တိရစ္ဆာန်ကျောင်းသောသူတစ်ဦး ပလိပ်ရောဂါကူးစက်ခံရပြီးနောက် ကပ်ရောဂါကြီးဖြစ်လာနိုင်သောကြောင့် တရုတ်ပြည်တွင် သတိပေးချက်များ ထုတ်ပြန်ထား
တိရစ္ဆာန်ကျောင်းသောသူတစ်ဦး ပလိပ်ရောဂါကူးစက်ခံရပြီးနောက် ကပ်ရောဂါကြီးဖြစ်လာနိုင်သောကြောင့် တရုတ်ပြည်တွင် သတိပေးချက်များ ထုတ်ပြန်ထား - Property News in Myanmar from iMyanmarHouse.com
7 Jul 2020 12:49 pm တွင် တင်ခဲ့သည်
1033 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
တရုတ်နိုင်ငံ၏ ပိုင်နက်တစ်ခုဖြစ်သော တရုတ်ပြည်မြောက်ပိုင်းအတွင်း မွန်ဂိုလီးယားတွင် ဒေသခံတစ်ဦး ပလိပ်ရောဂါကူးစက်ခံရ သောကြောင့် ကပ်ဘေးအသွင်ဖြစ်လာမည်ကို သတိပေးချက်များ ထုတ်ပြန်ထားသည်။
သေမင်းနက်ဟု အလယ်ခေတ်က နာမည်ကျော်ခဲ့သော ပလိပ်ရောဂါသည် လူ့သမိုင်းတွင် အသေအပျောက်အများဆုံး ရောဂါများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ၁၄ ရာစုတွင် လူပေါင်း သန်း ၁၀၀ ခန့် သေဆုံးခဲ့ရသည်။
ယခုအတည်ပြုလိုက်သော ပလိပ်ရောဂါကူးစက်ခံရမှုကြောင့် တရုတ်ပြည်တွင် ဗိုင်းရပ်စ်ပျံ့နှံ့မှုသစ် ဖြစ်ပေါ်လာမည်ကို ရတက်မအေးဖြစ်နေကြသည်။ လက်ရှိတွင်ပင် တရုတ်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်နှင့် တိုက်ပွဲဝင်နေရဆဲ ဖြစ်သည်။
ကျွမ်းကျင်ပညာရှင်များက ပြောကြားရာတွင်မူ ပလိပ်ရောဂါသည် covid-19 ကဲ့သို့ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နိုင်သည့်ရောဂါ ဖြစ်လာမည်မဟုတ်ကြောင်း ပြောကြားသည်။
ပလိပ်ရောဂါသည် တောကြွက်များတွင် စတင်ကာ သန်းများမှတဆင့် ကူးစက်ပျံ့နှံ့ခြင်း ဖြစ်သည်။
အတွင်းမွန်ဂိုလီးယားရှိ Bayan Nur ဒေသအာဏာပိုင်တို့က ပြီးခဲ့သော တနင်္ဂနွေနေ့တွင် ပလိပ်ရောဂါနှင့် စပ်လျဉ်းပြီး တတိယဆင့် သတိပေးချက် ထုတ်ပြန်ထားသည်။
သတိပေးမှုအဆင့် ၄ ဆင့်ခွဲခြားထားရာ အဆင့် ၁ သည်အမြင့်မားဆုံးဖြစ်ပြီး အဆင့် ၄ မှာ အနိမ့်ဆုံး ဖြစ်သည်။
အဆိုပါမြို့တွင် လူ ၁ ဦးမှ ၂၀ ဦးအထိ ကူးစက်ခံရပြီးနောက် ယခုကဲ့သို့ သတိပေးချက်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ပလိပ်ရောဂါကူးစက်ခံထားရနိုင်သည့် တိရစ္ဆာန်များကို အမဲလိုက်ဖမ်းဆီးခြင်း၊ စားသုံးခြင်းများလည်း တားမြစ်လိုက်သည်။
ပလိပ်ရောဂါသည် Yersinia pestis ကြောင့်ဖြစ်ပွားခြင်းဖြစ်ပြီး သန်းများ၊ လှေးများက သယ်ဆောင်ကာ တိရ စ္ဆာန်များအကြား ကူးစက်မှုများ ဖြစ်ပေါ်သည်။
ရောဂါရှိနေသည့် သန်းများအကိုက်ခံရခြင်းမှ ပလိပ်ရောဂါဖြစ်ပွားပြီး ကူးစက်ခံရသူ၏ ကိုယ်ခန္ဓာမှ ထွက်သည့်အရည်များ၊ ရောဂါရှိနေသည့် ပစ္စည်းများမှတဆင့်လည်း ကူးစက်သည်။
ပလိပ်ရောဂါကူးစက်ခံရသူသည် ဖျားနာခြင်း၊ မအီမသာဖြစ်ကာ ပျို့အန်ခြင်းတို့ ခံစားရလေ့ရှိပြီး ပိုမိုဆိုးရွားသည့်အဆင့်တွင် ပြည်တည်နာများ ဖြစ်ပွားလေ့ရှိသည်။
ဥရောပတွင် အလယ်ခေတ်က ပလိပ်ရောဂါကြီး ကူးစက်ပျံ့ပွားခဲ့ရာ ၁၃၄၀ ပြည့်လွန်ကာလများတွင် ဥရောပတိုက်၏ လူဦးရေ သုံးပုံတစ်ပုံကျော် သေဆုံးခဲ့ရသည်။
ယင်းနောက်ပိုင်း ဥရောပတွင် ပလိပ်ရောဂါသည် ဖြစ်နေကြရောဂါသဖွယ်ဖြစ်သွားပြီး ၁၈ စုတိုင်အောင် မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
၁၆၆၅ ခုနှစ်တွင် လန်ဒန်မြို့ကြီး၌ ပလိပ်ရောဂါကြီး ကူးစက်ရာ မြို့လူဦးရေ ၅ ပုံ ၁ ပုံခန့် သေဆုံးခဲ့ကြသည်။ ရောဂါကူးစက်ခံရသူကို နေအိမ်အတွင်း တံခါးပိတ်ထားလိုက်ကြကာ တံခါးပေါ်တွင် မင်နီဖြင့် ကြက်ခြေခတ်ထားလေ့ရှိသည်။
ယခုအခါ ပလိပ်ရောဂါကို ပဋိဇီဝဆေးများဖြင့် ကုသနိုင်နေပြီဖြစ်ပြီး ဆောလျင်စွာ ကုသမှုခံယူရန်ကား လိုအပ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ၏ ထုတ်ပြန်ချက်အရ ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် ပလိပ်ရောဂါ ကူးစက်ခံရသူ ၃၂၄၈ ဦးရှိခဲ့ပြီး ၅၈၄ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Chinese city issues epidemic warnings for PLAGUE after herdsman is infected with the BLACK DEATH (Daily Mail)
  [Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
18th Property and Car Expo
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service