နယူးဇီလန်နိုင်ငံတွင် မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၇ ဒသမ ၅ သန်းဖြင့် ရောင်းချမည်ဖြစ်ပြီး စင်္ကာပူနှင့် သြစတေးလျနိုင်ငံသားများကိုသာ ဝယ်ယူခွင့်ပေးမည်

နယူးဇီလန်နိုင်ငံတွင် မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၇ ဒသမ ၅ သန်းဖြင့် ရောင်းချမည်ဖြစ်ပြီး စင်္ကာပူနှင့် သြစတေးလျနိုင်ငံသားများကိုသာ ဝယ်ယူခွင့်ပေးမည် - Property News in Myanmar from iMyanmarHouse.com
9 Jul 2020 12:35 pm တွင် တင်ခဲ့သည်
1205 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နယူးဇီလန်နိုင်ငံအနောက်ပိုင်းတွင်ရှိသော မြို့တစ်မြို့လုံးကို ရောင်းချရန် အရောင်းဈေးကွက်ဝင်လာသည်။

မြို့အမည်မှာ Mellonsfolly Ranch ဟု အမည်ရပြီး နယူးဇီလန်နိုင်ငံကို ကျွန်းမကြီး ၂ ခုဖြင့် ဖွဲ့စည်းထားသည့်အနက် မြောက်ဘက်ကျွန်း ပေါ်တွင် တည်ရှိသည်။

မြို့၏ အကျယ်အဝန်းမှာ ဧက ၉၀၀ ခန့်ရှိပြီး period themed အဆောက်အအုံ ၁၀ လုံးနှင့် နယူးဇီလန်နှင့် သြစတေးလျတို့တွင်သာ ရနိုင်သော မနုကာ ပျားရည်လုပ်ငန်းတစ်ခုလည်း ပါဝင်သည်။

ကောင်းဘွိုင်များနှင့် စပ်လျဉ်းပြီး အထူးစိတ်ဝင်စားသူ ဂျွန် ဘီဒေါ့ဂ်နီဆိုသူက ၁၈၆၀ ပြည့်လွန်ကာလများက တည်ရှိခဲ့သော Wyoming ပြည်နယ်မှ မြို့တစ်မြို့ကို ဂုဏ်ပြုခြင်းအားဖြင့် ဤမြို့ကို ၂၀၀၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

လိုင်စင်ရ အရက်ဆိုင်တစ်ခု၊ အုပ်ချုပ်ကွပ်ကဲရေးအိမ်တစ်လုံး၊ အကြီးအကဲရုံးနှင့် ဘိလိယက်ခန်းမတစ်ခုတို့လည်း ပါဝင်ကြောင်း အရောင်းဈေးကွက်တင်သည့် New Zealand Sotheby’s International Realty ၏ ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။

နေအိမ် ၃ လုံးလည်း ပါဝင်ပြီး ပင်မနေအိမ်တစ်လုံးနှင့် အငှားနေအိမ် ၂ လုံးတို့ဖြစ်ပြီး လူ ၂၂ ဦး နေထိုင်နိုင်သည်ဟု ဆိုသည်။

အော့က်လန်းမြို့မှ မော်တော်ကားဖြင့် ၆ နာရီခရီးအကွာတွင် တည်ရှိပြီး ရဟတ်ယာဉ်ဖြင့်လည်း သွားရောက်နိုင်သည်။

လက်ရှိအားဖြင့် အဆိုပါမြို့နေရာကို ဟိုတယ်အဖြစ် အသုံးပြုထားပြီး ငှားရမ်းခမှာ ဒေါ်လာ ၅၀၀၀ မှ စတင်သည်။

အဆိုပါမြို့ကလေးတွင် အခြားသော စီးပွားရေးအခွင့်အလမ်းများလည်း ရှိနေသည်။

Sotheby မှ ဘင် ဟာဝမ်က ပြောကြားရာတွင် မနုကာပျားရည်လုပ်ငန်း၏ ကြီးမားသော အလားအလာကို နားလည်သည့် အဖွဲ့များက လည်း စုံစမ်းလာမှုများရှိကြောင်း ပြောကြားသည်။

