မိန်းကလေးကျောင်းသူများသည် ယဉ်ကျေးသည့် mask အရောင်များသာတပ်ဆင်ရန် ထိုင်းစာသင်ကျောင်း ညွှန်ကြားမှု အွန်လိုင်းတွင် ဂယက်ရိုက်
မိန်းကလေးကျောင်းသူများသည် ယဉ်ကျေးသည့် mask အရောင်များသာတပ်ဆင်ရန် ထိုင်းစာသင်ကျောင်း ညွှန်ကြားမှု အွန်လိုင်းတွင် ဂယက်ရိုက် - Property News in Myanmar from iMyanmarHouse.com
4 Jun 2020 11:47 am တွင် တင်ခဲ့သည်
1092 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ထိုင်းနိုင်ငံတွင် မိန်းကလေး ကျောင်းသူများအနေဖြင့် ယဉ်ကျေးသည့် mask အရောင်များသာ တပ်ဆင်ရန် စာသင်ကျောင်းတစ်ခုက ညွှန်ကြားလိုက်သည်။
ထိုင်း အခြေခံပညာရေးကော်မရှင်ရုံး အတွင်းရေးမှူး အမ်နတ် ဝတ်ချာယာနုဝပ်က ပြောကြားရာတွင် မိမိတို့ရုံးအနေဖြင့်မူ ကျောင်းသားများအနေဖြင့် စာသင်ကျောင်းများတွင် မည်သည့်အမျိုးအစား mask များ တပ်သင့်သည်ဟု စည်းမျဉ်းချမှတ်ခဲ့ခြင်းမျိုး မရှိကြောင်း ထုတ်ပြန်သည်။
စာသင်ကျောင်းတစ်ခုတွင် လိင်ခွဲခြားသည့် လမ်းညွှန်ချက်များ ထုတ်ပြန်ခဲ့ပြီးနောက် အမ်နတ်က ယင်းသို့ ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်သည်။
အပြင်အဆင်ဒီဇိုင်းများ မပါဘဲ ယဉ်ကျေးသည့် အရောင်များသာ ဝတ်ဆင်ရမည်ဟု mask နမူနာပုံများနှင့်တကွ စာသင်ကျောင်းတစ်ခု၏ ကြေညာသင်ပုန်းတွင် ကြေညာထားပုံကို ဓာတ်ပုံရိုက်ကူးထားသည့် ပုံတစ်ပုံ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် လူအများအကြား အမျက်ထွက်ခဲ့ကြသည်။
လမ်းညွှန်ချက်တွင် ဖော်ပြထားသည်မှာ မိန်းကလေးကျောင်းသူများသည် ပန်းရောင်နှင့် အဖြူရောင်ကဲ့သို့ အရောင်ဖျော့သည့် mask များသာ တပ်ဆင်ရမည်ဖြစ်ပြီး ယောကျ်ားလေး ကျောင်းသားများမှာမူ အဖြူ၊ အနက်နှင့် မီးခိုးရောင်တို့ တပ်ဆင်နိုင်ကြောင်း ကြေညာထားသည်။
Polawat Kittiwat အမည်ရှိ ဖေ့စ်ဘုတ်အသုံးပြုသူက တင်ထားသည့် ဖေ့စ်ဘုတ်ပို့စ်တွင် စာသင်ကျောင်းအမည်ကိုမူ ဖော်ပြထားခြင်း မရှိချေ။
သူ၏ ဖေ့စ်ဘုတ်ပို့စ်သည် ဝေမျှသူပေါင်း ၁၁၀၀ ကျော်ရှိခဲ့ပြီးနောက် ပြန်လည်ဖြုတ်ချသွားခဲ့သည်။
ထိုင်းနိုင်ငံတွင် စာသင်ကျောင်းများသည် ဇူလိုင်လအထိ ပြန်လည်ဖွင့်လှစ်နိုင်ဖွယ် မရှိသေးကြောင်း ခန့်မှန်းရရာ အဆိုပါစည်းမျဉ်းများမှာ မကြာမီအတွင်းအကောင်အထည် ပေါ်ဖွယ်ရာကား မရှိသေးချေ။
ဗိုင်းရပ်စ်ပျံ့ပွားမှု ကာလအတွင်း လွဲမှားသော ဦးစားပေးမှုများ ပြုလုပ်နေသည်ဟု Polawat က စာသင်ကျောင်းအပေါ် ဝေဖန်ခဲ့သည်။
“ကျွန်တော် နားမလည်နိုင်ပါဘူး။ ဘာကြောင့် mask တွေနဲ့ ပတ်သက်ပြီး ဒါမျိုးတွေ ပြဌာန်းနေရတာလဲ။ ဘယ်လို mask အမျိုးအစားပဲဖြစ်ဖြစ် covid-19 ကို ကာကွယ်နိုင်တာ အတူတူပါပဲ” ဟု Polawat က ရေးသားခဲ့သည်။
စာသင်ကျောင်းများအနေဖြင့် အဆိုပါစည်းမျဉ်းကန့်သတ်ချက်များ ထုတ်ပြန်လိုသည်ဆိုပါကလည်း ကျောင်းသူကျောင်းသားများကို ၎င်းတို့သတ်မှတ်ထားသည့် အမျိုးအစား mask များ ပေးဝေခြင်း ပြုလုပ်သင့်ကြောင်း၊ ယခုစည်းမျဉ်းများမှာ ကျောင်းသားမိဘများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေကြောင်း၊ စာသင်ကျောင်းအနေဖြင့် ကျောင်းသားတို့၏ ပညာရည်ပေါ်တွင်သာ အာရုံစိုက်သင့်ကြောင်း Polawat က ဝေဖန်ခဲ့သည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Thai school only wants masks in ‘polite’ colors (Coconuts.co)
[Zawgyi]
လမ်းညွှန်ချက်တွင် ဖော်ပြထားသည်မှာ မိန်းကလေးကျောင်းသူများသည် ပန်းရောင်နှင့် အဖြူရောင်ကဲ့သို့ အရောင်ဖျော့သည့် mask များသာ တပ်ဆင်ရမည်ဖြစ်ပြီး ယောက်ျားလေး ကျောင်းသားများမှာမူ အဖြူ၊ အနက်နှင့် မီးခိုးရောင်တို့ တပ်ဆင်နိုင်ကြောင်း ကြေညာထားသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service