ရန်ကုန်မှာ အဌားအိမ်ရာအခန်းပေါင်း ၆၀၀၀ ကျော်ဖော်ထုတ်မယ်

ရန်ကုန်မှာ အဌားအိမ်ရာအခန်းပေါင်း ၆၀၀၀ ကျော်ဖော်ထုတ်မယ် - Property News in Myanmar from iMyanmarHouse.com
26 Aug 2020 11:51 am တွင် တင်ခဲ့သည်
774 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရန်ကုန်မှာအဌားအိမ်ရာ အခန်းပေါင်း ၆၀၀၀ကျော်ကိုဖော်ထုတ်တည်ဆောက်သွားမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနထံကသိရပါတယ်။

ဒါဟာ တနိုင်ငံလုံးမှာ ရန်ကုန်က အများဆုံးအနေနဲ့ တည်ဆောက်ဖော်ထုတ်သွားမှာလည်းဖြစ်ပါတယ်။ လက်ရှိမှာ ရွှေပြည်သာနဲ့လှိုင်သာယာမှာ အဌားအိမ်ရာတွေတည်ဆောက်ထားပြီဖြစ်ကာ ဒဂုံမြို့သစ်တောင်ပိုင်းမှာလည်း အရေအတွက်အများဆုံး စံပြအဌားအိမ်ရာ တစ်ခုဖော်ဆောင်သွားဖို့ရှိနေတာပါ။အငှားအိမ်ရာစီမံကိန်းသည် ပုဂ္ဂလိကဆောက်လုပ်ရေး ကဏ္ဍနှင့် နေစရာခက်ခဲနေသော နိုင်ငံသားများအတွက် အထောက်အကူပေးနိုင်မည်ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်က ပြောသည်။

အခန်းအကျယ် စတုရန်းပေ ၆၅၀ ရှိမည့် အိမ်ခန်းများပါဝင် သော လေးခန်းတွဲ ငါးထပ်တိုက်တန်းများကို ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၇)လမ်းမကြီးနှင့် အမှတ်(၂) လမ်းဆုံအနီး၊ စံပြစိုက်ပျိုးရေးအထူးဇုန်တွင် တည်ဆောက်မည်ဖြစ်သည်။

‘‘ပန္နက်ရိုက်ပြီးပြီဆိုတော့ မကြာခင် တည်ဆောက်ရေးလုပ်ငန်းတွေ စတင်နိုင်မှာပါ။ ညှိနှိုင်းရေးလုပ်ငန်းတွေ အနည်းငယ်ပြီးရင်စမှာပါ’’ဟု ဦးမျိုးမြင့်ကပြောသည်။

ပန္နက်တင်အခမ်းအနား ပြုလုပ်သည့် စံပြစိုက်ပျိုးရေးအထူးဇုန်တွင် တိုက်ခန်းပေါင်း ငါးထောင်ကျော် အကောင်အထည်ဖော်မည်ဖြစ်သည်။

COVID-19 ကပ်ရောဂါ ကြောင့် အခက်အခဲများ ကြုံနေရသည့် ဆောက်လုပ်ရေးကဏ္ဍအတွက် အစိုးရက အကောင်အထည်ဖော်မည့် အဌားအိမ်ရာစီမံကိန်းသည် ပန်းရန်၊ လက်သမားများ အပါအဝင် ဆောက်လုပ်ရေးလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိမည် ဖြစ်သည်။

COVID-19 ကာလအတွင်း တစ်နှစ်လျှင် နိုင်ငံတော်ဘတ်ဂျက် ကျပ် ဘီလီယံ ၂၅ဝ ခွင့်ပြုပေးနိုင်ပါက စတုရန်းပေ ၆၅ဝ၊ အိပ်ခန်း နှစ်ခန်းပါ အဌားတိုက်ခန်း ၁ဝ,ဝဝဝ တည်ဆောက်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနက စီစဉ်ထားသည်။

အဌားအိမ်ရာစနစ်ကို ရန်ကုန်တွင် အခန်းပေါင်း ၆,၃၀၀၊ နေပြည်တော်တွင် ၇၀၀ နှင့် မန္တလေးတွင် အခန်းပေါင်း ၃,၀၀၀ အကောင်အထည်ဖော်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက စီစဉ်ထားသည်။

နေပြည်တော်မှာတည်ဆောက်နေတဲ့နိုင်ငံဝန်ထမ်းအိမ်ယာမှာ ရောင်းချဖို့ အခန်းပေါင်း ၁၂၀၀ သာကျန်ရှိတော့တယ်လို့နေပြည်တော် ဒုတိယမြို့တော်ဝန်ဦးရဲမင်းဦးကပြောပါတယ်။

နေပြည်တော်မှာ တည်ဆောက်နေတဲ့ အငြိမ်းစားနိုင်ငံဝန်ထမ်းအိမ်ရာ နှစ်ခုရှိပြီး တစ်ခုက ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောက်လုပ်နေတဲ့ အိမ်ယာဖြစ်တဲ့ အငြိမ်းစားနိုင်ငံဝန်ထမ်း အဌားအိမ်ရာ ဖြစ်ပြီး အဲဒီအိမ်ရာကတော့ မရောင်းချပါဘူး။

အခုရောင်းချ ဖို့ကျန်တယ်ဆိုတဲ့ နိုင်ငံဝန်ထမ်းအိမ်ရာကတော့ နေပြည်တော် စည်ပင်သာယာရေးကော်မတီ က ကြီးကြပ်တည်ဆောက်နေတာဖြစ်ပြီး အခန်း သုံးထောင်ရအောင် တည်ဆောက်နေတာပါ။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]















နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service