ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက် - Property Knowledge in Myanmar from iMyanmarHouse.com
21 Apr 2024 4:33 pm တွင် တင်ခဲ့သည်
1221 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ကျွန်မတို့ ငယ်ငယ်တည်းက အမျိုးတွေက ဈေးဝယ်ရင် ဆားဆိုလည်း အထုပ်ကြီး၊ နနွင်းမှုန့်ဆိုလည်း များများ၊ ငရုတ်သီးအကြမ်းမှုန့်ဆိုလည်း တလှေကြီးဝယ်ထားတတ်တယ်။ အထုပ်ကြီးတွေက အထုပ်သေးတွေ ဝယ်တာထက် ဈေးပိုသက်သာသလို ဈေးခဏခဏမသွားရလို့ အချိန်ကုန်လည်း သက်သာတယ်လေ။

ဒါပေမယ့် ဟင်းတစ်ခါချက်ဖို့ လိုတဲ့ ဟင်းခတ်အမွှေးအကြိုင်နဲ့ အရသာတွေ ထည့်ပြီးရင် ကျန်တဲ့ ဟင်းခတ်မှုန့်တွေကို အစိုမပြန်အောင်နဲ့ တာရှည်ခံအောင်ထိန်းသိမ်းတတ်ဖို့တော့ လိုပါတယ်။ ဒါကြောင့် ဟင်းခတ်အမွှေးအကြိုင်နဲ့ ရသာမှုန့်တွေကို တာရှည်ခံအောင် ဘယ်လို ထိန်းသိမ်းမလဲဆိုတဲ့အချက်လေးတွေပြောပြချင်တယ်။

ရနံ့မပြယ်၊ တာရှည်ခံအောင် ဘယ်လို ထားမလဲ

(၁) အရိုးဆုံးနဲ့ မြန်မာပြည်မှာ အသုံးအများဆုံးနည်းကတော့ ပလတ်စတစ်ဘူးတွေနဲ့ ဟင်းခတ်အမွှေးအကြိုင်နဲ့ ခနောကြက်သားမှုန့်လို ရသာမှုန့်တွေကို ပြောင်းထည့်တာပါပဲ။ ဒါပေမယ့် ပလတ်စတစ်ဘူးတွေဟာ ခြောက်သွေ့သန့်ရှင်းဖို့ လိုသလို လေလုံဖို့လည်း လိုပါတယ်နော်။ အထုတ်ကြီးထဲက အမှုန့်တွေကို ခြောက်သွေ့သန့်ရှင်းပြီး လေလုံတဲ့ ပလတ်စတစ်ဘူးတွေထဲ ပြောင်းထည့်ပြီး အပေါ်မှာ စာကပ်ကာ စနစ်တကျ သိမ်းဆည်းထားနိုင်ပါတယ်။

(၂) ဒီထက်ပိုပြီးကောင်းတဲ့ သိမ်းဆည်းနည်းကတော့ ဖန်ပုလင်းတွေနဲ့ သိမ်းဆည်းတာပါပဲ။ လေလုံပြီး သန့်ရှင်းတဲ့ ဖန်ပုလင်းတွေဟာ ဟင်းခတ်အမွှေးအကြိုင်နဲ့ ရသာမှုန့်တွေကို အများဆုံး ၂နှစ်လောက်ထိ ရနံ့နဲ့ ရသာမပြယ်အောင် ထိန်းသိမ်းနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

(၃) ဟင်းခတ်အမွှေးအကြိုင်တွေအမှုန့်တွေကို အနံ့အရသာ အဖျက်စီးဆီးနိုင်ဆုံးက လေ၊ အလင်းရောင်၊ အပူနဲ့ စိုထိုင်းဆပဲလို့ ဆိုကြပါတယ်။ ဒါကြောင့် ဟင်းခတ်အမွှေးအကြိုင်နဲ့ ရသာမှုန့် ဘူးတွေ၊ ပုလင်းတွေကို မီးဖိုပေါ်က စင်၊ မီးဖိုနားက စင်တွေမှာ မထားသင့်ဘဲ မီးဖိုနဲ့ ဝေးတဲ့နေရာမှာ သိမ်းဆည်းသင့်ပါတယ်။

