Covid 19 ကာကွယ်ရန် ရထားပေါ်တွင် အင်္ကျီလက်ရှည်မဖြစ်မနေဝတ်ရမည်ဟု အင်ဒိုနီးရှားတွင် အမိန့်ထုတ်

Covid 19 ကာကွယ်ရန် ရထားပေါ်တွင် အင်္ကျီလက်ရှည်မဖြစ်မနေဝတ်ရမည်ဟု အင်ဒိုနီးရှားတွင် အမိန့်ထုတ် - Property News in Myanmar from iMyanmarHouse.com
18 Jul 2020 11:37 am တွင် တင်ခဲ့သည်
1066 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၏ KRL ရထားလိုင်းများကို စီးနင်းလိုက်ပါကြမည့် ခရီးသည်များအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှု ကာကွယ်နိုင်ရန်အတွက် အင်္ကျီလက်ရှည်မဖြစ်မနေဝတ်ဆင်ရမည်ဖြစ်ကြောင်း အာဏာပိုင်တို့က အမိန့်ထုတ်လိုက်သည်။

ပို့ဆောင်ရေးဝန်ကြီးဌာနက ဇွန်လအတွင်း ထုတ်ပြန်ခဲ့သည့် covid-19 ကြိုတင်ကာကွယ်ရေးလုပ်ဆောင်မှုများ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထုတ်ပြန်လိုက်သည့် ယခုစည်းမျဉ်းသည် လာမည့်ရက်သတ္တပတ်မှ စတင်ပြီး အသက်ဝင်မည်ဟု ဆိုသည်။

လက်ရှည်အင်္ကျီဝတ်မလာသည့် ခရီးသည်များကို KRL ဘူတာများမှ လှည့်ပြန်စေမည် ဖြစ်သည်။

လူတစ်ဦးသည် ကုတ်အင်္ကျီဖြစ်စေ၊ ဂျာကင်ဖြစ်စေ၊ ရှပ်အင်္ကျီဖြစ်စေ မည်သို့ဝတ်ဆင်မှုက အရေးမကြီးဘဲ လက်တစ်ခုလုံးကို ဖုံးအုပ်ထားလျှင် ခွင့်ပြုမည်ဖြစ်သည်။

ပို့ဆောင်ရေးဝန်ကြီးီဌာန၏ စည်းမျဉ်းထုတ်ပြန်ချက်တွင် လက်ရှည်အင်္ကျီဝတ်ဆင်ခြင်းက ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကို မည်သို့မည်ပုံ ကာကွယ်ပေးနိုင်ကြောင်းကိုမူ ရှင်းပြမထားချေ။

အချို့သော ကျန်းမာရေးပညာရှင်များက ပြောကြားရာတွင် အင်္ကျီလက်ရှည်များသည် အရေပြားချင်းထိတွေ့မှုကို ကာကွယ်ပေးနိုင် ကြောင်း၊ အထူးသဖြင့် လူထူထပ်သော နေရာများတွင် ကာကွယ်ပေးနိုင်ကြောင်း၊ ထို့ကြောင့် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားနိုင်ချေကို နည်းပါးစေနိုင်သည့် အလားအလာရှိကြောင်း ပြောကြားမှုများရှိသည်။

ဆန့်ကျင်ဘက်အနေဖြင့် အချို့သောပညာရှင်များက ပြောကြားရာတွင်မူ လက်ရှည်အင်္ကျီများသည် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ရာတွင် ထိရောက်သည်ဟူသော သိပ္ပံနည်းကျအထောက်အထားမရှိကြောင်း၊ ရထားများပေါ်တွင် ခရီးသည်များကို အကန့်အသတ်ဖြင့်သာ စီးနင်းစေခြင်းက ပိုမိုယုတ္တိရှိကြောင်း ပြောကြားသည်။

သို့သော် KRL ရထားလိုင်းများတွင် အခြားသော ကြိုတင်သတိပေးချက်များလည်းထားရှိရာ မဖြစ်မနေ mask တပ်စေခြင်း၊ လက်ဆေးစေခြင်းနှင့် ရထားပေါ်တွင် စကားပြောမှု တားမြစ်ခြင်းတို့ ပါဝင်သည်။

ဘူတာများနှင့် ရထားများပေါ်တွင် လူချင်းခွာကာ နေထိုင်ကြရန် စည်းမျဉ်းထုတ်ထားသော်လည်း ခရီးသွားပမာဏ အလွန်များပြားခြင်း ကြောင့် အဆိုပါစည်းမျဉ်းမှာမူ လက်တွေ့လိုက်နာကြရန် ခက်ခဲလှသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Long sleeves mandatory on KRL Commuterline starting next week (Coconuts.co)

 

[Zawgyi]

Covid 19 ကာကြယ္ရန္ ရထားေပၚတြင္ အကၤ် ီလက္ရွည္မျဖစ္မေနဝတ္ရမည္ဟု အင္ဒိုနီးရွားတြင္ အမိန္႔ထုတ္

