စုပေါင်းအိမ်ရာ ပိုင်ဆိုင်မှုဥပဒေလက်ကျန် လွှတ်တော်သက်တမ်းအတွင်း ပေါ်ပေါက်လာရန်ခက်ခဲ

စုပေါင်းအိမ်ရာ ပိုင်ဆိုင်မှုဥပဒေလက်ကျန် လွှတ်တော်သက်တမ်းအတွင်း ပေါ်ပေါက်လာရန်ခက်ခဲ - Property News in Myanmar from iMyanmarHouse.com
20 Jun 2020 11:10 am တွင် တင်ခဲ့သည်
1052 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စုပေါင်းအိမ်ရာပိုင်ဆိုင်မှု Apartment law ပေါ်ပေါက်လာရေးအတွက် လက်ကျန်လွှတ်တော်သက်တမ်းအတွင်း အချိန်နည်းနေပြီဖြစ်ခြင်းကြောင့် ခက်ခဲသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအဖွဲ့ချုပ်၏အတွင်းရေးမှူးဖြစ်သူ ဦးမျိုးမြင့် က သုံးသပ်ပြောဆိုသည်။

Apartment Law ထွက်ရှိလာပါက ကွန်ဒိုများကဲ့သို့ အရောင်းအဝယ်မှတ်ပုံတင်ခြင်း၊ စာချုပ်တံဆိပ်ခေါင်းကပ်ခြင်း၊ အမြတ်ခွန်ဆောင်ခြင်းများနှင့် ကွန်ဒိုများနည်းတူ ဘဏ်၌ ပေါင်နှံခွင့်ရှိခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ သို့သော် ယခုအစိုးရသက်တမ်းအတွင်း ယင်းဥပဒေပေါ်ပေါက်ရေးမှာ အချိန်ကာလနည်းပါးနေခြင်းကြောင့် ခက်ခဲသွားရခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“ ပြည်ထောင်စုအဆင့်ကြတော့ ပြည်သူ့လွှတ်တော်ကိုတင်ထားတယ်။ သို့သော်လည်း ဖြစ်မလာသေးဘူး။Apartment law ကတော့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကို ကျွန်တော်တို့တင်ထားတယ်။ Apartment law MMCA ဆိုတာ လိုင်စင်ရကန်ထရိုက်တာအသင်းက တင်တယ်။ ပြည်ထောင်စုကိုတင်တော့ ကျွန်တော်တို့နဲ့လည်း ခေါ်ညှိတာ။ ညှိနှိုင်းလို့မရသေးတဲ့အတွက်ကြောင့်မို့ ဆွေးနွေးတုန်းရှိသေးတယ်။ ကျွန်တော်တို့က ရန်ကုန်တိုင်းမှာပဲ အရင်တင်ပြီးတော့ ဆောက်လုပ်ရေးဆောက်လုပ်ငန်းရှင်များအသင်းနဲ့ Yangon Metro Polyton ကနေပြီးတော့ တိုင်းဒေသကြီးမှာ အဓိက တိုက်ခန်းတွေများတဲ့အတွက် ရန်ကုန်တိုင်းမှာပဲတင်ထားတယ်။ ဒီကြားထဲ ကိုဗစ်ကြီးဖြစ်သွားတော့ လွှတ်တော်သက်တမ်းလည်း ကုန်ကာနီးပြီဆိုတော့ ဒီသက်တမ်းအတွင်းတော့ ပေါ်လာဖို့မလွယ်တော့ဘူး ” ဟု ဦးမျိုးမြင့် က ပြောဆိုသည်။

Apartment Law ပေါ်ပေါက်လာပါက တိုက်ခန်းပိုင်ဆိုင်သူများအနေဖြင့် ခိုင်မာသည့်ပိုင်ဆိုင်မှုရှိလာမည်ဖြစ်သည်။ လက်ရှိတွင်မူ ဝယ်ယူထားသော တိုက်ခန်းသည် တန်ဖိုးမည်မျှရှိစေကာမူ ဘဏ်တွင်ပေါင်နှံခွင့်မရှိခြင်း ၊ ပြန်လည်ရောင်းချပါက အရပ်စာချုပ်ဖြင့်သာ ရောင်းချနိုင်ခြင်းတို့ကိုကြုံတွေ့နေရသည်။ ဥပဒေပေါ်ပေါက်လာပါက နိုင်ငံအတွက်လည်း အခွန်ရရှိနိုင်ပြီး တံဆိပ်ခေါင်းခွန် ၊ အမြတ်ခွန်များရရှိနိုင်မည်ဖြစ်သည်။