(၄) ကျွန်မတို့ နောက်တစ်ခုသတိထားရမှာက နနွင်းမှုန့်၊ ဆားဘူးနဲ့ ခနောကြက်သားမှုန့်လို ဘူးတွေကို မီးဖိုခန်းပြတင်းပေါက်ဘောင်ဘေးမှာ စီစီရီရီထားတတ်ကြတာအချက်ပါပဲ။ ဒီအချက်ကလည်း အလင်းရောင်နဲ့ တိုက်ရိုက်ထိတွေ့ရင် အနံ့ပြယ်တတ်တဲ့ သဘာဝရှိတဲ့ဟင်းခတ်အမွှေးအကြိုင်မှုန့်တွေအတွက် အဆင်မပြေပါဘူး။ ဒါကြောင့် ဒီလို ရသာမှုန့်နဲ့ ဟင်းခတ်အမွှေးအကြိုင်အမှုန့်တွေကို မှောင်တဲ့နေရာနဲ့ ကြောင်အိမ်၊ ဗီဒို အတွင်းဘက်စတဲ့နေရာတွေမှာ သိမ်းဆည်းသင့်ပါတယ်။

(၅) အမှုန့်မဟုတ်ဘဲ ခနောတုန်ယမ်းခဲလို အခဲ ပုံစံမျိုးဆိုရင်တော့ ရေခဲသေတ္တာထဲမှာ ထည့်ထားပြီး သိမ်းဆည်းနိုင်ပါတယ်။ ထည့်ချက်တော့မယ်ဆိုရင်တော့ ရေခဲသေတ္တာထဲက အချိန်အနည်းငယ် ကြိုထုတ်ထားပြီး ချက်ပြုတ်ပြင်ဆင်နိုင်တယ်လို့ ပြောပြပါရစေ။ အပေါ်မှာ ပြောပြထားတဲ့အချက်လေးတွေကတော့ ဟင်းခတ်အမွှေးအကြိုင်နဲ့ ရသာမှုန့်တွေကို ကြာရှည်ခံပြီး အနံ့အရသာမပျက်အောင် ဘယ်လို ထိန်းသိမ်းသလဲဆိုတာကို မျှဝေပေးတာပါ။ တခြား ဟင်းခတ်အမွှေးအကြိုင်အမှုန့် သိမ်းနည်းတွေရှိရင်လည်း ပြောပြသွားနိုင်တယ်နော်။

ဟင်းခတ်အမွှေးအကြိုင်တွေကို ထားသိုရာမှာ ဘယ်လိုအချက်တွေကို ထည့်သွင်းစဉ်းစားကြမလဲ။

ဟင်းခတ်အမွှေးအကြိုင်တွေကို ထားသိုရာမှာ စဉ်းစားသင့်တဲ့ အချက်(၃)ချက်

နေရောင်နဲ့တိုက်ရိုက်ထိတွေ့မှု

ဟင်းခတ်အမွှေအကြိုင်နဲ့ ရသာမှုန့်တွေကို စင်တွေ၊ တန်းတွေလို နေရောင်နဲ့ တိုက်ရိုက်ထိတွေ့စေတဲ့ နေရာမှာထားသိုတာဟာ အမွှေးအကြိုင်မှုန့်တွေမှာ ပါတဲ့ ဓာတ်သဘာဝတွေကို ပြိုကွဲခြောက်သွေ့စေပါတယ်။

အစိုပြန်မှု

အစိုပြန်မှုဟာ အမှုန့်တွေကို ကပ်ခဲစေနိုင်တဲ့အတွက် ဟင်းခတ်အမွှေးအကြိုင်တွေကို ထားသိုရာမှာ လေလုံဘူးတွေထဲ ထည့်ပြီး အေးမြပြီး မှောင်တဲ့နေရာတွေမှာ ထားသိုသင့်ပါတယ်။

