ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုအချက်အလက်များကို တရုတ်နိုင်ငံက ထိမ်ချန်ခဲ့ကြောင်း WHO အဖွဲ့ကြီးအတွင်း ပြောကြားခဲ့ပုံများကို မှတ်တမ်းတင်ထားသည့် အသံဖိုင်အား အေပီသတင်းဌာနက ရရှိ

ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုအချက်အလက်များကို တရုတ်နိုင်ငံက ထိမ်ချန်ခဲ့ကြောင်း WHO အဖွဲ့ကြီးအတွင်း ပြောကြားခဲ့ပုံများကို မှတ်တမ်းတင်ထားသည့် အသံဖိုင်အား အေပီသတင်းဌာနက ရရှိ - Property News in Myanmar from iMyanmarHouse.com
3 Jun 2020 12:10 pm တွင် တင်ခဲ့သည်
1451 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) သည် ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှု အစောပိုင်းကာလများတွင် တရုတ်နိုင်ငံထံမှ လိုအပ်သော သတင်းအချက်အလက်ရရှိနိုင်ရန် ရုန်းကန်ခဲ့ရကြောင်း အတွင်းစည်းမှ အစည်းအဝေးအသံဖိုင်များအရ ပေါ်ပေါက်လာရာ တရုတ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်အပေါ် စီမံကိုင်တွယ်ပုံများကို WHO က အများသိအောင်ချီးကျူးခဲ့မှုနှင့် သွေဖည်နေသည်။

အဆိုပါ အသံဖိုင်များကို အေပီ (AP) သတင်းဌာနက ရရှိခဲ့ခြင်းဖြစ်ပြီး အသံဖိုင်တွင် ပြောကြားချက်များအရ ဇန်နဝါရီလ ၆ ရက်တွင် ပြုလုပ်သော WHO အစည်းအဝေး၌ ဗိုင်းရပ်စ်၏ အန္တရာယ်ကို ခန့်မှန်းတွက်ချက်ကာ ကမ္ဘာကို တင်ပြရန်အတွက် လိုအပ်သော အချက်အလက်များအား တရုတ်နိုင်ငံက ပေးအပ်ခြင်းမရှိကြောင်း WHO အရာရှိတို့က တင်ပြခဲ့ကြခြင်း ဖြစ်သည်။

“ကျွန်တော်တို့ဟာ အချက်အလက်အလွန်နည်းပါးစွာနဲ့ အလုပ်လုပ်ခဲ့ရပါတယ်။ သင့်တော်တဲ့ စီမံကိန်းချဖို့အတွက် ဒါက မလုံလောက်ပါဘူး” ဟု WHO မှ covid-19 နည်းပညာပိုင်းဦးဆောင်သူ ကပ်ရောဂါပညာရှင် Maria Van Kerkhove က ပြောကြားသည်။

တရုတ်အခြေစိုက် WHO ၏ အရာရှိတစ်ဦးဖြစ်သူ Gauden Galea က ပြောကြားထားပုံကို အသံဖိုင်တစ်ခုတွင် ကြားရပုံမှာ “လက်ရှိ ကျွန်တော်တို့ ရောက်နေတဲ့ အခြေအနေက - ဒီသတင်းတွေကို နိုင်ငံပိုင် CCTV သတင်းဌာနမှ မဖော်ပြမီ ၁၅ မိနစ် ကြိုတင်ပြီး ပေးခဲ့ပါတယ်” ဟု ဆိုသည်။

ကပ်ရောဂါပေါ်ပေါက်မှုတွင် တရုတ်နိုင်ငံ၏ ကိုင်တွယ်ပုံများကို နိုင်ငံတကာက စူးစမ်းလေ့လာမှုများ ပြုလာကာ ဗိုင်းရပ်စ်ပေါ်ပေါက်ပုံ ရင်းမြစ် စုံစမ်းဖော်ထုတ်ရန် ကြိုးပမ်းမှုများ ပြုလုပ်လာချိန်တွင် ယခုသတင်းများ ပေါ်ထွက်လာခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာပေါ်တွင် လူပေါင်း ၆ သန်းကျော် ကူးစက်ထားပြီး ၃၇၅၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။

တရုတ်နိုင်ငံအပေါ် တညီတညွှတ်တည်း ချီးမွမ်းမှုများ ပြုလုပ်နေခဲ့သည့် WHO မှာ ဝေဖန်မှုများ ရင်ဆိုင်ရလျက်ရှိသည်။