ဒေသထွက် အဆိုပါပျားရည်သည် တမူထူးခြားသည့်အရသာနှင့် ကျန်းမာရေးကောင်းကျိုးများကြောင့် မကြာသေးမီနှစ်များအတွင်း နာမည်ကျော်လာသည်။

၂၀၁၉ ခုနှစ်အတွင်း ယခုမြို့ကလေးရှိ ပျားအုံ ၆၀၀ မှ မနုကာပျားရည် ၁၅ ဒသမ ၅ တန် ထုတ်လုပ်ခဲ့ကြောင်း လက်ရှိပိုင်ရှင်ဖြစ်သူ ရော့ဘ် ဘာ့တ်လေက ပြောကြားသည်။

“အဲဒီလုပ်ငန်းက ငွေရလမ်းအများကြီးပါပဲ။ အထူးသဖြင့် တရုတ်ခရီးသည်တွေ ပြန်ဝင်လာပြီဖြစ်ပါတယ်။ သူတို့တွေဟာ ဒါကို ငွေများကြီး ပေးဝယ်ကြပါတယ်” ဟု ဘာ့တ်လေက ပြောကြားသည်။

အဆိုပါမြို့ကလေးတွင် ငါးဖမ်းခြင်း၊ ရေကူးခြင်း၊ အမဲလိုက်ခြင်းတို့ ပြုလုပ်နိုင်သည့်အပြင် ဘေးမဲ့ဥယျာဉ်တစ်ခုလည်းရှိကြောင်း ဘင် ဟာဝမ်က ပြောကြားသည်။

နယူးဇီလန် ဝန်ကြီးချုပ် Jacinda Ardern က မိမိတို့တိုင်းပြည်သည် ကိုရိုနာဗိုင်းရပ်စ်ကို အောင်နိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ နယူးဇီလန်တွင် သေဆုံးသူ ၂၂ ဦးသာရှိပြီး ကူးစက်ခံရသူ အများစုမှာ ပြည်ပနိုင်ငံများမှ ပြန်လာသူများတွင် ရောဂါပါလာခြင်းသာ ဖြစ်သည်။

ယခုမြို့ကို အရောင်းဈေးကွက်တင်ရာတွင် ဟောင်ကောင်နှင့် အမေရိကန်တို့အပြင် နယူးဇီလန်ပြည်တွင်း ဝယ်လက်များက စိတ်ဝင်စားမှုများ ရှိနေသည်။

သို့သော် နယူးဇီလန်တွင် လက်ရှိအားဖြင့် သြစတေးလျနှင့် စင်္ကာပူတို့မှ ဝယ်လက်များကိုသာ အိမ်ခြံမြေများ ဝယ်ယူခွင့်ပြုထားသည်။

အခြားသောနိုင်ငံများမှ ဝယ်လက်များကိုမူ အိမ်ခြံမြေဝယ်ယူခွင့် ပိတ်ပင်ထားသည်။

သို့သော် ၃ နှစ်အတွင်း နယူးဇီလန် ဒေါ်လာ ၁၀ သန်း (ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းခန့်) ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် လုပ်ငန်းရှင်များအနေဖြင့်မူ Investor 1 Residence Visa ကို လျှောက်ထားနိုင်သည်ဟု ဆိုသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Town for sale: This old west town in New Zealand can be yours for $7.5 million (cnbc)

[Zawgyi]

နယူးဇီလန္ႏိုင္ငံတြင္ ျမိဳ႕တစ္ျမိဳ႕လံုးကို ကန္ေဒၚလာ ၇ ဒသမ ၅ သန္းျဖင့္ ေရာင္းခ်မည္ျဖစ္ျပီး စကၤာပူႏွင့္ ၾသစေတးလ်ႏိုင္ငံသားမ်ားကိုသာ ဝယ္ယူခြင့္ေပးမည္

