သဲကန္တရထဲက အလျားမိုင် ၄၀ ရှိ ကမ္ဘာ့အရှည်လျားဆုံး တောင်ကြားလမ်း ပန်းချီပြခန်း

သဲကန္တရထဲက အလျားမိုင် ၄၀ ရှိ ကမ္ဘာ့အရှည်လျားဆုံး တောင်ကြားလမ်း ပန်းချီပြခန်း - Property News in Myanmar from iMyanmarHouse.com
6 Aug 2020 12:27 pm တွင် တင်ခဲ့သည်
1140 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ယူတားပြည်နယ်အရှေ့ပိုင်း ယူတားသဲကန္တရအတွင်းတွင် “၉ မိုင်” အမည်ရှိ တောင်ကြားချောက်ကမ်းပါးနံရံကြီးတစ်ခုတည်ရှိပြီး အလျားမှာ မိုင် ၄၀ ခန့်ရှိသည်။

အဆိုပါ တောင်ကြား ချောက်ကမ်းပါး တောင်နံရံကြီးကို ကမ္ဘာ့အရှည်လျားဆုံး ပန်းချီပြခန်းကြီးဟု လူသိများကြသည်။ အဘယ်ကြောင့်ဆိုလျှင် တောင်ကြားနံရံတစ်လျှောက်တွင် ထောင်သောင်းချီသော သမိုင်းမတင်မီခေတ် ကျောက်ထွင်းပန်းပုလက်ရာများနှင့် ပုံစာများ ပြည့်နှက်နေပြီး အချို့မှာ နှစ်ပေါင်း ထောင်နှင့်ချီ၍ သက်တမ်းရှိပြီဖြစ်သော လက်ရာများ ဖြစ်သည်။

အဆိုပါ တောင်ကြားလမ်းကို ဒေသတွင်းတွင် အဓိကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းအဖြစ် ၁၈၈၀ ပြည့်လွန်ကာလများတွင် အသုံးပြုခဲ့သည်။

၉ မိုင်တောင်ကြားအတွင်း အခြေချနေထိုင်သူများရှိခဲ့ပြီး တစ်ထပ်နေအိမ်များ ဆောက်လုပ်နေထိုင်ခဲ့ကြပြီး ဟာပါအမည်ရှိ မြို့တစ်ခုပင် တည်ထောင်ခဲ့ကြဖူးသည်။ ယခုအခါတွင်မူ ဟာပါမှာ လူသူကင်းမဲ့နေလေပြီ။

တောင်ကြားနံရံတစ်လျှောက်ရှိ အနုပညာလက်ရာများကို ဥရောပတိုက်သားများ အမေရိကသို့ခြေမချမီ ခရစ်တော်ပေါ်ပြီး ၁ နှစ်မှ ၁၃၀၁ ခုနှစ်အကြား နေထိုင်ခဲ့ကြသည့် ဖရီးမောင့်မျိုးနွှယ်တို့က ဖန်တီးခဲ့ကြခြင်းဖြစ်သည်။

ကမ္ဘာပေါ်တွင် အခြားမည်သည့်နေရာတွင်မှ မတွေ့နိုင်သော တမူထူးခြားသည့် ၉ မိုင်တောင်ကြားသည် နိုင်ငံတကာ အမွေအနှစ် ရတနာတစ်ပါးလည်း ဖြစ်သည်။

တောင်ကြားသည် မိုင် ၄၀ (၆၄ ကီလိုမီတာ) ရှည်လျားသည်ဖြစ်ရာ အဘယ်ကြောင့် ၉ မိုင်တောင်ကြားဟု ခေါ်ကြသည်ကို မသိရချေ။

၁၈၈၆ ခုနှစ်တွင် ၉ မိုင်တောင်ကြားလမ်းကို အမှတ် ၉ မြင်းတပ်မှ စစ်သည်များက ဖောက်လုပ်ခဲ့ကြပြီး ယူတားပြည်နယ်၊ Uintah ခရိုင်၊ Fort Duchesne ဒေသမှသည် ပရိုက်စ်မြို့ (Price ) အထိ ဆက်သွယ်ပေးခဲ့သည်။

