ထိုင်းတွင် မျောက်များ လက်အောက်သို့ ကျရောက်နေသည့်မြို့ကို လူသားတို့ ပြန်လည်သိမ်းပိုက်နိုင်ရန် စီစဉ်လျက်ရှိ

ထိုင်းတွင် မျောက်များ လက်အောက်သို့ ကျရောက်နေသည့်မြို့ကို လူသားတို့ ပြန်လည်သိမ်းပိုက်နိုင်ရန် စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
29 Jun 2020 12:45 pm တွင် တင်ခဲ့သည်
2028 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏မြောက်ဘက် ၁၅၅ ကီလိုမီတာ ဝေးကွာသောအရပ်တွင် လော့ပ်ဘူရီအမည်ရှိ မြို့တစ်မြို့ရှိပြီး ယခုအခါ မြို့၏ နေရာများစွာမှာ မျောက်များ၏ လက်အောက်သို့ ကျရောက်သွားခဲ့ပြီ ဖြစ်သည်။

မြို့အတွင်း လက်ရှိ ကျန်ရစ်နေထိုင်သူတို့မှာလည်း နေအိမ်များကို အတားအဆီးအကာအကွယ်များ ပြုလုပ်ထားကြရသည်။ လမ်းများပေါ်တွင် မျောက်တို့၏ အစာလုတိုက်ပွဲများ အမြဲပြင်းထန်နေလေ့ရှိပြီး လူသားတို့ကို လုံးဝအဝင်မခံသည့် နေရာများလည်း ရှိသည်။

လော့ပ်ဘူရီသည် ရှေးဟောင်းမြို့တစ်ခုဖြစ်ပြီး ယခုအခါ ထိန်းချုပ်မရအောင် ပေါက်ဖွားနေသော မျောက်တို့၏လက်အောက်သို့ ကျရောက်သွားပြီ ဖြစ်သည်။

ကူလ်ဂျီရာ တဲချာဝပ်တနာ ဝမ်နာအမည်ရှိ အမျိုးသမီးက သူမ၏ လသာဆောင်အမိုးတွင် ပိုက်ကွန်များဖြင့် ကာရံထားရပုံကို ညွန်ပြရင်း ၁၃ ရာစုနှစ်ကတည်းက တည်ထောင်ခဲ့သော လော့ပ်ဘူရီမြို့တစ်ဝန်း မျောက်တို့၏ ခြိမ်းခြောက်မှုအန္တရာယ်ကို ညည်းတွားပြောဆိုသည်။

“မျောက်တွေက အပြင်မှာ သွားလာနေကြပြီး ကျွန်မတို့က လှောင်အိမ်ထဲမှာ နေနေရသလိုဖြစ်နေပါတယ်။ နေရာတကာမှာ သူတို့ရဲ့ အညစ်အကြေးတွေက အနှံ့ပါပဲ။ မိုးရွာတဲ့အခါမျိုးဆို အနံ့တွေက မခံနိုင်လောက်အောင်ပါပဲ။” ဟု ဝမ်နာက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။

လော့ပ်ဘူရီမြို့လယ်ရှိ ပရမ်ဆမ်ယွတ်ဒ်ကျောင်းတော်ဝန်းကျင်ရှိ လမ်းများပေါ်တွင် အကြောက်အလန့်ကင်းမဲ့သော မျောက်များ မင်းမူနေသည်။

အုတ်နံရံများထိပ်တွင် လမ်းလျှောက်ခြင်း၊ မော်တော်ကားတံခါးများမှ ရာဘာတံဆိပ်များကို ရဲတင်းစွာ ခွာနေခြင်းများ ပြုလုပ်ကြ၏။

ကိုရိုနာဗိုင်းရပ်စ်ကပ်ကြီးကြောင့် မျောက်တို့၏ အပြုအမူများ ကြမ်းတမ်းလာခဲ့ပြီးနောက် အစိုးရက မျောက်များကို သင်းကွပ်မည့် စီမံကိန်း ပြန်လည်စတင်လာသည်။

