ပြည်ပရောက်နိုင်ငံသားတွေ တန်ဖိုးနည်းအိမ်ဝယ်နိုင်ဖို့ ပြည်ပဘဏ်တွေနဲ့ချိတ်ဆတ်နေ

ပြည်ပရောက်နိုင်ငံသားတွေ တန်ဖိုးနည်းအိမ်ဝယ်နိုင်ဖို့ ပြည်ပဘဏ်တွေနဲ့ချိတ်ဆတ်နေ - Property News in Myanmar from iMyanmarHouse.com
13 Aug 2020 12:40 pm တွင် တင်ခဲ့သည်
1184 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းတွင် တန်ဖိုးနည်းအိမ်ရာကို အိမ်ရာချေးငွေ ဖြင့် ဝယ်ယူနိုင်အောင်ဆောင်ရွက်နေတယ်လို့ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) ထံကသိရပါတယ်။

‘‘ပြည်ပမှာ သွားရောက်အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေ အိမ်ရာစုဆောင်းငွေနဲ့ အိမ်ရာဝယ်ယူနိုင်ဖို့၊ အိမ်ရာချေးငွေရယူနိုင်ဖို့ ပြည်ပဘဏ်တွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေပါတယ်’’ လို့ အဲ့ဒီ့ဘဏ်ကတာဝန်ရှိသူက ဆိုပါတယ်။

ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအနေဖြင့် အိမ်ရာချေးငွေဖြင့် အိမ်ဝယ်ယူလိုပါက CHDB ဘဏ်က ချိတ်ဆက်ထားသော သက်ဆိုင်ရာ နိုင်ငံရှိ ဘဏ်တွင်ငွေသွင်းရမည်ဖြစ်ပြီး ယင်း ဘဏ်ကဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သို့ ငွေပြန်လွှဲပေးသည့် ပုံစံဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းဇော်က ပြောသည်။

‘‘ကိုရီးယားရယ်၊ စင်ကာပူရယ်၊ မလေးရှားရယ်မှာ လုပ်ဖို့ရှိ နေပါတယ်။ လောလောဆယ် ကိုရီးယားက ကုမင်းဘဏ်နဲ့ ချိတ်ဆက်ပြီးတော့ စတင်ဆောင်ရွက်နေပါပြီ။ စင်ကာပူနဲ့မလေးရှားမှာက အဆက်အစပ်ရလာရင် ဒီလိုမျိုး ဆက်လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်’’ ဟု ဦးဝင်းဇော်ကပြောကြားသည်။

ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်သို့ ကိုရီးယားနိုင်ငံ ရှိ ကုမင်းဘဏ်ကတစ်ဆင့် အိမ်ရာစုဆောင်းငွေ စာရင်းဖွင့်လှစ်ရန်၊ ငွေလွှဲနိုင်မည့် စနစ်တစ်ခု ဆောင်ရွက်ပြီး ဖြစ်ကြောင်းနှင့် ၂၀၁၈ ဒီဇင်ဘာတွင် အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း ကိုရီးယားရောက် မြန်မာနိုင်ငံသား ဦးဝင်းဇော်က ပြောကြားသည်။

အိမ်ရာစုဆောင်းငွေစာရင်း ပိုင်ဆိုင်ထားသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများသည် ပြည်တွင်းရှိ မြန်မာနိုင်ငံသားများနည်းတူ အိမ်ရာစုဆောင်း ငွေစာရင်းတွင် ဝယ်ယူမည့် အိမ်၏ ၃၀ ရာခိုင်နှုန်းပြည့်မီပါက ကျန် ၇၀ ရာခိုင်နှုန်းကို ဘဏ်မှ ချေးငွေဖြင့် ဝယ်ယူနိုင်သည်။

ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်ရွက်နေသည့် အိမ်ရာများသည် ရွှေလင်ဗန်း၊ ကနောင်၊ ယုဇနတန်ဖိုးနည်းအိမ်ရာ၊ ကျန်စစ်သားအိမ်ရာ စီမံကိန်း၊ ချမ်းမြေ့သာယာ အဆင့်မြင့်အိမ်ရာ (မကွေးတိုင်း)၊ နန္ဒဝန်အိမ်ရာစီမံကိန်း (စစ်ကိုင်း တိုင်းဒေသကြီး)၊ ဥမ္မာဒန္တီအိမ်ရာ (ဧရာဝတီတိုင်း)၊ ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာနှင့် မြရည်နန္ဒာအိမ်ရာ (မန္တလေး) တို့ဖြစ်သည်။

ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ စုဆောင်းငွေတွေနဲ့ ပြည်ပကပြန်လည်ရောက်ရှိတဲ့အခါ အိမ်ရာတွေအဆင်သင့်ဝယ်ယူထားပြီးသားဖြစ်စေဖို့ဘဏ်ကရည်ရွယ်ပြီးအကောင်အထည်ဖော်ခဲ့တာပါ။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ျပည္ပေရာက္ႏိုင္ငံသားေတြ တန္ဖိုးနည္းအိမ္ဝယ္ႏိုင္ဖို႔ ျပည္ပဘဏ္ေတြနဲ႔ခ်ိတ္ဆတ္ေန

ျပည္ပေရာက္ ျမန္မာႏိုင္ငံသားမ်ား ျပည္တြင္းတြင္ တန္ဖိုးနည္းအိမ္ရာကို အိမ္ရာေခ်းေငြ ျဖင့္ ဝယ္ယူႏိုင္ေအာင္ေဆာင္႐ြက္ေနတယ္လို႔ေဆာက္လုပ္ေရးႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဘဏ္ (CHDB) ထံကသိရပါတယ္။