WHO အကြီးအကဲတစ်ဦးဖြစ်သူ Tedros Adhanom Ghebreyesus သည် တရုတ်နိုင်ငံအပေါ် ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကို ကိုင်တွယ်ရာတွင် လျင်လျင်မြန်မြန် ဖိဖိစီးစီးကိုင်တွယ်စီမံခဲ့မှုများအတွက် ချီးကျူးထားသည်။

ယခုပေါ်ပေါက်လာသော အသံဖိုင်များနှင့် စပ်လျဉ်းပြီး တရုတ်အခြေစိုက် WHO ရုံးကမူ မှတ်ချက်တစုံတရာ ပေးခြင်းမရှိသေးချေ။

WHO ၏ အရေးပေါ်ကိစ္စရပ်များဆိုင်ရာ အကြီးအကဲ Michael Ryan က ဇန်နဝါရီလ အစောပိုင်းတွင် ပြောကြားခဲ့ရာ၌ ၂၀၀၂ ခုနှစ်က ပေါ်ပေါက်ခဲ့သော ဆားစ်ရောဂါကဲ့သို့ တကျော့ပြန်ဖြစ်လာမည်ကို စိုးရိမ်ကြောင်း၊ ဆားစ်ရောဂါပေါ်ပေါက်စဉ်က တရုတ်အရာရှိများက ဖုံးကွယ်မှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားသည်။

“ဒါက တပုံစံတည်းလို ဖြစ်လာနေတာပါပဲ။ ဘာတွေဖြစ်နေလဲဆိုတာ တရုတ်နိုင်ငံဆီကနေ update သတင်းတွေရဖို့ မဆုံးနိုင်အောင် ကြိုးပမ်းအားထုတ်နေရတယ်”

Ryan က တရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းများအတွက် ဝေဖန်ခဲ့ပြီး တရုတ်နိုင်ငံအပေါ် ပိုမိုဖိအားပေးရန် အကြံပြုခဲ့သည်။

“ကွန်ဂိုမှာဆိုရင် ဒါမျိုးဖြစ်လိမ့်မှာမဟုတ်သလို ကွန်ဂိုနဲ့ တခြားနေရာတွေမှာလည်း ဒါမျိုးမဖြစ်ခဲ့ပါဘူး” ဟု ၎င်းက ကွန်ဂိုတွင် အီဘိုလာ ဗိုင်းရပ်စ် ပေါ်ပေါက်ခဲ့ပုံဖြစ်ရပ်ကို ရည်ညွှန်းပြောကြားသည်။

ဇန်နဝါရီလ ၉ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်သစ်တစ်မျိုး ပေါ်ပေါက်နေကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာနက ကြေညာခဲ့သော်လည်း ကူးစက်တတ်ခြင်းမရှိကြောင်း ထုတ်ပြန်ခဲ့သည်။

နောက် ၂ ပတ်အကြာတွင်ကား ကိုရိုနာဗိုင်းရပ်စ်သည် ကူးစက်တတ်ကြောင်း ဝန်ခံခဲ့ပြီး ထိုအချိန်တွင်ကား ဝူဟန်မြို့တွင်းရှိ ဆေးရုံများတွင် လူနာများဖြင့် ပြည့်နှက်သွားခဲ့ပြီ ဖြစ်သည်။

ဇန်နဝါရီလ ၂၃ ရက်တွင် ဝူဟန်ကို lockdown ချလိုက်သော်လည်း လူပေါင်း ၅ သန်းခန့်မှာ ဝူဟန်မြို့တွင်းမှ ထွက်ခွာသွားကြပြီဖြစ်ကာ တရုတ်နိုင်ငံတစ်ဝန်းနှင့် ကမ္ဘာအနှံ့သို့ ခရီးများထွက်ခွာသွားကြပြီ ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China withheld data on coronavirus from WHO, recordings reveal (The Guardian)

[Zawgyi]

ကိုရိုနာဗိုင္းရပ္စ္ပ်ံ ႔ပြားမႈအခ်က္အလက္မ်ားကို တရုတ္ႏိုင္ငံက ထိမ္ခ်န္ခဲ့ေၾကာင္း WHO အဖြဲ႔ၾကီးအတြင္း ေျပာၾကားခဲ့ပံုမ်ားကို မွတ္တမ္းတင္ထားသည့္ အသံဖိုင္အား ေအပီသတင္းဌာနက ရရွိ

ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီး (WHO) သည္ ကိုရိုနာဗိုင္းရပ္စ္ပ်ံ ႔ပြားမႈ အေစာပိုင္းကာလမ်ားတြင္ တရုတ္ႏိုင္ငံထံမွ လိုအပ္ေသာ သတင္းအခ်က္အလက္ရရွိႏိုင္ရန္ ရုန္းကန္ခဲ့ရေၾကာင္း အတြင္းစည္းမွ အစည္းအေဝးအသံဖိုင္မ်ားအရ ေပၚေပါက္လာရာ တရုတ္ႏိုင္ငံ၏ ကိုရိုနာဗိုင္းရပ္စ္အေပၚ စီမံကိုင္တြယ္ပံုမ်ားကို WHO က အမ်ားသိေအာင္ခ်ီးက်ဴးခဲ့မႈႏွင့္ ေသြဖည္ေနသည္။

အဆိုပါ အသံဖိုင္မ်ားကို ေအပီ (AP) သတင္းဌာနက ရရွိခဲ့ျခင္းျဖစ္ျပီး အသံဖုိင္တြင္ ေျပာၾကားခ်က္မ်ားအရ ဇန္နဝါရီလ ၆ ရက္တြင္ ျပဳလုပ္ေသာ WHO အစည္းအေဝး၌ ဗိုင္းရပ္စ္၏ အႏၱရာယ္ကို ခန္႔မွန္းတြက္ခ်က္ကာ ကမၻာကို တင္ျပရန္အတြက္ လိုအပ္ေသာ အခ်က္အလက္မ်ားအား တရုတ္ႏိုင္ငံက ေပးအပ္ျခင္းမရွိေၾကာင္း WHO အရာရွိတို႔က တင္ျပခဲ့ၾကျခင္း ျဖစ္သည္။

“ကၽြန္ေတာ္တို႔ဟာ အခ်က္အလက္အလြန္နည္းပါးစြာနဲ႔ အလုပ္လုပ္ခဲ့ရပါတယ္။ သင့္ေတာ္တဲ့ စီမံကိန္းခ်ဖို႔အတြက္ ဒါက မလံုေလာက္ပါဘူး” ဟု WHO မွ covid-19 နည္းပညာပိုင္းဦးေဆာင္သူ ကပ္ေရာဂါပညာရွင္ Maria Van Kerkhove က ေျပာၾကားသည္။

တရုတ္အေျခစိုက္ WHO ၏ အရာရွိတစ္ဦးျဖစ္သူ Gauden Galea က ေျပာၾကားထားပံုကို အသံဖိုင္တစ္ခုတြင္ ၾကားရပံုမွာ “လက္ရွိ ကၽြန္ေတာ္တို႔ ေရာက္ေနတဲ့ အေျခအေနက - ဒီသတင္းေတြကို ႏိုင္ငံပိုင္ CCTV သတင္းဌာနမွ မေဖာ္ျပမီ ၁၅ မိနစ္ ၾကိဳတင္ျပီး ေပးခဲ့ပါတယ္” ဟု ဆိုသည္။

ကပ္ေရာဂါေပၚေပါက္မႈတြင္ တရုတ္ႏိုင္ငံ၏ ကိုင္တြယ္ပံုမ်ားကို ႏိုင္ငံတကာက စူးစမ္းေလ့လာမႈမ်ား ျပဳလာကာ ဗိုင္းရပ္စ္ေပၚေပါက္ပံု ရင္းျမစ္ စံုစမ္းေဖာ္ထုတ္ရန္ ၾကိဳးပမ္းမႈမ်ား ျပဳလုပ္လာခ်ိန္တြင္ ယခုသတင္းမ်ား ေပၚထြက္လာျခင္းျဖစ္သည္။

ကိုရိုနာဗိုင္းရပ္စ္သည္ ကမၻာေပၚတြင္ လူေပါင္း ၆ သန္းေက်ာ္ ကူးစက္ထားျပီး ၃၇၅၀၀၀ ေက်ာ္ ေသဆံုးခဲ့ျပီး ျဖစ္သည္။

တရုတ္ႏိုင္ငံအေပၚ တညီတညႊတ္တည္း ခ်ီးမြမ္းမႈမ်ား ျပဳလုပ္ေနခဲ့သည့္ WHO မွာ ေဝဖန္မႈမ်ား ရင္ဆိုင္ရလ်က္ရွိသည္။