အပူ

အပူဟာ ဟင်းခတ်အမွှေအကြိုင်တွေရဲ့ အနံ့နဲ့ အရသာကို ဖြစ်ပေါ်စေတဲ့ ဓာတုဒြပ်ပေါင်းတွေကို ပြိုကွဲစေပြီး အနံ့အရသာအာနိသင်ကို လျော့ကျစေပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: howtocook

'

[Zawgyi]

ဟင္းခတ္အေမႊးအႀကိဳင္ေတြ တာ႐ွည္ခံေအာင္ သိမ္းဆည္းနည္း (၅) ခ်က္

ကြၽန္မတို႔ ငယ္ငယ္တည္းက အမ်ိဳးေတြက ေဈးဝယ္ရင္ ဆားဆိုလည္း အထုပ္ႀကီး၊ နႏြင္းမႈန္႔ဆိုလည္း မ်ားမ်ား၊ င႐ုတ္သီးအၾကမ္းမႈန္႔ဆိုလည္း တေလွႀကီးဝယ္ထားတတ္တယ္။ အထုပ္ႀကီးေတြက အထုပ္ေသးေတြ ဝယ္တာထက္ ေဈးပိုသက္သာသလို ေဈးခဏခဏမသြားရလို႔ အခ်ိန္ကုန္လည္း သက္သာတယ္ေလ။

ဒါေပမယ့္ ဟင္းတစ္ခါခ်က္ဖို႔ လိုတဲ့ ဟင္းခတ္အေမႊးအႀကိဳင္နဲ႔ အရသာေတြ ထည့္ၿပီးရင္ က်န္တဲ့ ဟင္းခတ္မႈန္႔ေတြကို အစိုမျပန္ေအာင္နဲ႔ တာ႐ွည္ခံေအာင္ထိန္းသိမ္းတတ္ဖို႔ေတာ့ လိုပါတယ္။ ဒါေၾကာင့္ ဟင္းခတ္အေမႊးအႀကိဳင္နဲ႔ ရသာမႈန္႔ေတြကို တာ႐ွည္ခံေအာင္ ဘယ္လို ထိန္းသိမ္းမလဲဆိုတဲ့အခ်က္ေလးေတြေျပာျပခ်င္တယ္။

ရနံ႔မျပယ္၊ တာ႐ွည္ခံေအာင္ ဘယ္လို ထားမလဲ

(၁) အ႐ိုးဆုံးနဲ႔ ျမန္မာျပည္မွာ အသုံးအမ်ားဆုံးနည္းကေတာ့ ပလတ္စတစ္ဘူးေတြနဲ႔ ဟင္းခတ္အေမႊးအႀကိဳင္နဲ႔ ခေနာၾကက္သားမႈန္႔လို ရသာမႈန္႔ေတြကို ေျပာင္းထည့္တာပါပဲ။ ဒါေပမယ့္ ပလတ္စတစ္ဘူးေတြဟာ ေျခာက္ေသြ႕သန္႔႐ွင္းဖို႔ လိုသလို ေလလုံဖို႔လည္း လိုပါတယ္ေနာ္။ အထုတ္ႀကီးထဲက အမႈန္႔ေတြကို ေျခာက္ေသြ႕သန္႔႐ွင္းၿပီး ေလလုံတဲ့ ပလတ္စတစ္ဘူးေတြထဲ ေျပာင္းထည့္ၿပီး အေပၚမွာ စာကပ္ကာ စနစ္တက် သိမ္းဆည္းထားႏိုင္ပါတယ္။

(၂) ဒီထက္ပိုၿပီးေကာင္းတဲ့ သိမ္းဆည္းနည္းကေတာ့ ဖန္ပုလင္းေတြနဲ႔ သိမ္းဆည္းတာပါပဲ။ ေလလုံၿပီး သန္႔႐ွင္းတဲ့ ဖန္ပုလင္းေတြဟာ ဟင္းခတ္အေမႊးအႀကိဳင္နဲ႔ ရသာမႈန္႔ေတြကို အမ်ားဆုံး ၂ႏွစ္ေလာက္ထိ ရနံ႔နဲ႔ ရသာ မျပယ္ေအာင္ ထိန္းသိမ္းႏိုင္စြမ္း႐ွိတယ္လို႔ ဆိုပါတယ္။

