အရှေ့တောင်အာရှတွင် အပူလှိုင်းဖြတ်သန်းလျက်ရှိသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရ၊ ဖိလစ်ပိုင်တွင် တစ်ပတ်လျှင် (၄) ရက်သာ ရုံးတက်ရက်အဖြစ် သတ်မှတ်လာရ

အရှေ့တောင်အာရှတွင် အပူလှိုင်းဖြတ်သန်းလျက်ရှိသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရ၊ ဖိလစ်ပိုင်တွင် တစ်ပတ်လျှင် (၄) ရက်သာ ရုံးတက်ရက်အဖြစ် သတ်မှတ်လာရ - Property News in Myanmar from iMyanmarHouse.com
30 Apr 2024 11:08 am တွင် တင်ခဲ့သည်
417 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အရှေ့တောင်အာရှတွင် အပူလှိုင်းဖြတ်သန်းလျက်ရှိချိန်တွင် ဖိလစ်ပိုင်၌ စာသင်ကျောင်းများ ပိတ်ထားရန် ကြေညာထားရပြီး ထိုင်းနိုင်ငံတွင်လည်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် စံချိန်တင်မြင့်တက်ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၏မြို့တော် မနီလာတွင် ပြီးခဲ့သော စနေနေ့က အပူချိန်မှာ ၃၈ ဒသမ ၈ ဒီဂရီ စင်တီဂရိတ် (၁၀၁ ဒသမ ၈ ဒီဂရီ ဖာရင်ဟိုက်) ရှိခဲ့ကြောင်း ဖိလစ်ပိုင် မိုးလေဝသဌာနက ထုတ်ပြန်သည်။

ထိုအပူချိန်မှာ ဖိလစ်ပိုင်တွင် အပူချိန်အမြင့်မားဆုံးအဖြစ် ယခင်က စံချိန်တင်ထားခဲ့သော ၁၉၁၅ ခုနှစ်၊ မေလ ထက် ဖြတ်ကျော်သွားကြောင်း ABS-CBN News သတင်းဌာနက ဖော်ပြသည်။

ရာသီဥတု အလွန်ပူပြင်းလှသောကြောင့် ဖိလစ်ပိုင် ပညာရေးဝန်ကြီးဌာနက တနင်္လာနှင့် အင်္ဂါနေ့များအတွက် အစိုးရကျောင်းများ ပိတ်ထားရသည်။

ထိုင်းနိုင်ငံတွင် စနေနေ့က လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၃၆ ဒသမ ၃၅၆ မဂ္ဂါဝပ်အထိ စံချိန်တင် ရောက်ရှိခဲ့ ကြောင်း ထိုင်းစွမ်းအင် ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများမှာ အပူပြင်းဆုံးနေရာများ ဖြစ်ခဲ့ပြီး တနင်္ဂနွေနေ့က အချို့နေရာများတွင် အပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ်ထိ မြင့်တက်ခဲ့သည်။

 

ထိုင်းနိုင်ငံ ဘန်ကောက်တွင် အပူချိန်မြင့်တက်မည်ဖြစ်ကြောင်း သတိပေးချက်များ ထုတ်ပြန်ထားပြီး အလွန်အန္တရာယ်ရှိသော အဆင့်အထိ အပူချိန် မြင့်တက်နေသည်။

ယခုနွေတွင် ထိုင်းနိုင်ငံ၌ အပူချိန်မြင့်မားမှုကြောင့် လူ ၃၀ ဦးခန့် သေဆုံးခဲ့ပြီး ဖြစ်သည်။

၂၀၂၃ ခုနှစ် နွေရာသီတစ်ခုလုံးတွင် အပူဒဏ်ကြောင့် သေဆုံးခဲ့သူ ၃၇ ဦး ရှိခဲ့ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်သည့် အချက်အလက်များက ဖော်ပြသည်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း အိန္ဒိယနှင့် ဗီယက်နမ်မှ ကော်ဖီစိုက်ခင်းများအထိ အပူချိန်မြင့်တက်မှု နှင့် မိုးခေါင်ရေရှားမှုများ ဖြစ်ပေါ်လျက် ရှိသည်။

