တရုတ်ဓာတ်ခွဲခန်းမှ COVID-19 စတင်ခဲ့သည့်သက်သေ တွေ့ထားကြောင်း ထရန့်ပြောကြား
တရုတ်ဓာတ်ခွဲခန်းမှ COVID-19 စတင်ခဲ့သည့်သက်သေ တွေ့ထားကြောင်း ထရန့်ပြောကြား - Property News in Myanmar from iMyanmarHouse.com
1 May 2020 11:14 am တွင် တင်ခဲ့သည်
3435 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကိုရိုနာဗိုင်းရပ်စ်အသစ်သည် တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ ဓာတ်ခွဲစမ်းသပ်ခန်းတစ်ခုမှ အစပြုခဲ့ကြောင်း သူ့အား အတော်လေးယုံကြည်စေသည့် သက်သေကို တွေ့ရှိထားကြောင်း နိုင်ငံ့စုံစမ်းထောက်လှမ်းရေးအသိုက်အဝန်းတစ်ခုလုံးသို့ ဧပြီ ၃၀ တွင် လူသိရှင်ကြား ပြောကြားလိုက်သည်။
သို့သော်လည်း ထိုသက်သေနှင့်ပတ်သက်၍ အသေးစိတ်ကိုမူ မပြောကြားခဲ့ပေ။
ထိုဗိုင်းရပ်စ် ဓာတ်ခွဲခန်းမှ စတင်ခဲ့ကြောင်း သက်သေကို သူ့အနေဖြင့် တွေ့မြင်ထားခြင်း ရှိမရှိ မေးမြန်းခဲ့သောအခါ ထရန့်က “ဟုတ်ပါတယ်။ ကျွန်တော့်မှာ သက်သေရှိပါတယ်။” ဟု ပြောကြားခဲ့သည်။
သက်သေနှင့်ပတ်သက်၍ ထရန့်က “ကျွန်တော် အဲ့ဒါကို ပြောလို့မဖြစ်ဘူး။ ကျွန်တော့်မှာ ပြောခွင့်မရှိဘူး။” ဟု ပြောကြားခဲ့သည်။
“တရုတ်က ကျွန်တော်တို့ကို ပြောပြနိုင်မယ်ထင်တယ်” ဟုလည်း ထရန့်က ပြောကြားခဲ့သည်။
ထိုဗိုင်းရပ်စ်ကူးစက်မှုသည် ဝူဟန်မြို့ရှိ ဓာတ်ခွဲစမ်းသပ်ခန်းတစ်ခုမှ စတင်ခဲ့ခြင်းလား၊ ရောဂါပိုးကူးစက်ခံထားရသည့် တိရိစ္ဆာန်များနှင့် ထိတွေ့မိရာမှ စတင်ခဲ့ခြင်းလား သိရှိရရန် ၎င်းတို့စုံစမ်းစစ်ဆေးနေကြောင်းကို အမေရိကန်နိုင်ငံတော်အဆင့်စုံစမ်းထောက်လှမ်းရေးအဖွဲ့ညွှန်ကြားရေးမှူးရုံးမှ အတည်ပြုကြေညာခဲ့ပြီးနောက် နာရီအနည်းငယ်အကြာတွင် ထရန့်၏ မှတ်ချက်စကားများထွက်ရှိလာခဲ့ခြင်းဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည် တရုတ်ရှိ ဓာတ်ခွဲခန်းမတ်ောတဆမှုတစ်ခုကြောင့် စတင်ခဲ့သည်ဟူသော ထင်မြင်ချက်တစ်ရပ်ကို ကိုင်စွဲကာ ထိုကပ်ဘေးအစပြုရာအတိအကျကို သိရှိရရန် ထရန့်အစိုးရတာဝန်ရှိသူများက စုံစမ်းထောက်လှမ်းရေးကို တွန်းအားပေးလာကြောင်း သတင်းရင်းမြစ်များစွာက အမေရိကန်သတင်းဌာန စီအင်န်အင်န်သို့ ပြောကြားထားသည်။
အဆိုပါ ဧပြီ ၃၀ တွင် အမေရိကန်နိုင်ငံတော်အဆင့်စုံစမ်းထောက်လှမ်းရေးအဖွဲ့ညွှန်ကြားရေးမှူးရုံးမှ အများပြည်သူသို့ ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ခြင်းသည် တိုတွန်းအားပေးမှုအား သိသာပေါ်လွင်စေသည့်လှုပ်ရှားမှုတစ်ခုဖြစ်ပေသည်။
စုံစမ်းထောက်လှမ်းရေးအဖွဲ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုသည် ဝူဟန်မြို့ရှိ ဓာတ်ခွဲစမ်းသပ်ခန်းတစ်ခုတွင် မတော်တဆမှုတစ်ခု၏ ရလဒ်လား သို့မဟုတ် ဗိုင်းရပ်စ်ကူးစက်ခံထားရသည့်တိရိစ္ဆာန်များနှင့် ထိတွေ့ရာမှ စတင်ခဲ့ခြင်းလား ဆိုသည်ကို စုံစမ်းရှာဖွေလျက်ရှိကြောင်းနှင့် ယခုထက်ထိ အကဲဖြတ်ဆုံးဖြတ်နိုင်ခြင်း မရှိ‌သေးကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုထုတ်ပြန်ချက်သည် အများပြည်သူသို့ မကြုံစဖူးထုတ်ပြန်ချက်တစ်ရပ်လည်း ဖြစ်သည်။ အမေရိကန်စုံစမ်းထောက်လှမ်းရေးသည် တရားဝင်အကဲဖြတ်ဆုံးဖြတ်ချက်မချမှတ်မီတွင် အကဲဖြတ်နေမှုနှင့်ပတ်သက်၍ ထိုကဲ့သို့လူသိရှင်ကြားထုတ်ဖော်ကြေညာခြင်း ပြုလုပ်လေ့မရှိကြောင်း သိရသည်။
 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Trump contradicts US intel community by claiming he's seen evidence coronavirus originated in Chinese lab (CNN)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
Royal Theikdi Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service