အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
1693 Views

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

[Unicode]

တောင်ဒဂုံမြို့နယ် 106 ရပ်ကွက် အနီးအောင်မြင့်မိုရ် အိမ်ရာတွင် ဆောက်လုပ်ထားသော တိုက်ခန်း လေးလုံးမှ အခန်းပေါင်း 104 ခန်းကို ဘဏ်အရစ်ကျ ချေးငွေ ဖြင့် ရောင်းချမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ကထုတ်ပြန်ကြေငြာထားသည်။

အောင်မြင့်မိုရ်အိမ်ရာ အတွင်းရှိအခန်း(၁၀၄) ခန်းကိုအတိုးနှုန်းသက်သာသောချေးငွေစနစ် ဖြင့်ချိတ်ဆက်ပြီး၂၀၂၄ ခုနှစ်၊မေလတွင် ရောင်းချသွားမည်ဖြစ်သည်။

‌ဆောက်လုပ်ရေး၊အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်တွင် ၂၀၂၃ ခုနှစ်၊ဒီဇင်ဘာ ၃၁ရက်နေ့အထိ အိမ်ရာစုဆောင်းငွေကျပ်သိန်း (၃၀)နှင့်အထက်ပြည့်မီအောင်စုဆောင်းထားသည့် စာရင်း (၂၂၉၃)ဦးတွင်ပါဝင်သူများ အနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး‌ရေးဦးစီးဌာန၏ DUHD Sale Housing Facebook Messenger မှတဆင့် စာရင်းပေးသွင်းလျှောက်ထားရမည်ဟုဖေါ်ပြထားသည်။

 

 

‌Messenger မှတဆင့်အမည်စာရင်း လက်ခံခြင်းကို ၂၂-၄-၂၀၂၄ ရက်နေ့မှ ၃-၅-၂၀၂၄ ရက်နေ့အတွင်းရုံးဖွင့်ရက်များတွင် နံနက် ၉း၃၀ မှ ၄း၃၀ အထိဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

‌ရောင်းချပေးမည့် အခန်းအရေအတွက်အရ စာရင်းပေးသွင်းထားသူများအနက် ဘဏ်မှတ်တမ်း တန်းစီဇယားအမှတ်စဉ်အလိုက် အခန်းမဲနှိုက်ပေးခြင်းကို ၇-၅-၂၀၂၄ ရက်နေ့တွင်ဆောင်ရွက်သွားမည်ဟု သိရသည်။

‌အခန်းဝယ်ယူခွင့်ရသူများသည် အိမ်ရာဝယ်ယူရာတွင် အိမ်ရာချေးငွေစနစ်ဖြင့် မဖြစ်မနေချေးယူရမည်ဟု ထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။

‌အောင်မြင့်မိုရ်အိမ်ရာသည် တောင်ဒဂုံမြို့နယ် ရှိရိုးမရိပ်သာအိမ်ရာ အနိးတွင်တည်ရှိပြီး တန်ဖိုးသင့်လူနေတိုက်ခန်း အိမ်ရာများဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

ေအာင္ျမင့္မိုရ္အိမ္ရာ႐ွိ တိုက္(၄)လုံး၊အခန္း (၁၀၄) ခန္းအိမ္ရာေခ်းေငြျဖင့္ ေရာင္းခ်မည္

 

ေတာင္ဒဂုံၿမိဳ႕နယ္ 106 ရပ္ကြက္ အနီးေအာင္ျမင့္မိုရ္ အိမ္ရာတြင္ ေဆာက္လုပ္ထားေသာ တိုက္ခန္း ေလးလုံးမွ အခန္းေပါင္း 104 ခန္းကို ဘဏ္အရစ္က် ေခ်းေငြ ျဖင့္ ေရာင္းခ်မည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာန ကထုတ္ျပန္ေၾကျငာထားသည္။

ေအာင္ျမင့္မိုရ္အိမ္ရာ အတြင္း႐ွိအခန္း(၁၀၄) ခန္းကိုအတိုးႏႈန္းသက္သာေသာေခ်းေငြစနစ္ ျဖင့္ခ်ိတ္ဆက္ၿပီး၂၀၂၄ ခုႏွစ္၊ေမလတြင္ ေရာင္းခ်သြားမည္ျဖစ္သည္။

