အောက်စဖို့ဒ်တက္ကသိုလ်၏ COVID-19 ကာကွယ်ဆေးကို Serum Institute က ၃ ပတ်အတွင်း စတင်ထုတ်လုပ်ကာ စမ်းသပ်မှုများအောင်မြင်ပါက ခန့်မှန်းဈေးနှုန်း ရူပီး ၁,၀၀၀ ဖြင့် အောက်တိုဘာတွင် စတင်ရောင်းချမည်

အောက်စဖို့ဒ်တက္ကသိုလ်၏ COVID-19 ကာကွယ်ဆေးကို Serum Institute က ၃ ပတ်အတွင်း စတင်ထုတ်လုပ်ကာ စမ်းသပ်မှုများအောင်မြင်ပါက ခန့်မှန်းဈေးနှုန်း ရူပီး ၁,၀၀၀ ဖြင့် အောက်တိုဘာတွင် စတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
29 Apr 2020 1:20 pm တွင် တင်ခဲ့သည်
1437 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာ့ကာကွယ်ဆေးထုတ်လုပ်မှုအများဆုံးကုမ္ပဏီ Serum Institute of India က ၎င်းတို့သသည် အောက်စ်ဖို့ဒ်တက္ကသိုလ်မှ စမ်းသပ်တီထွင်ထားသည့် COVID-19 ကာကွယ်ဆေးကို လာမည့်သီတင်းပတ် နှစ်ပတ်မှ သုံးပတ်အတွင်း စတင်ထုတ်လုပ်ရန် စီစဉ်နေပြီး လူတို့၌ စမ်းသပ်ထိုးနှံမှုများ အောင်မြင်ပါက အောက်တိုဘာလနောက်ဆုံးထား၍ ဈေးကွက်ထဲသို့ မိတ်ဆက်နိုင်ရန် မျှော်လင့်ထားကြောင်း ဧပြီ ၂၆ တွင် ကြေညာခဲ့သည်။

Serum သည် ထိုကာကွယ်ဆေးကို တစ်လုံးလျှင် ခန်းမှန်းခြေ ရူပီး ၁,၀၀၀ (မြန်မာကျပ်ငွေ ၁၈,၇၇၈ ကျပ် ) ဖြင့် ရောင်းချရန် မှန်းဆထားသော်လည်း အစိုးရများက ပြည်သူများအား ၎င်းကာကွယ်ဆေးများကို အခမဲ့ပေးဝေကောင်းပေးဝေနိုင်လိမ့်မည်ဟုလည်း ကုမ္ပဏီ၏ စီအီးအို (အမှုဆောင်အရာရှိချုပ်) အက်ဒါပူနာဝါလာက ပြောကြားခဲ့ကြောင်း သိရသည်။

၎င်းတို့သည် ထိုအလားအလာရှိသောကာကွယ်ဆေးကို ပမာဏ သန်း ၆၀ အထိ ယခုနှစ်အတွင်း ထုတ်လုပ်ရန် စီစဉ်နေကြောင်း ဧပြီ ၂၈ တွင် ကြေညာလိုက်သည်။

COVID-19 ကာကွယ်ဆေးဖြစ်လာရန် ထိပ်ဆုံးမှ ဦးဆောင်နေသော ထိုစမ်းသပ်ကာကွယ်ဆေးသည် တိရစ္ဆာန်များတွင် ထိုရောဂါမကူးစက်အောင် ကာကွယ်ပေးနိုင်ကြောင်း ရလဒ်များ တွေ့ရှိလာရပြီး လူတို့၌ စမ်းသပ်ထိုးနှံမှုများတွင်လည်း တိုးတက်မှုရှိလာသဖြင့် ထို့သို့ လအနည်းငယ်အတွင်း ဆေးပမာဏအမြောက်အမြားထုတ်လုပ်နိုင်တော့မည့်အခြေအနေသို့ တက်လှမ်းလာနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကာကွယ်ဆေးသည် ဗြိတိန်တွင် အောက်စဖို့ဒ်တက္ကသိုလ်မှ စမ်းသပ်ဆဲဖြစ်သည့်၊ COVID-19 ကာကွယ်ဆေးဖြစ်လာနိုင်ခြေရှိသော ကာကွယ်ဆေးဖြစ်သည်။

