ဗီယက်နမ်တွင် ကြွေပန်းကန်ပေါင်း ၁၀၀၀၀ ခန့်ဖြင့် နေအိမ်ဆောက်လုပ်

ဗီယက်နမ်တွင် ကြွေပန်းကန်ပေါင်း ၁၀၀၀၀ ခန့်ဖြင့် နေအိမ်ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
15 Aug 2020 10:28 am တွင် တင်ခဲ့သည်
4550 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရိုးရာ ကြွေပန်းကန်ခွက်ယောက်များနှင့် ရှေးဟောင်းပစ္စည်းများကို ရူးသွပ်ခုံမင်သော ဗီယက်နမ်အမျိုးသားတစ်ဦးသည် လွန်ခဲ့သော ၂၅ နှစ်တာကာလပတ်လုံး သူ၏နေအိမ်ကို ကြွေပန်းကန်လုံးများ၊ ပန်းကန်ပြားများ၊ လဘက်ရည်အိုးများ စုစုပေါင်း ၁၀၀၀၀ နီးပါးဖြင့် ဆောက်လုပ်မွမ်းမံနေခဲ့သည်။

ငုယင်ဗန်ထရောင်အမည်ရှိ အဆိုပါအမျိုးသားသည် စစ်တပ်မှ ထွက်ခဲ့ပြီး Vinh Phuc ပြည်နယ်ရှိ သူ၏ဇာတိကျေးရွာ Kieu Son သို့ ပြန်လည်နေထိုင်ပြီးနောက် တစ်နှစ်အကြာ ၁၉၈၆ ခုနှစ်မှ စတင်ကာ ရှေးဟောင်းကြွေထည်များကို စိတ်ဝင်စားလာခဲ့ခြင်း ဖြစ်သည်။

ငုယင်ဗန်ထရောင်သည် လက်သမားတစ်ဦးအဖြစ် အသက်မွေးနေစဉ်တွင် ဒေသတွင်းမှ ရှေးဟောင်းပစ္စည်းစုဆောင်းသူတစ်ဦး၏ စားပွဲ၊ ကုလားထိုင်တို့ကို ဆေးသုတ်ပေးရသည့် အလုပ်လုပ်ခဲ့ဖူးသည်။ ထိုသူက သူ့အား ရိုးရာကြွေပန်းကန်တို့၏အလှကို စတင်မိတ်ဆက်ထိတွေ့ ပေးခဲ့ခြင်း ဖြစ်သည်။

ငုယင်ဗန်ထရောင်က များစွာသဘောကျသွားခဲ့ပြီး သူသည်လည်း ရှေးဟောင်းကြွေပန်းကန်များ စုဆောင်းသူတစ်ဦးဖြစ်လာရမည်ဟု ဆုံးဖြတ်ခဲ့သည်။

ယင်းနောက်ပိုင်းတွင် ဗီယက်နမ်မြောက်ပိုင်း ပြည်နယ်များတွင် ရိုးရာကြွေထည်များကို ပိုက်စိပ်တိုက်ရှာဖွေတော့သည်။

သူ၏ ဝင်ငွေအားလုံးကို ကြွေထည်ပစ္စည်းများ ဝယ်ယူရန်အတွက်သာ အသုံးပြုခဲ့သည်။

ငုယင်ဗန်ထရောင်၏ ကြွေထည်ရူးသွပ်မှုမှာ မိသားစုပင် လက်မခံနိုင်အောင်ဖြစ်လာသည်။

ကြွေထည်များအတွက် တစ်ပြားတစ်ချပ်မကျန်အောင် သုံးစွဲလေ့ရှိသည့်အပြင် အိမ်နီးချင်းများ၊ ဆွေမျိုးများနှင့် မိတ်ဆွေများထံမှပါ ငွေများ ချေးယူနေလေ့ရှိသည်။

သူသည် တစ်နိုင်ငံလုံးသို့ လှည့်လည်သွားလာနေကာ ကြွေထည်များ ရောင်းနေသည်ဟု သတင်းရသည့် နေရာတိုင်းသို့ ရောက်အောင် သွား၏။ ကျောပိုးအိတ်ထဲတွင် ကြွေထည်ပစ္စည်းများကို ရက်သတ္တပတ်ပေါင်းများစွာ၊ တခါတရံ လနှင့်ချီပြီး သယ်ဆောင်သွားလာနေလေ့ ရှိသည်။

