မြန်မာ့ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီးမံကိန်းတွင် အိန္ဒိယက ဒေါ်လာသန်း ၁၂၀ ရင်းနှီးမြှုပ်နှံမည်ဟုဆို

မြန်မာ့ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီးမံကိန်းတွင် အိန္ဒိယက ဒေါ်လာသန်း ၁၂၀ ရင်းနှီးမြှုပ်နှံမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1 Jul 2020 11:02 am တွင် တင်ခဲ့သည်
2308 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မြန်မာနိုင်ငံ၏ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် ဒေါ် လာသန်း ၁၂၀ ကျော် ထပ်မံရင်းနှီးမြှုပ်နှံရန် အိန္ဒိယအစိုးရက အတည်ပြုခဲ့ကြောင်း ဇွန်လ ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။

ထိုရင်းနှီးမြှုပ်နှံမှုကို ONGC Videsh Ltd (OVL)ကုမ္ပဏီက တစ်ဆင့်ဆောင်ရွက်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းဖွံ့ဖြိုးရန် အိန္ဒိယဝန်ကြီးချုပ်က ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

OVL ကုမ္ပဏီသည် အိန္ဒိယကုမ္ပဏီ ONGC ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း ၂၀၁၉ မတ်လ ၃၁ ရက်အထိ ဒေါ်လာ သန်း ၇၂၀ ကျော် ရင်းနှီးမြှုပ်နှံထားပြီးဖြစ်သည်ဟုဆိုသည်။

၎င်းရင်းနှီးမြှုပ်နှံထားသည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် ၂၀၁၄-၁၅ ကစတင်ပြီး အမြတ်အစွန်း ရရှိထားခြင်းကြောင့် ယခုလို ထပ်မံရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။ အိန္ဒိယအစိုးရပိုင် Oil and Natural Gas Corporation (ONGC)သည် မြန်မာနိုင်ငံ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် တောင်ကိုရီးယား၊ မြန်မာနှင့်အတူ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။

Posco Daewoo ကုမ္ပဏီသည် အဆိုပါလုပ်ကွက်ကို ရှယ်ယာ ၅၁ ရာခိုင်နှုန်းဖြင့် ဦးဆောင် ရင်းနှီးမြှုပ်နှံထားသည်။

အိန္ဒိယ အစိုးရပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကော်ပိုရေးရှင်း (ONGC)၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ Gail(India)ကုမ္ပဏီနှင့် ကိုရီးယား ဂတ်စ် ကော်ပိုရေးရှင်းတို့ကလည်း ယင်းစီမံကိန်း၌ အချိုးကျပါဝင် သည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ ရောင်းချ နေသည့် A-1 ကမ်းလွန်လုပ်ကွက်တွင် ရွှေနှင့် ရွှေဖြူလုပ်ကွက်များ ရှိသည်။ ကမ်းလွန်လုပ်ကွက် A-1 ရှိ ရွှေသဘာဝဓာတ်ငွေ့ တူးဖော် ရေးလုပ်ကွက်သည် တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၇၀၀ ထွက်ရှိပြီး တရုတ်နိုင်ငံသို့ အဓိကရောင်းချနေသည်။ ရွှေနှင့်မြ သဘာဝဓာတ် ငွေ့တူးဖော်ရေးတွင်းမှ ၂၀၁၃ တွင် သဘာဝဓာတ်ငွေ့ စတင် ထုတ်လုပ်ပြီး တရုတ်နိုင်ငံသို့ ရောင်းချခဲ့သည်။

Posco ကုမ္ပဏီသည် ထုတ်လုပ်မှုအတိုင်းအတာအရ ကမ္ဘာ ပေါ်တွင် ပဉ္စမအကြီးဆုံး သံမဏိထုတ်လုပ်သော ကုမ္ပဏီဖြစ်ပြီး Posco Daewoo ကုမ္ပဏီတွင် အစုရှယ်ယာ ၆၂ ရာခိုင်နှုန်းပိုင်ဆိုင်သည်။ရခိုင်မြောက်ပိုင်းရှိ A-1 နှင့် A-3 ကမ်းလွန်လုပ်ကွက်များကို ကိုရီးယား Daewoo ကုမ္ပဏီက လုပ်ခွင့်ရထားသည်။ ထိုလုပ်ကွက်များတွင် ဒေါ် လာ သန်း ၅၀၀ ခန့် ထပ်မံရင်းနှီးမြှုပ်နှံပြီး သဘာဝဓာတ်ငွေ့ရှာ ဖွေရေးလုပ်ငန်းများလုပ်ကိုင်မည်ဟု ကိုရီးယား Posco Daewoo ကုမ္ပဏီက ၂၀၁၈ တွင် ကြေညာထားသည်။

လက်ရှိတွင် ထိုင်း၊ ပြင်သစ်၊ တရုတ်နှင့် သြစတြေးလျကုမ္ပဏီ များသည် ကမ်းလွန်လုပ်ကွက်များ၌ သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်းလုပ်ကိုင်နေသည်။ ကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ကွက် ၅၁ ကွက်အနက် ရခိုင်ကမ်းရိုးတန်း၊ မုတ္တမကမ်းလွန်၊ တနင်္သာရီကမ်းရိုးတန်းတို့တွင် ရေတိမ်လုပ်ကွက် ၂၆ ကွက်နှင့် ရေနက်ပိုင်းလုပ်ကွက် ၂၅ ကွက်ရှိသည်။ ရေနက်ပိုင်းလုပ်ကွက်များသည် ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]












နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service