အိန္ဒိယတွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထက် အပူချိန်အောက်တွင် ကမ္ဘာ့အကြီးမားဆုံး ရွေးကောက်ပွဲကို ကျင်းပလျက် ရှိသည်။

အာရှအရှေ့ဖျားနှင့် ပစိဖိတ်ဒေသတို့တွင် သာမန်ထက် လွန်ကဲသော အပူချိန်မြင့်တက်မှုကြောင့် ကလေးငယ် ပေါင်း ၂၄၃ သန်းမှာ အပူနှင့် ဆက်နွယ်သည့် ဝေဒနာများ ခံစားရခြင်း၊ သေဆုံးခြင်းများ ဖြစ်နိုင်ကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့က ယခုလအစောပိုင်းတွင် သတိပေးထားသည်။

ကာလကြာရှည်ဖြစ်ပေါ်နေသော အပူလှိုင်းကြောင့် ဖိလစ်ပိုင်တွင် ယခုလအစောပိုင်းက စာသင်ကျောင်းအချို့ ပိတ်ခဲ့ရပြီး ကိုဗစ်ကာလကဲ့သို့ အိမ်မှတဆင့် စာသင်ရခြင်းမျိုး ဖြစ်လာခဲ့သည်။

ဓာတ်အားပေးစက်ရုံများ ပိတ်သိမ်းထားရမှုကြောင့် ပြည်သူတို့အနေဖြင့် လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရန် ဖိလစ်ပိုင်အစိုးရက တိုက်တွန်းခဲ့ရသည်။

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း Luzon ကျွန်း အုပ်ချုပ်ရေးအဖွဲ့က ဝန်ထမ်းများနှင့် အများပြည်သူအား အပူချိန် မြင့်မားမှုဒဏ် ရှောင်လွှဲနိုင်ရန်အတွက် တစ်ပတ်လျှင် ၄ ရက်သာ ရုံးတက်အလုပ်လုပ်စေသည့် ပုံစံကို ဇူလိုင်လအထိ ကျင့်သုံးသွားမည် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Southeast Asia Heat Wave Shuts Schools, Stokes Power Demand (finance.yahoo)

 

 

  [Zawgyi]

 

အေရွ႕ေတာင္အာရွတြင္ အပူလႈိင္းျဖတ္သန္းလ်က္ရွိေသာေၾကာင့္ စာသင္ေက်ာင္းမ်ား ပိတ္ထားရ၊ ဖိလစ္ပိုင္တြင္ တစ္ပတ္လွ်င္ (၄) ရက္သာ ရံုးတက္ရက္အျဖစ္ သတ္မွတ္လာရ

 

အေရွ႕ေတာင္အာရွတြင္ အပူလႈိင္းျဖတ္သန္းလ်က္ရွိခ်ိန္တြင္ ဖိလစ္ပိုင္၌ စာသင္ေက်ာင္းမ်ား ပိတ္ထားရန္ ေၾကညာထားရျပီး ထိုင္းႏိုင္ငံတြင္လည္း လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္ စံခ်ိန္တင္ျမင့္တက္ခဲ့သည္။

ဖိလစ္ပိုင္ႏိုင္ငံ၏ျမိဳ႕ေတာ္ မနီလာတြင္ ျပီးခဲ့ေသာ စေနေန႔က အပူခ်ိန္မွာ ၃၈ ဒသမ ၈ ဒီဂရီ စင္တီဂရိတ္ (၁၀၁ ဒသမ ၈ ဒီဂရီ ဖာရင္ဟိုက္) ရွိခဲ့ေၾကာင္း ဖိလစ္ပိုင္ မိုးေလဝသဌာနက ထုတ္ျပန္သည္။