အသက် ၅၈ နှစ်ရှိပြီဖြစ်သူ ငုယင် ဗန် ထရောင်၏ ရှေးယခင်ရည်မှန်းချက်မှာ ကြွေထည်များ ဝယ်ယူပြီး အမြတ်တင်ကာ ပြန်လည်ရောင်းချရန် ဖြစ်သည်။

နောက်ပိုင်းတွင်ကား မရောင်းဖြစ်တော့ဘဲ အလွန်များပြားလာသည်အထိ စုဆောင်း၍သာ ထားခဲ့သည်။ ငုယင် ဗန် ထရောင်က ပြောကြားရာတွင် ကြွေထည်များကို သူ၏နေအိမ်တွင် ကြာမြင့်စွာထားရှိပါက ခိုးယူခံရခြင်း (သို့မဟုတ်) ကွဲအက်ပျက်စီးခြင်း ဖြစ်မည်ကို ရတက်မအေးဖြစ်မိကြောင်း ပြောကြားသည်။

ထို့အပြင် သူမမှတ်မိလောက်အောင် များပြားနေသည့် ကြွေထည်များကို မိသားစုက ရောင်းထုတ်မည်ကိုလည်း ငုယင်ဗန်ထရောင်က တွေးတောမိသည်။

သို့အတွက် သူစုဆောင်းထားသည့်အရာများ အမြဲတည်ရှိနေစေရန်အတွက် နေအိမ်တွင် အလှဆင်မွမ်းမံလိုက်ရန် ဆုံးဖြတ်လိုက်သည်။

ဘိုးဘွားဘီဘင်တို့၏ အမွေအနှစ်များကို ကာကွယ်ရန် တစ်ခုတည်းသောနည်းလမ်းမှာ နေအိမ်နံရံများတွင် မြှုပ်သွင်းထားသည့်နည်း တစ်ခုသာရှိကြောင်း တွေးတောမိသည်ဟု ငုယင်ဗန်ထရောင်က ပြောကြားသည်။

သို့နှင့် တစ်ညတွင်ကား ညစာစားပြီးချိန်တွင် အင်္ဂတေအချို့ဖျော်စပ်ကာ သူစုဆောင်းထားသော ကြွေပန်းကန်အချို့ကို အိမ်နံရံတွင် စတင်မြှုပ်သွင်း အလှဆင်တော့သည်။

ယင်းနောက် အိမ်ခြံစည်းရိုး၊ အိမ်အဝင်ဝ၊ ထိုမှတဆင့် အိမ်တွင်းအလှဆင်ခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

ငုယင်ဗန်ထရောင်၏ နေအိမ်မှာ ယခုအခါ ကြွေပန်းကန်ပြား၊ ပန်းကန်လုံး၊ ရေနွေးအိုးပေါင်း ၁၀၀၀၀ ခန့်ဖြင့် ဖုံးလွှမ်းနေပြီဖြစ်ပြီး ထူးခြားလှသည့် နေအိမ်၏ ဓာတ်ပုံများမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့သွားခဲ့သည်။

ငုယင်ဗန်ထရောင်က ပြောကြားရာတွင် သူ့တွင် ၁၇ ရာစုနှင့် ၁၈ ရာစုများမှ ကြွေထည် အနည်းငယ်သာရှိပြီး နေအိမ်တွင် အလှဆင်မွမ်းမံထားသည့် ကြွေထည်လက်ရာအများစုမှာ အလွန်ဈေးသက်သာသည့် ပစ္စည်းများသာဖြစ်ကြောင်း ပြောကြားသည်။

မိမိကွယ်လွန်သွားလျှင်လည်း နေအိမ်ကို ရောင်းချခြင်း (သို့မဟုတ်) ဖြိုချခြင်း မပြုလုပ်ရန် သားသမီးများအား ပြောကြားထားပြီးဖြစ်ကြောင်း ငုယင်ဗန်ထရောင်က ပြောကြားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Man decorates entire home with thousands of porcelain plates (Photos) (correctng)

[Zawgyi]

