အီတလီတွင် တရားမဝင်ရောက်ရှိနေသော ရွှေ့ပြောင်းလုပ်သား ၆၀၀၀၀၀ ခန့်မှာ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ခြင်းနှင့် သီးနှံရိတ်သိမ်းခြင်းတု့ိတွင် အကူအညီပေးမည်ဆိုပါက အီတလီတွင် နေထိုင်ခွင့်ပေးမည်
အီတလီတွင် တရားမဝင်ရောက်ရှိနေသော ရွှေ့ပြောင်းလုပ်သား ၆၀၀၀၀၀ ခန့်မှာ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ခြင်းနှင့် သီးနှံရိတ်သိမ်းခြင်းတု့ိတွင် အကူအညီပေးမည်ဆိုပါက အီတလီတွင် နေထိုင်ခွင့်ပေးမည် - Property News in Myanmar from iMyanmarHouse.com
8 May 2020 12:30 pm တွင် တင်ခဲ့သည်
890 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အီတလီတွင် တရားမဝင်ရောက်ရှိနေသော ရွှေ့ပြောင်းလုပ်သား ၆၀၀၀၀၀ ခန့်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပျံ့ပွားမှုကာလအတွင်း သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ခြင်းနှင့် သီးနှံရိတ်သိမ်းခြင်းတု့ိတွင် အကူအညီပေးမည်ဆိုပါက အီတလီတွင် နေထိုင်ခွင့် ပေးအပ်သွားမည်ဖြစ်ကြောင်း အီတလီအစိုးရက ကြေညာလိုက်သည်။
အီတလီနိုင်ငံတဝန်းရှိ စိုက်ခင်းများတွင်လုပ်ကိုင်နေကြသော မှတ်ပုံတင်မထားသည့် ရွှေ့ပြောင်းလုပ်သားများသည် ရဲတပ်ဖွဲ့မှ တွေ့ရှိပါက ဖမ်းဆီးခံရမည့်အန္တရာယ်များ ရှိသည်။
“ကျွန်တော်တို့ရဲ့ စားပွဲပေါ်မှာရှိတဲ့ အစားအသောက်တွေဟာ ဒီစိုက်ခင်းတွေက လာတာပါ။ အခုအချိန်မှာ အဲဒီမှာအလုပ်လုပ်နေတဲ့ သူတွေကို ကျွန်တော်တို့အခုလို အခွင့်အရေးတွေ ပေးရမှာ ဖြစ်ပါတယ်” ဟု အီတလီတောင်ပိုင်းဝန်ကြီး Peppe Provenzano က ပြောကြားသည်။
ယခုခွင့်ပြုချက်သည် ၆ လ သက်တမ်းရှိမည်ဖြစ်ပြီး ထပ်မံသက်တမ်းတိုးနိုင်ခွင့်ပေးအပ်ထားကာ ဆန္ဒမဲပေးပိုင်ခွင့်ကား မရှိချေ။
ယခုကဲ့သို့ တရားမဝင်ရွှေ့ပြောင်းလုပ်သားများကို တရားဝင်နေထိုင်ခွင့်ပေးရန် အီတလီစိုက်ပျိုးရေးဝန်ကြီး Teresa Bellanova က အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ နေထိုင်ခွင့်ပေးအပ်ခြင်းကို အစိုးရက ထုတ်ပြန်မည့် ယာယီအမိန့်တစ်ရပ်တွင် ထည့်သွင်းသွားမည်ဖြစ်ပြီး ပါလီမန်တွင် မဲခွဲဆုံးဖြတ်ရဦးမည် ဖြစ်ကြောင်း တိုင်းမ်မဂ္ဂဇင်းတွင် ဖော်ပြသည်။
မစ္စ Bellanova က ပြောကြားရာတွင် ရွှေ့ပြောင်းလုပ်သားများကို ပုန်းအောင်းနေကြစေရန်သာ ဖိအားပေးမည်ဆိုပါက ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကြီးကိုလည်း မစစ်ဆေးနိုင်ဘဲ ရှိနေမည်ဖြစ်ကြောင်း ပြောကြားသည်။
ဥပမာအားဖြင့် Foggia အနီးမှ မြို့စွန်ရပ်ကွက်တစ်ခုသည် သစ်သီးခူးသူခြံလုပ်သား ၃၀၀၀ ခန့် ရှိနေသော နေရာတစ်ခုဖြစ်သော်လည်း အဆိုပါနေရာတွင် social distancing ၊ လက်သန့်ဆေးရည်နှင့် mask များ ရှိမနေချေ။
