ဒေါ်နယ်ထရမ့်က Covid-19 တို့ဖတ်စမ်းသပ်ပစ္စည်းထုတ် စက်ရုံအတွင်း mask မပါဘဲ ဝင်ရောက်ကြည့်ရှုစစ်ဆေးခဲ့သောကြောင့် ထုတ်လုပ်ထားသည့် စမ်းသပ်ပစ္စည်းအားလုံး လွှင့်ပစ်ခဲ့ရ

ဒေါ်နယ်ထရမ့်က Covid-19 တို့ဖတ်စမ်းသပ်ပစ္စည်းထုတ် စက်ရုံအတွင်း mask မပါဘဲ ဝင်ရောက်ကြည့်ရှုစစ်ဆေးခဲ့သောကြောင့် ထုတ်လုပ်ထားသည့် စမ်းသပ်ပစ္စည်းအားလုံး လွှင့်ပစ်ခဲ့ရ - Property News in Myanmar from iMyanmarHouse.com
9 Jun 2020 11:23 am တွင် တင်ခဲ့သည်
712 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ရာတွင် အသုံးပြုသည့် တို့ဖတ်စမ်းသပ်တံများ ထုတ်လုပ်သော စက်ရုံတစ်ခုအတွင်း mask မပါဘဲ ဝင်ရောက်ကြည့်ရှုစစ်ဆေးခဲ့သည့်အပြင် တို့ဖတ်တံတစ်ခုကို ကောက်ယူကာ သူ၏ နှာခေါင်းအနီးသို့ ကပ်ကြည့်ခဲ့သောကြောင့် စက်ရုံတွင် ထုတ်လုပ်ထားပြီးဖြစ်သည့် တို့ဖတ်စမ်းသပ်ပစ္စည်းများအားလုံးကို ရောဂါပိုး ကူးစက်မည် စိုးရိမ်သောကြောင့် စွန့်ပစ်ခဲ့ရသည်။

အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်၊ Guilford မြို့ရှိ Puritan Medical Products ဆေးဝါးပစ္စည်းစက်ရုံသို့ သောကြာနေ့က ဒေါ်နယ်ထရမ့် mask မပါဘဲ လှည့်လည်ကြည့်ရှုအပြီးတွင် ထုတ်လုပ်ထားပြီးဖြစ်သော covid-19 နှာခေါင်းတို့ဖတ်စမ်းသပ်တံများကို စွန့်ပစ်လိုက်ရခြင်း ဖြစ်သည်။

ဒေါ်နယ်ထရမ့်သည် အများပြည်သူအကြားသွားလာရာတွင် mask တပ်ဆင်ရန် ပြည်နယ်အစိုးရတို့က အမိန့်ထုတ်ပြန်ထားမှုများကို မထေမဲ့မြင်ပြုလုပ်နေခဲ့သူတစ်ဦးလည်း ဖြစ်သည်။

ထရမ့်သည် စက်ရုံအတွင်း သူ၏ ဝတ်စုံဖြင့်ပင် လှည့်လည်ကြည့်ရှုခဲ့ပြီး အကာအကွယ်ဝတ်စုံနှင့် mask များတပ်ဆင်ခဲ့ခြင်း မရှိချေ။

“ခင်ဗျားတို့ကို ကျုပ် ပြောတော့မပြောသင့်ဘူး။ ဒါပေမယ့် ဒါမျိုးတွေက ကျုပ်နေ့တိုင်းသုံးနေတာပဲ” ဟု ထရမ့်က ပြောကာ တို့ဖတ်စမ်းသပ်တံတစ်ခုကို နှာခေါင်းအနီးကပ်ပြခဲ့သည်။

ထရမ့်ကြည့်ရှုစစ်ဆေးအပြီး ရောဂါကူးစက်မည်စိုးသောကြောင့် လွှင့်ပစ်ခဲ့ရသည့် တို့ဖတ်တံ မည်မျှရှိသည်ကိုမူ Puritan စက်ရုံက ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိချေ။ စက်ရုံ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက USA Today သို့ ပြောကြားရာတွင်မူ စနေနေ့က အကန့်အသတ်ဖြင့်သာ ထုတ်လုပ်ခဲ့ကြောင်း ပြောကြားသည်။

ထရမ့်သည် စက်ရုံသို့ လာရောက်လျှင် mask မတပ်ဘဲ ဝင်ရောက်မည်ဟူသည်ကို စက်ရုံအကြီးအကဲ သိရှိထားခြင်း ရှိ၊ မရှိကိုမူ မသိရချေ။ ထရမ့်သည် ကိုရိုနာဗိုင်းရပ်စ် စတင်ပေါ်ပေါက်ချိန်မှစပြီး အများမြင်ကွင်းသွားလာရာတွင် mask တပ်ရန် ငြင်းပယ်ခဲ့သည်။