‌ေဆာက္လုပ္ေရး၊အိမ္ရာႏွင့္အေျခခံအေဆာက္အအုံဖြံ႕ၿဖိဳးေရးဘဏ္တြင္ ၂၀၂၃ ခုႏွစ္၊ဒီဇင္ဘာ ၃၁ရက္ေန႔အထိ အိမ္ရာစုေဆာင္းေငြက်ပ္သိန္း (၃၀)ႏွင့္အထက္ျပည့္မီေအာင္စုေဆာင္းထားသည့္ စာရင္း (၂၂၉၃)ဦးတြင္ပါဝင္သူမ်ား အေနျဖင့္ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳး‌ေရးဦးစီးဌာန၏ DUHD Sale Housing Facebook Messenger မွတဆင့္ စာရင္းေပးသြင္းေလွ်ာက္ထားရမည္ဟုေဖၚျပထားသည္။

‌Messenger မွတဆင့္အမည္စာရင္း လက္ခံျခင္းကို ၂၂-၄-၂၀၂၄ ရက္ေန႔မွ ၃-၅-၂၀၂၄ ရက္ေန႔အတြင္း႐ုံးဖြင့္ရက္မ်ားတြင္ နံနက္ ၉း၃၀ မွ ၄း၃၀ အထိေဆာင္႐ြက္ေပးသြားမည္ျဖစ္သည္။

‌ေရာင္းခ်ေပးမည့္ အခန္းအေရအတြက္အရ စာရင္းေပးသြင္းထားသူမ်ားအနက္ ဘဏ္မွတ္တမ္း တန္းစီဇယားအမွတ္စဥ္အလိုက္ အခန္းမဲႏိႈက္ေပးျခင္းကို ၇-၅-၂၀၂၄ ရက္ေန႔တြင္ေဆာင္႐ြက္သြားမည္ဟု သိရသည္။

‌အခန္းဝယ္ယူခြင့္ရသူမ်ားသည္ အိမ္ရာဝယ္ယူရာတြင္ အိမ္ရာေခ်းေငြစနစ္ျဖင့္ မျဖစ္မေနေခ်းယူရမည္ဟု ထုတ္ျပန္ခ်က္တြင္ေဖၚျပထားသည္။