ဗီယက္နမ္တြင္ ေႂကြပန္းကန္ေပါင္း ၁၀၀၀၀ ခန႔္ျဖင့္ ေနအိမ္ေဆာက္လုပ္

႐ိုးရာ ေႂကြပန္းကန္ခြက္ေယာက္မ်ားႏွင့္ ေရွးေဟာင္းပစၥည္းမ်ားကို ႐ူးသြပ္ခုံမင္ေသာ ဗီယက္နမ္အမ်ိဳးသားတစ္ဦးသည္ လြန္ခဲ့ေသာ ၂၅ ႏွစ္တာကာလပတ္လုံး သူ၏ေနအိမ္ကို ေႂကြပန္းကန္လုံးမ်ား၊ ပန္းကန္ျပားမ်ား၊ လဘက္ရည္အိုးမ်ား စုစုေပါင္း ၁၀၀၀၀ နီးပါးျဖင့္ ေဆာက္လုပ္မြမ္းမံေနခဲ့သည္။

ငုယင္ဗန္ထေရာင္အမည္ရွိ အဆိုပါအမ်ိဳးသားသည္ စစ္တပ္မွ ထြက္ခဲ့ၿပီး Vinh Phuc ျပည္နယ္ရွိ သူ၏ဇာတိေက်း႐ြာ Kieu Son သို႔ ျပန္လည္ေနထိုင္ၿပီးေနာက္ တစ္ႏွစ္အၾကာ ၁၉၈၆ ခုႏွစ္မွ စတင္ကာ ေရွးေဟာင္းေႂကြထည္မ်ားကို စိတ္ဝင္စားလာခဲ့ျခင္း ျဖစ္သည္။

ငုယင္ဗန္ထေရာင္သည္ လက္သမားတစ္ဦးအျဖစ္ အသက္ေမြးေနစဥ္တြင္ ေဒသတြင္းမွ ေရွးေဟာင္းပစၥည္းစုေဆာင္းသူတစ္ဦး၏ စားပြဲ၊ ကုလားထိုင္တို႔ကို ေဆးသုတ္ေပးရသည့္ အလုပ္လုပ္ခဲ့ဖူးသည္။ ထိုသူက သူ႔အား ႐ိုးရာေႂကြပန္းကန္တို႔၏အလွကို စတင္မိတ္ဆက္ထိေတြ႕ ေပးခဲ့ျခင္း ျဖစ္သည္။

ငုယင္ဗန္ထေရာင္က မ်ားစြာသေဘာက်သြားခဲ့ၿပီး သူသည္လည္း ေရွးေဟာင္းေႂကြပန္းကန္မ်ား စုေဆာင္းသူတစ္ဦးျဖစ္လာရမည္ဟု ဆုံးျဖတ္ခဲ့သည္။

ယင္းေနာက္ပိုင္းတြင္ ဗီယက္နမ္ေျမာက္ပိုင္း ျပည္နယ္မ်ားတြင္ ႐ိုးရာေႂကြထည္မ်ားကို ပိုက္စိပ္တိုက္ရွာေဖြေတာ့သည္။

သူ၏ ဝင္ေငြအားလုံးကို ေႂကြထည္ပစၥည္းမ်ား ဝယ္ယူရန္အတြက္သာ အသုံးျပဳခဲ့သည္။

ငုယင္ဗန္ထေရာင္၏ ေႂကြထည္႐ူးသြပ္မႈမွာ မိသားစုပင္ လက္မခံႏိုင္ေအာင္ျဖစ္လာသည္။

ေႂကြထည္မ်ားအတြက္ တစ္ျပားတစ္ခ်ပ္မက်န္ေအာင္ သုံးစြဲေလ့ရွိသည့္အျပင္ အိမ္နီးခ်င္းမ်ား၊ ေဆြမ်ိဳးမ်ားႏွင့္ မိတ္ေဆြမ်ားထံမွပါ ေငြမ်ား ေခ်းယူေနေလ့ရွိသည္။

သူသည္ တစ္ႏိုင္ငံလုံးသို႔ လွည့္လည္သြားလာေနကာ ေႂကြထည္မ်ား ေရာင္းေနသည္ဟု သတင္းရသည့္ ေနရာတိုင္းသို႔ ေရာက္ေအာင္ သြား၏။ ေက်ာပိုးအိတ္ထဲတြင္ ေႂကြထည္ပစၥည္းမ်ားကို ရက္သတၱပတ္ေပါင္းမ်ားစြာ၊ တခါတရံ လႏွင့္ခ်ီၿပီး သယ္ေဆာင္သြားလာေနေလ့ ရွိသည္။

အသက္ ၅၈ ႏွစ္ရွိၿပီျဖစ္သူ ငုယင္ ဗန္ ထေရာင္၏ ေရွးယခင္ရည္မွန္းခ်က္မွာ ေႂကြထည္မ်ား ဝယ္ယူၿပီး အျမတ္တင္ကာ ျပန္လည္ေရာင္းခ်ရန္ ျဖစ္သည္။