(၃) ဟင္းခတ္အေမႊးအႀကိဳင္ေတြအမႈန္႔ေတြကို အနံ႔အရသာ အဖ်က္စီးဆီးႏိုင္ဆုံးက ေလ၊ အလင္းေရာင္၊ အပူနဲ႔ စိုထိုင္းဆပဲလို႔ ဆိုၾကပါတယ္။ ဒါေၾကာင့္ ဟင္းခတ္အေမႊးအႀကိဳင္နဲ႔ ရသာမႈန္႔ ဘူးေတြ၊ ပုလင္းေတြကို မီးဖိုေပၚက စင္၊ မီးဖိုနားက စင္ေတြမွာ မထားသင့္ဘဲ မီးဖိုနဲ႔ ေဝးတဲ့ေနရာမွာ သိမ္းဆည္းသင့္ပါတယ္။

(၄) ကြၽန္မတို႔ ေနာက္တစ္ခုသတိထားရမွာက နႏြင္းမႈန္႔၊ ဆားဘူးနဲ႔ ခေနာၾကက္သားမႈန္႔လို ဘူးေတြကို မီးဖိုခန္းျပတင္းေပါက္ေဘာင္ေဘးမွာ စီစီရီရီထားတတ္ၾကတာအခ်က္ပါပဲ။ ဒီအခ်က္ကလည္း အလင္းေရာင္နဲ႔ တိုက္႐ိုက္ထိေတြ႕ရင္ အနံ႔ျပယ္တတ္တဲ့ သဘာဝ႐ွိတဲ့ဟင္းခတ္အေမႊးအႀကိဳင္မႈန္႔ေတြအတြက္ အဆင္မေျပပါဘူး။ ဒါေၾကာင့္ ဒီလို ရသာမႈန္႔နဲ႔ ဟင္းခတ္အေမႊးအႀကိဳင္အမႈန္႔ေတြကို ေမွာင္တဲ့ေနရာနဲ႔ ေၾကာင္အိမ္၊ ဗီဒို အတြင္းဘက္စတဲ့ေနရာေတြမွာ သိမ္းဆည္းသင့္ပါတယ္။

(၅) အမႈန္႔မဟုတ္ဘဲ ခေနာတုန္ယမ္းခဲလို အခဲ ပုံစံမ်ိဳးဆိုရင္ေတာ့ ေရခဲေသတၱာထဲမွာ ထည့္ထားၿပီး သိမ္းဆည္းႏိုင္ပါတယ္။ ထည့္ခ်က္ေတာ့မယ္ဆိုရင္ေတာ့ ေရခဲေသတၱာထဲက အခ်ိန္အနည္းငယ္ ႀကိဳထုတ္ထားၿပီး ခ်က္ျပဳတ္ျပင္ဆင္ႏိုင္တယ္လို႔ ေျပာျပပါရေစ။ အေပၚမွာ ေျပာျပထားတဲ့အခ်က္ေလးေတြကေတာ့ ဟင္းခတ္အေမႊးအႀကိဳင္နဲ႔ ရသာမႈန္႔ေတြကို ၾကာ႐ွည္ခံၿပီး အနံ႔အရသာမပ်က္ေအာင္ ဘယ္လို ထိန္းသိမ္းသလဲဆိုတာကို မွ်ေဝေပးတာပါ။ တျခား ဟင္းခတ္အေမႊးအႀကိဳင္အမႈန္႔ သိမ္းနည္းေတြ႐ွိရင္လည္း ေျပာျပသြားႏိုင္တယ္ေနာ္။

ဟင္းခတ္အေမႊးအႀကိဳင္ေတြကို ထားသိုရာမွာ ဘယ္လိုအခ်က္ေတြကို ထည့္သြင္းစဥ္းစားၾကမလဲ။

ဟင္းခတ္အေမႊးအႀကိဳင္ေတြကို ထားသိုရာမွာ စဥ္းစားသင့္တဲ့ အခ်က္(၃)ခ်က္

ေနေရာင္နဲ႕တိုက္႐ိုက္ထိေတြ႕မႈ

ဟင္းခတ္အေမႊအႀကိဳင္နဲ႔ ရသာမႈန္႕ေတြကို စင္ေတြ၊ တန္းေတြလို ေနေရာင္နဲ႕ တိုက္႐ိုက္ထိေတြ႕ေစတဲ့ ေနရာမွာ ထားသိုတာဟာ အေမႊးအႀကိဳင္မႈန္႕ေတြမွာ ပါတဲ့ ဓာတ္သဘာဝေတြကို ၿပိဳကြဲေျခာက္ေသြ႕ေစပါတယ္။