‌ေအာင္ျမင့္မိုရ္အိမ္ရာသည္ ေတာင္ဒဂုံၿမိဳ႕နယ္ ႐ွိ႐ိုးမရိပ္သာအိမ္ရာ အနိးတြင္တည္႐ွိၿပီး တန္ဖိုးသင့္လူေနတိုက္ခန္း အိမ္ရာမ်ားျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီကာရှင်း၏ ဟောင်ကောင်ရှိ ဈေးဝယ်စင်တာကြီးမှာ တရုတ်လူမျိုးတို့ ငွေသုံးစွဲမှု ထိုးကျနေသောကြောင့် လူသူကင်းမဲ့လျက်ရှိ
လီကာရှင်း၏ ဟောင်ကောင်ရှိ ဈေးဝယ်စင်တာကြီးမှာ တရုတ်လူမျိုးတို့ ငွေသုံးစွဲမှု ထိုးကျနေသောကြောင့် လူသူကင်းမဲ့လျက်ရှိ
ဘီလ်ဂိတ်အား မည်သူမည်ဝါမှန်းမသိဘဲ လဘက်ရည် ရောင်းခဲ့ပြီးနောက် နေ့ချင်းညချင်း လျှမ်းလျှမ်းတောက် ကျော်ကြားသွားခဲ့ပြီး ပွဲလမ်
ဘီလ်ဂိတ်အား မည်သူမည်ဝါမှန်းမသိဘဲ လဘက်ရည် ရောင်းခဲ့ပြီးနောက် နေ့ချင်းညချင်း လျှမ်းလျှမ်းတောက် ကျော်ကြားသွားခဲ့ပြီး ပွဲလမ်
ဂျနီဖာလိုပက်ဇ်က လော့စ်အိန်ဂျလိမှာ Spa တစ်နာရီလောက်ဝင် Skincare ပြီး အိမ်ဝယ်ရန် လိုက်လံရှာဖွေ
ဂျနီဖာလိုပက်ဇ်က လော့စ်အိန်ဂျလိမှာ Spa တစ်နာရီလောက်ဝင် Skincare ပြီး အိမ်ဝယ်ရန် လိုက်လံရှာဖွေ
သားအတွက် Paramount ကုမ္ပဏီ ဝယ်ပေးရန် လိုအပ်သောငွေကို ဘီလျံနာသူဌေးကြီး လယ်ရီ အယ်လစ်ဆင် တစ်ရက်အတွင်း ရရှိ
သားအတွက် Paramount ကုမ္ပဏီ ဝယ်ပေးရန် လိုအပ်သောငွေကို ဘီလျံနာသူဌေးကြီး လယ်ရီ အယ်လစ်ဆင် တစ်ရက်အတွင်း ရရှိ
ဘင်အက်ဖလက်နှင့် ကွာရှင်းပြတ်စဲရေးကိစ္စများ ဆောင်ရွက်နေသော ဂျနီဖာလိုပက်ဇ်က နှစ်ဦးအတူနေခဲ့သော မင်္ဂလာဦးစံအိမ်ကြီးကို အရောင
ဘင်အက်ဖလက်နှင့် ကွာရှင်းပြတ်စဲရေးကိစ္စများ ဆောင်ရွက်နေသော ဂျနီဖာလိုပက်ဇ်က နှစ်ဦးအတူနေခဲ့သော မင်္ဂလာဦးစံအိမ်ကြီးကို အရောင
၈ တန်းဖြင့် ကျောင်းထွက်ခဲ့ရကာ တစ်ရက်လျှင် ရူပီး ၃၀ မျှသာ လုပ်အားခရသော အလုပ်သမားဘဝမှ ယနေ့အခါ ရူပီး ၁၈၀ ဘီလီယံတန်ကြေးရှိ က
၈ တန်းဖြင့် ကျောင်းထွက်ခဲ့ရကာ တစ်ရက်လျှင် ရူပီး ၃၀ မျှသာ လုပ်အားခရသော အလုပ်သမားဘဝမှ ယနေ့အခါ ရူပီး ၁၈၀ ဘီလီယံတန်ကြေးရှိ က
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ၈၅ ဧကကျယ်သည့် ခြံကြီးကို ကန်ဒေါ်လာ ၄ ဒသမ ၉၅ သန်းမျှဖြင့် အရောင်းဈေးကွက်တင်လာ၊ စ
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ၈၅ ဧကကျယ်သည့် ခြံကြီးကို ကန်ဒေါ်လာ ၄ ဒသမ ၉၅ သန်းမျှဖြင့် အရောင်းဈေးကွက်တင်လာ၊ စ
Johnny Depp ၏ လူအများသတိမထားမိသော ရက်ရောသည့်အလှူ (သို့မဟုတ်) ရုပ်ရှင်ကားတစ်ခုတွင် တွဲဖက် သရုပ်ဆောင်ခဲ့သော ရုပ်ရှင်မင်းသာ
Johnny Depp ၏ လူအများသတိမထားမိသော ရက်ရောသည့်အလှူ (သို့မဟုတ်) ရုပ်ရှင်ကားတစ်ခုတွင် တွဲဖက် သရုပ်ဆောင်ခဲ့သော ရုပ်ရှင်မင်းသာ
ဂျပ်စတင်ဘီဘာနှင့် Dwayne Johnson တို့ အပန်းဖြေနေထိုင်ခဲ့သော ဟာဝိုင်အီမှ စံအိမ် ဝယ်လက်တစ်ဦးထံ ကန်ဒေါ်လာ ၆ ဒသမ ၂၅ သန်းဖြင်
ဂျပ်စတင်ဘီဘာနှင့် Dwayne Johnson တို့ အပန်းဖြေနေထိုင်ခဲ့သော ဟာဝိုင်အီမှ စံအိမ် ဝယ်လက်တစ်ဦးထံ ကန်ဒေါ်လာ ၆ ဒသမ ၂၅ သန်းဖြင်
“Pine Bluff မြို့မှ ဒေါ်လာ ၄၀၀ တန်အိမ်များ” (သို့မဟုတ်) အမေရိကန်ပြည်၊ အာကင်ဆောပြည်နယ်ရှိ မြို့ငယ်လေးတစ်ခုတွင် နေအိမ်တစ်လ
“Pine Bluff မြို့မှ ဒေါ်လာ ၄၀၀ တန်အိမ်များ” (သို့မဟုတ်) အမေရိကန်ပြည်၊ အာကင်ဆောပြည်နယ်ရှိ မြို့ငယ်လေးတစ်ခုတွင် နေအိမ်တစ်လ

Upcoming Property Events

From 08 Sep To 06 Oct

Sweet Dream Villa

expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service