အင္ဒိုနီးရွားႏိုင္ငံ၊ ဂ်ကာတာျမိဳ ႔၏ KRL ရထားလိုင္းမ်ားကို စီးနင္းလိုက္ပါၾကမည့္ ခရီးသည္မ်ားအေနျဖင့္ ကိုရိုနာဗိုင္းရပ္စ္ ပ်ံ ႔ပြားမႈ ကာကြယ္ႏိုင္ရန္အတြက္ အကၤ် ီလက္ရွည္မျဖစ္မေနဝတ္ဆင္ရမည္ျဖစ္ေၾကာင္း အာဏာပိုင္တို႔က အမိန္႔ထုတ္လုိက္သည္။

ပို႔ေဆာင္ေရးဝန္ၾကီးဌာနက ဇြန္လအတြင္း ထုတ္ျပန္ခဲ့သည့္ covid-19 ၾကိဳတင္ကာကြယ္ေရးလုပ္ေဆာင္မႈမ်ား၏ အစိတ္အပိုင္းတစ္ခု အျဖစ္ ထုတ္ျပန္လုိက္သည့္ ယခုစည္းမ်ဥ္းသည္ လာမည့္ရက္သတၱပတ္မွ စတင္ျပီး အသက္ဝင္မည္ဟု ဆိုသည္။

လက္ရွည္အကၤ် ီဝတ္မလာသည့္ ခရီးသည္မ်ားကို KRL ဘူတာမ်ားမွ လွည့္ျပန္ေစမည္ ျဖစ္သည္။

လူတစ္ဦးသည္ ကုတ္အကၤ် ီျဖစ္ေစ၊ ဂ်ာကင္ျဖစ္ေစ၊ ရွပ္အကၤ် ီျဖစ္ေစ မည္သို႔ဝတ္ဆင္မႈက အေရးမၾကီးဘဲ လက္တစ္ခုလံုးကို ဖံုးအုပ္ထားလွ်င္ ခြင့္ျပဳမည္ျဖစ္သည္။ ပို႔ေဆာင္ေရးဝန္ၾကီးီဌာန၏ စည္းမ်ဥ္းထုတ္ျပန္ခ်က္တြင္ လက္ရွည္အကၤ် ီဝတ္ဆင္ျခင္းက ကိုရိုနာဗိုင္းရပ္စ္ပ်ံ ႔ပြားမႈကို မည္သို႔မည္ပံု ကာကြယ္ေပးႏိုင္ေၾကာင္းကိုမူ ရွင္းျပမထားေခ်။

အခ်ဳိ ႔ေသာ က်န္းမာေရးပညာရွင္မ်ားက ေျပာၾကားရာတြင္ အကၤ် ီလက္ရွည္မ်ားသည္ အေရျပားခ်င္းထိေတြ႔မႈကို ကာကြယ္ေပးႏိုင္ ေၾကာင္း၊ အထူးသျဖင့္ လူထူထပ္ေသာ ေနရာမ်ားတြင္ ကာကြယ္ေပးႏိုင္ေၾကာင္း၊ ထို႔ေၾကာင့္ ကိုရိုနာဗိုင္းရပ္စ္ ပ်ံ ႔ပြားႏိုင္ေခ်ကို နည္းပါးေစႏိုင္သည့္ အလားအလာရွိေၾကာင္း ေျပာၾကားမႈမ်ားရွိသည္။

ဆန္႔က်င္ဘက္အေနျဖင့္ အခ်ဳိ ႔ေသာပညာရွင္မ်ားက ေျပာၾကားရာတြင္မူ လက္ရွည္အကၤ် ီမ်ားသည္ ကိုရိုနာဗိုင္းရပ္စ္ကို ကာကြယ္ရာတြင္ ထိေရာက္သည္ဟူေသာ သိပံၸနည္းက်အေထာက္အထားမရွိေၾကာင္း၊ ရထားမ်ားေပၚတြင္ ခရီးသည္မ်ားကို အကန္႔အသတ္ျဖင့္သာ စီးနင္းေစျခင္းက ပိုမိုယုတၱိရွိေၾကာင္း ေျပာၾကားသည္။

သို႔ေသာ္ KRL ရထားလိုင္းမ်ားတြင္ အျခားေသာ ၾကိဳတင္သတိေပးခ်က္မ်ားလည္းထားရွိရာ မျဖစ္မေန mask တပ္ေစျခင္း၊ လက္ေဆးေစျခင္းႏွင့္ ရထားေပၚတြင္ စကားေျပာမႈ တားျမစ္ျခင္းတို႔ ပါဝင္သည္။

ဘူတာမ်ားႏွင့္ ရထားမ်ားေပၚတြင္ လူခ်င္းခြာကာ ေနထိုင္ၾကရန္ စည္းမ်ဥ္းထုတ္ထားေသာ္လည္း ခရီးသြားပမာဏ အလြန္မ်ားျပားျခင္း ေၾကာင့္ အဆိုပါစည္းမ်ဥ္းမွာမူ လက္ေတြ႔လိုက္နာၾကရန္ ခက္ခဲလွသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Long sleeves mandatory on KRL Commuterline starting next week (Coconuts.co)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service