ChAdOx1 nCoV-19 ဟု အမည်ပေးထားသည့် ထိုကာကွယ်ဆေးသည် COVID0-19 ကို ကာကွယ်ပေးနိုင်သည်ဟု သက်သေမပြနိုင်သေးသော်လည်း ၎င်းကာကွယ်ဆေးသည် တိရစ္ဆာန်များတွင် စမ်းသပ်ထိုးနှံမှုများ၌ အောင်မြင်ကာ လူသားများတွင် စမ်းသပ်ထိုးနှံရာ၌လည်း တိုးတက်မှုရှိလာသဖြင့် ထုတ်လုပ်မှုစတင်ရန် Serum ကုမ္ပဏီအနေဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏ စီအီးအို (အမှုဆောင်အရာရှိချုပ်) အက်ဒါပူနာဝါလာက ပြောကြားခဲ့သည်။

အလွန်တော်သော အောက်စ်ဖို့ဒ်မှသိပ္ပံပညာရှင်များကြောင့် သူတို့အနေဖြင့် ယခုကဲ့သို့‌ ယုံကြည်မှုရှိစွာ ကြေညာလိုက်ခြင်းဖြစ်ကြောင်းလည်း ပူနာဝါလာက ရိုက်တာသတင်းဌာန၏ဖုန်းအင်တာဗျူးအား ဖြေကြားခဲ့သည်။

ပူနာဝါလာက စက်တင်ဘာလောက်တွင် ပြီးစီးမည့် ထိုအောက်စ်ဖို့ကာကွယ်ဆေးစမ်းသပ်မှုများသည် အောင်မြင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အောက်စ်ဖို့ဒ်မှသိပ္ပံပညာရှင်များကလည်း ကနဦးစမ်းသပ်မှုများ၏ အဓိကရည်ရွယ်ချက်မှာ ကာကွယ်ဆေးအလုပ်ဖြစ် မဖြစ် သေချာစေရုံတင်မကဘဲ ကာကွယ်ဆေးသည် ကောင်းမွန်သော ခုခံအားတုံ့ပြန်ချက်များကို ဖြစ်ပေါ်စေပြီး လက်သင့်မခံနိုင်သော ဘေးထွက်ဆိုးကျိုးများမရှိကြောင်းပါ သေချာစေခဲ့စေခြင်း ဖြစ်သည်ဟု ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ပြောကြားခဲ့ကြသည်။

အိန္ဒိယဘီလျံနာ ဆိုင်းရပ်စ်ပူနာဝါလာ ပိုင်ဆိုင်သည့် Serum ပုဂ္ဂလိကကုမ္ပဏီလိမိတက်သည် ထိုကာကွယ်ဆေးကို နိုင်ငံအနောက်ပိုင်း ပူနေးမြို့ရှိ ၎င်းတို့ပိုင်စက်ရုံနှစ်ရုံတွင် ထုတ်လုပ်ရန် စီစဉ်နေကာ အဆင်ပြေပါက လာမည့်နှစ်တွင် ဆေးပမာဏ သန်း ၄၀၀ အထိ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားသည်ဟု ပူနာဝါလာက ပြောကြားခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မွ ရေးသား ဖော်ျပသည်။)

Credit: iMyanmarHouse.com

Ref: Serum Institute to start manufacturing Oxford University's COVID vaccine in 3 weeks; launch by October if trials succeed (economictimes, scmp)

[Zawgyi]

ေအာက္စဖို႔ဒ္တကၠသိုလ္၏ COVID-19 ကာကြယ္ေဆးကို Serum Institute က ၃ ပတ္အတြင္း စတင္ထုတ္လုပ္ကာ စမ္းသပ္မႈမ်ားေအာင္ျမင္ပါက ခန႔္မွန္းေဈးႏႈန္း ႐ူပီး ၁,၀၀၀ ျဖင့္ ေအာက္တိုဘာတြင္ စတင္ေရာင္းခ်မည္

