တရုတ်အစိုးရကို တရားစွဲရန် စီစဉ်သည့် ဟူပေ့ပြည်နယ်သား ကိုရိုနာဗိုင်းရပ်စ်လူနာအား ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးကာ လူအများအားလျှောက်မပြောရန် သတိပေး

တရုတ်အစိုးရကို တရားစွဲရန် စီစဉ်သည့် ဟူပေ့ပြည်နယ်သား ကိုရိုနာဗိုင်းရပ်စ်လူနာအား ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးကာ လူအများအားလျှောက်မပြောရန် သတိပေး - Property News in Myanmar from iMyanmarHouse.com
6 May 2020 11:56 am တွင် တင်ခဲ့သည်
3603 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ်အရေး ကိုင်တွယ်ရာတွင် လွဲမှားသည့်ခြေလှမ်းများ ဆောင်ရွက်ခဲ့မှုအပေါ် တရားစွဲဆိုရန် စီစဉ်သည့် နိုင်ငံသားများစွာကို အာဏာပိုင်တို့က ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိသည်။

ထိုသို့သော နိုင်ငံသားများအနက် ပြည်သူ့ဝန်ထမ်းတစ်ဦးဖြစ်သူ Tan Jun သည် တရုတ်အစိုးရကို ကိုရိုနာဗိုင်းရပ်စ် အရေးနှင့် စပ်လျဉ်းပြီး တရားစွဲရန်စီစဉ်သည့် ပထမဆုံးတစ်ဦးဖြစ်သည်။

၎င်းကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးပြီး ယခုအမှုအကြောင်း လူအများကိုလျှောက်မပြောရန် ခံဝန်ကတိပြုစေသည်ဟု ဆိုသည်။

Tan Jun က တရားစွဲခဲ့ခြင်းသည် တရုတ်ပြည်တွင် ပြည်နယ်အစိုးရကို ပထမဆုံးတရားစွဲဆိုသည့်အမှုတစ်ခုဖြစ်လာသည်။ Tan Jun က ဟူပေ့ပြည်နယ်အစိုးရကို ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များအား ယခင်ကမမြင်ဖူးခဲ့သည့် ဆုံးရှုံးနစ်နာစေမှုကြီး ဖြစ်ပေါ်စေမှုဖြင့် တရားစွဲခဲ့ခြင်း ဖြစ်သည်။

ဝူဟန်မြို့တွင်လည်း အရာရှိများ၏ ကိုရိုနာဗိုင်းရပ်စ်အရေးကိုင်တွယ်ပုံများကို ဝိုင်းဝန်းတိုင်ကြားရန် စီစဉ်ကြသည့် ဒေသခံများကို အာဏာပိုင်တို့က ခြိမ်းခြောက်ခြင်း၊ ရေငုံနှုတ်ပိတ်နေကြစေရန် ကြိုးပမ်းခြင်းတို့ လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။

Tun Jun က ဟူပေ့ပြည်နယ်၊ ယိချန်းခရိုင်တရားရုံးရှေ့တွင် ဓာတ်ပုံတစ်ပုံရိုက်ယူပြီး အစိုးရကို တရားစွဲရန် စီစဉ်ကြောင်းအွန်လိုင်းတွင် တင်ခဲ့ရာ များစွာပျံ့နှံ့သွားပြီး RFA သတင်းဌာနကလည်း အဆိုပါဓာတ်ပုံကို အွန်လိုင်းတွင် လွှင့်တင်ခဲ့ပြန်သည်။ Tun Jun သည် ကိုရိုနာဗိုင်းရပ်စ်စတင်ပျံ့ပွားရာ ဝူဟန်မြို့၏ အနောက်ဘက် မိုင် ၂၀၀ ခန့်အကွာတွင် တည်ရှိသော ယိချန်းမြို့တွင် နေထိုင်သူ ဖြစ်သည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့ကပ်ရောဂါကြီးကို ကိုင်တွယ်ခဲ့ပုံနှင့် စပ်လျဉ်းပြီး ကမ္ဘာ့ခေါင်းဆောင်များထံမှ ဝေဖန်မှုများစွာ ခံနေရသည်။

တရုတ်ပြည်တွင်းတွင်ကား အစိုးရ၏ ကိုင်တွယ်ပုံကို ဝေဖန်မိသည့် တက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များနှင့် သာမန် အင်တာနက် အသုံးပြုသူများစွာမှာ ထိုသို့ ဝေဖန်ပြီးနောက် ပျောက်ဆုံးသွားကြသည်ဟု ဆိုသည်။

ဝူဟန်မြို့တွင် အစိုးရကို တရားစွဲရန် စီစဉ်သည့် ဒေသခံ ၇ ဦးရှိခဲ့ကြောင်း နယူးယောက်တိုင်းမ်သတင်းစာတွင် ဖော်ပြသည်။

