အမျိုးသားများ၏ သုက်ရည်တွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိ
အမျိုးသားများ၏ သုက်ရည်တွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
8 May 2020 12:17 pm တွင် တင်ခဲ့သည်
7024 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
COVID-19 ခေါ် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါကို ဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်အသစ်သည် ၎င်းဗိုင်းရပ်စ်ကူးစက်ခံထားရသည့် အမျိုးသားများ ပြန်လည်ကောင်းမွန်လာပြီးသည့်တိုင် သူတို့၏သုက်ရည်တွင် ဆက်လက်ရှိနေနိုင်သည်ဟူသော တွေ့ရှိချက်တစ်ရပ်ကို တရုတ်သုတေသီများက ဧပြီ ၇ တွင် ကြေညာလိုက်သည်။
ယင်းတွေ့ရှိချက်က “ထိုဗိုင်းရပ်စ်သည် လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်နိုင်ခြေရှိမှု” ကို မြင့်တက်စေလိုက်ကြောင်း သိရသည်။
Shangqiu Municipal Hospital (ရှန်းချိုမြို့တော်ဆေးရုံ) ၏ အဖွဲ့တစ်ဖွဲ့က တရုတ်၌ ထိုကပ်ရောဂါအမြင့်မားဆုံးအချိန်ဖြစ်ခဲ့သည့် ဇန်နဝါရီနှင့် ဖေဖော်ဝါရီအကြား ထိုဆေးရုံတွင် ကုသမှုခံယူနေခဲ့သော အမျိုးသား ၃၈ ဦးကို စမ်းသပ်ခဲ့ကြသည်။
၎င်းအမျိုးသားများအနက် ၁၆ ရာခိုင်နှုန်းခန့်၏ သုက်ရည်များတွင် အဆိုပါကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ကြကြောင်း ထိုအဖွဲ့က JAMA Network Open ဂျာနယ်တွင် အစီရင်ခံတင်ပြခဲ့ကြသည်။ ထိုအမျိုးသား ၃၈ ဦး၏ လေးပုံတစ်ပုံခန့်သည် ရောဂါအခြေအနေပြင်းထန်ခဲ့ကြပြီး ၉ ရာခိုင်နှုန်းနီးပါးကသာ ပြန်လည်ကောင်းမွန်လာခဲ့ကြကြောင်းလည်း ထိုအဖွဲ့က တင်ပြခဲ့ကြသည်။
“SARS-CoV-2 (ကိုရိုနာဗိုင်းရပ်စ်အသစ်၏အမည်) ဟာ COVID-19 လူနာတွေရဲ့ သုက်ရည်မှာ ရှိနေနိုင်တာ၊ ပြန်ကောင်းလာတဲ့လူနာတွေရဲ့ သုက်ရည်မှာလည်း တွေ့ရှိရနိုင်သေးတာကို ကျွန်တော်တို့ တွေ့ရှိခဲ့ကြပါတယ်။” ဟု ‌တရုတ်စစ်တပ်၏ ပေကျင်းရှိ အထွေထွေရောဂါကု‌ဆေးရုံမှ ဆရာဝန်များက ရေးသားခဲ့ကြသည်။
“ကိုရိုနာဗိုင်းရပ်စ်ဟာ အမျိုးသားမျိုးပွားစနစ်ထဲမှာ ပုံတူမပွားနိုင်ပေမဲ့လည်း ရှိတာကတော့ ဆက်ရှိနေနိုင်ပါတယ်။ ဝှေးစေ့တွေရဲ့ ပင်ကိုယ်သဘောဖြစ်တဲ့ ခုခံအားနည်းမှုကြောင့် ဖြစ်နိုင်ပါတယ်။” ဟုလည်း ရေးသားခဲ့ကြသည်။
အဆိုပါတွေ့ရှိချက်သည် အံ့အားသင့်ဖွယ်တွေ့ရှိချက်တစ်ခု မဟုတ်ပေ။ ဗိုင်းရပ်စ်အတော်များများသည် အမျိုးသားများ၏မျိုးပွားစနစ်လမ်းကြောင်းတွင် အသက်ရှင်နိုင်ကြသည်။ အီဘိုလာနှင့် ဇီကာဗိုင်းရပ်စ်တို့ကိုလည်း အမျိုးသားလူနာတစ်ဦး ပြန်လည်ကောင်းမွန်လာပြီးနောက် လအတန်ကြာတွင် သုက်ရည်ထဲ ပျံ့နှံ့နေသည်ကို တွေ့ရှိခဲ့ကြသည်။
ကိုရိုနာဗိုင်းရပ်စ်သည်လည်း ဤသို့ပျံ့နှံ့နိုင်ခြင်း ရှိမရှိကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။ ဗိုင်းရပ်စ်ကို တွေ့ရသည်ဟုဆိုခြင်းမှာ ကူးစက်နိုင်သည်ဟုဆိုလိုခြင်း သေချာပေါက်မဟုတ်ပေ။
“SARS-CoV-2 ဟာ နောင်လုပ်မယ့်လေ့လာမှုတွေမှာ လိင်ဆက်ဆံရာကတစ်ဆင့်ကူးစက်နိုင်တာကို တွေ့ရတယ်ဆိုရင် လိင်ဆက်ဆံမှုမှတစ်ဆင့်ကူးစက်မှုဟာ ကူးစက်မှုကာကွယ်ရေးရဲ့ အရေးပါတဲ့အပိုင်းတစ်ပိုင်း ဖြစ်နိုင်ပါတယ်။” ဟုလည်း အဆိုပါအဖွဲ့က ရေးသားခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Coronavirus found in men's semen (CNN)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mingalar Market
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service