အစိုျပန္မႈ

အစိုျပန္မႈဟာ အမႈန္႔ေတြကို ကပ္ခဲေစႏိုင္တဲ့အတြက္ ဟင္းခတ္အေမႊးအႀကိဳင္ေတြကို ထားသိုရာမွာ ေလလံုဘူးေတြထဲ ထည့္ၿပီး ေအးျမၿပီး ေမွာင္တဲ့ ေနရာေတြမွာ ထားသိုသင့္ပါတယ္။

အပူ

အပူဟာ ဟင္းခတ္အေမႊအႀကိဳင္ေတြရဲ႕ အနံ႔နဲ႕ အရသာကို ျဖစ္ေပၚေစတဲ့ ဓာတုျဒပ္ေပါင္းေတြကို ၿပိဳကြဲေစၿပီး အနံ႔အရသာအာနိသင္ကို ေလ်ာ့က်ေစပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: howtocook

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဖရိက၏ အချမ်းသာဆုံးပုဂ္ဂိုလ် Dangote က ပြည်ပနိုင်ငံများတွင် အိမ်ခြံမြေများ ပိုင်ဆိုင်မထားသည့် အကြောင်းရင်းကို ရှင်းပြ...
အာဖရိက၏ အချမ်းသာဆုံးပုဂ္ဂိုလ် Dangote က ပြည်ပနိုင်ငံများတွင် အိမ်ခြံမြေများ ပိုင်ဆိုင်မထားသည့် အကြောင်းရင်းကို ရှင်းပြ...
ရွှန်းဆကု ဆဂမိ၏ အောင်မြင်မှု (သို့မဟုတ်) ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ချမ်းသာသော ဂျပန်၏ အသက်အငယ်ဆုံး ဘီလျံနာ...
ရွှန်းဆကု ဆဂမိ၏ အောင်မြင်မှု (သို့မဟုတ်) ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ချမ်းသာသော ဂျပန်၏ အသက်အငယ်ဆုံး ဘီလျံနာ...
သန်းကြွယ်သူဌေးများ ဖြစ်လာလျက်ရှိသော ထိုင်း ဒူးရင်းစိုက်ပျိုးသူများနှင့် တင်ပို့သူများ
သန်းကြွယ်သူဌေးများ ဖြစ်လာလျက်ရှိသော ထိုင်း ဒူးရင်းစိုက်ပျိုးသူများနှင့် တင်ပို့သူများ
အမျိုးသမီးများသာ ဝင်ခွင့်ပြုသော အိန္ဒိယမှ ဘုရားကျောင်းများ
အမျိုးသမီးများသာ ဝင်ခွင့်ပြုသော အိန္ဒိယမှ ဘုရားကျောင်းများ
တရုတ်ပြည်တွင် သခင်တို့ အလုပ်သွားနေချိန်အတွင်း အိမ်မွေးတိရ စ္ဆာန်ကလေးများအား Pet မူကြိုသို့ ပို့ဆောင်ထားမှု ခေတ်စားနေ၊ Pet မူကြိုတွင် အိမ်မွေးတိရ စ္ဆာန်လေးများအား ခေါင်းညိတ်၊ ခေါင်းခါ၊ လက်ဝါးရိုက် နှုတ်ဆက်နည်း၊ သေချင်ဟန်ဆေ...

