆီလျော်သည့် ဗိသုကာလက်ရာ အဆောက်အအုံတစ်ခုလည်း ပြတိုက်ဝန်းအတွင်း တည်ရှိနေသည်။

ယင်းကား ဒိုမီစတီကေတာ အမည်ရှိ အဆောက်အအုံဖြစ်သည်။

ဒတ်ချ်အနုပညာရှင် Joep van Lieshout ၏ လက်ရာဖြစ်သော ဒိုမီစတီကေတာ အမည်ရှိ မော်ဒန်ဗိသုကာဟန် အဆောက်အအုံကြီးသည် အနီရောင်လူပုံသဏ္ဍာန်က ခြေလေးချောင်းသတ္တဝါတစ်ကောင်ကို လိင်ဆက်ဆံနေသည့်အသွင်မျိုး ဖြစ်နေသည်။ လူမြင်ကွင်းတွင် မဖွယ်မရာပုံဖော်ဆောက်လုပ်ထားသည်ဟု ဝေဖန်မှုများရှိသည်။

အနီးရှိ ခေတ်ပြိုင်အနုပညာပြတိုက် Pompidou Centre က မူ ကမ္ဘာကြီးအနေဖြင့် ကိုယ်တိုင်အဆုံးအဖြတ်ပေးရမည်သာဖြစ်ကြောင်း ပြောကြားသည်။

အမြင့် ၁၂ မီတာရှိသော ဒိုမီစတီကေတာ အဆောက်အအုံကြီးကို မူလက လုဗ်ပြတိုက်နှင့်ကပ်လျက်တွင် တည်ရှိသော ၁၃ ရာစုခေတ် ပန်းဥယျာဉ် Tuileries Gardens အတွင်း ထားရှိရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ဂဲသြမေထရီဗိသုကာဟန်လက်ရာမှာ ပြင်သစ်အနုပညာလက်ရာတို့၏ ဗဟိုချက်နေရာအတွက် ထင်ထင်ရှားရှားဖြစ်လွန်းနေသည်။

ဒိုမီစတီကေတာကို စတီး၊ သစ်သား၊ fibreglass တို့ဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။

လူတို့၏ ဝေဖန်မှုများနှင့်စပ်လျဉ်းပြီး ပထမဦးစွာ အံ့အားသင့်မိကြောင်း၊ ယင်းနောက် စိတ်ပျက်မိကြောင်း၊ မိမိအနေဖြင့် လိင်မှုကိစ္စအသွင် ပုံဖော်ရန် ရည်ရွယ်ခဲ့ခြင်းမဟုတ်ကြောင်း ဒိုမီစတီကေတာကို ဆောက်လုပ်သူ Joep van Lieshout က ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

ဝေဖန်သူများပြားသောကြောင့် အဆိုပါအဆောက်အအုံလက်ရာကို ပြတိုက်ဝန်းအတွင်းမှ ဖယ်ရှားရန် လုဗ်ပြတိုက်အုပ်ချုပ်ရေးအဖွဲ့က ဆုံးဖြတ်ခဲ့သည်။

အများပြည်သူသို့ မိမိ၏ စိတ်ကူးရည်ရွယ်ချက်ကို ရှင်းပြခွင့်မရှိဘူးလားဟု Joep van Lieshout က မေးခွန်းထုတ်ခဲ့သည်။

ပြင်သစ်ပြည်တွင်းသတင်းမီဒီယာတို့၏ ဖော်ပြချက်အရ ဒိုမီစတီကေတာကို ဖယ်ရှားရန် လုဗ်ပြတိုက်က ဆုံးဖြတ်ခဲ့ရခြင်းမှာ လူမှုကွန်ရက်တွင် ဝေဖန်မှုများပြားလာခြင်းနှင့် အများပြည်သူဆိုင်ရာနေရာတွင် ယင်းကဲ့သို့လက်ရာမျိုးကို လက်မခံသင့်ကြောင်း ယူဆချက်များကြောင့် ဖြစ်ကြောင်း ဖော်ပြသည်။

