တရုတ်လက်လီကဏ္ဍ ၂၀၂၀ ဒုတိယနှစ်ဝက်တွင် ပြန်လည်နာလန်ထူရန်ပြင်ဆင်
တရုတ်လက်လီကဏ္ဍ ၂၀၂၀ ဒုတိယနှစ်ဝက်တွင် ပြန်လည်နာလန်ထူရန်ပြင်ဆင် - Property News in Myanmar from iMyanmarHouse.com
2 Apr 2020 11:21 am တွင် တင်ခဲ့သည်
626 ကြိမ် ကြည့်ရှု့ပြီး
### Unicode Version ###
COVID-19 ကူးစက်မှုများ စတင်လျော့ကျလာသဖြင့် ၎င်းရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရာတွင် ယုံကြည်မှုရှိလာပြီဖြစ်သည့် တရုတ်တွင်လက်လီကဏ္ဍသည် ထိုကပ်ဘေးမှပြန်ထေမိသည်နှင့်တစ်ပြိုင်နက် ယခုနှစ်ဒုတိယနှစ်ဝက်မကုန်မီ အပြည့်အဝပြန်လည်နာလန်ထူမည်ဟု Savills China Retail သုတေသနကုမ္ပဏီက ခန့်မှန်းထားကြောင်း Retail News Asia ဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။
သုံးစွဲသူများက သူတို့၏ ဈေးဝယ်ထွက်မှုအလေ့အထဟောင်းများကို သတိထား၍ ပြန်လည်ချဉ်းကပ်လာကြပီဖြစ်သဖြင့်(ဗိုင်းရပ်စ်ကြောင့် ဇန်နဝါရီနှောင်းပိုင်းကတည်းက သွားလားအသုံးပြုဖွင့်လှစ်မှုတားမြစ်ပိတ်ပင်ခဲ့သည့်) ဖျော်ဖြေရေးစင်တာများ၊ ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်များနှင့် အားကစားခန်းမများသည် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုပြီးသည်နှင့် တိုးတက်စည်ပင်ရှင်သန်မည်ဟု ခန့်မှန်းရသည်။
ပုံမှန်အချိန်အတိုင်းပြန်လည်မဖွင့်လှစ်မီမှာပင် ရှန်ဟိုင်းရှိရှော့ပင်းမောလ်များသည် COVID-19 မဖြစ်ပွားမီက လက်ခံခဲ့ရသော ဈေးလာဝယ်သူအရေအတွက်အောက် ၃၀ ရာခိုင်နှုန်းလျော့၍ လက်ခံလာရပြီဖြစ်သည်။ ရှော့ပင်းမောလ်များသည် ပုံမှန်ဖွင့်လှစ်ချိန်များအတိုင်း မတ် ၃၀ မှစတင်ကာ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ပြီး မောလ်များထဲရှိ လက်လီအရောင်းဆိုင်များကလည်း ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည်။
ပြန်လည်ဖွင့်လှစ်စမှာပင် ဖက်ရှင်အရောင်းဆိုင်များအပြင်ဘက်တွင် စောင့်ဆိုင်းနေသည့်လူတန်းရှည်များ၊ ကားပါကင်နေရာရှာရခက်ခဲခြင်းနှင့်ကော်ဖီဆိုင်များတွင် ထိုင်ခုံနေရာခက်ခဲခြင်းတို့ ဖြစ်ပွားနေပြီဖြစ်ကြောင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။
COVID-19 ဖြစ်ပွားမှုအတွင်း အလုပ်သမားစရိတ်နှင့် ငှားရမ်းခမတတ်နိုင်မှုတို့ကြောင့် အပြီးပိတ်ပစ်ခဲ့သည့် အချို့စားသောက်ဆိုင်များမှ ပြန်လည်ဖွင့်လှစ်ရန်လျှောက်ထားလာပါက လျှောက်ထားသည်နှင့်ချက်ချင်းဆိုသလိုပင် ပြန်လည်ဖွင့်လှစ်ခွင့်ပေးမည်ဟု တရုတ်အစိုးရက ကြေညာထားသည်။
နိုင်ငံအတွင်းရှိ အားကစားရုံအများစုလည်း ပြန်လည်ဖွင့်လှစ်လာကြပြီဖြစ်သည်။ သို့သော်လည်း စတုရန်းပေ ၃၀,၀၀၀ အတွက် မိနစ် ၉၀ အတွင်း အများဆုံး လူ ၅၀ အထိသာ ခွင့်ပြုထားပြီး ၎င်းတစ်သုတ်ပြီးတိုင်း (နောက်တစ်သုတ်မလာမီ) ပိုးမွှားသန့်ရှင်းရေးကို မိနစ် ၃၀ ကြာပြုလုပ်ရမည်ဟု သတ်မှတ်ချက်ထားရှိထားကြောင်း သိရသည်။
