အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် အလုပ်သမားထောင်ပေါင်းများစွာ လစာမဲ့ခွင့် ပေးအပ်ခြင်းခံရပြီး ရာပေါင်းများစွာ အလုပ်ပြုတ်

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် အလုပ်သမားထောင်ပေါင်းများစွာ လစာမဲ့ခွင့် ပေးအပ်ခြင်းခံရပြီး ရာပေါင်းများစွာ အလုပ်ပြုတ် - Property News in Myanmar from iMyanmarHouse.com
7 Apr 2020 11:31 am တွင် တင်ခဲ့သည်
968 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

 

ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကြီး ပေါ်ပေါက်မှုနှင့် ၎င်း၏အကျိုးဆက်တို့က ခရီးသွားလုပ်ငန်းအပေါ် ကြီးမားစွာ အထိနာစေမှုတို့ကြောင့် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် အလုပ်သမား ရာပေါင်းများစွာ အလုပ်ပြုတ်ခဲ့ပြီး အလုပ်သမားထောင်ပေါင်းများစွာမှာ လစာမဲ့ခွင့် ဖြင့် နေအိမ်တွင်သာ နေထိုင်ကြရန် ညွှန်ကြားခြင်းခံခဲ့ကြရကြောင်း ဘာလီကျွန်းအာဏာပိုင်တို့က ပြောကြားသည်။

ဘာလီကျွန်းမှ Denpasar မြို့တွင် အလုပ်သမားပေါင်း ၂၉၇၅ ဦးမှာ လစာမဲ့ဖြင့် အိမ်တွင်သာနေထိုင်ကြရန် ပြောကြားခြင်းခံကြရပြီး ၅၃ ဦးမှာ အလုပ်ပြုတ်ခဲ့ကြကြောင်းနှင့် အလုပ်သမားများမှာ ကုမ္ပဏီပေါင်း ၃၇ ခုမှဖြစ်ကြောင်း အဆိုပါမြို့၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Gede Rai က Kompas သတင်းဌာနသို့ ပြောကြားသည်။

“ဒါက ဘာကြောင့်လဲဆိုတော့ ဧည့်သည်မဝင်ရောက်မှုနဲ့ ဟိုတယ်တွေ လုပ်ငန်းမလည်ပတ်တော့တာကြောင့် ဖြစ်ပါတယ်” ဟု Gede Rai က ပြောကြားသည်။

လက်ရှိအားဖြင့် Denpasar ရှိ အာဏာပိုင်တို့က အဆိုပါအလုပ်သမားတို့အား လူမှုအကာအကွယ်ပေးမည့် မဟာဗျူဟာတစ်ရပ် စီစဉ်နေသည်ဟုဆိုသည်။ အဆိုပါ မဟာဗျူဟာတွင် လွန်ခဲ့သောလက စတင်ခဲ့သည့် အင်ဒိုနီးရှားအစိုးရ၏ အလုပ်ခန့်ထားမှု အကြို ကတ်ပြားများ (pre-employment cards) ထုတ်ပေးခြင်းလည်း ပါဝင်သည်။

အဆိုပါကတ်ပြားများသည် အလုပ်ရှာနေသူများနှင့် အလုပ်မရှိသော အလုပ်သမားများကို ထုတ်ပေးခြင်းဖြစ်ပြီး သင်တန်းအမျိုးမျိုး တက်ရောက်နိုင်ရန် ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ပေးသည်ဟု ဆိုသည်။

ဘာလီကျွန်း၊ Badung ဒေသတွင်ကား အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမားဦးရေ ပိုမိုများပြားနေသည်။

Badung ဒေသသည် ဘာလီကျွန်း၏ နာမည်အကြီးဆုံး ဟိုတယ်များနှင့် စားသောက်ဆိုင်များ တည်ရှိရာဒေသလည်း ဖြစ်သည်။

Badung ဒေသရှိ စက်မှုနှင့်လူ့စွမ်းအားအေဂျင်စီ (IMA) မှ အရာရှိတစ်ဦးက ပြောကြားရာတွင် ဧပြီလ ၄ ရက်နေ့အထိ အလုပ်သမားပေါင်း ၁၉၈ ဦး အလုပ်ပြုတ်ခဲ့ပြီးဖြစ်ကာ အများစုမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှဖြစ်ကြောင်း ပြောကြားသည်။