ထိုင်းနိုင်ငံအတွက် အဓိကငွေရှာပေးသည့် ကဏ္ဍဖြစ်သော ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ရပ်ဆိုင်းသွားခဲ့ပြီးနောက်ပိုင်း မျောက်တို့ ယခုကဲ့သို့ ကြမ်းတမ်းလာကြခြင်း ဖြစ်သည်။

လော့ပ်ဘူရီမြို့ လမ်းများပေါ်တွင် ရာပေါင်းများစွာသော မျောက်များသည် အစားအစာအတွက် အချင်းချင်းလုယက်တိုက်ခိုက်နေကြပုံ ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်သို့ ထွက်ပေါ်လာရာ ထိုင်းလူမှုကွန်ရက်အသုံးပြုသူတို့အကြား များစွာဂယက်ရိုက်ခဲ့သည်။

ပြီးခဲ့သော ၃ နှစ်တာ ကာလအတွင်း မျောက်ကောင်ရေပမာဏ ၂ ဆတိုးကာ ကောင်ရေ ၆၀၀၀ ခန့်အထိ တိုးပွားလာရာ လူသားတို့အတွက် မျောက်များနှင့်အတူ ငြိမ်းချမ်းစွာအတူတကွ ပူးတွဲနေထိုင်ရေးမှာ မလွယ်ကူတော့ချေ။

လော့ပ်ဘူရီမြို့၏ အချို့သော ဒေသများမှာ မျောက်များ၏ လက်အောက်သို့ လုံးဝကျရောက်သွားကာ လူတို့နေထိုင်ခြင်းမပြုတော့ဘဲ စွန့်ပစ်လိုက်ရပြီလည်း ဖြစ်သည်။

ထိုသို့ စွန့်ပစ်ထားခဲ့ရသော ဒေသမှ ရုပ်ရှင်ရုံတစ်ရုံသည် မျောက်များ၏ အခြေချရာ ဗဟိုရုံးချုပ်ဖြစ်သည့်အပြင် မျောက်သင်္ချိုင်းလည်း ဖြစ်သည်။

ရုပ်ရှင်ရုံ၏ နောက်ဘက်တွင်တည်ရှိသော ရုပ်ရှင်ပြခန်းတွင် သေဆုံးသွားသောမျောက်များကို အခြားမျောက်တို့က နေရာချ ထားရှိပြီး ထိုနေရာသို့ ဝင်လာသည့်လူတို့အနေဖြင့် မျောက်တို့၏ တိုက်ခိုက်ခြင်းခံရမည် ဖြစ်သည်။

ထိုဒေသအနီးရှိ ဈေးဆိုင်ပိုင်ရှင်တစ်ဦးသည်ကား ကစားစရာ ကျားရုပ်နှင့် မိချောင်းရုပ်တို့ကို အစာသွပ် ရုပ်လုံးသွင်းကာ မျောက်များကို ခြောက်လှန့်ရန် ဆိုင်ဝတွင် ထားရှိထားရသည်။

ဒေသခံတို့က လုယက်မှုများ မဖြစ်စေရန်အတွက် မျောက်များကို အစာကျွေးခြင်းများ ပြုလုပ်ကြရသည်။

သို့သော် ဒေသခံတို့က ပြောကြားရာတွင် အချိုဓာတ်များသည့် အချိုရည်များ၊ အချိုမုန့်များနှင့် နှံစားသီးနှံဖြင့် ပြုလုပ်သော စားဖွယ်ရာများ စားသောက်နေရခြင်းသည် မျောက်များ၏ လိင်မှုဘဝကို လောင်စာဖြည့်ပေးသကဲ့သို့ ဖြစ်နေကြောင်း ပြောကြားသည်။