အနီးရှိ ဘိုးဘွားရိပ်သာအများစုတွင် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ပစ္စည်းကိရိယာများ မလုံမလောက်ဖြစ်နေချိန်တွင် ယခုကဲ့သို့ နှာခေါင်းတို့ဖတ်ပစ္စည်းများ လွှ့င့်ပစ်ခဲ့ရခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သောလအတွင်း Portland Press Herald က ဖော်ပြခဲ့သောသတင်းတွင် ဘိုးဘွားရိပ်သာ ၂၈ ခုအနက် ၁၇ ခုတွင် တို့ဖတ်စမ်းသပ်တံ ၁၀ ခုပင်မရှိကြောင်းနှင့် ကျန်ဘိုးဘွားရိပ်သာများတွင်မူ လုံးဝမရှိကြောင်း ဖော်ပြသည်။

Puritan သည် ကမ္ဘာ့ထိပ်တန်း ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်ကိရိယာများ ထုတ်လုပ်သည့်စက်ရုံကြီးများတွင် တစ်ခုပါဝင်ပြီး လာမည့်လတွင် စက်ရုံကို တိုးချဲ့ရန် စီစဉ်နေကာ တစ်လလျှင် တို့ဖတ်စမ်းသပ်တံ ၄၅ သန်း ထုတ်လုပ်သွားနိုင်မည်ဟု ဆိုသည်။

စက်ရုံအတွင်း လာရောက်လည်ပတ်စဉ် ထရမ့်ပြောကြားခဲ့သည်မှာ “အမေရိကန်တွင်ထုတ်လုပ်သည်…ဒါကို ကျွန်တော်ပြောနေခဲ့တာ ကြာပါပြီ” ဟု ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Covid test factory had to dump all its swabs after mask-less Donald Trump held one up to his nose (Metro)

[Zawgyi]

ေဒၚနယ္ထရမ့္က Covid-19 တို႔ဖတ္စမ္းသပ္ပစၥည္းထုတ္ စက္ရံုအတြင္း mask မပါဘဲ ဝင္ေရာက္ၾကည့္ရႈစစ္ေဆးခဲ့ေသာေၾကာင့္ ထုတ္လုပ္ထားသည့္ စမ္းသပ္ပစၥည္းအားလံုး လႊင့္ပစ္ခဲ့ရ

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ ကိုရိုနာဗိုင္းရပ္စ္ စမ္းသပ္ရာတြင္ အသံုးျပဳသည့္ တို႔ဖတ္စမ္းသပ္တံမ်ား ထုတ္လုပ္ေသာ စက္ရံုတစ္ခုအတြင္း mask မပါဘဲ ဝင္ေရာက္ၾကည့္ရႈစစ္ေဆးခဲ့သည့္အျပင္ တို႔ဖတ္တံတစ္ခုကို ေကာက္ယူကာ သူ၏ ႏွာေခါင္းအနီးသို႔ ကပ္ၾကည့္ခဲ့ေသာေၾကာင့္ စက္ရံုတြင္ ထုတ္လုပ္ထားျပီးျဖစ္သည့္ တို႔ဖတ္စမ္းသပ္ပစၥည္းမ်ားအားလံုးကို ေရာဂါပိုး ကူးစက္မည္ စိုးရိမ္ေသာေၾကာင့္ စြန္႔ပစ္ခဲ့ရသည္။

အေမရိကန္ျပည္ေထာင္စု၊ မိန္းျပည္နယ္၊ Guilford ျမိဳ ႔ရွိ Puritan Medical Products ေဆးဝါးပစၥည္းစက္ရံုသို႔ ေသာၾကာေန႔က ေဒၚနယ္ထရမ့္ mask မပါဘဲ လွည့္လည္ၾကည့္ရႈအျပီးတြင္ ထုတ္လုပ္ထားျပီးျဖစ္ေသာ covid-19 ႏွာေခါင္းတို႔ဖတ္စမ္းသပ္တံမ်ားကို စြန္႔ပစ္လိုက္ရျခင္း ျဖစ္သည္။

ေဒၚနယ္ထရမ့္သည္ အမ်ားျပည္သူအၾကားသြားလာရာတြင္ mask တပ္ဆင္ရန္ ျပည္နယ္အစိုးရတို႔က အမိန္႔ထုတ္ျပန္ထားမႈမ်ားကို မေထမဲ့ျမင္ျပဳလုပ္ေနခဲ့သူတစ္ဦးလည္း ျဖစ္သည္။