“အင်ဒိုနီးရှားနိုင်ငံရဲ့ နေရာတိုင်းမှာ ဒီလိုအဖြစ်မျိုးတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါက ဘယ်တော့မှ အဆုံးသတ်မလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး” ဟု IMA ၏ အကြီးအကဲ Ida Bagus Oka Dirga က ပြောကြားသည်။

၎င်းက ဖြည့်စွက်ပြောကြားရာတွင် Badung တွင် ကုမ္ပဏီပေါင်း ၇၈ ခုမှ ဝန်ထမ်းပေါင်း ၆၀၀၀ ကျော်သည် အနိမ့်ဆုံးလစာ၏ ၅၀ မှ ၇၀ ရာခိုင်နှုန်းကြား ပေးအပ်ကာ နေအိမ်တွင်သာ နေထိုင်ကြရန် ညွှန်ကြားခြင်းခံခဲ့ကြရသည်ဟု ဆိုသည်။

“လက်ရှိအချိန်မှာ ဟိုတယ်တွေ ရပ်ဆိုင်းသွားတာနဲ့အတူ အလုပ်သမားတွေဟာ လုပ်ငန်းလည်ပတ်စရိတ်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာစေပါတယ်။ ဒါကြောင့် သူတို့ကို အိမ်မှာပဲနေဖို့ ညွှန်ကြားခဲ့ကြရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအလုပ်သမားတွေကို အလုပ်ဖြုတ်လိမ့်မှာ မဟုတ်ဘူးလို့တော့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု Badung တွင် ခရီးသွားအေဂျင်စီတစ်ခုကို ဦးဆောင်သူ အိုင် မာဒီ ဘာဒရာက ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Thosands of workers in Bali on unpaid leave, hundreds more laid off , officials (coconuts.co)

 

 

### Zawgyi Version ###

အင္ဒိုနီးရွားႏိုင္ငံ ဘာလီကြၽန္းတြင္ အလုပ္သမားေထာင္ေပါင္းမ်ားစြာ လစာမဲ့ခြင့္ ေပးအပ္ျခင္းခံရၿပီး ရာေပါင္းမ်ားစြာ အလုပ္ျပဳတ္

ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ပြားမႈႀကီး ေပၚေပါက္မႈႏွင့္ ၎၏အက်ိဳးဆက္တို႔က ခရီးသြားလုပ္ငန္းအေပၚ ႀကီးမားစြာ အထိနာေစမႈတို႔ေၾကာင့္ အင္ဒိုနီးရွားႏိုင္ငံ ဘာလီကြၽန္းတြင္ အလုပ္သမား ရာေပါင္းမ်ားစြာ အလုပ္ျပဳတ္ခဲ့ၿပီး အလုပ္သမားေထာင္ေပါင္းမ်ားစြာမွာ လစာမဲ့ခြင့္ ျဖင့္ ေနအိမ္တြင္သာ ေနထိုင္ၾကရန္ ၫႊန္ၾကားျခင္းခံခဲ့ၾကရေၾကာင္း ဘာလီကြၽန္းအာဏာပိုင္တို႔က ေျပာၾကားသည္။

ဘာလီကြၽန္းမွ Denpasar ၿမိဳ႕တြင္ အလုပ္သမားေပါင္း ၂၉၇၅ ဦးမွာ လစာမဲ့ျဖင့္ အိမ္တြင္သာေနထိုင္ၾကရန္ ေျပာၾကားျခင္းခံၾကရၿပီး ၅၃ ဦးမွာ အလုပ္ျပဳတ္ခဲ့ၾကေၾကာင္းႏွင့္ အလုပ္သမားမ်ားမွာ ကုမၸဏီေပါင္း ၃၇ ခုမွျဖစ္ေၾကာင္း အဆိုပါၿမိဳ႕၏ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ Gede Rai က Kompas သတင္းဌာနသို႔ ေျပာၾကားသည္။

“ဒါက ဘာေၾကာင့္လဲဆိုေတာ့ ဧည့္သည္မဝင္ေရာက္မႈနဲ႔ ဟိုတယ္ေတြ လုပ္ငန္းမလည္ပတ္ေတာ့တာေၾကာင့္ ျဖစ္ပါတယ္” ဟု Gede Rai က ေျပာၾကားသည္။