ဒိုမီစတီကေတာကို လက်ရှိအားဖြင့် ခေတ်ပြိုင်အနုပညာပြတိုက် Pompidou Centre ၏ high-tech ဗိသုကာလက်ရာ အဆောက်အအုံကြီး၏ အပြင်ဘက် ကွက်လပ်တွင် ပြသထားသည်။

Pompidou Centre ၏ ညွှန်ကြားရေးမှူး Bernard Blistene က ပြောကြားရာတွင် ညစ်ညမ်းသည့်အရာများ၊ လိင်စိတ်လှုံ့ဆော်သည့် အပြာဆန်ဆန်အရာများမှာ နေရာတိုင်းတွင်ရှိနေကြောင်း၊ ယခုဗိသုကာလက်ရာမှာ ညစ်ညမ်းသည့်အရာမဟုတ်ကြောင်း ပြောကြားသည်။

ယခုလက်ရာမှာ ပျော်ရွှင်ဖွယ်ရာတစ်ခုသာဖြစ်ပြီး ၂၀ ရာစုအတွင်းက ဒတ်ချ်ပန်းချီနယ်တွင် အသုံးပြုခဲ့သော စိတ္တဇဗေဒနှင့် ပုံခိုင်းနိုင်းမှု သဘောတရားတို့ကို ဖော်ပြထားခြင်းဖြစ်ကြောင်း၊ ညစ်ညမ်းသည့်အရာမဟုတ်ကြောင်း Bernard Blistene က ပြောကြားသည်။

အဆိုပါ လက်ရာကို ဂျာမနီနိုင်ငံအနောက်ပိုင်း Bochum မြို့တွင် ၃ နှစ်ကြာ ပြသခဲ့ပြီးဖြစ်ကာ မည်သည့်ဝေဖန်မှုမှ မရှိခဲ့ဟု ဆိုသည်။

ဒိုမီစတီကေတာ၏ ဖန်တီးရှင် Joep van Lieshout က ပြောကြားရာတွင် တိရ စ္ဆာန်များကို လူသားတို့က စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများအတွက် ခိုင်းစေနိုင်ခဲ့ကြပုံကို သရုပ်ဖော်ထားခြင်းဖြစ်ကြောင်း ပြောကြားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: This Stunning Sculpture Looks Like Two Buildings Having Sex (designyoutrust)

[Zawgyi]

လိင္ဆက္ဆံေနသည့္ဟန္ ေဆာက္လုပ္ထားသည့္ အေဆာက္အအံုၾကီးႏွစ္လံုး

ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ျမဳိ႕ ၊ စိန္႔ျမစ္ကမ္းနံေဘးတြင္ ကမၻာ့အၾကီးမားဆံုး အႏုပညာျပတုိက္ၾကီးတစ္ခုျဖစ္ေသာ လုဗ္ျပတိုက္ (Louvre) ၾကီး တည္ရွိသည္။

လုဗ္ျပတိုက္ၾကီးသည္ အီဖဲေမွ်ာ္စင္ျပီးလွ်င္ ပဲရစ္၏ အၾကီးမားဆံုးေသာျပယုဂ္တစ္ခုလည္း ျဖစ္သည္။

သမိုင္းမတင္မီေခတ္မွသည္ ၂၁ ရာစုအထိ သမိုင္းေခတ္အမ်ဳိးမ်ဳိးကို ကိုယ္စားျပဳသည့္ အႏုပညာလက္ရာေပါင္း ၃၈၀၀၀ ခန္႔ ျပသထားျပီး ျပတိုက္ဝန္း၏ အက်ယ္အဝန္းမွာ ၇၂၇၃၅ စတုရန္းမီတာ (၇၈၂၉၁၀ စတုရန္းေပ) ရွိသည္။