ထိုအပူခ်ိန္မွာ ဖိလစ္ပိုင္တြင္ အပူခ်ိန္အျမင့္မားဆံုးအျဖစ္ ယခင္က စံခ်ိန္တင္ထားခဲ့ေသာ ၁၉၁၅ ခုႏွစ္၊ ေမလ ထက္ ျဖတ္ေက်ာ္သြားေၾကာင္း ABS-CBN News သတင္းဌာနက ေဖာ္ျပသည္။

ရာသီဥတု အလြန္ပူျပင္းလွေသာေၾကာင့္ ဖိလစ္ပိုင္ ပညာေရးဝန္ၾကီးဌာနက တနလၤာႏွင့္ အဂၤါေန႔မ်ားအတြက္ အစိုးရေက်ာင္းမ်ား ပိတ္ထားရသည္။

ထိုင္းႏိုင္ငံတြင္ စေနေန႔က လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္ ၃၆ ဒသမ ၃၅၆ မဂၢါဝပ္အထိ စံခ်ိန္တင္ ေရာက္ရွိခဲ့ ေၾကာင္း ထုိင္းစြမ္းအင္ ဝန္ၾကီးဌာနက ထုတ္ျပန္သည္။

ထိုင္းႏိုင္ငံေျမာက္ပိုင္းႏွင့္ အေရွ႕ေျမာက္ပိုင္းေဒသမ်ားမွာ အပူျပင္းဆံုးေနရာမ်ား ျဖစ္ခဲ့ျပီး တနဂၤေႏြေန႔က အခ်ဳိ႕ေနရာမ်ားတြင္ အပူခ်ိန္ ၄၄ ဒီဂရီ စင္တီဂရိတ္ထိ ျမင့္တက္ခဲ့သည္။

ထိုင္းႏုိင္ငံ ဘန္ေကာက္တြင္ အပူခ်ိန္ျမင့္တက္မည္ျဖစ္ေၾကာင္း သတိေပးခ်က္မ်ား ထုတ္ျပန္ထားျပီး အလြန္အႏၱရာယ္ရွိေသာ အဆင့္အထိ အပူခ်ိန္ ျမင့္တက္ေနသည္။

ယခုေႏြတြင္ ထိုင္းႏိုင္ငံ၌ အပူခ်ိန္ျမင့္မားမႈေၾကာင့္ လူ ၃၀ ဦးခန္႔ ေသဆံုးခဲ့ျပီး ျဖစ္သည္။

၂၀၂၃ ခုႏွစ္ ေႏြရာသီတစ္ခုလံုးတြင္ အပူဒဏ္ေၾကာင့္ ေသဆံုးခဲ့သူ ၃၇ ဦး ရွိခဲ့ေၾကာင္း ထုိင္းအစုိးရက ထုတ္ျပန္သည့္ အခ်က္အလက္မ်ားက ေဖာ္ျပသည္။

မၾကာေသးမီ ရက္သတၱပတ္မ်ားအတြင္း အိႏိၵယႏွင့္ ဗီယက္နမ္မွ ေကာ္ဖီစိုက္ခင္းမ်ားအထိ အပူခ်ိန္ျမင့္တက္မႈ ႏွင့္ မိုးေခါင္ေရရွားမႈမ်ား ျဖစ္ေပၚလ်က္ ရွိသည္။

အိႏိၵယတြင္ အပူခ်ိန္ ၄၀ ဒီဂရီစင္တီဂရိတ္အထက္ အပူခ်ိန္ေအာက္တြင္ ကမၻာ့အၾကီးမားဆံုး ေရြးေကာက္ပြဲကို က်င္းပလ်က္ ရွိသည္။

