ကိုရိုနာဗိုင်းရပ်စ်သည် ဝူဟန်ဈေးရှိ တိရိ စ္ဆာန်များမှ လာခြင်းမဟုတ်ဘဲ ရောဂါကူးစက်ခံထားရသူတစ်ဦးက ဈေးနေရာသို့ ရောဂါသယ်ဆောင်လာခြင်းဖြစ်ကြောင်း သိပ္ပံလေ့လာချက်တွင် တွေ့ရှိ
ကိုရိုနာဗိုင်းရပ်စ်သည် ဝူဟန်ဈေးရှိ တိရိ စ္ဆာန်များမှ လာခြင်းမဟုတ်ဘဲ ရောဂါကူးစက်ခံထားရသူတစ်ဦးက ဈေးနေရာသို့ ရောဂါသယ်ဆောင်လာခြင်းဖြစ်ကြောင်း သိပ္ပံလေ့လာချက်တွင် တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
20 May 2020 1:26 pm တွင် တင်ခဲ့သည်
27989 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
တရုတ်နိုင်ငံက ပြောကြားထားသည်မှာ ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ၊ ဝူဟန်မြို့ရှိ တောကောင်ဈေး၏ တောကောင်များမှ စတင်ခြင်း ဖြစ်ကြောင်း ပြောကြားထားသော်လည်း သိပ္ပံလေ့လာချက်တစ်ခု၏ ရလဒ်များတွင်မူ ရောဂါကူးစက်ခြင်းခံထားရသူတစ်ဦးက ဝူဟန်ဈေးနေရာသို့ ရောဂါသယ်ဆောင်လာခြင်းသာဖြစ်ကြောင်း ဖော်ပြသည်။
ကိုရိုနာဗိုင်းရပ်စ်သည် လူသားတို့တွင် ကူးစက်စေရန် ကြိုတင်ဗီဇပြောင်းလဲမှုများ ပြုလုပ်ပြီးဖြစ်သည်ကို သိပ္ပံပညာရှင်တို့ အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရသည်။
ယခင်က ပေါ်ပေါက်ခဲ့ကာ ကမ္ဘာတစ်ဝန်းလျင်မြန်စွာ ပျံ့ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်မျိုးများ (Sars, Mers) နှင့် ကွဲပြားနေသည်ကိုလည်း တွေ့ရသည်။
ကိုရိုနာဗိုင်းရပ်စ်စတင်ပေါ်ပေါက်ပုံကို စုံစမ်းရန် ကမ္ဘာလုံးဆိုင်ရာကြိုးပမ်းမှုများကို တရုတ်နိုင်ငံက ပယ်ချနေချိန်တွင် ယခုတွေ့ရှိမှု ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။
ယခုသတင်းက တရုတ်အစိုးရ၏ ဖုံးကွယ်ထိန်ချန်မှုများအပေါ် ရတက်မအေးမှုများ မြင့်တက်လာစေခဲ့သည်။
လက်ရှိ ရရှိနိုင်သော မျိုးဗီဇအချက်အလက်များအရ ကိုရိုနာဗိုင်းရပ်စ်သည် ဝူဟန်ဈေးတွင် မျိုးစိတ်များအကြားဖြတ်သန်းကူးစက်မှု (တိရ စ္ဆာန်နှင့်လူ) အဖြစ် ညွှန်ပြခြင်းမရှိကြောင်း မော်လီကျူးဇီဝဗေဒပညာရှင် Alina Chan နှင့် ဖြစ်ပေါ်ပြောင်းလဲမှုဆိုင်ရာ ဇီဝဗေဒ ပညာရှင် Shing Zhan တို့က ပြောကြားသည်။
ယခုလေ့လာမှုအရ ဗိုင်းရပ်စ်သည် ဝူဟန်ရှိ ဓာတ်ခွဲခန်းတစ်ခုမှ လွတ်ထွက်သွားခြင်းဖြစ်နိုင်ကြောင်း ဖြစ်နိုင်ချေကို မြင့်တက်လာစေသည်။ ဝူဟန်ရှိ ဓာတ်ခွဲခန်းတစ်ခုသည် လင်းနို့များတွင် ကိုရိုနာဗိုင်းရပ်စ်ကဲ့သို့ ရောဂါပိုးများကို လေ့လာနေသည်ဟု သိရှိထားသော ဓာတ်ခွဲခန်း ဖြစ်သည်။
ယခုလေ့လာမှုကို ဇီဝဗေဒပညာရှင်များဖြစ်သော Broad Institute မှ Yujia Alina Chan နှင့် Benjamin Deverman တို့က University of British Columbia မှ Shing Hei Zhan နှင့်အတူ ပူးတွဲပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယခုလေ့လာမှုတွင် ကိုရိုနာဗိုင်းရပ်စ်လူနာများထံမှ မျိုးဗီဇနမူနာများကို ယခင်ပေါ်ပေါက်ဖူးသည့် ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးဖြစ်သော ၂၀၀၂-၀၄ ဆားစ်ရောဂါမှ မျိုးဗီဇနှင့် နှိုင်းယှဉ်ကြည့်ခဲ့ကြသည်။ ဆားစ်ရောဂါသည်လည်း လင်းနို့်မှ လူသားများသို့ ကူးစက်ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့၏ သုတေသနစာတမ်းတွင် ရေးသားထားသည်မှာ ယခုကိုရိုနာဗိုင်းရပ်စ်သည် SARSCoV (သို့မဟုတ်) ၂၀၀၃ ကပ်ရောဂါမှ နောက်ဆုံးအဆင့်နှင့် တူညီနေကြောင်း တွေ့ခဲ့ရသည်ဟု ဆိုသည်။
သို့သော် အဆိုပါတူညီမှုက ၎င်းတို့ကို သံသယဖြစ်စေခဲ့ပြီး ဆားစ်ရောဂါပေါ်ပေါက်စဉ်ကလည်း ကမ္ဘာတစ်ဝန်း ပျံ့နှံ့ခဲ့သော်လည်း ယခုကိုရိုနာဗိုင်းရပ်စ်မှာမူ လူသားတို့တွင် ကူးစက်ရန်အတွက် ကြိုတင်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ထားဟန်ရကာ ကြီးမားသည့် ကူးစက်မှုများ ဖြစ်စေနိုင်သည့်ပုံသဏ္ဍာန်ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
၎င်းတို့က ဝူဟန်ဈေးနှင့် ဝူဟန်ရှိ လူနာတစ်ဦးတို့ထံမှ ပြီးခဲ့သော ဒီဇင်ဘာလတွင် ရယူထားခဲ့သော ဗိုင်းရပ်နမူနာ ၄ ခုကိုလည်း မျိုးဗီဇ စစ်ဆေးခဲ့ကြသည်။
ယင်းနမူနာများအနက် ၂ ခုမှာ ၉၉ ဒသမ ၉ ရာခိုင်နှုန်း တူညီနေသည်ကိုတွေ့ရရာ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) သည် အဆိုပါဈေးသို့ လူသားများက သယ်ဆောင်လာခြင်းဖြစ်သည်ဟူသော သီအိုရီကို စတင်ပေါ်ပေါက်စေသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: 'Coronavirus did NOT come from animals in Wuhan market': Landmark study suggests it was taken into the area by someone already infected - as Beijing thwarts efforts to establish source of Covid-19 ( Daily Mail, The Sun)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ERC Luxury Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service