အရေပြားတွင် အဖုအပိမ့်များ ထွက်ခြင်းသည် ကိုရိုနာဗိုင်းရပ်စ်၏ လက္ခဏာသစ်ဖြစ်လာဖွယ်ရှိ
အရေပြားတွင် အဖုအပိမ့်များ ထွက်ခြင်းသည် ကိုရိုနာဗိုင်းရပ်စ်၏ လက္ခဏာသစ်ဖြစ်လာဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
19 Jun 2020 12:32 pm တွင် တင်ခဲ့သည်
7384 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဗြိတိန်တွင် အမျိုးသမီးတစ်ဦး၏ လက်များနှင့် ခြေထောက်များတွင် ဆန်းကြယ်စွာ အဖုအပိမ့်များ ပေါ်ပေါက်လာခဲ့ရာ ဆရာဝန်များ အကြား ခေါင်းခြောက်ခဲ့ကြရပြီး နောက်ဆုံးတွင်ကား အဆိုပါလက္ခဏာများဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် ပထမဆုံးလူနာ ဖြစ်လာခဲ့သည်။
အသက် ၃၉ နှစ်အရွယ်ရှိသော ဆာရာ ချာချီ (Sarah Churchill) သည် လွန်ခဲ့သော ဖေဖော်ဝါရီလကုန်ပိုင်းက နှလုံးခုန်မြန်ကာ အသက်ရှူရခက်သည့် ဝေဒနာများဖြင့် ဆရာဝန်ထံ ပထမဆုံးပြသခဲ့သည်။ သူမကဲ့သို့ဖြစ်ရပ်မျိုး ဗြိတိန်တွင် ၁၅ ခုသာရှိသေးသည်ဟု ဆိုသည်။
အဖျား (သို့မဟုတ်) အမြဲချောင်းဆိုးခြင်းလည်းမရှိသောကြောင့် ယခုကဲ့သို့ လက္ခဏာများပေါ်ပေါက်ခြင်းမှာ သွေးကင်ဆာ (သို့မဟုတ်) HIV ပင်ဖြစ်နိုင်သည်ဟု ယူဆခဲ့ကြသည်။
သို့သော် ဆေးစစ်ချက်များအရ အဆိုပါရောဂါများမရှိကြောင်း ပြသနေပြီး လနှင့်ချီ၍ ကြာသောအခါမှ သူမတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိခဲ့ကြသည်။
Covid-19 ခြေရာခံဖုန်း app များ ထုတ်လုပ်ခဲ့သည့်ကျွမ်းကျင်ပညာရှင်များမှတစ်ဦးက ပြောကြားရာတွင် ယခုတွေ့ရှိရသော ရှင်းမပြနိုင် သည့် အရေပြားအနီပြင်ထခြင်းများသည် ကိုရိုနာဗိုင်းရပ်စ်လက္ခဏာတစ်ရပ်ဖြစ်လာနိုင်ကြောင်း၊ ဆာရာနှင့် အခြားသော ဗြိတိန်နိုင်ငံသား တို့တွင် သတိမပြုမိဘဲ ဖြစ်ပေါ်နေခြင်းများ ရှိနိုင်သကဲ့သို့ Covid-19 ခြေရာခံဖုန်း app များ အသုံးပြုသူ အချို့တွင်လည်း အဖုအပိမ့်များ ထွက်ကြောင်း တင်ပြမှုများရှိသည်ဟု ဆိုသည်။
အင်္ဂလန်တောင်ပိုင်း ဒေါ်ဆက်ခရိုင်၊ ဘုန်းမောက်မြို့မှ ကလေးတစ်ယောက်မိခင် ဆာရာက ပြောကြားရာတွင် “ကျွန်မမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရမယ်လို့ တစ်ခါမှ မတွေးခဲ့မိဖူးပါဘူး။ ရောဂါလက္ခဏာက တော်တော်ကွဲပြားခြားနားနေပါတယ်။ ဒီလက္ခဏာတွေက တရားဝင်ကြေညာထားတဲ့ ရောဂါလက္ခဏာတွေ မဟုတ်ပါဘူး။ ဒါကြောင့် ဒါမျိုးအခြေအနေတွေကြုံရတဲ့ တခြားသူတွေလည်း ရှိနေနိုင်ပါတယ်” ဟု ပြောကြားသည်။
ပါမောက္ခ တင်မ် စပက်တာက ဆရာဝန်များအနေဖြင့် အရေပြားတွင် အင်ပြထသကဲ့သို့ဖြစ်ပေါ်နေသည့်လူနာများကိုတွေ့လျှင် သတိပြုသင့်ကြောင်း သတိပေးခဲ့သည်။
ယခုကဲ့သို့ အနီကွက်ထခြင်းများသည် ယခင်က ကလေးငယ်များတွင်သာ တွေ့ရတတ်သည့်ရောဂါလက္ခဏာတစ်ခုဖြစ်ခဲ့ကြောင်း ပါမောက္ခ စပက်တာက ပြောကြားသည်။
ခြေရာခံ app သည် ခံတွင်းပျက်ခြင်းနှင့် အနံ့ခံမရခြင်းတို့မှာ ကိုရိုနာဗိုင်းရပ်စ်၏ ရောဂါလက္ခဏာများဖြစ်ကြောင်း ပထမဆုံး တွေ့ရှိသတ်မှတ်နိုင်ခဲ့ခြင်းဖြစ်သည်။
COVID-19 ရောဂါလက္ခဏာခြေရာခံ app သည် Kings College London ၊ Guy’s and St Thomas ဆေးရုံနှင့် ကျန်းမာရေးအချက်အလက်ကုမ္ပဏီ ZOE တို့ ပူးပေါင်းထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ်မည်သို့ ပျံ့နှံ့နေသည်ကို ကျန်းမာရေးဌာနအရာရှိများသိရှိနိုင်ရေးအတွက် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအားဖြင့် ဗြိတိန်ပြည်သူ ၄ သန်းခန့် အသုံးပြုနေသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Unexplained skin rashes ‘could be new symptom of coronavirus’ (Metro)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
18th Property and Car Expo
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service