ဒေသခံ (၆) သောင်းခန့် အလုပ်အကိုင်ပေးနိုင်မည့် စက်မှုဥယျာဉ်မြို့တော်တစ်ခု ပဲခူးမြို့အနီးတွင် အကောင်အထည်ဖော်ရန်ရှိ

ဒေသခံ (၆) သောင်းခန့် အလုပ်အကိုင်ပေးနိုင်မည့် စက်မှုဥယျာဉ်မြို့တော်တစ်ခု ပဲခူးမြို့အနီးတွင် အကောင်အထည်ဖော်ရန်ရှိ - Property News in Myanmar from iMyanmarHouse.com
31 Jul 2020 12:05 pm တြင္ တင္ခဲ့သည္
3813 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ျပည္တြင္း အိမ္ၿခံေျမ သတင္း | Posted by စည္သူေအာင္ (iMyanmarHouse.com)

[Unicode]

ဒေသခံ (၆) သောင်းခန့်ကို အလုပ်အကိုင်ပေးနိုင်မည့် စက်မှုဥယျာဉ်မြို့တော်တစ်ခု ပဲခူးမြို့အနီးတွင် အကောင်အထည်ဖော်ရန်ရှိကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရ၊ ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် Hua Tai Enterprise Co., Ltd မှ Mr. Johno Thanတို့ ဇူလိုင် ၂၈ ရက်က တွေ့ဆုံစဉ် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့အနီး မြေ ၃၆၀ ဧကတွင် စက်မှုဥယျာဉ်မြို့တော် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကုမ္ပဏီဘက်က တင်ပြခဲ့သည်။

အဆိုပါ စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရာတွင် စက်ရုံ(၅၇)ရုံ၊ ဝန်ထမ်းအဆောင်(၁၅) ဆောင်၊ စားသောက်ဆိုင်၊ ဈေးဝယ်စင်တာ၊ မူလတန်း ကျောင်းနှင့် မိဘမဲ့ဂေဟာတို့ ပါဝင်မည်ဖြစ်ပြီး ဒေသခံပြည်သူ (၆)သောင်းခန့် အလုပ်အကိုင် အခွင့်အလမ်း ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဝန်ကြီးချုပ်က ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ပြီး တိုင်းပြည်အတွက် အခွန်ဘဏ္ဍာငွေများ ရရှိလာနိုင်သည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်၍ ကြိုဆိုပါကြောင်းနှင့်ဥပဒေနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေဒသခံ (၆) ေသာင္းခန႔္ အလုပ္အကိုင္ေပးႏိုင္မည့္ စက္မႈဥယ်ာဥ္ၿမိဳ႕ေတာ္တစ္ခု ပဲခူးၿမိဳ႕အနီးတြင္ အေကာင္အထည္ေဖာ္ရန္ရွိ

ေဒသခံ (၆) ေသာင္းခန႔္ကို အလုပ္အကိုင္ေပးႏိုင္မည့္ စက္မႈဥယ်ာဥ္ၿမိဳ႕ေတာ္တစ္ခု ပဲခူးၿမိဳ႕အနီးတြင္ အေကာင္အထည္ေဖာ္ရန္ရွိေၾကာင္း ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ သိရသည္။

ပဲခူးတိုင္းေဒသႀကီးအစိုးရ၊ ဝန္ႀကီးခ်ဳပ္ဦးဝင္းသိန္းႏွင့္ Hua Tai Enterprise Co., Ltd မွ Mr. Johno Thanတို႔ ဇူလိုင္ ၂၈ ရက္က ေတြ႕ဆုံစဥ္ ပဲခူးတိုင္းေဒသႀကီး ပဲခူးၿမိဳ႕အနီး ေျမ ၃၆၀ ဧကတြင္ စက္မႈဥယ်ာဥ္ၿမိဳ႕ေတာ္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ရန္ ကုမၸဏီဘက္က တင္ျပခဲ့သည္။

အဆိုပါ စက္မႈဥယ်ာဥ္ၿမိဳ႕ေတာ္ တည္ေဆာက္ရာတြင္ စက္႐ုံ(၅၇)႐ုံ၊ ဝန္ထမ္းအေဆာင္(၁၅) ေဆာင္၊ စားေသာက္ဆိုင္၊ ေဈးဝယ္စင္တာ၊ မူလတန္း ေက်ာင္းႏွင့္ မိဘမဲ့ေဂဟာတို႔ ပါဝင္မည္ျဖစ္ၿပီး ေဒသခံျပည္သူ (၆)ေသာင္းခန႔္ အလုပ္အကိုင္ အခြင့္အလမ္း ေပးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္က ေဒသတြင္း အလုပ္အကိုင္ အခြင့္အလမ္းမ်ား ရရွိႏိုင္ၿပီး တိုင္းျပည္အတြက္ အခြန္ဘ႑ာေငြမ်ား ရရွိလာႏိုင္သည့္ စီးပြားေရးလုပ္ငန္းတစ္ခုျဖစ္၍ ႀကိဳဆိုပါေၾကာင္းႏွင့္ဥပေဒႏွင့္အညီ ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