၉ မိုင်တောင်ကြားတွင် ဖရီးမောင့်တို့ ချန်ရစ်ခဲ့သော အနုပညာလက်ရာများကြောင့် အဆိုပါနေရာသည် ရှေးဟောင်းသုတေသန ပညာရှင်များနှင့် ကမ္ဘာလှည့်ခရီးသည်များ ခြေဦးတည်ရာ နေရာဖြစ်လာသည်။

ကျောက်ထွင်းလက်ရာ အနုပညာများသည် ထူးခြားသော အရည်အသွေးနှင့်အလှတရားတို့ရှိပြီး National Geographic မဂ္ဂဇင်းကြီးနှင့် အခြားသော ပုံနှိပ်ထုတ်ဝေမှုများတွင် ဖော်ပြခြင်းခံရသည်။

ဤသဘာဝ ပန်းချီကားများမှတဆင့် တိုင်းရင်းသားလူမျိုးနွှယ်တိို့သည် ၎င်းတို့၏ အချစ်နှင့် ဘဝဖြစ်ရပ်များကို ထိုခေတ်လူသားများနှင့် နှောင်းခေတ်လူသားတို့အား ဖော်ပြခဲ့ကြသည်။

လက်ရာများစွာတွင် ဖော်ပြထားသည်မှာ အမဲလိုက်ပုံ မြင်ကွင်းများနှင့် တိရ စ္ဆာန်တို့၏ ဘဝများ ဖြစ်ကြသည်။

များစွာသော ငှက်ပုံများ၊ ဦးချိုကြီးမားသော သိုးရိုင်းများ၊ အိမ်မြောင်များနှင့် ပြောင်တို့၏ ပုံများ တွေ့ရသည်။

၎င်းတို့ အမဲလိုက်ရာနေရာကို စမ်းစစ်သုံးသပ်ကြည့်ရာတွင် ချောက်ကမ်းပါးပေါင်းများစွာ၏ ရေဆင်းများအနီးဖြစ်ဖွယ်ရာ ရှိသည်။

ယခုအခါ ၉ မိုင်တောင်ကြားရှိ အနုပညာလက်ရာတို့မှာ ပျောက်ကွယ်တော့မည့် အန္တရာယ်ရှိနေသည်။

၎င်းတို့မှာ မိုးဒဏ်လေဒဏ် အမြဲခံနေရသည့် သဲကျောက်ပြားများပေါ်တွင် ကျောက်နံရံများတွင် ထွင်းထုကာ ဆေးခြယ်ထားခြင်းဖြစ်ရာ တိုက်စားမှုဒဏ်ကို ခံကြရသည်။ ထို့အပြင် လူတို့၏ ထိတွေ့ကိုင်တွယ်ခြင်းနှင့် လေထဲမှ ဖုန်ထုတို့ကလည်း ကြီးမားသည့်အန္တရာယ်ဖြစ်သည်။ အထူးသဖြင့် တောင်ကြားအတွင်း စက်တပ်ယာဉ်များ သွားလာမှုများပြားလာခြင်းကြောင့်လည်း ဖုန်မှုန်တို့မှာ အထူးစိုးရိမ်ဖွယ် အန္တရာယ်ဖြစ်၏။

အဆိုပါဒေသတွင် စွမ်းအင်ထုတ်လုပ်လာမှုနှင့် ကမ္ဘာလှည့်ခရီးသည်တို့ များစွာဝင်ရောက်လာသောကြောင့် ၂၀၀၄ ခုနှစ်တွင် ယင်းနေရာကို အမေရိက၏ ပျောက်ကွယ်ရန်အန္တရာယ်အများဆုံး သမိုင်းဝင်နေရာ ၁၁ ခုစာရင်းတွင် ထည့်သွင်းခဲ့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The Nine Mile Canyon in the Utah desert is the world’s longest & oldest ‘art gallery’ (outdoorrevival, Wikipedia)

[Zawgyi]

သဲကႏၱရထဲက အလ်ားမိုင္ ၄၀ ရွိ ကမၻာ့အရွည္လ်ားဆံုး ေတာင္ၾကားလမ္း ပန္းခ်ီျပခန္း

အေမရိကန္ျပည္ေထာင္စု အေနာက္ပိုင္း ယူတားျပည္နယ္အေရွ႕ပိုင္း ယူတားသဲကႏၱရအတြင္းတြင္ “၉ မိုင္” အမည္ရွိ ေတာင္ၾကားေခ်ာက္ကမ္းပါးနံရံၾကီးတစ္ခုတည္ရွိျပီး အလ်ားမွာ မိုင္ ၄၀ ခန္႔ရွိသည္။