၂၀၁၉ ခုႏွစ္အတြင္း လုဗ္ျပတိုက္သို႔ လာေရာက္ေလ့လာသူ ၉ ဒသမ ၆ သန္းရွိခဲ့ျပီး ကမၻာေပၚတြင္ ဝင္ေရာက္ေလ့လာသူ အမ်ားဆံုးျပတိုက္ၾကီးအျဖစ္ ရပ္တည္ေနသည္။

သို႔ေသာ္ လုဗ္ျပတိုက္၏ သမိုင္းယဥ္ေက်းမႈအထင္ကရမ်ားႏွင့္ မဆီေလ်ာ္သည့္ ဗိသုကာလက္ရာ အေဆာက္အအံုတစ္ခုလည္း ျပတိုက္ဝန္းအတြင္း တည္ရွိေနသည္။

ယင္းကား ဒိုမီစတီေကတာ အမည္ရွိ အေဆာက္အအံုျဖစ္သည္။

ဒတ္ခ်္အႏုပညာရွင္ Joep van Lieshout ၏ လက္ရာျဖစ္ေသာ ဒိုမီစတီေကတာ အမည္ရွိ ေမာ္ဒန္ဗိသုကာဟန္ အေဆာက္အအံုၾကီးသည္ အနီေရာင္လူပံုသ႑ာန္က ေျခေလးေခ်ာင္းသတၱဝါတစ္ေကာင္ကို လိင္ဆက္ဆံေနသည့္အသြင္မ်ဳိး ျဖစ္ေနသည္။ လူျမင္ကြင္းတြင္ မဖြယ္မရာပံုေဖာ္ေဆာက္လုပ္ထားသည္ဟု ေဝဖန္မႈမ်ားရွိသည္။

အနီးရွိ ေခတ္ျပိဳင္အႏုပညာျပတိုက္ Pompidou Centre က မူ ကမၻာၾကီးအေနျဖင့္ ကိုယ္တိုင္အဆံုးအျဖတ္ေပးရမည္သာျဖစ္ေၾကာင္း ေျပာၾကားသည္။

အျမင့္ ၁၂ မီတာရွိေသာ ဒိုမီစတီေကတာ အေဆာက္အအံုၾကီးကို မူလက လုဗ္ျပတိုက္ႏွင့္ကပ္လ်က္တြင္ တည္ရွိေသာ ၁၃ ရာစုေခတ္ ပန္းဥယ်ာဥ္ Tuileries Gardens အတြင္း ထားရွိရန္ ရည္ရြယ္ခဲ့ျခင္း ျဖစ္သည္။

သို႔ေသာ္ ဂဲၾသေမထရီဗိသုကာဟန္လက္ရာမွာ ျပင္သစ္အႏုပညာလက္ရာတို႔၏ ဗဟိုခ်က္ေနရာအတြက္ ထင္ထင္ရွားရွားျဖစ္လြန္းေနသည္။

ဒိုမီစတီေကတာကို စတီး၊ သစ္သား၊ fibreglass တို႔ျဖင့္ ေဆာက္လုပ္ထားျခင္း ျဖစ္သည္။

လူတို႔၏ ေဝဖန္မႈမ်ားႏွင့္စပ္လ်ဥ္းျပီး ပထမဦးစြာ အံ့အားသင့္မိေၾကာင္း၊ ယင္းေနာက္ စိတ္ပ်က္မိေၾကာင္း၊ မိမိအေနျဖင့္ လိင္မႈကိစၥအသြင္ ပံုေဖာ္ရန္ ရည္ရြယ္ခဲ့ျခင္းမဟုတ္ေၾကာင္း ဒိုမီစတီေကတာကို ေဆာက္လုပ္သူ Joep van Lieshout က ရိုက္တာသတင္းဌာနသို႔ ေျပာၾကားသည္။