ေနာက္ပိုင္းတြင္ကား မေရာင္းျဖစ္ေတာ့ဘဲ အလြန္မ်ားျပားလာသည္အထိ စုေဆာင္း၍သာ ထားခဲ့သည္။ ငုယင္ ဗန္ ထေရာင္က ေျပာၾကားရာတြင္ ေႂကြထည္မ်ားကို သူ၏ေနအိမ္တြင္ ၾကာျမင့္စြာထားရွိပါက ခိုးယူခံရျခင္း (သို႔မဟုတ္) ကြဲအက္ပ်က္စီးျခင္း ျဖစ္မည္ကို ရတက္မေအးျဖစ္မိေၾကာင္း ေျပာၾကားသည္။

ထို႔အျပင္ သူမမွတ္မိေလာက္ေအာင္ မ်ားျပားေနသည့္ ေႂကြထည္မ်ားကို မိသားစုက ေရာင္းထုတ္မည္ကိုလည္း ငုယင္ဗန္ထေရာင္က ေတြးေတာမိသည္။

သို႔အတြက္ သူစုေဆာင္းထားသည့္အရာမ်ား အၿမဲတည္ရွိေနေစရန္အတြက္ ေနအိမ္တြင္ အလွဆင္မြမ္းမံလိုက္ရန္ ဆုံးျဖတ္လိုက္သည္။

ဘိုးဘြားဘီဘင္တို႔၏ အေမြအႏွစ္မ်ားကို ကာကြယ္ရန္ တစ္ခုတည္းေသာနည္းလမ္းမွာ ေနအိမ္နံရံမ်ားတြင္ ျမႇဳပ္သြင္းထားသည့္နည္း တစ္ခုသာရွိေၾကာင္း ေတြးေတာမိသည္ဟု ငုယင္ဗန္ထေရာင္က ေျပာၾကားသည္။

သို႔ႏွင့္ တစ္ညတြင္ကား ညစာစားၿပီးခ်ိန္တြင္ အဂၤေတအခ်ိဳ႕ေဖ်ာ္စပ္ကာ သူစုေဆာင္းထားေသာ ေႂကြပန္းကန္အခ်ိဳ႕ကို အိမ္နံရံတြင္ စတင္ျမႇဳပ္သြင္း အလွဆင္ေတာ့သည္။

ယင္းေနာက္ အိမ္ၿခံစည္း႐ိုး၊ အိမ္အဝင္ဝ၊ ထိုမွတဆင့္ အိမ္တြင္းအလွဆင္ျခင္းမ်ား ဆက္တိုက္ျပဳလုပ္ခဲ့သည္။ ငုယင္ဗန္ထေရာင္၏ ေနအိမ္မွာ ယခုအခါ ေႂကြပန္းကန္ျပား၊ ပန္းကန္လုံး၊ ေရေႏြးအိုးေပါင္း ၁၀၀၀၀ ခန႔္ျဖင့္ ဖုံးလႊမ္းေနၿပီျဖစ္ၿပီး ထူးျခားလွသည့္ ေနအိမ္၏ ဓာတ္ပုံမ်ားမွာ လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔သြားခဲ့သည္။

ငုယင္ဗန္ထေရာင္က ေျပာၾကားရာတြင္ သူ႔တြင္ ၁၇ ရာစုႏွင့္ ၁၈ ရာစုမ်ားမွ ေႂကြထည္ အနည္းငယ္သာရွိၿပီး ေနအိမ္တြင္ အလွဆင္မြမ္းမံထားသည့္ ေႂကြထည္လက္ရာအမ်ားစုမွာ အလြန္ေဈးသက္သာသည့္ ပစၥည္းမ်ားသာျဖစ္ေၾကာင္း ေျပာၾကားသည္။

မိမိကြယ္လြန္သြားလွ်င္လည္း ေနအိမ္ကို ေရာင္းခ်ျခင္း (သို႔မဟုတ္) ၿဖိဳခ်ျခင္း မျပဳလုပ္ရန္ သားသမီးမ်ားအား ေျပာၾကားထားၿပီးျဖစ္ေၾကာင္း ငုယင္ဗန္ထေရာင္က ေျပာၾကားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Man decorates entire home with thousands of porcelain plates (Photos) (correctng)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service