ကမာၻ႔ကာကြယ္ေဆးထုတ္လုပ္မႈအမ်ားဆုံးကုမၸဏီ Serum Institute of India က ၎တို႔သသည္ ေအာက္စ္ဖို႔ဒ္တကၠသိုလ္မွ စမ္းသပ္တီထြင္ထားသည့္ COVID-19 ကာကြယ္ေဆးကို လာမည့္သီတင္းပတ္ ႏွစ္ပတ္မွ သုံးပတ္အတြင္း စတင္ထုတ္လုပ္ရန္ စီစဥ္ေနၿပီး လူတို႔၌ စမ္းသပ္ထိုးႏွံမႈမ်ား ေအာင္ျမင္ပါက ေအာက္တိုဘာလေနာက္ဆုံးထား၍ ေဈးကြက္ထဲသို႔ မိတ္ဆက္ႏိုင္ရန္ ေမွ်ာ္လင့္ထားေၾကာင္း ဧၿပီ ၂၆ တြင္ ေၾကညာခဲ့သည္။

Serum သည္ ထိုကာကြယ္ေဆးကို တစ္လုံးလွ်င္ ခန္းမွန္းေျခ ႐ူပီး ၁,၀၀၀ (ျမန္မာက်ပ္ေငြ ၁၈,၇၇၈ က်ပ္ ) ျဖင့္ ေရာင္းခ်ရန္ မွန္းဆထားေသာ္လည္း အစိုးရမ်ားက ျပည္သူမ်ားအား ၎ကာကြယ္ေဆးမ်ားကို အခမဲ့ေပးေဝေကာင္းေပးေဝႏိုင္လိမ့္မည္ဟုလည္း ကုမၸဏီ၏ စီအီးအို (အမႈေဆာင္အရာရွိခ်ဳပ္) အက္ဒါပူနာဝါလာက ေျပာၾကားခဲ့ေၾကာင္း သိရသည္။

၎တို႔သည္ ထိုအလားအလာရွိေသာကာကြယ္ေဆးကို ပမာဏ သန္း ၆၀ အထိ ယခုႏွစ္အတြင္း ထုတ္လုပ္ရန္ စီစဥ္ေနေၾကာင္း ဧၿပီ ၂၈ တြင္ ေၾကညာလိုက္သည္။

COVID-19 ကာကြယ္ေဆးျဖစ္လာရန္ ထိပ္ဆုံးမွ ဦးေဆာင္ေနေသာ ထိုစမ္းသပ္ကာကြယ္ေဆးသည္ တိရစာၦန္မ်ားတြင္ ထိုေရာဂါမကူးစက္ေအာင္ ကာကြယ္ေပးႏိုင္ေၾကာင္း ရလဒ္မ်ား ေတြ႕ရွိလာရၿပီး လူတို႔၌ စမ္းသပ္ထိုးႏွံမႈမ်ားတြင္လည္း တိုးတက္မႈရွိလာသျဖင့္ ထို႔သို႔ လအနည္းငယ္အတြင္း ေဆးပမာဏအေျမာက္အျမားထုတ္လုပ္ႏိုင္ေတာ့မည့္အေျခအေနသို႔ တက္လွမ္းလာႏိုင္ခဲ့ျခင္းျဖစ္သည္။

အဆိုပါကာကြယ္ေဆးသည္ ၿဗိတိန္တြင္ ေအာက္စဖို႔ဒ္တကၠသိုလ္မွ စမ္းသပ္ဆဲျဖစ္သည့္၊ COVID-19 ကာကြယ္ေဆးျဖစ္လာႏိုင္ေျခရွိေသာ ကာကြယ္ေဆးျဖစ္သည္။

