ဒေါ်နယ်ထရမ့်က ပိုးသတ်ဆေးထိုးကာ ကိုရိုနာဗိုင်းရပ်စ် ကုသနိုင်ဖွယ်ရှိ၊ မရှိစမ်းကြည့်ရန် အကြံပြုလိုက်ရာ ပိုးသတ်ဆေးကုမ္ပဏီများက ထရမ့်ပြောသည့်အတိုင်းမလုပ်ရန် ပြည်သူများကို သတိပေးချက်ထုတ်ပြန်ရ

ဒေါ်နယ်ထရမ့်က ပိုးသတ်ဆေးထိုးကာ ကိုရိုနာဗိုင်းရပ်စ် ကုသနိုင်ဖွယ်ရှိ၊ မရှိစမ်းကြည့်ရန် အကြံပြုလိုက်ရာ ပိုးသတ်ဆေးကုမ္ပဏီများက ထရမ့်ပြောသည့်အတိုင်းမလုပ်ရန် ပြည်သူများကို သတိပေးချက်ထုတ်ပြန်ရ - Property News in Myanmar from iMyanmarHouse.com
25 Apr 2020 12:25 pm တွင် တင်ခဲ့သည်
1543 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပိုးသတ်ဆေးကို အသုံးပြု၍ ကိုရိုနာဗိုင်းရပ်စ် ကုသနိုင်ဖွယ်ရှိ၊ မရှိ စမ်းသပ်ကြည့်ရန် သုတေသန ပညာရှင်များကို အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲတွင် အကြံပြုလိုက်ရာ ကမ္ဘာကျော်ပိုးသတ်ဆေးကုမ္ပဏီများဖြစ်သော Dettol နှင့် Lysol တို့က ထရမ့်ပြောသည့်အတိုင်း မလုပ်ရန် ပြည်သူများကို သတိပေးချက်ထုတ်ပြန်လိုက်ရသည်။

“ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ပိုးသတ်ဆေးထုတ်ကုန်တွေကို လူ့ကိုယ်ခန္ဓာထဲ ဆေးထိုးတာ၊ သောက်သုံးတာ (ဒါမှမဟုတ်) ဘယ်လိုလမ်းကြောင်းမျိုးနဲ့ပဲဖြစ်ဖြစ် အသုံးမပြုသင့်ပါဘူး” ဟု Reckitt Benckiser ကုမ္ပဏီက ထုတ်ပြန်သည်။

“ကျွန်တော်တို့ရဲ့ ပိုးသတ်ဆေးနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး ထုတ်ကုန်တွေအားလုံးကို အသုံးပြုပုံလမ်းညွှန်ချက်တွေအတိုင်း ရည်ရွယ်ထားတဲ့အတိုင်းသာ အသုံးပြုသင့်ပါတယ်” ‌ဒေါ်နယ်ထရမ့်က ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ အိမ်ဖြူတော်တွင်ကျင်းပသည့် နေ့စဉ်ရှင်းလင်းပြောကြားပွဲတွင် ထိုသို့ ပြောကြားလိုက်ပြီး နာရီပိုင်းအတွင်း ပိုးသတ်ဆေး ကုမ္ပဏီက သတိပေးချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပိုးသတ်ဆေးထိုးခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်စွမ်း ရှိ၊ မရှိ စမ်းသပ်ကြည့်ရန် စိတ်ဝင်စားဖွယ်ကောင်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက်ပိုင်း ထရမ့်မှာ ပြင်းထန်သည့်တုန့်ပြန်မှုများနှင့် ရင်ဆိုင်နေရပြီး လူမှုကွန်ရက်များတွင်လည်း လှောင်ပြောင်ခြင်းများ ခံနေရသည်။