“သူတို့တွေ များများစားလေ၊ အားတွေပိုရှိလာလေပါပဲ။ ဒါကြောင့်ပဲ သူတို့တွေ ပိုပြီးသားပေါက်နေကြတာဖြစ်ပါတယ်” ဟု ပရန်ဆမ်ယွတ်ဒ် ကျောင်းတော်ဝန်းကျင်ရှိ အထွတ်အမြတ်နေရာများကို စီမံကွပ်ကဲရသူ ပရာမော့ထ် ကီတမ်ပိုင်က ပြောကြားသည်။

မျောက်အုပ်စုများအကြား တိုက်ခိုက်လုယက်မှုများ ပေါ်ပေါက်လာမှုကြောင့် အာဏာပိုင်တို့ အာရုံစိုက်လာရပြီး ၃ နှစ်ကြာ ရပ်ဆိုင်းထားခဲ့သော သင်းကွပ်သည့်အစီအစဉ်ကို ပြန်လည်စတင်လာရသည်။

သစ်တောဌာန အရာရှိတို့သည် မျောက်များကို လှောင်အိမ်များရှိရာသို့ သစ်သီးများဖြင့် ဖျားယောင်းခေါ်ဆောင်ပြီးနောက် ဆေးခန်းတစ်ခုသို့ ခေါ်ဆောင်ကာ သင်းကွပ်ပြီး ပြန်လွှတ်ပေးခြင်း ပြုလုပ်ကြသည်။

လာမည့်သောကြာနေ့တွင် မျောက်ကောင်ရေ ၅၀၀ သင်းကွပ်နိုင်ရန် စီစဉ်ထားသည်ဟု ဆိုသည်။

သို့သော် မျောက်ကောင်ရေမှာ များပြားလှရာ ရေရှည်စီမံကိန်းတစ်ရပ်ရေးဆွဲလာရပြီး မြို့၏ အခြားအပိုင်းတွင် ဘေးမဲ့တောတစ်ခု တည်ထောင်ရန် စီမံကိန်းရေးဆွဲလာရသည်။

ဆိုင်ရှေ့တွင် ကျားရုပ်များ ထားရှိရသူ ဆိုင်ရှင် တာဝီဆက် ဆရီဆာဂူအန်က ပြောကြားရာတွင် နေ့တိုင်းမျောက်များအရေး စီးချင်းထိုးသကဲ့သို့ ရင်ဆိုင်နေရသော်လည်း မျောက်များကို ဖယ်ရှားလိုက်လျှင် လွမ်းဆွတ်ကျန်ရစ်မည်ဖြစ်ကြောင်း ပြောကြားသည်။

“အနီးဝန်းကျင်မှာ သူတို့တွေ ဖြတ်လျှောက်သွားနေတာ၊ လမ်းပေါ်မှာ ဆော့ကစားနေတာတွေကို တွေ့နေကြဖြစ်ပါတယ်။ သူတို့အားလုံးသွားရင်တော့ ကျွန်တော်အထီးကျန်ပြီး ကျန်ရစ်မှာ အသေအချာပါပဲ” ဟု တာဝီဆက်က ဆိုသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Macaque attack: Humans try to take back city in Thailand ( Phnompenh Post )

 

[Zawgyi]

ထိုင္းတြင္ ေမ်ာက္မ်ား လက္ေအာက္သို႔ က်ေရာက္ေနသည့္ျမိဳ ႔ကို လူသားတို႔ ျပန္လည္သိမ္းပိုက္ႏိုင္ရန္ စီစဥ္လ်က္ရွိ

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ျမိဳ ႔၏ေျမာက္ဘက္ ၁၅၅ ကီလိုမီတာ ေဝးကြာေသာအရပ္တြင္ ေလာ့ပ္ဘူရီအမည္ရွိ ျမိဳ ႔တစ္ျမိဳ ႔ရွိျပီး ယခုအခါ ျမိဳ ႔၏ ေနရာမ်ားစြာမွာ ေမ်ာက္မ်ား၏ လက္ေအာက္သို႔ က်ေရာက္သြားခဲ့ျပီ ျဖစ္သည္။

