ရုရှားတွင် ပူအိုက်သောကြောင့်ဟုဆိုကာ ထွင်းဖောက်မြင်နေရသော PPE ဝတ်စုံအောက်တွင် အတွင်းခံဘောင်းဘီနှင့် ဘော်လီသာ ဝတ်ဆင်ကာ တာဝန်ထမ်းဆောင်သော သူနာပြုဆရာမ အရေးယူခံရ
ရုရှားတွင် ပူအိုက်သောကြောင့်ဟုဆိုကာ ထွင်းဖောက်မြင်နေရသော PPE ဝတ်စုံအောက်တွင် အတွင်းခံဘောင်းဘီနှင့် ဘော်လီသာ ဝတ်ဆင်ကာ တာဝန်ထမ်းဆောင်သော သူနာပြုဆရာမ အရေးယူခံရ - Property News in Myanmar from iMyanmarHouse.com
21 May 2020 2:13 pm တွင် တင်ခဲ့သည်
30333 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ရုရှားနိုင်ငံတွင် သူနာပြုဆရာမတစ်ဦးသည် ပူအိုက်သောကြောင့်ဟုဆိုကာ ထွင်းဖောက်မြင်နေရသော PPE ဝတ်စုံအောက်တွင် အတွင်းခံဘောင်းဘီနှင့် ဘော်လီသာ ဝတ်ဆင်ကာ အမျိုးသားဆေးကုသဆောင်တွင် တာဝန်ထမ်းဆောင်ခဲ့သောကြောင့် အရေးယူခံ လိုက်ရသည်။
ဆေးရုံတည်နေရာမှာ မော်စကိုမြို့တော်၏ တောင်ဘက် မိုင် ၁၀၀ ခန့်အကွာရှိ Tula မြို့တွင် တည်ရှိသည်။
အမျိုးသားလူနာတစ်ဦးက အဆိုပါသူနာပြုကို ဓာတ်ပုံရိုက်ကာ အွန်လိုင်းတွင် တင်ခဲ့ရာ ဟိုးလေးတကြော်ဖြစ်သွားခဲ့သည်။
ဆေးရုံအကြီးအကဲတို့က အဆိုပါသူနာပြုအား ဆေးဘက်ဝတ်စုံ စည်းမျဉ်းသတ်မှတ်ချက်များကို မလိုက်နာသောကြောင့် အရေးယူအပြစ်ပေးခဲ့သည်။
အမည်မသိရသော အဆိုပါသူနာပြုသည် အသက် ၂၀ ဝန်းကျင်ရှိပြီး အလွန်ပူအိုက်လှသောကြောင့် PPE ဝတ်စုံအောက်တွင် သူနာပြုဝတ်စုံကို မဝတ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သူမက ပြောကြားသည်။
အဆိုပါ PPE ဝတ်စုံကို ဝတ်ဆင်ပြီး ကိုရိုနာဗိုင်းရပ်စ်လူနာများကို ကုသမှုပေးခဲ့ရာတွင် ဝတ်စုံမှာ ထွင်းဖောက်မြင်နေရသည်ကို သတိမထားမိခဲ့ကြောင်း သူနာပြုက Tula Regional Clinical Hospital မှ မန်နေဂျာများကို ပြောကြားသည်။
ဒေသဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ရာတွင် ယူနီဖောင်းစည်းမျဉ်းမလိုက်နာသည့် ကူးစက်ရောဂါဌာန သူနာပြုကို စည်းမျဉ်းထိန်းသိမ်းရေးအရ အရေးယူခဲ့ကြောင်း ထုတ်ပြန်သည်။
သူမ၏ အကြီးအကဲတို့ မူလက ပြောကြားရာတွင် အတွင်းခံများသာ ဝတ်ဆင်ထားခဲ့သည်ဟု ပြောခဲ့သော်လည်း နောက်ပိုင်းတွင်မူ PPE အောက်တွင် ရေကူးဝတ်စုံဝတ်ဆင်ထားသည်ဟု ပြောကြားခဲ့သည်။
အဆိုပါသူနာပြုသည် ယခုကိစ္စနှင့်စပ်လျဉ်းပြီး အများပြည်သူသို့ ထုတ်ပြန်ပြောကြားချက် တစုံတရာ မရှိခဲ့ရာ မည်သို့အရေးယူခံခဲ့ရသည် ကိုမူ မသိရှိရချေ။
လူနာတစ်ဦးက ပြောကြားရာတွင် အဆိုပါသူနာပြု၏ ဝတ်ဆင်ထားပုံနှင့် စပ်လျဉ်းပြီး အမျိုးသားလူနာများက ကန့်ကွက်မှု တစုံတရာ မရှိခဲ့ကြောင်း ပြောကြားသည်။
Tula News သတင်းဌာန၏ ဖော်ပြချက်ကို ဖတ်ရှုရသူတစ်ဦးက မှတ်ချက်ပေးရာတွင် လူတိုင်းက သူမအား အပြစ်တင်နေကြကြောင်း၊ သို့သော် အလွန်ပူအိုက်လှသောကြောင့် ထိုသို့ဝတ်ဆင်ရခြင်းဖြစ်သည်ကို မည်သူကမျှ ဂရုမထားကြကြောင်း ပြောကြားသည်။
အမျိုးသမီးတစ်ဦးဖြစ်သူ Marina Astakhova က ပြောကြားရာတွင် သူနာပြု၏လုပ်ဆောင်ချက် ကောင်းမွန်ကြောင်း၊ လူနာများကို စိတ်ဓာတ်တက်ကြွအောင် လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း ပြောကြားသည်။
Valery Kapnin ဆိုသူက မှတ်ချက်ပြုရာတွင် “ဘာလို့ သူ့ကို အပြစ်ပေးရတာလဲ။ ဆုတောင် ချီးမြှင့်ရမှာ” ဟု ဆိုသည်။
အင်္ဂါနေ့အချက်အလက်များအရ ရုရှားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၉၉၉၄၁ ဦးရှိပြီး သေဆုံးသူ ၂၈၃၇ ဦးရှိသည်။
 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Nurse who only wore underwear under transparent PPE gown on male hospital ward in Russia because she was 'too hot' is disciplined (but the patients don't seem upset!) (Daily Mail)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Mingalar Market
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service