နယူးဇီလန္ႏိုင္ငံအေနာက္ပိုင္းတြင္ရွိေသာ ျမိဳ႕တစ္ျမိဳ႕လံုးကို ေရာင္းခ်ရန္ အေရာင္းေစ်းကြက္ဝင္လာသည္။

ျမိဳ႕အမည္မွာ Mellonsfolly Ranch ဟု အမည္ရျပီး နယူးဇီလန္ႏိုင္ငံကို ကၽြန္းမၾကီး ၂ ခုျဖင့္ ဖြဲ႔စည္းထားသည့္အနက္ ေျမာက္ဘက္ကၽြန္း ေပၚတြင္ တည္ရွိသည္။

ျမိဳ႕၏ အက်ယ္အဝန္းမွာ ဧက ၉၀၀ ခန္႔ရွိျပီး period themed အေဆာက္အအံု ၁၀ လံုးႏွင့္ နယူးဇီလန္ႏွင့္ ၾသစေတးလ်တို႔တြင္သာ ရႏိုင္ေသာ မႏုကာ ပ်ားရည္လုပ္ငန္းတစ္ခုလည္း ပါဝင္သည္။

ေကာင္းဘိြဳင္မ်ားႏွင့္ စပ္လ်ဥ္းျပီး အထူးစိတ္ဝင္စားသူ ဂၽြန္ ဘီေဒါ့ဂ္နီဆိုသူက ၁၈၆၀ ျပည့္လြန္ကာလမ်ားက တည္ရွိခဲ့ေသာ Wyoming ျပည္နယ္မွ ျမိဳ႕တစ္ျမိဳ႕ကို ဂုဏ္ျပဳျခင္းအားျဖင့္ ဤျမိဳ႕ကို ၂၀၀၆ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

လိုင္စင္ရ အရက္ဆိုင္တစ္ခု၊ အုပ္ခ်ဳပ္ကြပ္ကဲေရးအိမ္တစ္လံုး၊ အၾကီးအကဲရံုးႏွင့္ ဘိလိယက္ခန္းမတစ္ခုတို႔လည္း ပါဝင္ေၾကာင္း အေရာင္းေစ်းကြက္တင္သည့္ New Zealand Sotheby’s International Realty ၏ ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။

ေနအိမ္ ၃ လံုးလည္း ပါဝင္ျပီး ပင္မေနအိမ္တစ္လံုးႏွင့္ အငွားေနအိမ္ ၂ လံုးတို႔ျဖစ္ျပီး လူ ၂၂ ဦး ေနထိုင္ႏိုင္သည္ဟု ဆိုသည္။

ေအာ့က္လန္းျမိဳ႕မွ ေမာ္ေတာ္ကားျဖင့္ ၆ နာရီခရီးအကြာတြင္ တည္ရွိျပီး ရဟတ္ယာဥ္ျဖင့္လည္း သြားေရာက္ႏိုင္သည္။

လက္ရွိအားျဖင့္ အဆိုပါျမိဳ႕ေနရာကို ဟိုတယ္အျဖစ္ အသံုးျပဳထားျပီး ငွားရမ္းခမွာ ေဒၚလာ ၅၀၀၀ မွ စတင္သည္။

အဆိုပါျမိဳ႕ကေလးတြင္ အျခားေသာ စီးပြားေရးအခြင့္အလမ္းမ်ားလည္း ရွိေနသည္။

Sotheby မွ ဘင္ ဟာဝမ္က ေျပာၾကားရာတြင္ မႏုကာပ်ားရည္လုပ္ငန္း၏ ၾကီးမားေသာ အလားအလာကို နားလည္သည့္ အဖြဲ႔မ်ားက လည္း စံုစမ္းလာမႈမ်ားရွိေၾကာင္း ေျပာၾကားသည္။