ျမိဳ ႔အတြင္း လက္ရွိ က်န္ရစ္ေနထိုင္သူတို႔မွာလည္း ေနအိမ္မ်ားကို အတားအဆီးအကာအကြယ္မ်ား ျပဳလုပ္ထားၾကရသည္။ လမ္းမ်ားေပၚတြင္ ေမ်ာက္တို႔၏ အစာလုတိုက္ပြဲမ်ား အျမဲျပင္းထန္ေနေလ့ရွိျပီး လူသားတို႔ကို လံုးဝအဝင္မခံသည့္ ေနရာမ်ားလည္း ရွိသည္။

ေလာ့ပ္ဘူရီသည္ ေရွးေဟာင္းျမိဳ ႔တစ္ခုျဖစ္ျပီး ယခုအခါ ထိန္းခ်ဳပ္မရေအာင္ ေပါက္ဖြားေနေသာ ေမ်ာက္တို႔၏လက္ေအာက္သို႔ က်ေရာက္သြားျပီ ျဖစ္သည္။

ကူလ္ဂ်ီရာ တဲခ်ာဝပ္တနာ ဝမ္နာအမည္ရွိ အမ်ဳိးသမီးက သူမ၏ လသာေဆာင္အမိုးတြင္ ပိုက္ကြန္မ်ားျဖင့္ ကာရံထားရပံုကို ညြန္ျပရင္း ၁၃ ရာစုႏွစ္ကတည္းက တည္ေထာင္ခဲ့ေသာ ေလာ့ပ္ဘူရီျမိဳ ႔တစ္ဝန္း ေမ်ာက္တို႔၏ ျခိမ္းေျခာက္မႈအႏၱရာယ္ကို ညည္းတြားေျပာဆိုသည္။

“ေမ်ာက္ေတြက အျပင္မွာ သြားလာေနၾကျပီး ကၽြန္မတို႔က ေလွာင္အိမ္ထဲမွာ ေနေနရသလိုျဖစ္ေနပါတယ္။ ေနရာတကာမွာ သူတို႔ရဲ ႔ အညစ္အေၾကးေတြက အႏွံ႔ပါပဲ။ မိုးရြာတဲ့အခါမ်ဳိးဆို အနံ႔ေတြက မခံႏိုင္ေလာက္ေအာင္ပါပဲ။” ဟု ဝမ္နာက ေအအက္ဖ္ပီ သတင္းဌာနသို႔ ေျပာၾကားသည္။

ေလာ့ပ္ဘူရီျမိဳ ႔လယ္ရွိ ပရမ္ဆမ္ယြတ္ဒ္ေက်ာင္းေတာ္ဝန္းက်င္ရွိ လမ္းမ်ားေပၚတြင္ အေၾကာက္အလန္႔ကင္းမဲ့ေသာ ေမ်ာက္မ်ား မင္းမူေနသည္။

အုတ္နံရံမ်ားထိပ္တြင္ လမ္းေလွ်ာက္ျခင္း၊ ေမာ္ေတာ္ကားတံခါးမ်ားမွ ရာဘာတံဆိပ္မ်ားကို ရဲတင္းစြာ ခြာေနျခင္းမ်ား ျပဳလုပ္ၾက၏။

ကိုရိုနာဗိုင္းရပ္စ္ကပ္ၾကီးေၾကာင့္ ေမ်ာက္တို႔၏ အျပဳအမူမ်ား ၾကမ္းတမ္းလာခဲ့ျပီးေနာက္ အစိုးရက ေမ်ာက္မ်ားကို သင္းကြပ္မည့္ စီမံကိန္း ျပန္လည္စတင္လာသည္။

ထိုင္းႏိုင္ငံအတြက္ အဓိကေငြရွာေပးသည့္ က႑ျဖစ္ေသာ ကမၻာလွည့္ခရီးသြားလုပ္ငန္း ရပ္ဆိုင္းသြားခဲ့ျပီးေနာက္ပိုင္း ေမ်ာက္တို႔ ယခုကဲ့သို႔ ၾကမ္းတမ္းလာၾကျခင္း ျဖစ္သည္။