အဆိုပါ ဒေသခံများသည် covid-19 ကူးစက်ခံရသူ (သို့မဟုတ်) ဗိုင်းရပ်စ်ကြောင့် မိသားစုဝင်များ ဆုံးရှုံးခဲ့ရသူများဖြစ်သည်။

တရုတ်အစိုးရမူ အဆိုပါအမှုများနှင့်စပ်လျဉ်းပြီး အကူအညီမပေးရန် ရှေ့နေများကို သတိပေးထားသည်ဟု ဆိုသည်။

“ပြည်သူတွေက သူတို့ရဲ့ အခွင့်အရေးတွေကို ကာကွယ်ခုခံလာမယ်ဆိုရင် ဝူဟန်မှာ တကယ့်အခြေအနေဘယ်လိုရှိတယ်ဆိုတာရယ် အဲဒီကမိသားစုတွေရဲ့ တကယ့်ရင်ဆိုင်နေရတဲ့ အတွေ့အကြုံတွေကို ကမ္ဘာ့အသိုင်းအဝိုင်းက သိသွားမှာကို သူတို့က စိုးရိမ်နေကြပါတယ်” ဟု အဆိုပါမိသားစုများအား ဥပဒေရေးအကြံပေးနေသူ Yang Zhanqing က နယူးယောက်တိုင်းမ်သတင်းစာသို့ ပြောကြားသည်။

နယူးယောက်မြို့တွင် အခြေစိုက်နေထိုင်သူ မစ္စတာ Yang က ပြောကြားရာတွင် အဆိုပါတရားစွဲမည့်သူများအနက် ၂ ဦးခန့်မှာ အာဏာပိုင်တို့၏ ခြိမ်းခြောက်မှုများကြောင့် တရားစွဲမည့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြကြောင်း ပြောကြားသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China 'harasses, threatens and silences' Hubei COVID-19 survivors who plan to sue the government over its 'mishandling' of coronavirus outbreak (Daily Mail)

 

[Zawgyi]

တရုတ္အစိုးရကို တရားစြဲရန္ စီစဥ္သည့္ ဟူေပ့ျပည္နယ္သား ကိုရိုနာဗိုင္းရပ္စ္လူနာအား ရဲတပ္ဖြဲ႔က ေခၚယူစစ္ေဆးကာ လူအမ်ားအားေလွ်ာက္မေျပာရန္ သတိေပး

တရုတ္အစိုးရ၏ ကိုရိုနာဗိုင္းရပ္စ္အေရး ကိုင္တြယ္ရာတြင္ လြဲမွားသည့္ေျခလွမ္းမ်ား ေဆာင္ရြက္ခဲ့မႈအေပၚ တရားစြဲဆိုရန္ စီစဥ္သည့္ ႏိုင္ငံသားမ်ားစြာကို အာဏာပိုင္တို႔က ျခိမ္းေျခာက္မႈမ်ား ျပဳလုပ္လ်က္ရွိသည္။

ထိုသို႔ေသာ ႏိုင္ငံသားမ်ားအနက္ ျပည္သူ႔ဝန္ထမ္းတစ္ဦးျဖစ္သူ Tan Jun သည္ တရုတ္အစိုးရကို ကိုရိုနာဗိုင္းရပ္စ္ အေရးႏွင့္ စပ္လ်ဥ္းျပီး တရားစြဲရန္စီစဥ္သည့္ ပထမဆံုးတစ္ဦးျဖစ္သည္။

၎ကို ရဲတပ္ဖြဲ႔က ေခၚယူစစ္ေဆးျပီး ယခုအမႈအေၾကာင္း လူအမ်ားကိုေလွ်ာက္မေျပာရန္ ခံဝန္ကတိျပဳေစသည္ဟု ဆိုသည္။

Tan Jun က တရားစြဲခဲ့ျခင္းသည္ တရုတ္ျပည္တြင္ ျပည္နယ္အစိုးရကို ပထမဆံုးတရားစြဲဆိုသည့္အမႈတစ္ခုျဖစ္လာသည္။ Tan Jun က ဟူေပ့ျပည္နယ္အစိုးရကို ျပည္သူမ်ား၏ အသက္အိုးအိမ္စည္းစိမ္မ်ားအား ယခင္ကမျမင္ဖူးခဲ့သည့္ ဆံုးရံႈးနစ္နာေစမႈၾကီး ျဖစ္ေပၚေစမႈျဖင့္ တရားစြဲခဲ့ျခင္း ျဖစ္သည္။

ဝူဟန္ျမိဳ ႔တြင္လည္း အရာရွိမ်ား၏ ကိုရိုနာဗိုင္းရပ္စ္အေရးကိုင္တြယ္ပံုမ်ားကို ဝိုင္းဝန္းတိုင္ၾကားရန္ စီစဥ္ၾကသည့္ ေဒသခံမ်ားကို အာဏာပိုင္တို႔က ျခိမ္းေျခာက္ျခင္း၊ ေရငံုႏႈတ္ပိတ္ေနၾကေစရန္ ၾကိဳးပမ္းျခင္းတို႔ လုပ္ေဆာင္လ်က္ရွိသည္ဟု ဆိုသည္။