အာရွအေရွ႕ဖ်ားႏွင့္ ပစိဖိတ္ေဒသတို႔တြင္ သာမန္ထက္ လြန္ကဲေသာ အပူခ်ိန္ျမင့္တက္မႈေၾကာင့္ ကေလးငယ္ ေပါင္း ၂၄၃ သန္းမွာ အပူႏွင့္ ဆက္ႏြယ္သည့္ ေဝဒနာမ်ား ခံစားရျခင္း၊ ေသဆံုးျခင္းမ်ား ျဖစ္ႏိုင္ေၾကာင္း ကုလသမဂၢ ကေလးမ်ားရန္ပံုေငြအဖြဲ႔က ယခုလအေစာပိုင္းတြင္ သတိေပးထားသည္။

ကာလၾကာရွည္ျဖစ္ေပၚေနေသာ အပူလိႈင္းေၾကာင့္ ဖိလစ္ပိုင္တြင္ ယခုလအေစာပိုင္းက စာသင္ေက်ာင္းအခ်ဳိ႕ ပိတ္ခဲ့ရျပီး ကိုဗစ္ကာလကဲ့သို႔ အိမ္မွတဆင့္ စာသင္ရျခင္းမ်ဳိး ျဖစ္လာခဲ့သည္။

ဓာတ္အားေပးစက္ရံုမ်ား ပိတ္သိမ္းထားရမႈေၾကာင့္ ျပည္သူတို႔အေနျဖင့္ လွ်ပ္စစ္ဓာတ္အားေခၽြတာသံုးစြဲရန္ ဖိလစ္ပိုင္အစိုးရက တုိက္တြန္းခဲ့ရသည္။