WHO အၾကီးအကဲတစ္ဦးျဖစ္သူ Tedros Adhanom Ghebreyesus သည္ တရုတ္ႏိုင္ငံအေပၚ ကိုရိုနာဗိုင္းရပ္စ္ပ်ံ ႔ပြားမႈကို ကိုင္တြယ္ရာတြင္ လ်င္လ်င္ျမန္ျမန္ ဖိဖိစီးစီးကိုင္တြယ္စီမံခဲ့မႈမ်ားအတြက္ ခ်ီးက်ဴးထားသည္။

ယခုေပၚေပါက္လာေသာ အသံဖိုင္မ်ားႏွင့္ စပ္လ်ဥ္းျပီး တရုတ္အေျခစိုက္ WHO ရံုးကမူ မွတ္ခ်က္တစံုတရာ ေပးျခင္းမရွိေသးေခ်။

WHO ၏ အေရးေပၚကိစၥရပ္မ်ားဆိုင္ရာ အၾကီးအကဲ Michael Ryan က ဇန္နဝါရီလ အေစာပိုင္းတြင္ ေျပာၾကားခဲ့ရာ၌ ၂၀၀၂ ခုႏွစ္က ေပၚေပါက္ခဲ့ေသာ ဆားစ္ေရာဂါကဲ့သို႔ တေက်ာ့ျပန္ျဖစ္လာမည္ကို စိုးရိမ္ေၾကာင္း၊ ဆားစ္ေရာဂါေပၚေပါက္စဥ္က တရုတ္အရာရွိမ်ားက ဖံုးကြယ္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း ေျပာၾကားသည္။

“ဒါက တပံုစံတည္းလို ျဖစ္လာေနတာပါပဲ။ ဘာေတြျဖစ္ေနလဲဆိုတာ တရုတ္ႏိုင္ငံဆီကေန update သတင္းေတြရဖို႔ မဆံုးႏိုင္ေအာင္ ၾကိဳးပမ္းအားထုတ္ေနရတယ္”

Ryan က တရုတ္ႏိုင္ငံ၏ ပူးေပါင္းေဆာင္ရြက္မႈ မရွိျခင္းမ်ားအတြက္ ေဝဖန္ခဲ့ျပီး တရုတ္ႏိုင္ငံအေပၚ ပိုမိုဖိအားေပးရန္ အၾကံျပဳခဲ့သည္။

“ကြန္ဂိုမွာဆိုရင္ ဒါမ်ဳိးျဖစ္လိမ့္မွာမဟုတ္သလို ကြန္ဂိုနဲ႔ တျခားေနရာေတြမွာလည္း ဒါမ်ဳိးမျဖစ္ခဲ့ပါဘူး” ဟု ၎က ကြန္ဂိုတြင္ အီဘိုလာ ဗိုင္းရပ္စ္ ေပၚေပါက္ခဲ့ပံုျဖစ္ရပ္ကို ရည္ညႊန္းေျပာၾကားသည္။

ဇန္နဝါရီလ ၉ ရက္တြင္ ကိုရိုနာဗိုင္းရပ္စ္သစ္တစ္မ်ဳိး ေပၚေပါက္ေနေၾကာင္း တရုတ္ႏိုင္ငံပိုင္သတင္းဌာနက ေၾကညာခဲ့ေသာ္လည္း ကူးစက္တတ္ျခင္းမရွိေၾကာင္း ထုတ္ျပန္ခဲ့သည္။

ေနာက္ ၂ ပတ္အၾကာတြင္ကား ကိုရိုနာဗိုင္းရပ္စ္သည္ ကူးစက္တတ္ေၾကာင္း ဝန္ခံခဲ့ျပီး ထိုအခ်ိန္တြင္ကား ဝူဟန္ျမိဳ ႔တြင္းရွိ ေဆးရံုမ်ားတြင္ လူနာမ်ားျဖင့္ ျပည့္ႏွက္သြားခဲ့ျပီ ျဖစ္သည္။

ဇန္နဝါရီလ ၂၃ ရက္တြင္ ဝူဟန္ကို lockdown ခ်လိုက္ေသာ္လည္း လူေပါင္း ၅ သန္းခန္႔မွာ ဝူဟန္ျမိဳ႕တြင္းမွ ထြက္ခြာသြားၾကျပီျဖစ္ကာ တရုတ္ႏိုင္ငံတစ္ဝန္းႏွင့္ ကမၻာအႏွံ႔သို႔ ခရီးမ်ားထြက္ခြာသြားၾကျပီ ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: China withheld data on coronavirus from WHO, recordings reveal (The Guardian)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service