ထရမ့္သည္ စက္ရံုအတြင္း သူ၏ ဝတ္စံုျဖင့္ပင္ လွည့္လည္ၾကည့္ရႈခဲ့ျပီး အကာအကြယ္ဝတ္စံုႏွင့္ mask မ်ားတပ္ဆင္ခဲ့ျခင္း မရွိေခ်။

“ခင္ဗ်ားတို႔ကို က်ဳပ္ ေျပာေတာ့မေျပာသင့္ဘူး။ ဒါေပမယ့္ ဒါမ်ဳိးေတြက က်ဳပ္ေန႔တိုင္းသံုးေနတာပဲ” ဟု ထရမ့္က ေျပာကာ တို႔ဖတ္စမ္းသပ္တံတစ္ခုကို ႏွာေခါင္းအနီးကပ္ျပခဲ့သည္။

ထရမ့္ၾကည့္ရႈစစ္ေဆးအျပီး ေရာဂါကူးစက္မည္စုိးေသာေၾကာင့္ လႊင့္ပစ္ခဲ့ရသည့္ တို႔ဖတ္တံ မည္မွ်ရွိသည္ကိုမူ Puritan စက္ရံုက ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္းမရွိေခ်။ စက္ရံု၏ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္တစ္ဦးက USA Today သို႔ ေျပာၾကားရာတြင္မူ စေနေန႔က အကန္႔အသတ္ျဖင့္သာ ထုတ္လုပ္ခဲ့ေၾကာင္း ေျပာၾကားသည္။

ထရမ့္သည္ စက္ရံုသို႔ လာေရာက္လွ်င္ mask မတပ္ဘဲ ဝင္ေရာက္မည္ဟူသည္ကို စက္ရံုအၾကီးအကဲ သိရွိထားျခင္း ရွိ၊ မရွိကိုမူ မသိရေခ်။ ထရမ့္သည္ ကိုရိုနာဗိုင္းရပ္စ္ စတင္ေပၚေပါက္ခ်ိန္မွစျပီး အမ်ားျမင္ကြင္းသြားလာရာတြင္ mask တပ္ရန္ ျငင္းပယ္ခဲ့သည္။

အနီးရွိ ဘိုးဘြားရိပ္သာအမ်ားစုတြင္ ကိုရိုနာဗိုင္းရပ္စ္ စမ္းသပ္ပစၥည္းကိရိယာမ်ား မလံုမေလာက္ျဖစ္ေနခ်ိန္တြင္ ယခုကဲ့သို႔ ႏွာေခါင္းတို႔ဖတ္ပစၥည္းမ်ား လႊ႔င့္ပစ္ခဲ့ရျခင္းလည္း ျဖစ္သည္။

ျပီးခဲ့ေသာလအတြင္း Portland Press Herald က ေဖာ္ျပခဲ့ေသာသတင္းတြင္ ဘိုးဘြားရိပ္သာ ၂၈ ခုအနက္ ၁၇ ခုတြင္ တို႔ဖတ္စမ္းသပ္တံ ၁၀ ခုပင္မရွိေၾကာင္းႏွင့္ က်န္ဘိုးဘြားရိပ္သာမ်ားတြင္မူ လံုးဝမရွိေၾကာင္း ေဖာ္ျပသည္။

Puritan သည္ ကမၻာ့ထိပ္တန္း ကိုရိုနာဗိုင္းရပ္စ္စမ္းသပ္ကိရိယာမ်ား ထုတ္လုပ္သည့္စက္ရံုၾကီးမ်ားတြင္ တစ္ခုပါဝင္ျပီး လာမည့္လတြင္ စက္ရုံကို တိုးခ်ဲ ႔ရန္ စီစဥ္ေနကာ တစ္လလွ်င္ တို႔ဖတ္စမ္းသပ္တံ ၄၅ သန္း ထုတ္လုပ္သြားႏိုင္မည္ဟု ဆိုသည္။

စက္ရံုအတြင္း လာေရာက္လည္ပတ္စဥ္ ထရမ့္ေျပာၾကားခဲ့သည္မွာ “အေမရိကန္တြင္ထုတ္လုပ္သည္…ဒါကို ကၽြန္ေတာ္ေျပာေနခဲ့တာ ၾကာပါျပီ” ဟု ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Covid test factory had to dump all its swabs after mask-less Donald Trump held one up to his nose (Metro)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service