တရုတ်ပြည်တွင် အညတရ သတင်းစာ အလုပ်သင်ဝန်ထမ်းမလေးတစ်ဦးဘဝမှ လူမှုကွန်ရက်တွင် follower သန်း ၂၀ ရှိ ဆယ်လီဖြစ်လာသော မိန်းကလေးတစ်ဦး၊ ပဲရစ်မြို့ အီဖဲမျှော်စင်ကြီးအောက်တွင် ချစ်သူ၏ ချစ်ရေးဆိုခြင်းခံရသော ဗွီဒီယို အွန်လိုင်းတွင် ကြည့်ရှုမှု အကြိမ်ရေ သန်း ၆၀ ရ...

အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
1970 ပြည့်နှစ်များဆီက ဆောက်လုပ်ခဲ့သော သဘာဝဆန်ဆန်ဖန်တီးမှု မှိုပွင့်ပုံစံ အိမ်ထူးဆန်း
1970 ပြည့်နှစ်များဆီက ဆောက်လုပ်ခဲ့သော သဘာဝဆန်ဆန်ဖန်တီးမှု မှိုပွင့်ပုံစံ အိမ်ထူးဆန်း
နူးညံ့မှုရဲ့အလှတရားကို ရှာဖွေခံစားနိုင်မယ့် ဂျပန်နိုင်ငံရဲ့ တစ်နှစ်မှတစ်ခါ ချယ်ရီပန်းကြည့်ပွဲတော် ( ဟာနမိ )...
နူးညံ့မှုရဲ့အလှတရားကို ရှာဖွေခံစားနိုင်မယ့် ဂျပန်နိုင်ငံရဲ့ တစ်နှစ်မှတစ်ခါ ချယ်ရီပန်းကြည့်ပွဲတော် ( ဟာနမိ )...
မိမိ နေအိမ်ခြံဝင်းအတွင်းသို့ မြွေများ မလာစေလိုလျှင်...
မိမိ နေအိမ်ခြံဝင်းအတွင်းသို့ မြွေများ မလာစေလိုလျှင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆောင်းပါးရှင် Ashley Poskin ပြောပြသော “အိမ်သုံးပစ္စည်း ၂ မျိုးတည်းဖြင့် ပုရွက်ဆိတ် နှိမ်နင်းနည်း”
ဆောင်းပါးရှင် Ashley Poskin ပြောပြသော “အိမ်သုံးပစ္စည်း ၂ မျိုးတည်းဖြင့် ပုရွက်ဆိတ် နှိမ်နင်းနည်း”
Warren Buffett က ကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံ ထပ်မံလှူဒါန်း၊ မိမိကွယ်လွန်ချိန်တွင် ပိုင်ဆိုင်မှု၏ ၉၉ ရာခိုင်နှုန်းကျော်ကို ပ
Warren Buffett က ကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံ ထပ်မံလှူဒါန်း၊ မိမိကွယ်လွန်ချိန်တွင် ပိုင်ဆိုင်မှု၏ ၉၉ ရာခိုင်နှုန်းကျော်ကို ပ
ဘောလိဝုဒ်ထိပ်သီးကြယ်ပွင့် ကာဂျိုးနှင့် အဂျေးဒေ့ဗ်ဂန်တို့စုံတွဲ၏ ရူပီး ကုဋေ ၆၀ တန်ကြေးရှိ သီဝရှက်တီ စံအိမ်ကြီး
ဘောလိဝုဒ်ထိပ်သီးကြယ်ပွင့် ကာဂျိုးနှင့် အဂျေးဒေ့ဗ်ဂန်တို့စုံတွဲ၏ ရူပီး ကုဋေ ၆၀ တန်ကြေးရှိ သီဝရှက်တီ စံအိမ်ကြီး
Warren Buffett က အစ္စရေးနိုင်ငံရှိ စီးပွားရေးလုပ်ငန်းတစ်ခုကို သွားရောက်ကြည့်ရှုခြင်းပင် မပြုဘဲ ဒေါ်လာ ၄ ဘီလီယံဖြင့် ဝယ်ယ