အဆိုပါ ေတာင္ၾကား ေခ်ာက္ကမ္းပါး ေတာင္နံရံၾကီးကို ကမၻာ့အရွည္လ်ားဆံုး ပန္းခ်ီျပခန္းၾကီးဟု လူသိမ်ားၾကသည္။ အဘယ္ေၾကာင့္ဆိုလွ်င္ ေတာင္ၾကားနံရံတစ္ေလွ်ာက္တြင္ ေထာင္ေသာင္းခ်ီေသာ သမိုင္းမတင္မီေခတ္ ေက်ာက္ထြင္းပန္းပုလက္ရာမ်ားႏွင့္ ပံုစာမ်ား ျပည့္ႏွက္ေနျပီး အခ်ဳိ႕မွာ ႏွစ္ေပါင္း ေထာင္ႏွင့္ခ်ီ၍ သက္တမ္းရွိျပီျဖစ္ေသာ လက္ရာမ်ား ျဖစ္သည္။

အဆိုပါ ေတာင္ၾကားလမ္းကို ေဒသတြင္းတြင္ အဓိကသယ္ယူပို႔ေဆာင္ေရးလမ္းေၾကာင္းအျဖစ္ ၁၈၈၀ ျပည့္လြန္ကာလမ်ားတြင္ အသံုးျပဳခဲ့သည္။

၉ မိုင္ေတာင္ၾကားအတြင္း အေျခခ်ေနထိုင္သူမ်ားရွိခဲ့ျပီး တစ္ထပ္ေနအိမ္မ်ား ေဆာက္လုပ္ေနထိုင္ခဲ့ၾကျပီး ဟာပါအမည္ရွိ ျမိဳ႕တစ္ခုပင္ တည္ေထာင္ခဲ့ၾကဖူးသည္။ ယခုအခါတြင္မူ ဟာပါမွာ လူသူကင္းမဲ့ေနေလျပီ။

ေတာင္ၾကားနံရံတစ္ေလွ်ာက္ရွိ အႏုပညာလက္ရာမ်ားကို ဥေရာပတိုက္သားမ်ား အေမရိကသို႔ေျခမခ်မီ ခရစ္ေတာ္ေပၚျပီး ၁ ႏွစ္မွ ၁၃၀၁ ခုႏွစ္အၾကား ေနထုိင္ခဲ့ၾကသည့္ ဖရီးေမာင့္မ်ဳိးႏႊယ္တို႔က ဖန္တီးခဲ့ၾကျခင္းျဖစ္သည္။

ကမၻာေပၚတြင္ အျခားမည္သည့္ေနရာတြင္မွ မေတြ႔ႏိုင္ေသာ တမူထူးျခားသည့္ ၉ မိုင္ေတာင္ၾကားသည္ ႏိုင္ငံတကာ အေမြအႏွစ္ ရတနာတစ္ပါးလည္း ျဖစ္သည္။

ေတာင္ၾကားသည္ မိုင္ ၄၀ (၆၄ ကီလိုမီတာ) ရွည္လ်ားသည္ျဖစ္ရာ အဘယ္ေၾကာင့္ ၉ မိုင္ေတာင္ၾကားဟု ေခၚၾကသည္ကို မသိရေခ်။

၁၈၈၆ ခုႏွစ္တြင္ ၉ မိုင္ေတာင္ၾကားလမ္းကို အမွတ္ ၉ ျမင္းတပ္မွ စစ္သည္မ်ားက ေဖာက္လုပ္ခဲ့ၾကျပီး ယူတားျပည္နယ္၊ Uintah ခရိုင္၊ Fort Duchesne ေဒသမွသည္ ပရိုက္စ္ျမိဳ႕ (Price ) အထိ ဆက္သြယ္ေပးခဲ့သည္။