ေလာ့ပ္ဘူရီျမိဳ ႔ လမ္းမ်ားေပၚတြင္ ရာေပါင္းမ်ားစြာေသာ ေမ်ာက္မ်ားသည္ အစားအစာအတြက္ အခ်င္းခ်င္းလုယက္တိုက္ခိုက္ေနၾကပံု ဗြီဒီယိုဖိုင္တစ္ခု လူမႈကြန္ရက္သို႔ ထြက္ေပၚလာရာ ထိုင္းလူမႈကြန္ရက္အသံုးျပဳသူတို႔အၾကား မ်ားစြာဂယက္ရိုက္ခဲ့သည္။

ျပီးခဲ့ေသာ ၃ ႏွစ္တာ ကာလအတြင္း ေမ်ာက္ေကာင္ေရပမာဏ ၂ ဆတိုးကာ ေကာင္ေရ ၆၀၀၀ ခန္႔အထိ တိုးပြားလာရာ လူသားတို႔အတြက္ ေမ်ာက္မ်ားႏွင့္အတူ ျငိမ္းခ်မ္းစြာအတူတကြ ပူးတြဲေနထိုင္ေရးမွာ မလြယ္ကူေတာ့ေခ်။

ေလာ့ပ္ဘူရီျမိဳ ႔၏ အခ်ဳိ ႔ေသာ ေဒသမ်ားမွာ ေမ်ာက္မ်ား၏ လက္ေအာက္သို႔ လံုးဝက်ေရာက္သြားကာ လူတို႔ေနထုိင္ျခင္းမျပဳေတာ့ဘဲ စြန္႔ပစ္လိုက္ရျပီလည္း ျဖစ္သည္။

ထိုသုိ႔ စြန္႔ပစ္ထားခဲ့ရေသာ ေဒသမွ ရုပ္ရွင္ရံုတစ္ရံုသည္ ေမ်ာက္မ်ား၏ အေျခခ်ရာ ဗဟိုရံုးခ်ဳပ္ျဖစ္သည့္အျပင္ ေမ်ာက္သခၤ်ဳိင္းလည္း ျဖစ္သည္။

ရုပ္ရွင္ရံု၏ ေနာက္ဘက္တြင္တည္ရွိေသာ ရုပ္ရွင္ျပခန္းတြင္ ေသဆံုးသြားေသာေမ်ာက္မ်ားကို အျခားေမ်ာက္တို႔က ေနရာခ် ထားရွိျပီး ထိုေနရာသို႔ ဝင္လာသည့္လူတို႔အေနျဖင့္ ေမ်ာက္တို႔၏ တိုက္ခိုက္ျခင္းခံရမည္ ျဖစ္သည္။

ထိုေဒသအနီးရွိ ေစ်းဆိုင္ပိုင္ရွင္တစ္ဦးသည္ကား ကစားစရာ က်ားရုပ္ႏွင့္ မိေခ်ာင္းရုပ္တို႔ကို အစာသြပ္ ရုပ္လံုးသြင္းကာ ေမ်ာက္မ်ားကို ေျခာက္လွန္႔ရန္ ဆိုင္ဝတြင္ ထားရွိထားရသည္။

ေဒသခံတို႔က လုယက္မႈမ်ား မျဖစ္ေစရန္အတြက္ ေမ်ာက္မ်ားကို အစာေကၽြးျခင္းမ်ား ျပဳလုပ္ၾကရသည္။