‘‘ျပည္ပမွာ သြားေရာက္အလုပ္လုပ္ေနတဲ့ ျမန္မာႏိုင္ငံသားေတြ အိမ္ရာစုေဆာင္းေငြနဲ႔ အိမ္ရာဝယ္ယူႏိုင္ဖို႔၊ အိမ္ရာေခ်းေငြရယူႏိုင္ဖို႔ ျပည္ပဘဏ္ေတြနဲ႔ခ်ိတ္ဆက္ ေဆာင္႐ြက္ေနပါတယ္’’ လို႔ အဲ့ဒီ့ဘဏ္ကတာဝန္႐ွိသူက ဆိုပါတယ္။

ျပည္ပတြင္ အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ အိမ္ရာေခ်းေငြျဖင့္ အိမ္ဝယ္ယူလိုပါက CHDB ဘဏ္က ခ်ိတ္ဆက္ထားေသာ သက္ဆိုင္ရာ ႏိုင္ငံ႐ွိ ဘဏ္တြင္ေငြသြင္းရမည္ျဖစ္ၿပီး ယင္း ဘဏ္ကေဆာက္လုပ္ေရးႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဘဏ္သို႔ ေငြျပန္လႊဲေပးသည့္ ပုံစံျဖင့္ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဘဏ္ အုပ္ခ်ဳပ္မႈဒါ႐ိုက္တာ ဦးဝင္းေဇာ္က ေျပာသည္။

‘‘ကိုရီးယားရယ္၊ စင္ကာပူရယ္၊ မေလး႐ွားရယ္မွာ လုပ္ဖို႔႐ွိ ေနပါတယ္။ ေလာေလာဆယ္ ကိုရီးယားက ကုမင္းဘဏ္နဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ စတင္ေဆာင္႐ြက္ေနပါၿပီ။ စင္ကာပူနဲ႔မေလး႐ွားမွာက အဆက္အစပ္ရလာရင္ ဒီလိုမ်ိဳး ဆက္လုပ္သြားဖို႔ အစီအစဥ္႐ွိပါတယ္’’ ဟု ဦးဝင္းေဇာ္ကေျပာၾကားသည္။

ေဆာက္လုပ္ေရးႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဘဏ္သို႔ ကိုရီးယားႏိုင္ငံ႐ွိ ကုမင္းဘဏ္ကတစ္ဆင့္ အိမ္ရာစုေဆာင္းေငြ စာရင္းဖြင့္လွစ္ရန္၊ ေငြလႊဲႏိုင္မည့္ စနစ္တစ္ခု ေဆာင္႐ြက္ၿပီး ျဖစ္ေၾကာင္းႏွင့္ ၂၀၁၈ ဒီဇင္ဘာတြင္ အိမ္ရာစုေဆာင္းေငြစာရင္း ဖြင့္လွစ္ႏိုင္ၿပီ ျဖစ္ေၾကာင္း ကိုရီးယားေရာက္ ျမန္မာႏိုင္ငံသား ဦးဝင္းေဇာ္က ေျပာၾကားသည္။

အိမ္ရာစုေဆာင္းေငြစာရင္း ပိုင္ဆိုင္ထားသည့္ ျပည္ပေရာက္ ျမန္မာႏိုင္ငံသားမ်ားသည္ ျပည္တြင္း႐ွိ ျမန္မာႏိုင္ငံသားမ်ားနည္းတူ အိမ္ရာစုေဆာင္း ေငြစာရင္းတြင္ ဝယ္ယူမည့္ အိမ္၏ ၃၀ ရာခိုင္ႏႈန္းျပည့္မီပါက က်န္ ၇၀ ရာခိုင္ႏႈန္းကို ဘဏ္မွ ေခ်းေငြျဖင့္ ဝယ္ယူႏိုင္သည္။

ေဆာက္လုပ္ေရးႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဘဏ္မွ ေဆာင္႐ြက္ေနသည့္ အိမ္ရာမ်ားသည္ ေ႐ႊလင္ဗန္း၊ ကေနာင္၊ ယုဇနတန္ဖိုးနည္းအိမ္ရာ၊ က်န္စစ္သားအိမ္ရာ စီမံကိန္း၊ ခ်မ္းေျမ့သာယာ အဆင့္ျမင့္အိမ္ရာ (မေကြးတိုင္း)၊ နႏၵဝန္အိမ္ရာစီမံကိန္း (စစ္ကိုင္း တိုင္းေဒသႀကီး)၊ ဥမၼာဒႏၲီအိမ္ရာ (ဧရာဝတီတိုင္း)၊ ရတနာႏွင္းဆီ အဆင့္ျမင့္အိမ္ရာႏွင့္ ျမရည္နႏၵာအိမ္ရာ (မႏၲေလး) တို႔ျဖစ္သည္။

ျပည္ပေရာက္ျမန္မာႏိုင္ငံသားေတြအေနနဲ႔ စုေဆာင္းေငြေတြနဲ႔ ျပည္ပကျပန္လည္ေရာက္႐ွိတဲ့အခါ အိမ္ရာေတြအဆင္သင့္ဝယ္ယူထားၿပီးသားျဖစ္ေစဖို႔ဘဏ္ကရည္႐ြယ္ၿပီးအေကာင္အထည္ေဖာ္ခဲ့တာပါ။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service