၉ မိုင္ေတာင္ၾကားတြင္ ဖရီးေမာင့္တို႔ ခ်န္ရစ္ခဲ့ေသာ အႏုပညာလက္ရာမ်ားေၾကာင့္ အဆိုပါေနရာသည္ ေရွးေဟာင္းသုေတသန ပညာရွင္မ်ားႏွင့္ ကမၻာလွည့္ခရီးသည္မ်ား ေျခဦးတည္ရာ ေနရာျဖစ္လာသည္။

ေက်ာက္ထြင္းလက္ရာ အႏုပညာမ်ားသည္ ထူးျခားေသာ အရည္အေသြးႏွင့္အလွတရားတို႔ရွိျပီး National Geographic မဂၢဇင္းၾကီးႏွင့္ အျခားေသာ ပံုႏွိပ္ထုတ္ေဝမႈမ်ားတြင္ ေဖာ္ျပျခင္းခံရသည္။

ဤသဘာဝ ပန္းခ်ီကားမ်ားမွတဆင့္ တိုင္းရင္းသားလူမ်ဳိးႏႊယ္တိုိ႔သည္ ၎တို႔၏ အခ်စ္ႏွင့္ ဘဝျဖစ္ရပ္မ်ားကို ထိုေခတ္လူသားမ်ားႏွင့္ ေႏွာင္းေခတ္လူသားတို႔အား ေဖာ္ျပခဲ့ၾကသည္။

လက္ရာမ်ားစြာတြင္ ေဖာ္ျပထားသည္မွာ အမဲလိုက္ပံု ျမင္ကြင္းမ်ားႏွင့္ တိရ စၦာန္တို႔၏ ဘဝမ်ား ျဖစ္ၾကသည္။

မ်ားစြာေသာ ငွက္ပံုမ်ား၊ ဦးခ်ဳိၾကီးမားေသာ သိုးရိုင္းမ်ား၊ အိမ္ေျမာင္မ်ားႏွင့္ ေျပာင္တို႔၏ ပံုမ်ား ေတြ႔ရသည္။

၎တို႔ အမဲလိုက္ရာေနရာကို စမ္းစစ္သံုးသပ္ၾကည့္ရာတြင္ ေခ်ာက္ကမ္းပါးေပါင္းမ်ားစြာ၏ ေရဆင္းမ်ားအနီးျဖစ္ဖြယ္ရာ ရွိသည္။

ယခုအခါ ၉ မိုင္ေတာင္ၾကားရွိ အႏုပညာလက္ရာတို႔မွာ ေပ်ာက္ကြယ္ေတာ့မည့္ အႏၱရာယ္ရွိေနသည္။

၎တို႔မွာ မိုးဒဏ္ေလဒဏ္ အျမဲခံေနရသည့္ သဲေက်ာက္ျပားမ်ားေပၚတြင္ ေက်ာက္နံရံမ်ားတြင္ ထြင္းထုကာ ေဆးျခယ္ထားျခင္းျဖစ္ရာ တိုက္စားမႈဒဏ္ကို ခံၾကရသည္။ ထို႔အျပင္ လူတို႔၏ ထိေတြ႔ကိုင္တြယ္ျခင္းႏွင့္ ေလထဲမွ ဖုန္ထုတို႔ကလည္း ၾကီးမားသည့္အႏၱရာယ္ျဖစ္သည္။ အထူးသျဖင့္ ေတာင္ၾကားအတြင္း စက္တပ္ယာဥ္မ်ား သြားလာမႈမ်ားျပားလာျခင္းေၾကာင့္လည္း ဖုန္မႈန္တို႔မွာ အထူးစိုးရိမ္ဖြယ္ အႏၱရာယ္ျဖစ္၏။

အဆိုပါေဒသတြင္ စြမ္းအင္ထုတ္လုပ္လာမႈႏွင့္ ကမၻာလွည့္ခရီးသည္တို႔ မ်ားစြာဝင္ေရာက္လာေသာေၾကာင့္ ၂၀၀၄ ခုႏွစ္တြင္ ယင္းေနရာကို အေမရိက၏ ေပ်ာက္ကြယ္ရန္အႏၱရာယ္အမ်ားဆံုး သမိုင္းဝင္ေနရာ ၁၁ ခုစာရင္းတြင္ ထည့္သြင္းခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The Nine Mile Canyon in the Utah desert is the world’s longest & oldest ‘art gallery’ (outdoorrevival, Wikipedia)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service