တရုတ်ပြည် ထျန်ကျင်းမြို့တွင် လွန်ခဲ့သော ၈ နှစ်ကတည်းက ကြိုတင်ငွေပေးချေကာ တိုက်ခန်းဝယ်ယူထားသူများ ယနေ့တိုင် တိုက်ခန်းမရသေး

  တရုတ်ပြည် ထျန်ကျင်းမြို့တွင် လွန်ခဲ့သော ၈ နှစ်ကတည်းက ကြိုတင်ငွေပေးချေကာ တိုက်ခန်းဝယ်ယူထားသူများ ယနေ့တိုင် တိုက်ခန်းမရသေး - Property News in Myanmar from iMyanmarHouse.com
21 May 2024 10:43 am တွင် တင်ခဲ့သည်
690 ကြိမ် ကြည့်ရှု့ပြီး

 

[Unicode]

 

တရုတ်ပြည်၊ ပေကျင်းမြို့တော်အနီး ထျန်ကျင်းမြို့တွင် တိုက်ခန်းဝယ် ယူထားသူ ၁၅၀၀ ဦးခန့်က ပြောလာသည်မှာ လွန်ခဲ့သော ၈ နှစ်ကတည်းက ငွေပေးသွင်းဝယ်ယူထားသော တိုက်ခန်းများသို့ ရွှေ့ပြောင်းနေထိုင်ရန် မဆိုထားနှင့် မြင်ပင် မမြင်ရသေးကြောင်း ထုတ်ဖော်ပြောကြားလာကြသည်ဟု CNBC သတင်းတစ်ရပ်တွင် ဖော်ပြသည်။

တရုတ်ပြည် ထျန်ကျင်းမြို့ရှိ လူနေအိမ်ရာစီမံကိန်းကို ဆောက်လုပ်မှု မပြီးစီးမီ ကြိုတင်ရောင်းချခဲ့ခြင်း ဖြစ်သည်။

မူလက ကတိပြုခဲ့သည်မှာ ၂၀၁၉ ခုနှစ်တွင် အပြီးသတ်မည်ဟုဆိုသော်လည်း အများစုမှာ ယနေ့တိုင် အပြီးမသတ်သေးကြောင်း တိုက်ခန်း ဝယ်ယူသူများအနက်မှ ၅ ဦးက CNBC သတင်းဌာနသို့ တယ်လီဖုန်းမှ တဆင့် ဖြေကြားခဲ့သည်။

ထိုသို့ ဖြေကြားသူများက လက်တုံ့ပြန်ခံရမည့် အန္တရာယ်ကို စိုးရိမ်သောကြောင့် ၎င်းတို့၏ အမည်နာမများ ထုတ်ဖော်ရေးသားခြင်းမပြုရန် CNBC သတင်းဌာနသို့ တောင်းဆိုခဲ့သည်။

တိုက်ခန်း ဝယ်ယူထားသူများ၏ ငွေပေးချေမှုမှာ အမျိုးမျိုးကွဲပြားသည်။

အချို့မှာ ငွေအပြည့်ပေးချေထားကြပြီး အချို့မှာမူ အရစ်ကျစနစ်ဖြင့် ပေးချေကြသည်။

ယခုဖြစ်ရပ်မှာ စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရသော တရုတ်ပြည် အိမ်ခြံမြေကဏ္ဍ၏ သာဓက တစ်ခုမျှသာ ဖြစ်သည်။

မိမိတို့ငွေများ ပြန်လည်ရယူရန် ဆောလျင်စွာ ကြိုးစားကြသူများ၊ မိမိတို့ ဝယ်ယူထားသော တိုက်ခန်းများ၏ အခြေအနေ စုံစမ်းခဲ့သူများအနက် အချို့ကပြောပြသည်မှာ မိမိတို့ထံ ရဲတပ်ဖွဲ့ဝင်များ ရောက်လာကြကြောင်း၊ တခါတရံတွင် ညဉ့်လယ်သန်းခေါင်အချိန်တွင် ရောက်လာကြကြောင်း ပြောသည်။