ထို့ပြင် တရားဝင်ရောင်းချနိုင်ခြင်းကြောင့် လိမ်ညာရောင်းချသည့် ဖြစ်စဉ်များပပျောက်သွားမညဖြစ်ပြီး တိုက်ခန်းကိုအကြောင်းပြုကာ ငွေကြေးလည်ပတ်နိုင်သည်အထိဆောင်ရွက်နိုင်မှုများရှိလာမည်ဖြစ်သည်။Apartment Law ပေါ်ပေါက်လာရေးအတွက် ရန်ကုန်တိုင်းဒသကြီးလွှတ်တော်သို့ လွန်ခဲ့သည့် ရှစ်လခန့်ကတင်ပြခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိအချိန်တွင် ဆောက်လုပ်ရေးကဏ္ဍအတွက် Apartment Law နှင့်  မြို့ပြမြေယာစီမံသည့်ဥပဒေ လိုအပ်ချက်တို့မှာ အရေးကြီးကြောင်းလည်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးတွင်မူ တိုက်ခန်းအခန်းပေါင်း သုံးသိန်းခန့်ရှိပြီး တိုက်ခန်းပိုင်ဆိုင်သူများ တရားဝင်မှတ်ပုံတင်၍ခိုင်မာစေရန်အတွက် Apartment Law လိုအပ်ချက်ကြီးမားလျက်ရှိသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

စုေပါင္းအိမ္ရာ ပိုင္ဆိုင္မႈဥပေဒလက္က်န္ လႊတ္ေတာ္သက္တမ္းအတြင္း ေပၚေပါက္လာရန္ခက္ခဲ

စုေပါင္းအိမ္ရာပိုင္ဆိုင္မႈ Apartment law ေပၚေပါက္လာေရးအတြက္ လက္က်န္လႊတ္ေတာ္သက္တမ္းအတြင္း အခ်ိန္နည္းေနၿပီျဖစ္ျခင္းေၾကာင့္ ခက္ခဲသြားၿပီျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္၏အတြင္းေရးမႉးျဖစ္သူ ဦးမ်ိဳးျမင့္ က သုံးသပ္ေျပာဆိုသည္။

Apartment Law ထြက္ရွိလာပါက ကြန္ဒိုမ်ားကဲ့သို႔ အေရာင္းအဝယ္မွတ္ပုံတင္ျခင္း၊ စာခ်ဳပ္တံဆိပ္ေခါင္းကပ္ျခင္း၊ အျမတ္ခြန္ေဆာင္ျခင္းမ်ားႏွင့္ ကြန္ဒိုမ်ားနည္းတူ ဘဏ္၌ ေပါင္ႏွံခြင့္ရွိျခင္းတို႔ကို ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။ သို႔ေသာ္ ယခုအစိုးရသက္တမ္းအတြင္း ယင္းဥပေဒေပၚေပါက္ေရးမွာ အခ်ိန္ကာလနည္းပါးေနျခင္းေၾကာင့္ ခက္ခဲသြားရျခင္းျဖစ္ေၾကာင္းလည္း ၎က ေျပာသည္။

