COVID-19 ကပ်‌ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် သန်းကြွယ်သူဌေးများ ပိုမိုလှူဒါန်းကြရန်တောင်းဆိုခံနေရ
COVID-19 ကပ်‌ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် သန်းကြွယ်သူဌေးများ ပိုမိုလှူဒါန်းကြရန်တောင်းဆိုခံနေရ - Property News in Myanmar from iMyanmarHouse.com
13 Apr 2020 12:51 pm တွင် တင်ခဲ့သည်
942 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးများသည် COVID-19 ကူးစက်မြန်ရောဂါကြောင့် ထိခိုက်ခံစားနေရသည့် ကမ္ဘာ့နေရာအသီသီးမှ သန်းနှင့်ချီသောလူများကို ကူညီနိုင်ရန်အတွက် ၎င်းတို့၏သုံးမကုန်နိုင်သော ကြွယ်ဝချမ်းသာမှုများမှ “မည်မည်ရရ” လှူဒါန်းကြရန် တောင်းဆိုခံနေရကြောင်း သိရသည်။
မိုက်ခရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် နှင့် တွစ်တာတည်ထောင်သူ ဂျက်ဒေါ်ဆေး အပါအဝင် အချို့သောဘီလီယံနာများက ကိုဗစ်နိုင်တီးတိုက်ဖျက်တားဆီးရေးအတွက် သူတို့ပိုင်ဆိုင်မှုမှငွေပမာဏအများအပြား လှူဒါန်းထားကြပြီးဖြစ်သည်။
သို့သော်လည်း ၁၉၃၀ ပြည့်နှစ်များတွင် ကြုံတွေ့ခဲ့ရသည့် စီးပွားရေးပျက်ကပ်ကြီးနည်းတူ စီးပွားရေးအကျပ်အတည်းများစွာဖြစ်ပေါ်စေနိုင်သည့် လက်ရှိတွေ့ကြုံနေရသည့် ကမ္ဘာ့အဆိုးအဝါးဆုံးကျန်းမာရေးအရေးပေါ်အခြေအနေအတွက် နည်းပါးစွာလှူဒါန်းကြသည့် ကျန်လူချမ်းသာအသိုင်းအဝိုင်းမှာမူ ဝေဖန်မှုများနှင့်ကြုံတွေ့နေရသည်။
ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် အမေဇုံတည်ထောင်သူ ဂျက်ဖ်ဘက်ဇိုသည် စားနပ်ရိက္ခာထောက်ပံ့သည့်အဖွဲ့အစည်း Feeding America သို့ ‌အမေရိကန်ဒေါ်လာသန်း ၁၀၀ (ပေါင် သန်း ၈၀ ) လှူဒါန်းထားသော်လည်း ဝေဖန်သူများက အဆိုပါပမာဏသည် ၎င်း၏ ကြွယ်ဝချမ်းသာမှု ၁၂၃ ဘီလီယံ၏ ၀ ဒသမ ၁ ရာခိုင်နှုန်းသာရှိကြောင်း ထောက်ပြခဲ့ကြသည်။
“ဂျက်ဖ်ဘက်ဇိုလိုမျိုး ဘီလျံနာတွေအနေနဲ့ ဒီအချိန်မှာ လူအဖွဲ့အစည်းအတွက် ပြန်လည်လှူဒါန်းဖို့လိုပါတယ်” ဟု နာမည်ကြီးပရဟိတဒါနရှင် လော့ဒ်ဆွန်းစ်ဘူရီ၏ သမီးဖြစ်သူ ဖရန်ပါရင်း မှပြောကြားခဲ့သည်။
“လှူနိုင်တန်းနိုင်တဲ့သူတွေအတွက် လက်ရှိအချိန်ဟာ လှူနိုင်သလောက်လှူရမယ့်အချိန်ပါပဲ၊ သူတို့ဘာကြောင့် ဒီ့ထပ်ပိုမလှူနိုင်ကြတာလဲ” ဟု သူမက ဘီလျံနာများအား ဝေဖန်ပြောကြားခဲ့သည်။ ဖရန်ပါရင်းသည် Lockdown (အရေးပေါ်အခြေအနေတစ်ရပ်တွင် လူများအား သက်ဆိုင်ရာသတ်မှတ်ဧရိယာမှ ထွက်ခွာခွင့်မပြုခြင်း ) ကာလအတွင်း စီးပွားရေးထိခိုက်နစ်နာသူများကိုကူညီရန် သူမအမွေဆက်ခံရရှိသည့် ပိုင်ဆိုင်မှုပမာဏ ပေါင် ၂.၅သန်းကို ယခုအပတ်အတွင်းလှူဒါန်းခဲ့သည်။
လက်ရှိအချိန်တွင် ကိုဗစ်နိုင်တီးကူးစက်မြန်ရောဂါကာကွယ်တားဆီးရေး နှင့် ကုသရေးအတွက် ဘီလ်ဂိတ်ဖောင်ဒေးရှင်း The Bill and Melinda Gates Foundation မှ ဒေါ်လာသန်း ၁၀၀၊ တွစ်တာစီအီးအို ဂျက်ဒေါ်ဆေးမှ ၎င်းပိုင်ဆိုင်မှု၏ ၂၈ ရာခိုင်နှုန်းဖြစ်သည့် ဒေါ်လာ ၁ ဘီလျံ၊ ၆၇ ဘီလီယံကြွယ်ဝချမ်းသာသည့် ဖေ့စ်ဘွတ်တည်ထောင်သူ မက်ဇူကာဘတ်ခ်မှ ‌ဒေါ်လာ သန်း ၃၀၊ ပိုင်ဆိုင်မှု ဒေါ်လာ ၄၄ ဘီလျံရှိသည့် အလီဘာဘာစီအီးအို ဂျက်မားက ၁၄ ဒသမ ၅ သန်း အသီသီး လှူဒါန်းရန်လည်း ကတိပြုထားကြကြောင်း သိရသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖောျပွသညျ။)
Credit: iMyanmarHouse.com
Ref: Call for super-rich to donate more to tackle coronavirus pandemic (Theguardian)
[Zawgyi]
Credit: iMyanmarHouse.com
Ref: Call for super-rich to donate more to tackle coronavirus pandemic (Theguardian)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service