ေဝဖန္သူမ်ားျပားေသာေၾကာင့္ အဆိုပါအေဆာက္အအံုလက္ရာကို ျပတိုက္ဝန္းအတြင္းမွ ဖယ္ရွားရန္ လုဗ္ျပတိုက္အုပ္ခ်ဳပ္ေရးအဖြဲ႔က ဆံုးျဖတ္ခဲ့သည္။

အမ်ားျပည္သူသို႔ မိမိ၏ စိတ္ကူးရည္ရြယ္ခ်က္ကို ရွင္းျပခြင့္မရွိဘူးလားဟု Joep van Lieshout က ေမးခြန္းထုတ္ခဲ့သည္။

ျပင္သစ္ျပည္တြင္းသတင္းမီဒီယာတို႔၏ ေဖာ္ျပခ်က္အရ ဒိုမီစတီေကတာကို ဖယ္ရွားရန္ လုဗ္ျပတိုက္က ဆံုးျဖတ္ခဲ့ရျခင္းမွာ လူမႈကြန္ရက္တြင္ ေဝဖန္မႈမ်ားျပားလာျခင္းႏွင့္ အမ်ားျပည္သူဆိုင္ရာေနရာတြင္ ယင္းကဲ့သို႔လက္ရာမ်ဳိးကို လက္မခံသင့္ေၾကာင္း ယူဆခ်က္မ်ားေၾကာင့္ ျဖစ္ေၾကာင္း ေဖာ္ျပသည္။

ဒိုမီစတီေကတာကို လက္ရွိအားျဖင့္ ေခတ္ျပိဳင္အႏုပညာျပတိုက္ Pompidou Centre ၏ high-tech ဗိသုကာလက္ရာ အေဆာက္အအံုၾကီး၏ အျပင္ဘက္ ကြက္လပ္တြင္ ျပသထားသည္။

Pompidou Centre ၏ ညႊန္ၾကားေရးမွဴး Bernard Blistene က ေျပာၾကားရာတြင္ ညစ္ညမ္းသည့္အရာမ်ား၊ လိင္စိတ္လံႈ႔ေဆာ္သည့္ အျပာဆန္ဆန္အရာမ်ားမွာ ေနရာတိုင္းတြင္ရွိေနေၾကာင္း၊ ယခုဗိသုကာလက္ရာမွာ ညစ္ညမ္းသည့္အရာမဟုတ္ေၾကာင္း ေျပာၾကားသည္။

ယခုလက္ရာမွာ ေပ်ာ္ရႊင္ဖြယ္ရာတစ္ခုသာျဖစ္ျပီး ၂၀ ရာစုအတြင္းက ဒတ္ခ်္ပန္းခ်ီနယ္တြင္ အသံုးျပဳခဲ့ေသာ စိတၱဇေဗဒႏွင့္ ပံုခိုင္းႏိုင္းမႈ သေဘာတရားတို႔ကို ေဖာ္ျပထားျခင္းျဖစ္ေၾကာင္း၊ ညစ္ညမ္းသည့္အရာမဟုတ္ေၾကာင္း Bernard Blistene က ေျပာၾကားသည္။

အဆိုပါ လက္ရာကို ဂ်ာမနီႏိုင္ငံအေနာက္ပိုင္း Bochum ျမိဳ ႔တြင္ ၃ ႏွစ္ၾကာ ျပသခဲ့ျပီးျဖစ္ကာ မည္သည့္ေဝဖန္မႈမွ မရွိခဲ့ဟု ဆိုသည္။

ဒိုမီစတီေကတာ၏ ဖန္တီးရွင္ Joep van Lieshout က ေျပာၾကားရာတြင္ တိရ စၦာန္မ်ားကို လူသားတို႔က စိုက္ပ်ဳိးေရးႏွင့္ စက္မႈလုပ္ငန္းမ်ားအတြက္ ခိုင္းေစႏိုင္ခဲ့ၾကပံုကို သရုပ္ေဖာ္ထားျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: This Stunning Sculpture Looks Like Two Buildings Having Sex (designyoutrust)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service