Tun Jun က ဟူေပ့ျပည္နယ္၊ ယိခ်န္းခရိုင္တရားရံုးေရွ ႔တြင္ ဓာတ္ပံုတစ္ပံုရိုက္ယူျပီး အစိုးရကို တရားစြဲရန္ စီစဥ္ေၾကာင္းအြန္လိုင္းတြင္ တင္ခဲ့ရာ မ်ားစြာပ်ံ ႔ႏွံ႔သြားျပီး RFA သတင္းဌာနကလည္း အဆိုပါဓာတ္ပံုကို အြန္လိုင္းတြင္ လႊင့္တင္ခဲ့ျပန္သည္။ Tun Jun သည္ ကိုရိုနာဗိုင္းရပ္စ္စတင္ပ်ံ ႔ပြားရာ ဝူဟန္ျမိဳ ႔၏ အေနာက္ဘက္ မိုင္ ၂၀၀ ခန္႔အကြာတြင္ တည္ရွိေသာ ယိခ်န္းျမိဳ ႔တြင္ ေနထိုင္သူ ျဖစ္သည္။

တရုတ္ႏိုင္ငံသည္ ကမၻာ့ကပ္ေရာဂါၾကီးကို ကိုင္တြယ္ခဲ့ပံုႏွင့္ စပ္လ်ဥ္းျပီး ကမၻာ့ေခါင္းေဆာင္မ်ားထံမွ ေဝဖန္မႈမ်ားစြာ ခံေနရသည္။

တရုတ္ျပည္တြင္းတြင္ကား အစိုးရ၏ ကိုင္တြယ္ပံုကို ေဝဖန္မိသည့္ တက္ၾကြလႈပ္ရွားသူမ်ား၊ သတင္းေထာက္မ်ားႏွင့္ သာမန္ အင္တာနက္ အသံုးျပဳသူမ်ားစြာမွာ ထိုသို႔ ေဝဖန္ျပီးေနာက္ ေပ်ာက္ဆံုးသြားၾကသည္ဟု ဆိုသည္။

ဝူဟန္ျမိဳ ႔တြင္ အစိုးရကို တရားစြဲရန္ စီစဥ္သည့္ ေဒသခံ ၇ ဦးရွိခဲ့ေၾကာင္း နယူးေယာက္တိုင္းမ္သတင္းစာတြင္ ေဖာ္ျပသည္။

အဆိုပါ ေဒသခံမ်ားသည္ covid-19 ကူးစက္ခံရသူ (သို႔မဟုတ္) ဗိုင္းရပ္စ္ေၾကာင့္ မိသားစုဝင္မ်ား ဆံုးရံႈးခဲ့ရသူမ်ားျဖစ္သည္။

တရုတ္အစိုးရမူ အဆုိပါအမႈမ်ားႏွင့္စပ္လ်ဥ္းျပီး အကူအညီမေပးရန္ ေရွ ႔ေနမ်ားကို သတိေပးထားသည္ဟု ဆိုသည္။

“ျပည္သူေတြက သူတို႔ရဲ ႔ အခြင့္အေရးေတြကို ကာကြယ္ခုခံလာမယ္ဆိုရင္ ဝူဟန္မွာ တကယ့္အေျခအေနဘယ္လိုရွိတယ္ဆိုတာရယ္ အဲဒီကမိသားစုေတြရဲ ႔ တကယ့္ရင္ဆိုင္ေနရတဲ့ အေတြ႔အၾကံဳေတြကို ကမၻာ့အသိုင္းအဝိုင္းက သိသြားမွာကို သူတုိ႔က စိုးရိမ္ေနၾကပါတယ္” ဟု အဆိုပါမိသားစုမ်ားအား ဥပေဒေရးအၾကံေပးေနသူ Yang Zhanqing က နယူးေယာက္တိုင္းမ္သတင္းစာသို႔ ေျပာၾကားသည္။

နယူးေယာက္ျမိဳ ႔တြင္ အေျခစိုက္ေနထိုင္သူ မစၥတာ Yang က ေျပာၾကားရာတြင္ အဆိုပါတရားစြဲမည့္သူမ်ားအနက္ ၂ ဦးခန္႔မွာ အာဏာပုိင္တို႔၏ ျခိမ္းေျခာက္မႈမ်ားေၾကာင့္ တရားစြဲမည့္အစီအစဥ္ကို ဖ်က္သိမ္းခဲ့ၾကေၾကာင္း ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: China 'harasses, threatens and silences' Hubei COVID-19 survivors who plan to sue the government over its 'mishandling' of coronavirus outbreak (Daily Mail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service