သုတေသနပညာရှင်များအနေဖြင့် ၎င်းတို့၏ ရှာဖွေတွေ့ရှိချက်များကို လက်တွေ့စမ်းသပ်ကြည့်သင့်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်လူနာများ၏ ခန္ဓာကိုယ်အတွင်း အလင်းပေးခြင်း (နေရောင်ခြည်သည် ကိုရိုနာဗိုင်းရပ်စ်ကို အချိန်ခဏတာအတွင်း သေစေနိုင်ကြောင်း မကြာသေးမီက တွေ့ရှိခဲ့မှုအပေါ် ထရမ့်က ရည်ညွှန်းခြင်းဖြစ်သည်) နှင့် ခန္ဓာကိုယ်အတွင်း ပိုးသတ်ဆေးထိုးခြင်းများဖြင့် စမ်းသပ်ကြည့်သင့်ကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။

Lysol ပိုးသတ်ဆေးကုမ္ပဏီက ပြောကြားရာတွင် ထရမ့်၏ ပြောကြားချက် လူမှုကွန်ရက်တွင် ဂယက်ရိုက်ခဲ့ပြီးနောက်ပိုင်း ပိုးသတ်ဆေးများကို ကိုယ်တွင်းတွင် စမ်းသပ်အသုံးပြုရန် (သို့မဟုတ်) ကိုရိုနာဗိုင်းရပ်စ် ကုသန်ရန်အတွက် အသုံးပြုနိုင်ခြင်းရှိ၊ မရှိ ကုမ္ပဏီထံ စုံစမ်းမေးမြန်းလာမှုများရှိနေကြောင်း ပြောကြားသည်။

ထရမ့်၏ ပြောကြားချက်နှင့် စပ်လျဉ်းပြီး အမိမြေလုံခြုံရေးဌာန (DHS) ၏ သိပ္ပံနှင့်နည်းပညာဌာနမှ William Bryan က ပြောကြားရာတွင် ကျန်းမာရေးနယ်မှပုဂ္ဂိုလ်များသည် ယင်းသို့သောကုသမှုမျိုးကို မစဉ်းစားကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Lysol maker urges people not to drink or inject disinfectants to treat coronavirus after Trump suggests using it as a possible treatment (Dailymail)

[Zawgyi]

ေဒၚနယ္ထရမ့္က ပိုးသတ္ေဆးထိုးကာ ကို႐ိုနာဗိုင္းရပ္စ္ ကုသႏိုင္ဖြယ္ရွိ၊ မရွိစမ္းၾကည့္ရန္ အႀကံျပဳလိုက္ရာ ပိုးသတ္ေဆးကုမၸဏီမ်ားက ထရမ့္ေျပာသည့္အတိုင္းမလုပ္ရန္ ျပည္သူမ်ားကို သတိေပးခ်က္ထုတ္ျပန္ရ

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ပိုးသတ္ေဆးကို အသုံးျပဳ၍ ကို႐ိုနာဗိုင္းရပ္စ္ ကုသႏိုင္ဖြယ္ရွိ၊ မရွိ စမ္းသပ္ၾကည့္ရန္ သုေတသန ပညာရွင္မ်ားကို အိမ္ျဖဴေတာ္ သတင္းစာ ရွင္းလင္းပြဲတြင္ အႀကံျပဳလိုက္ရာ ကမာၻေက်ာ္ပိုးသတ္ေဆးကုမၸဏီမ်ားျဖစ္ေသာ Dettol ႏွင့္ Lysol တို႔က ထရမ့္ေျပာသည့္အတိုင္း မလုပ္ရန္ ျပည္သူမ်ားကို သတိေပးခ်က္ထုတ္ျပန္လိုက္ရသည္။

“ဘယ္လိုအေၾကာင္းနဲ႔ျဖစ္ျဖစ္ ကြၽန္ေတာ္တို႔ရဲ႕ ပိုးသတ္ေဆးထုတ္ကုန္ေတြကို လူ႔ကိုယ္ခႏၶာထဲ ေဆးထိုးတာ၊ ေသာက္သုံးတာ (ဒါမွမဟုတ္) ဘယ္လိုလမ္းေၾကာင္းမ်ိဳးနဲ႔ပဲျဖစ္ျဖစ္ အသုံးမျပဳသင့္ပါဘူး” ဟု Reckitt Benckiser ကုမၸဏီက ထုတ္ျပန္သည္။