“ လှည့်စားခံရတယ်လို့ တချိန်လုံး ခံစားရပါတယ် ” ဟု အခန်းဝယ်ထားသူတစ်ဦးက မန်ဒရင်းစကားဖြင့် ပြောသည်။

“ ကျွန်တော်ရဲ့ တစ်ခုတည်းသော တောင်းဆိုချင်တာကတော့ အခန်းပြန်အပ်ချင်တယ်။ ကျွန်တော့်ငွေကို ပြန်လိုချင်ပါတယ် ” ဟု အဆိုပါဝယ်လက်က ပြောသည်။

“ တကယ်လို့ အခန်းရခဲ့မယ်ဆိုရင်တောင် ကျွန်တော်စိတ်ချမ်းသာလိမ့်မှာ မဟုတ်ပါဘူး ”

အချို့ တိုက်ခန်းဝယ်ယူသူများက ပြောသည်မှာ မိဘများ အနားယူနေထိုင်ရန်အတွက် ဝယ်ယူခြင်းဖြစ်ကြောင်း ပြောကြပြီး အချို့ကမူ အနီးရှိ ကျောင်းတစ်ခုတွင် ကလေးများ ကျောင်းတက်နိုင်ရန် ဝယ်ယူခြင်းဖြစ်ကြောင်း ပြောကြသည်။

ထိုသို့သော ရည်မှန်းချက်များဖြင့် ဝယ်ယူခဲ့ကြပြီးနောက် ဝယ်လက်တစ်ဦး၏ မိဘနှစ်ပါးအနက် တစ်ဦးမှာ တိုက်ခန်းရရန် စောင့်ဆိုင်းနေရင်း ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ပြောသည်။

အခြားတစ်ဦးက ပြောသည်မှာ မိမိတို့၏ ကလေးများမှာ အခန်းရရန် စောင့်ဆိုင်းနေရင်း အခြားကျောင်းတစ်ခုသို့ တက်ခဲ့ရပြီး ယခုအခါ ကလေးများလည်း အရွယ်ရောက်လာခဲ့ပြီဖြစ်ကြောင်း ပြောသည်။

“ ဒါဟာ တရုတ်ပြည်က အိမ်ခြံမြေ Developer တွေ ဘယ်လောက်အခက်ကြုံနေရတယ်ဆိုတာကို ပြသလိုက်တဲ့ သာဓကတစ်ခုပဲဖြစ်တယ်လို့ ကျွန်မထင်ပါတယ် ” ဟု Hang Seng Bank (China) မှ စီးပွားရေးပညာရှင် Dan Wang က CNBC သတင်းဌာနသို့ ပြောသည်။

“ ထျန်ကျင်းက ဒီကိစ္စဟာ ထူးဆန်းတဲ့ဖြစ်ရပ်တော့ မဟုတ်ပါဘူး။ ဒီလိုဖြစ်ရပ်တွေ နောက်ကိုလည်း ဆက်ပြီး ဖြစ်ပေါ်နေလိမ့်ဦးမယ်လို့ ကျွန်မ ထင်ပါတယ် ”

တရုတ်ပြည်မှ အိမ်ခြံမြေ developer တို့သည် ပြီးခဲ့သော ဆယ်စုနှစ်များအတွင်း ဆောက်လုပ်ရေး စီမံကိန်းများ အဆောတလျင် တိုးချဲ့ခဲ့ကြပြီး အကြွေးနွံနစ်နေခဲ့ကြသည်။

အကြွေးဖြင့် ဆောက်လုပ်ထားသော စီမံကိန်းများမှာ ဝယ်လိုအားထက် များပြားနေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: ‘I feel like I’ve been tricked’: Some property buyers in China’s Tianjin have been waiting 8 years for their homes (cnbc)

Photo Credit: Getty image

 

 

 

[Zawgyi]