Warren Buffett က အစ္စရေးနိုင်ငံရှိ စီးပွားရေးလုပ်ငန်းတစ်ခုကို သွားရောက်ကြည့်ရှုခြင်းပင် မပြုဘဲ ဒေါ်လာ ၄ ဘီလီယံဖြင့် ဝယ်ယ
ဒေါင့်သန်းပိုးထည့်ထားသော ချောကလက်၊ ဒေါက်တာသေမင်းနှင့် ဂျပန်ခေတ် ကြောက်မက်ဖွယ် ငရဲခန်းများ ဖန်တီးခဲ့သည့် ဂျပန်တပ်မတော်၏ U
ဒေါင့်သန်းပိုးထည့်ထားသော ချောကလက်၊ ဒေါက်တာသေမင်းနှင့် ဂျပန်ခေတ် ကြောက်မက်ဖွယ် ငရဲခန်းများ ဖန်တီးခဲ့သည့် ဂျပန်တပ်မတော်၏ U
စီရော်နယ်ဒို ပေါ်တူဂီတွင် ကြီးမားလှသော စံအိမ်ကြီး ဆောက်လုပ်နေမှု အခြေအနေ၊ တစ်နိုင်ငံလုံးတွင် တန်ကြေးအကြီးဆုံး စံအိမ်ကြီး
စီရော်နယ်ဒို ပေါ်တူဂီတွင် ကြီးမားလှသော စံအိမ်ကြီး ဆောက်လုပ်နေမှု အခြေအနေ၊ တစ်နိုင်ငံလုံးတွင် တန်ကြေးအကြီးဆုံး စံအိမ်ကြီး
တရုတ်ဘီလျံနာကြီးတစ်ဦးက ကန်ဒေါ်လာ ၇၅ သန်းသုံးစွဲကာ ဆောက်လုပ်ခဲ့ပြီးနောက် စွန့်ပစ်ထားခဲ့သော ကပ်လျက် စံအိမ်ကြီး ၂ လုံး လေလံ
တရုတ်ဘီလျံနာကြီးတစ်ဦးက ကန်ဒေါ်လာ ၇၅ သန်းသုံးစွဲကာ ဆောက်လုပ်ခဲ့ပြီးနောက် စွန့်ပစ်ထားခဲ့သော ကပ်လျက် စံအိမ်ကြီး ၂ လုံး လေလံ
ဗီယက်နမ်တွင် အိမ်အတွက် အစစအရာရာ ဦးဆောင်ကြိုးစားပေးခဲ့သော သားကြီးကို အမွေတစ်ပြားတစ်ချပ်မှ မပေးခဲ့ဘဲ အငယ်ဆုံးသားကို အမွေအာ
ဗီယက်နမ်တွင် အိမ်အတွက် အစစအရာရာ ဦးဆောင်ကြိုးစားပေးခဲ့သော သားကြီးကို အမွေတစ်ပြားတစ်ချပ်မှ မပေးခဲ့ဘဲ အငယ်ဆုံးသားကို အမွေအာ
လန်ဒန်မြို့မှ ၂ နာရီခရီးအောက်သာ ဝေးကွာသောနေရာရှိ ၁၃ ဧကကျယ်ဝန်းသည့် ရေကန်ကြီးတစ်ခု ပေါင် ၁၀၀,၀၀၀ ဖြင့် အရောင်းစျေးကွက်ဝင်
လန်ဒန်မြို့မှ ၂ နာရီခရီးအောက်သာ ဝေးကွာသောနေရာရှိ ၁၃ ဧကကျယ်ဝန်းသည့် ရေကန်ကြီးတစ်ခု ပေါင် ၁၀၀,၀၀၀ ဖြင့် အရောင်းစျေးကွက်ဝင်
တရုတ်ပြည်တွင် သားဖြစ်သူ လူ့ပေါ်ကြော့ မဖြစ်စေလိုသောကြောင့် မိဘများ အလွန်ချမ်းသာကြောင်းကို ဖခင် သူဌေးကြီးက အသိမပေးဘဲ နှစ်ပ
တရုတ်ပြည်တွင် သားဖြစ်သူ လူ့ပေါ်ကြော့ မဖြစ်စေလိုသောကြောင့် မိဘများ အလွန်ချမ်းသာကြောင်းကို ဖခင် သူဌေးကြီးက အသိမပေးဘဲ နှစ်ပ
Pan Swal Taw Condo
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service