ေဒသထြက္ အဆိုပါပ်ားရည္သည္ တမူထူးျခားသည့္အရသာႏွင့္ က်န္းမာေရးေကာင္းက်ဳိးမ်ားေၾကာင့္ မၾကာေသးမီႏွစ္မ်ားအတြင္း နာမည္ေက်ာ္လာသည္။

၂၀၁၉ ခုႏွစ္အတြင္း ယခုျမိဳ႕ကေလးရွိ ပ်ားအံု ၆၀၀ မွ မႏုကာပ်ားရည္ ၁၅ ဒသမ ၅ တန္ ထုတ္လုပ္ခဲ့ေၾကာင္း လက္ရွိပိုင္ရွင္ျဖစ္သူ ေရာ့ဘ္ ဘာ့တ္ေလက ေျပာၾကားသည္။

“အဲဒီလုပ္ငန္းက ေငြရလမ္းအမ်ားၾကီးပါပဲ။ အထူးသျဖင့္ တရုတ္ခရီးသည္ေတြ ျပန္ဝင္လာျပီျဖစ္ပါတယ္။ သူတို႔ေတြဟာ ဒါကို ေငြမ်ားၾကီး ေပးဝယ္ၾကပါတယ္” ဟု ဘာ့တ္ေလက ေျပာၾကားသည္။

အဆိုပါျမိဳ႕ကေလးတြင္ ငါးဖမ္းျခင္း၊ ေရကူးျခင္း၊ အမဲလိုက္ျခင္းတို႔ ျပဳလုပ္ႏိုင္သည့္အျပင္ ေဘးမဲ့ဥယ်ာဥ္တစ္ခုလည္းရွိေၾကာင္း ဘင္ ဟာဝမ္က ေျပာၾကားသည္။

နယူးဇီလန္ ဝန္ၾကီးခ်ဳပ္ Jacinda Ardern က မိမိတို႔တိုင္းျပည္သည္ ကိုရိုနာဗိုင္းရပ္စ္ကို ေအာင္ႏိုင္ခဲ့ျပီျဖစ္ေၾကာင္း ေၾကညာခဲ့သည္။ နယူးဇီလန္တြင္ ေသဆံုးသူ ၂၂ ဦးသာရွိျပီး ကူးစက္ခံရသူ အမ်ားစုမွာ ျပည္ပႏိုင္ငံမ်ားမွ ျပန္လာသူမ်ားတြင္ ေရာဂါပါလာျခင္းသာ ျဖစ္သည္။

ယခုျမိဳ႕ကို အေရာင္းေစ်းကြက္တင္ရာတြင္ ေဟာင္ေကာင္ႏွင့္ အေမရိကန္တို႔အျပင္ နယူးဇီလန္ျပည္တြင္း ဝယ္လက္မ်ားက စိတ္ဝင္စားမႈမ်ား ရွိေနသည္။

သို႔ေသာ္ နယူးဇီလန္တြင္ လက္ရွိအားျဖင့္ ၾသစေတးလ်ႏွင့္ စကၤာပူတို႔မွ ဝယ္လက္မ်ားကိုသာ အိမ္ျခံေျမမ်ား ဝယ္ယူခြင့္ျပဳထားသည္။

အျခားေသာႏိုင္ငံမ်ားမွ ဝယ္လက္မ်ားကိုမူ အိမ္ျခံေျမဝယ္ယူခြင့္ ပိတ္ပင္ထားသည္။

သို႔ေသာ္ ၃ ႏွစ္အတြင္း နယူးဇီလန္ ေဒၚလာ ၁၀ သန္း (ကန္ေဒၚလာ ၆ ဒသမ ၄ သန္းခန္႔) ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္ထားသည့္ လုပ္ငန္းရွင္မ်ားအေနျဖင့္မူ Investor 1 Residence Visa ကို ေလွ်ာက္ထားႏိုင္သည္ဟု ဆိုသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Town for sale: This old west town in New Zealand can be yours for $7.5 million (cnbc)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service