ပုပ်ရဟန်းမင်းကြီးကလည်း အီတလီရှိ စိုက်ခင်းများတွင်ရှိသော ရွှေ့ပြောင်းလုပ်သားများအပေါ် ကြမ်းတမ်းသည့် ခေါင်းပုံဖြတ်မှုများကို ရှုတ်ချကာ အလားတူသဘောထားမျိုးရှိနေကြောင်း ပြသခဲ့သည်။
“ဒီအကျပ်အတည်းကြီးကနေ လူတွေရဲ့ဂုဏ်သိက္ခာ၊ အလုပ်ရဲ့ဂုဏ်သိက္ခာကိုပေးမယ့် အခွင့်အလမ်းတစ်ခု ဖြစ်နိုင်ပါစေ” ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားသည်။
ယခုကဲ့သို့ နေထိုင်ခွင့်ပေးအပ်လိုက်ခြင်းကြောင့် လက်တွေ့အကျိုးရှိသွားစေမည့်အချက်များ ရှိသည်။ ရိုမေးနီးယား သစ်သီးခူးသူ ၁၀၀၀၀၀ ခန့်သည် အီတလီစိုက်ခင်းများတွင် လုပ်ကိုင်ရန် နှစ်စဉ်ရောက်ရှိလာလေ့ရှိသော်လည်း လက်ရှိအချိန်တွင်မူ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားလာခွင့်များ ပိတ်ပင်ထားသည့်အတွက် မလာနိုင်ကြချေ။
“လိုအပ်နေတဲ့ ကွက်လပ်ကို ဖြည့်တင်းဖို့အတွက် အိန္ဒိယ၊ ပါကစ္စတန်နဲ့ အာဖရိကတိုက်သားတွေကို အီတလီမှာ လိုအပ်ပါတယ်။ သူတို့ကို တရားဝင်ခွင့်ပြုပေးခြင်းအားဖြင့် ဒီကွက်လပ်ကို ဖြည့်တင်းပေးနိုင်မှာ ဖြစ်ပါတယ်” ဟု အစိုးရသတင်းရင်းမြစ်တစ်ခုက တိုင်းမ်မဂ္ဂဇင်းသို့ ပြောကြားသည်။
ယခုခွင့်ပြုချက်တွင် သက်ကြီးရွယ်အိုစောင့်ရှောက်သည့် အလုပ်များ လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သား ၁၀၀၀၀၀ ခန့်ကိုလည်း တရားဝင်ခွင့်ပြုပေးသွားမည် ဖြစ်သည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Italy will give 600,000 illegal migrants the right to stay after government said they proved essential caring for elderly and picking crops during coronavirus crisis(Daily Mail)
[Zawgyi]
အီတလီတွင် တရားမဝင်ရောက်ရှိနေသော ရွှေ့ ပြောင်းလုပ်သား ၆၀၀၀၀၀ ခန့်မှာ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ခြင်းနှင့် သီးနှံရိတ်သိမ်းခြင်းတို့တွင် အကူအညီပေးမည်ဆိုပါက အီတလီတွင် နေထိုင်ခွင့်ပေးမည်
အီတလီတွင် တရားမဝင်ရောက်ရှိနေသော ရွှေ့ ပြောင်းလုပ်သား ၆၀၀၀၀၀ ခန့်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပျံ့ ပွားမှုကာလအတွင်း သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ခြင်းနှင့် သီးနှံရိတ်သိမ်းခြင်းတို့တွင် အကူအညီပေးမည်ဆိုပါက အီတလီတွင် နေထိုင်ခွင့် ပေးအပ်သွားမည်ဖြစ်ကြောင်း အီတလီအစိုးရက ကြေညာလိုက်သည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
Mingalar Market
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service