သို႔ေသာ္ ေဒသခံတို႔က ေျပာၾကားရာတြင္ အခ်ဳိဓာတ္မ်ားသည့္ အခ်ဳိရည္မ်ား၊ အခ်ဳိမုန္႔မ်ားႏွင့္ ႏွံစားသီးႏွံျဖင့္ ျပဳလုပ္ေသာ စားဖြယ္ရာမ်ား စားေသာက္ေနရျခင္းသည္ ေမ်ာက္မ်ား၏ လိင္မႈဘဝကို ေလာင္စာျဖည့္ေပးသကဲ့သို႔ ျဖစ္ေနေၾကာင္း ေျပာၾကားသည္။

“သူတို႔ေတြ မ်ားမ်ားစားေလ၊ အားေတြပိုရွိလာေလပါပဲ။ ဒါေၾကာင့္ပဲ သူတို႔ေတြ ပိုျပီးသားေပါက္ေနၾကတာျဖစ္ပါတယ္” ဟု ပရန္ဆမ္ယြတ္ဒ္ ေက်ာင္းေတာ္ဝန္းက်င္ရွိ အထြတ္အျမတ္ေနရာမ်ားကို စီမံကြပ္ကဲရသူ ပရာေမာ့ထ္ ကီတမ္ပိုင္က ေျပာၾကားသည္။

ေမ်ာက္အုပ္စုမ်ားအၾကား တိုက္ခိုက္လုယက္မႈမ်ား ေပၚေပါက္လာမႈေၾကာင့္ အာဏာပိုင္တို႔ အာရံုစိုက္လာရျပီး ၃ ႏွစ္ၾကာ ရပ္ဆိုင္းထားခဲ့ေသာ သင္းကြပ္သည့္အစီအစဥ္ကို ျပန္လည္စတင္လာရသည္။

သစ္ေတာဌာန အရာရွိတို႔သည္ ေမ်ာက္မ်ားကို ေလွာင္အိမ္မ်ားရွိရာသို႔ သစ္သီးမ်ားျဖင့္ ဖ်ားေယာင္းေခၚေဆာင္ျပီးေနာက္ ေဆးခန္းတစ္ခုသို႔ ေခၚေဆာင္ကာ သင္းကြပ္ျပီး ျပန္လႊတ္ေပးျခင္း ျပဳလုပ္ၾကသည္။

လာမည့္ေသာၾကာေန႔တြင္ ေမ်ာက္ေကာင္ေရ ၅၀၀ သင္းကြပ္ႏိုင္ရန္ စီစဥ္ထားသည္ဟု ဆိုသည္။

သို႔ေသာ္ ေမ်ာက္ေကာင္ေရမွာ မ်ားျပားလွရာ ေရရွည္စီမံကိန္းတစ္ရပ္ေရးဆြဲလာရျပီး ျမိဳ ႔၏ အျခားအပိုင္းတြင္ ေဘးမဲ့ေတာတစ္ခု တည္ေထာင္ရန္ စီမံကိန္းေရးဆြဲလာရသည္။

ဆိုင္ေရွ ႔တြင္ က်ားရုပ္မ်ား ထားရွိရသူ ဆိုင္ရွင္ တာဝီဆက္ ဆရီဆာဂူအန္က ေျပာၾကားရာတြင္ ေန႔တိုင္းေမ်ာက္မ်ားအေရး စီးခ်င္းထိုးသကဲ့သို႔ ရင္ဆိုင္ေနရေသာ္လည္း ေမ်ာက္မ်ားကို ဖယ္ရွားလိုက္လွ်င္ လြမ္းဆြတ္က်န္ရစ္မည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

“အနီးဝန္းက်င္မွာ သူတို႔ေတြ ျဖတ္ေလွ်ာက္သြားေနတာ၊ လမ္းေပၚမွာ ေဆာ့ကစားေနတာေတြကို ေတြ႔ေနၾကျဖစ္ပါတယ္။ သူတို႔အားလံုးသြားရင္ေတာ့ ကၽြန္ေတာ္အထီးက်န္ျပီး က်န္ရစ္မွာ အေသအခ်ာပါပဲ” ဟု တာဝီဆက္က ဆိုသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Macaque attack: Humans try to take back city in Thailand ( Phnompenh Post )

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service