ဖိလစ္ပိုင္ႏိုင္ငံေျမာက္ပိုင္း Luzon ကၽြန္း အုပ္ခ်ဳပ္ေရးအဖြဲ႔က ဝန္ထမ္းမ်ားႏွင့္ အမ်ားျပည္သူအား အပူခ်ိန္ ျမင့္မားမႈဒဏ္ ေရွာင္လႊဲႏိုင္ရန္အတြက္ တစ္ပတ္လွ်င္ ၄ ရက္သာ ရံုးတက္အလုပ္လုပ္ေစသည့္ ပံုစံကို ဇူလိုင္လအထိ က်င့္သံုးသြားမည္ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Southeast Asia Heat Wave Shuts Schools, Stokes Power Demand (finance.yahoo)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်တွင် ပေါင် ၁၇၅ သန်းတန်ကြေးအထိ ဈေးခေါ်ထားသော ဈေးအကြီးဆုံး လူနေခန်း
ဗြိတိန်တွင် ပေါင် ၁၇၅ သန်းတန်ကြေးအထိ ဈေးခေါ်ထားသော ဈေးအကြီးဆုံး လူနေခန်း
ဆန်ဖရန်စစ္စကိုမှ ဘီလျံနာသူဌေးတစ်ဦးက သူ၏ စံအိမ်အနီး ပင်လယ်ကမ်းခြေသို့ ပြည်သူများ လာရောက်နေကြသည်ကို မလိုလားသော်လည်း တရားသူကြီးက ခွင့်မပြု...
ဆန်ဖရန်စစ္စကိုမှ ဘီလျံနာသူဌေးတစ်ဦးက သူ၏ စံအိမ်အနီး ပင်လယ်ကမ်းခြေသို့ ပြည်သူများ လာရောက်နေကြသည်ကို မလိုလားသော်လည်း တရားသူကြီးက ခွင့်မပြု...
  တရုတ်ပြည် ထျန်ကျင်းမြို့တွင် လွန်ခဲ့သော ၈ နှစ်ကတည်းက ကြိုတင်ငွေပေးချေကာ တိုက်ခန်းဝယ်ယူထားသူများ ယနေ့တိုင် တိုက်ခန်းမရသေး...
  တရုတ်ပြည် ထျန်ကျင်းမြို့တွင် လွန်ခဲ့သော ၈ နှစ်ကတည်းက ကြိုတင်ငွေပေးချေကာ တိုက်ခန်းဝယ်ယူထားသူများ ယနေ့တိုင် တိုက်ခန်းမရသေး...
ထားဝယ်အထူးစီးပွားရေးဇုန် အတွင်းရုရှား ပါဝင်လာ
ထားဝယ်အထူးစီးပွားရေးဇုန် အတွင်းရုရှား ပါဝင်လာ
ပင်လယ်ကမ်းခြေများရှိ အပန်းဖြေအိမ်ရာဈေးကွက် ကောင်းမွန်နေဆဲ
ပင်လယ်ကမ်းခြေများရှိ အပန်းဖြေအိမ်ရာဈေးကွက် ကောင်းမွန်နေဆဲ
နော်ဝေနှင့် မြောက်ဝင်ရိုးစွန်းကြားရှိ ဧကပေါင်း ၁၄၀၀၀ ကျော် ကျယ်ဝန်းသော ပုဂ္ဂလိကပိုင် ကျွန်းစုတစ်ခု ယူရို သန်း ၃၀၀ (ကန်ဒေါ်လာ ၃၂၄ သန်း) ဖြင့် ရောင်းမည်...
နော်ဝေနှင့် မြောက်ဝင်ရိုးစွန်းကြားရှိ ဧကပေါင်း ၁၄၀၀၀ ကျော် ကျယ်ဝန်းသော ပုဂ္ဂလိကပိုင် ကျွန်းစုတစ်ခု ယူရို သန်း ၃၀၀ (ကန်ဒေါ်လာ ၃၂၄ သန်း) ဖြင့် ရောင်းမည်...
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်ကြောင်း အတည်ပြုပြောကြား...
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်ကြောင်း အတည်ပြုပြောကြား...
တရုတ်ပြည် ဟန်ကျိုးမြို့တွင် ရောင်းမထွက်သော အိမ်ခြံမြေများကို အုပ်ချုပ်ရေးအဖွဲ့က ဝယ်ယူမည်ဖြစ်ကြောင်း ကြေညာလိုက်ရာ အိမ်ခြံမြေ developer ကုမ္ပဏီတို့၏ ရှယ်ယာဈေးများ မြင့်တက်...
တရုတ်ပြည် ဟန်ကျိုးမြို့တွင် ရောင်းမထွက်သော အိမ်ခြံမြေများကို အုပ်ချုပ်ရေးအဖွဲ့က ဝယ်ယူမည်ဖြစ်ကြောင်း ကြေညာလိုက်ရာ အိမ်ခြံမြေ developer ကုမ္ပဏီတို့၏ ရှယ်ယာဈေးများ မြင့်တက်...
ယူနန်ရွှေရောင်မျောက် ၊နှင်းဆီရောင်စပျစ်နီနဲ့ ပြုလုပ်ထားတဲ့ ဝိုင်နီကို ခံစားရင်း အေးချမ်းမှုဝိညာဉ်မွေးမြူနိုင်မယ့် တကယ့်နိဗ္ဗာန်သွားရာလမ်း Meili နှင်းတောင်တန်းများသို့ တစ်ခေါက်...
ယူနန်ရွှေရောင်မျောက် ၊နှင်းဆီရောင်စပျစ်နီနဲ့ ပြုလုပ်ထားတဲ့ ဝိုင်နီကို ခံစားရင်း အေးချမ်းမှုဝိညာဉ်မွေးမြူနိုင်မယ့် တကယ့်နိဗ္ဗာန်သွားရာလမ်း Meili နှင်းတောင်တန်းများသို့ တစ်ခေါက်...
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
အပြာနုရောင် ရေပြာအိုင်နောက်ခံထား အပန်းဖြေစရာ ပေါများလှတဲ့ ငါးလိပ်ကျောက်လေးများချစ်စဖွယ် ကျက်စားရာ Caye Caulker ကျွန်းငယ်
အပြာနုရောင် ရေပြာအိုင်နောက်ခံထား အပန်းဖြေစရာ ပေါများလှတဲ့ ငါးလိပ်ကျောက်လေးများချစ်စဖွယ် ကျက်စားရာ Caye Caulker ကျွန်းငယ်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

bkk-projects
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service