တရုတ်တွင် ပေကျင်းမှအပ အခြားမြို့များတွင် ကေတီဗွီနှင့် နိုက်ကလပ်များလည်း ပြီးခဲ့သည်ရက်အနည်းငယ်အတွင်း ပြန်လည်ဖွင့်လှစ်လာကြပြီဖြစ်သော်လည်း အခြားဖျော်ဖြေရေးစင်တာများမှာမူ ဆက်လက်ပိတ်ထားကြရဆဲဖြစ်သည်။
ဘဏ္ဍာရေးစိုးရိမ်မှုများနှင့် လာမည့်သီတင်းပတ်နှစ်ပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေတိုးလာနိုင်ခြေရှိခြင်းတို့ကြောင့် တရုတ်ပြည်တွင်းကုန်ထုတ်လုပ်ရေးကုမ္ပဏီအချို့က လည်ပတ်မှုများရပ်နားထားကြပြီး တရုတ်လက်လီဈေးကွက်သို့တိုးချဲ့လိုကြသည့် ပြည်ပမှကုန်ထုတ်လုပ်ရေးကုမ္ပဏီအချို့လည်း တိုးချဲ့မည့်အစီအစဉ်များကို ဆိုင်းငံ့ထားကြ‌ကြောင်းလည်း Savills ၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ -  အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: asiapropertyawards
### Zawgyi Version ###
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ရန်အတွက် သမိုင်းဝင်အိမ်တစ်လုံး ဖြိုချမှု ဝေဖန်ခံရလျက်ရှိ...
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
အောက်တိုဘာလ ၆ ရက် (သို့မဟုတ်) အီဂျစ်နိုင်ငံက မြစ်တစ်စင်းတည်းကို (၂) ကြိမ် ဖြတ်သန်းဆောက်လုပ်ထားသည့် အံ့ဖွယ်ရှည်လျားလှသော တံတား ၂၇ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့...
အောက်တိုဘာလ ၆ ရက် (သို့မဟုတ်) အီဂျစ်နိုင်ငံက မြစ်တစ်စင်းတည်းကို (၂) ကြိမ် ဖြတ်သန်းဆောက်လုပ်ထားသည့် အံ့ဖွယ်ရှည်လျားလှသော တံတား ၂၇ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့...
အရှေ့တောင်အာရှတွင် အပူလှိုင်းဖြတ်သန်းလျက်ရှိသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရ၊ ဖိလစ်ပိုင်တွင် တစ်ပတ်လျှင် (၄) ရက်သာ ရုံးတက်ရက်အဖြစ် သတ်မှတ်လာရ...
အရှေ့တောင်အာရှတွင် အပူလှိုင်းဖြတ်သန်းလျက်ရှိသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရ၊ ဖိလစ်ပိုင်တွင် တစ်ပတ်လျှင် (၄) ရက်သာ ရုံးတက်ရက်အဖြစ် သတ်မှတ်လာရ...
ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွက်ပြီ...
ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွက်ပြီ...
ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များပြော...
ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များပြော...
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖြင့် လေလံတင်ရောင်းချမည်...
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖြင့် လေလံတင်ရောင်းချမည်...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
cherry-condo
thukha-garden-residence
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service