ChAdOx1 nCoV-19 ဟု အမည္ေပးထားသည့္ ထိုကာကြယ္ေဆးသည္ COVID0-19 ကို ကာကြယ္ေပးႏိုင္သည္ဟု သက္ေသမျပႏိုင္ေသးေသာ္လည္း ၎ကာကြယ္ေဆးသည္ တိရစာၦန္မ်ားတြင္ စမ္းသပ္ထိုးႏွံမႈမ်ား၌ ေအာင္ျမင္ကာ လူသားမ်ားတြင္ စမ္းသပ္ထိုးႏွံရာ၌လည္း တိုးတက္မႈရွိလာသျဖင့္ ထုတ္လုပ္မႈစတင္ရန္ Serum ကုမၸဏီအေနျဖင့္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ကုမၸဏီ၏ စီအီးအို (အမႈေဆာင္အရာရွိခ်ဳပ္) အက္ဒါပူနာဝါလာက ေျပာၾကားခဲ့သည္။

အလြန္ေတာ္ေသာ ေအာက္စ္ဖို႔ဒ္မွသိပၸံပညာရွင္မ်ားေၾကာင့္ သူတို႔အေနျဖင့္ ယခုကဲ့သို႔‌ ယုံၾကည္မႈရွိစြာ ေၾကညာလိုက္ျခင္းျဖစ္ေၾကာင္းလည္း ပူနာဝါလာက ႐ိုက္တာသတင္းဌာန၏ဖုန္းအင္တာဗ်ဴးအား ေျဖၾကားခဲ့သည္။

ပူနာဝါလာက စက္တင္ဘာေလာက္တြင္ ၿပီးစီးမည့္ ထိုေအာက္စ္ဖို႔ကာကြယ္ေဆးစမ္းသပ္မႈမ်ားသည္ ေအာင္ျမင္မည္ဟု ေမွ်ာ္လင့္ေၾကာင္း ေျပာၾကားခဲ့သည္။

ေအာက္စ္ဖို႔ဒ္မွသိပၸံပညာရွင္မ်ားကလည္း ကနဦးစမ္းသပ္မႈမ်ား၏ အဓိကရည္႐ြယ္ခ်က္မွာ ကာကြယ္ေဆးအလုပ္ျဖစ္ မျဖစ္ ေသခ်ာေစ႐ုံတင္မကဘဲ ကာကြယ္ေဆးသည္ ေကာင္းမြန္ေသာ ခုခံအားတုံ႔ျပန္ခ်က္မ်ားကို ျဖစ္ေပၚေစၿပီး လက္သင့္မခံႏိုင္ေသာ ေဘးထြက္ဆိုးက်ိဳးမ်ားမရွိေၾကာင္းပါ ေသခ်ာေစခဲ့ေစျခင္း ျဖစ္သည္ဟု ၿပီးခဲ့သည့္သီတင္းပတ္အတြင္းက ေျပာၾကားခဲ့ၾကသည္။

အိႏၵိယဘီလ်ံနာ ဆိုင္းရပ္စ္ပူနာဝါလာ ပိုင္ဆိုင္သည့္ Serum ပုဂၢလိကကုမၸဏီလိမိတက္သည္ ထိုကာကြယ္ေဆးကို ႏိုင္ငံအေနာက္ပိုင္း ပူေနးၿမိဳ႕ရွိ ၎တို႔ပိုင္စက္႐ုံႏွစ္႐ုံတြင္ ထုတ္လုပ္ရန္ စီစဥ္ေနကာ အဆင္ေျပပါက လာမည့္ႏွစ္တြင္ ေဆးပမာဏ သန္း ၄၀၀ အထိ ထုတ္လုပ္ႏိုင္ရန္ ရည္႐ြယ္ထားသည္ဟု ပူနာဝါလာက ေျပာၾကားခဲ့ေၾကာင္းလည္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မြ ေရးသား ေဖာ္်ပသၫ္။)

Credit: iMyanmarHouse.com

Ref: Serum Institute to start manufacturing Oxford University's COVID vaccine in 3 weeks; launch by October if trials succeed (economictimes, scmp)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service