လက္ရွိအားျဖင့္ Denpasar ရွိ အာဏာပိုင္တို႔က အဆိုပါအလုပ္သမားတို႔အား လူမႈအကာအကြယ္ေပးမည့္ မဟာဗ်ဴဟာတစ္ရပ္ စီစဥ္ေနသည္ဟုဆိုသည္။ အဆိုပါ မဟာဗ်ဴဟာတြင္ လြန္ခဲ့ေသာလက စတင္ခဲ့သည့္ အင္ဒိုနီးရွားအစိုးရ၏ အလုပ္ခန႔္ထားမႈ အႀကိဳ ကတ္ျပားမ်ား (pre-employment cards) ထုတ္ေပးျခင္းလည္း ပါဝင္သည္။

အဆိုပါကတ္ျပားမ်ားသည္ အလုပ္ရွာေနသူမ်ားႏွင့္ အလုပ္မရွိေသာ အလုပ္သမားမ်ားကို ထုတ္ေပးျခင္းျဖစ္ၿပီး သင္တန္းအမ်ိဳးမ်ိဳး တက္ေရာက္ႏိုင္ရန္ ေငြေၾကးေထာက္ပံ့မႈမ်ား ျပဳလုပ္ေပးသည္ဟု ဆိုသည္။

ဘာလီကြၽန္း၊ Badung ေဒသတြင္ကား အလုပ္လက္မဲ့ျဖစ္သြားသည့္ အလုပ္သမားဦးေရ ပိုမိုမ်ားျပားေနသည္။

Badung ေဒသသည္ ဘာလီကြၽန္း၏ နာမည္အႀကီးဆုံး ဟိုတယ္မ်ားႏွင့္ စားေသာက္ဆိုင္မ်ား တည္ရွိရာေဒသလည္း ျဖစ္သည္။

Badung ေဒသရွိ စက္မႈႏွင့္လူ႔စြမ္းအားေအဂ်င္စီ (IMA) မွ အရာရွိတစ္ဦးက ေျပာၾကားရာတြင္ ဧၿပီလ ၄ ရက္ေန႔အထိ အလုပ္သမားေပါင္း ၁၉၈ ဦး အလုပ္ျပဳတ္ခဲ့ၿပီးျဖစ္ကာ အမ်ားစုမွာ ကမာၻလွည့္ခရီးသြားလုပ္ငန္းမွျဖစ္ေၾကာင္း ေျပာၾကားသည္။

“အင္ဒိုနီးရွားႏိုင္ငံရဲ႕ ေနရာတိုင္းမွာ ဒီလိုအျဖစ္မ်ိဳးေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ ဒါက ဘယ္ေတာ့မွ အဆုံးသတ္မလဲဆိုတာ ကြၽန္ေတာ္တို႔ မသိပါဘူး” ဟု IMA ၏ အႀကီးအကဲ Ida Bagus Oka Dirga က ေျပာၾကားသည္။

၎က ျဖည့္စြက္ေျပာၾကားရာတြင္ Badung တြင္ ကုမၸဏီေပါင္း ၇၈ ခုမွ ဝန္ထမ္းေပါင္း ၆၀၀၀ ေက်ာ္သည္ အနိမ့္ဆုံးလစာ၏ ၅၀ မွ ၇၀ ရာခိုင္ႏႈန္းၾကား ေပးအပ္ကာ ေနအိမ္တြင္သာ ေနထိုင္ၾကရန္ ၫႊန္ၾကားျခင္းခံခဲ့ၾကရသည္ဟု ဆိုသည္။

“လက္ရွိအခ်ိန္မွာ ဟိုတယ္ေတြ ရပ္ဆိုင္းသြားတာနဲ႔အတူ အလုပ္သမားေတြဟာ လုပ္ငန္းလည္ပတ္စရိတ္အတြက္ ဝန္ထုပ္ဝန္ပိုး ျဖစ္လာေစပါတယ္။ ဒါေၾကာင့္ သူတို႔ကို အိမ္မွာပဲေနဖို႔ ၫႊန္ၾကားခဲ့ၾကရတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီအလုပ္သမားေတြကို အလုပ္ျဖဳတ္လိမ့္မွာ မဟုတ္ဘူးလို႔ေတာ့ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ပါတယ္” ဟု Badung တြင္ ခရီးသြားေအဂ်င္စီတစ္ခုကို ဦးေဆာင္သူ အိုင္ မာဒီ ဘာဒရာက ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Thosands of workers in Bali on unpaid leave, hundreds more laid off , officials (coconuts.co)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service