“ကြၽန္ေတာ္တို႔ရဲ႕ ပိုးသတ္ေဆးနဲ႔ တစ္ကိုယ္ရည္သန႔္ရွင္းေရး ထုတ္ကုန္ေတြအားလုံးကို အသုံးျပဳပုံလမ္းၫႊန္ခ်က္ေတြအတိုင္း ရည္႐ြယ္ထားတဲ့အတိုင္းသာ အသုံးျပဳသင့္ပါတယ္” ‌ေဒၚနယ္ထရမ့္က ကို႐ိုနာဗိုင္းရပ္စ္ႏွင့္ပတ္သက္၍ အိမ္ျဖဴေတာ္တြင္က်င္းပသည့္ ေန႔စဥ္ရွင္းလင္းေျပာၾကားပြဲတြင္ ထိုသို႔ ေျပာၾကားလိုက္ၿပီး နာရီပိုင္းအတြင္း ပိုးသတ္ေဆး ကုမၸဏီက သတိေပးခ်က္ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။

ပိုးသတ္ေဆးထိုးျခင္းသည္ ကို႐ိုနာဗိုင္းရပ္စ္ကို တိုက္ဖ်က္ႏိုင္စြမ္း ရွိ၊ မရွိ စမ္းသပ္ၾကည့္ရန္ စိတ္ဝင္စားဖြယ္ေကာင္းမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ၿပီးေနာက္ပိုင္း ထရမ့္မွာ ျပင္းထန္သည့္တုန႔္ျပန္မႈမ်ားႏွင့္ ရင္ဆိုင္ေနရၿပီး လူမႈကြန္ရက္မ်ားတြင္လည္း ေလွာင္ေျပာင္ျခင္းမ်ား ခံေနရသည္။

သုေတသနပညာရွင္မ်ားအေနျဖင့္ ၎တို႔၏ ရွာေဖြေတြ႕ရွိခ်က္မ်ားကို လက္ေတြ႕စမ္းသပ္ၾကည့္သင့္ေၾကာင္း၊ ကို႐ိုနာဗိုင္းရပ္စ္လူနာမ်ား၏ ခႏၶာကိုယ္အတြင္း အလင္းေပးျခင္း (ေနေရာင္ျခည္သည္ ကို႐ိုနာဗိုင္းရပ္စ္ကို အခ်ိန္ခဏတာအတြင္း ေသေစႏိုင္ေၾကာင္း မၾကာေသးမီက ေတြ႕ရွိခဲ့မႈအေပၚ ထရမ့္က ရည္ၫႊန္းျခင္းျဖစ္သည္) ႏွင့္ ခႏၶာကိုယ္အတြင္း ပိုးသတ္ေဆးထိုးျခင္းမ်ားျဖင့္ စမ္းသပ္ၾကည့္သင့္ေၾကာင္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့သည္။

Lysol ပိုးသတ္ေဆးကုမၸဏီက ေျပာၾကားရာတြင္ ထရမ့္၏ ေျပာၾကားခ်က္ လူမႈကြန္ရက္တြင္ ဂယက္႐ိုက္ခဲ့ၿပီးေနာက္ပိုင္း ပိုးသတ္ေဆးမ်ားကို ကိုယ္တြင္းတြင္ စမ္းသပ္အသုံးျပဳရန္ (သို႔မဟုတ္) ကို႐ိုနာဗိုင္းရပ္စ္ ကုသန္ရန္အတြက္ အသုံးျပဳႏိုင္ျခင္းရွိ၊ မရွိ ကုမၸဏီထံ စုံစမ္းေမးျမန္းလာမႈမ်ားရွိေနေၾကာင္း ေျပာၾကားသည္။

ထရမ့္၏ ေျပာၾကားခ်က္ႏွင့္ စပ္လ်ဥ္းၿပီး အမိေျမလုံၿခဳံေရးဌာန (DHS) ၏ သိပၸံႏွင့္နည္းပညာဌာနမွ William Bryan က ေျပာၾကားရာတြင္ က်န္းမာေရးနယ္မွပုဂၢိဳလ္မ်ားသည္ ယင္းသို႔ေသာကုသမႈမ်ိဳးကို မစဥ္းစားေၾကာင္း ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Lysol maker urges people not to drink or inject disinfectants to treat coronavirus after Trump suggests using it as a possible treatment (Dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service