“ ျပည္ေထာင္စုအဆင့္ၾကေတာ့ ျပည္သူ႔လႊတ္ေတာ္ကိုတင္ထားတယ္။ သို႔ေသာ္လည္း ျဖစ္မလာေသးဘူး။Apartment law ကေတာ့ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ကို ကြၽန္ေတာ္တို႔တင္ထားတယ္။ Apartment law MMCA ဆိုတာ လိုင္စင္ရကန္ထ႐ိုက္တာအသင္းက တင္တယ္။ ျပည္ေထာင္စုကိုတင္ေတာ့ ကြၽန္ေတာ္တို႔နဲ႔လည္း ေခၚညႇိတာ။ ညႇိႏႈိင္းလို႔မရေသးတဲ့အတြက္ေၾကာင့္မို႔ ေဆြးေႏြးတုန္းရွိေသးတယ္။ ကြၽန္ေတာ္တို႔က ရန္ကုန္တိုင္းမွာပဲ အရင္တင္ၿပီးေတာ့ ေဆာက္လုပ္ေရးေဆာက္လုပ္ငန္းရွင္မ်ားအသင္းနဲ႔ Yangon Metro Polyton ကေနၿပီးေတာ့ တိုင္းေဒသႀကီးမွာ အဓိက တိုက္ခန္းေတြမ်ားတဲ့အတြက္ ရန္ကုန္တိုင္းမွာပဲတင္ထားတယ္။ ဒီၾကားထဲ ကိုဗစ္ႀကီးျဖစ္သြားေတာ့ လႊတ္ေတာ္သက္တမ္းလည္း ကုန္ကာနီးၿပီဆိုေတာ့ ဒီသက္တမ္းအတြင္းေတာ့ ေပၚလာဖို႔မလြယ္ေတာ့ဘူး ” ဟု ဦးမ်ိဳးျမင့္ က ေျပာဆိုသည္။

Apartment Law ေပၚေပါက္လာပါက တိုက္ခန္းပိုင္ဆိုင္သူမ်ားအေနျဖင့္ ခိုင္မာသည့္ပိုင္ဆိုင္မႈရွိလာမည္ျဖစ္သည္။ လက္ရွိတြင္မူ ဝယ္ယူထားေသာ တိုက္ခန္းသည္ တန္ဖိုးမည္မွ်ရွိေစကာမူ ဘဏ္တြင္ေပါင္ႏွံခြင့္မရွိျခင္း ၊ ျပန္လည္ေရာင္းခ်ပါက အရပ္စာခ်ဳပ္ျဖင့္သာ ေရာင္းခ်ႏိုင္ျခင္းတို႔ကိုႀကဳံေတြ႕ေနရသည္။ ဥပေဒေပၚေပါက္လာပါက ႏိုင္ငံအတြက္လည္း အခြန္ရရွိႏိုင္ၿပီး တံဆိပ္ေခါင္းခြန္ ၊ အျမတ္ခြန္မ်ားရရွိႏိုင္မည္ျဖစ္သည္။

ထို႔ျပင္ တရားဝင္ေရာင္းခ်ႏိုင္ျခင္းေၾကာင့္ လိမ္ညာေရာင္းခ်သည့္ ျဖစ္စဥ္မ်ားပေပ်ာက္သြားမညျဖစ္ၿပီး တိုက္ခန္းကိုအေၾကာင္းျပဳကာ ေငြေၾကးလည္ပတ္ႏိုင္သည္အထိေဆာင္႐ြက္ႏိုင္မႈမ်ားရွိလာမည္ျဖစ္သည္။Apartment Law ေပၚေပါက္လာေရးအတြက္ ရန္ကုန္တိုင္းဒသႀကီးလႊတ္ေတာ္သို႔ လြန္ခဲ့သည့္ ရွစ္လခန႔္ကတင္ျပခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

လက္ရွိအခ်ိန္တြင္ ေဆာက္လုပ္ေရးက႑အတြက္ Apartment Law ႏွင့္ ၿမိဳ႕ျပေျမယာစီမံသည့္ဥပေဒ လိုအပ္ခ်က္တို႔မွာ အေရးႀကီးေၾကာင္းလည္း သိရသည္။ ရန္ကုန္တိုင္းေဒသႀကီးတြင္မူ တိုက္ခန္းအခန္းေပါင္း သုံးသိန္းခန႔္ရွိၿပီး တိုက္ခန္းပိုင္ဆိုင္သူမ်ား တရားဝင္မွတ္ပုံတင္၍ခိုင္မာေစရန္အတြက္ Apartment Law လိုအပ္ခ်က္ႀကီးမားလ်က္ရွိသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service