ေနာက္ဆံုးရ အိမ္ၿခံေျမ သတင္းမ်ား

မြို့ပြစီမံကိန်းများ ကြိုတင်ရေးဆွဲထားရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ်ပြော
မြို့ပြစီမံကိန်းများ ကြိုတင်ရေးဆွဲထားရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ်ပြော
မလေးရှားတွင် ထုတ်ကာ စင်္ကာပူတွင်တည်ဆောက်မည့် ကမ္ဘာ့အမြင့်မားဆုံး အသင့်ဆောက်လုပ်ပြီး မိုးမျှော်တိုက်ကြီးများ...
မလေးရှားတွင် ထုတ်ကာ စင်္ကာပူတွင်တည်ဆောက်မည့် ကမ္ဘာ့အမြင့်မားဆုံး အသင့်ဆောက်လုပ်ပြီး မိုးမျှော်တိုက်ကြီးများ...
လာမည့် I’M A CELEB ရုပ်သံအစီအစဉ်ကို အင်္ဂလန်ရှိ သရဲခြောက်သော ရဲတိုက်ကြီးတွင် ပြုလုပ်မည်ဟုဆို
လာမည့် I’M A CELEB ရုပ်သံအစီအစဉ်ကို အင်္ဂလန်ရှိ သရဲခြောက်သော ရဲတိုက်ကြီးတွင် ပြုလုပ်မည်ဟုဆို
အိုင်ယာလန်၏ သရဲအခြောက်ဆုံးနေအိမ်ကြီး ရောင်းချမည်
အိုင်ယာလန်၏ သရဲအခြောက်ဆုံးနေအိမ်ကြီး ရောင်းချမည်
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်သို့ ပြောင်းရွှေ့ခံရသောသူများအတွက် လတ်တလော မြေစီမံခန့်ခွဲမှုကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်မည် မဟုတ်...
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်သို့ ပြောင်းရွှေ့ခံရသောသူများအတွက် လတ်တလော မြေစီမံခန့်ခွဲမှုကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်မည် မဟုတ်...
ရန်ကုန်တိုင်းအတွင်း ဒဂုံမြို့သစ်တောင်ပိုင်းရှိ မြေဧက ၁၇၀ ကျော်တွင် အငှားအိမ်ယာစီမံကိန်း ဆောင်ရွက်...
ရန်ကုန်တိုင်းအတွင်း ဒဂုံမြို့သစ်တောင်ပိုင်းရှိ မြေဧက ၁၇၀ ကျော်တွင် အငှားအိမ်ယာစီမံကိန်း ဆောင်ရွက်...
ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည့် ပြည်တော်သစ်ပြည်သူ့အိမ်ရာ ပြန်လည် ဖွံ့ဖြိုးရေးစီမံကိန်းရှိ (၁၂)ထပ် လူနေအဆောက်အအုံတွင် မီးဘေးလုံခြုံမှု စမ်းသပ်စစ်ဆေး...
ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည့် ပြည်တော်သစ်ပြည်သူ့အိမ်ရာ ပြန်လည် ဖွံ့ဖြိုးရေးစီမံကိန်းရှိ (၁၂)ထပ် လူနေအဆောက်အအုံတွင် မီးဘေးလုံခြုံမှု စမ်းသပ်စစ်ဆေး...
တယ်လီနောနှင့် Denko ကို အခွန်အများဆုံးဆောင်သည့် ကုမ္ပဏီများအဖြစ် နိုင်ငံတော်သမ္မတက ဂုဏ်ပြု
တယ်လီနောနှင့် Denko ကို အခွန်အများဆုံးဆောင်သည့် ကုမ္ပဏီများအဖြစ် နိုင်ငံတော်သမ္မတက ဂုဏ်ပြု
ငွေကျပ် ၂၅ဝ ဘီလီယံခန့် အသုံးပြုပြီး ပြည်သူ့အငှားအိမ်ရာ အခန်းပေါင်း တစ်သောင်းခန့် တည်ဆောက်ရေး ဆောင်ရွက်သွားမည်...
ငွေကျပ် ၂၅ဝ ဘီလီယံခန့် အသုံးပြုပြီး ပြည်သူ့အငှားအိမ်ရာ အခန်းပေါင်း တစ်သောင်းခန့် တည်ဆောက်ရေး ဆောင်ရွက်သွားမည်...
COVID-19 ကြောင့် ၂၀၂၀ ပြည့်နှစ် ဒုတိယသုံးလပတ်တွင် စင်္ကာပူ၌ ဂိုဒေါင်ငှါးဝယ်/ငှားလိုအားမြင့်တက်...
COVID-19 ကြောင့် ၂၀၂၀ ပြည့်နှစ် ဒုတိယသုံးလပတ်တွင် စင်္ကာပူ၌ ဂိုဒေါင်ငှါးဝယ်/ငှားလိုအားမြင့်တက်...

အိမ္ၿခံေျမ သတင္းမ်ားကို
Email ျဖင့္ ဖတ္ရန္

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)