တရုတ္ျပည္ ထ်န္က်င္းျမိဳ႕တြင္ လြန္ခဲ့ေသာ ၈ ႏွစ္ကတည္းက ၾကိဳတင္ေငြေပးေခ်ကာ တိုက္ခန္းဝယ္ယူထားသူမ်ား ယေန႔တိုင္ တိုက္ခန္းမရေသး

 

တရုတ္ျပည္၊ ေပက်င္းျမိဳ႕ေတာ္အနီး ထ်န္က်င္းျမိဳ႕တြင္ တိုက္ခန္းဝယ္ ယူထားသူ ၁၅၀၀ ဦးခန္႔က ေျပာလာသည္မွာ လြန္ခဲ့ေသာ ၈ ႏွစ္ကတည္းက ေငြေပးသြင္းဝယ္ယူထားေသာ တိုက္ခန္းမ်ားသို႔ ေရႊ႕ေျပာင္းေနထိုင္ရန္ မဆိုထားႏွင့္ ျမင္ပင္ မျမင္ရေသးေၾကာင္း ထုတ္ေဖာ္ေျပာၾကားလာၾကသည္ဟု CNBC သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

တရုတ္ျပည္ ထ်န္က်င္းျမိဳ႕ရွိ လူေနအိမ္ရာစီမံကိန္းကို ေဆာက္လုပ္မႈ မျပီးစီးမီ ၾကိဳတင္ေရာင္းခ်ခဲ့ျခင္း ျဖစ္သည္။

မူလက ကတိျပဳခဲ့သည္မွာ ၂၀၁၉ ခုႏွစ္တြင္ အျပီးသတ္မည္ဟုဆိုေသာ္လည္း အမ်ားစုမွာ ယေန႔တိုင္ အျပီးမသတ္ေသးေၾကာင္း တိုက္ခန္း ဝယ္ယူသူမ်ားအနက္မွ ၅ ဦးက CNBC သတင္းဌာနသို႔ တယ္လီဖုန္းမွ တဆင့္ ေျဖၾကားခဲ့သည္။

ထိုသို႔ ေျဖၾကားသူမ်ားက လက္တံု႔ျပန္ခံရမည့္ အႏၱရာယ္ကို စိုးရိမ္ေသာေၾကာင့္ ၎တုိ႔၏ အမည္နာမမ်ား ထုတ္ေဖာ္ေရးသားျခင္းမျပဳရန္ CNBC သတင္းဌာနသို႔ ေတာင္းဆိုခဲ့သည္။

တိုက္ခန္း ဝယ္ယူထားသူမ်ား၏ ေငြေပးေခ်မႈမွာ အမ်ဳိးမ်ဳိးကြဲျပားသည္။ အခ်ဳိ႕မွာ ေငြအျပည့္ေပးေခ်ထားၾကျပီး အခ်ဳိ႕မွာမူ အရစ္က်စနစ္ျဖင့္ ေပးေခ်ၾကသည္။

ယခုျဖစ္ရပ္မွာ စိန္ေခၚမႈမ်ားစြာ ရင္ဆိုင္ေနရေသာ တရုတ္ျပည္ အိမ္ျခံေျမက႑၏ သာဓက တစ္ခုမွ်သာ ျဖစ္သည္။

မိမိတို႔ေငြမ်ား ျပန္လည္ရယူရန္ ေဆာလ်င္စြာ ၾကိဳးစားၾကသူမ်ား၊ မိမိတို႔ ဝယ္ယူထားေသာ တိုက္ခန္းမ်ား၏ အေျခအေန စံုစမ္းခဲ့သူမ်ားအနက္ အခ်ဳိ႕ကေျပာျပသည္မွာ မိမိတို႔ထံ ရဲတပ္ဖြဲ႔ဝင္မ်ား ေရာက္လာၾကေၾကာင္း၊ တခါတရံတြင္ ညဥ့္လယ္သန္းေခါင္အခ်ိန္တြင္ ေရာက္လာၾကေၾကာင္း ေျပာသည္။

“လွည့္စားခံရတယ္လို႔ တခ်ိန္လံုး ခံစားရပါတယ္” ဟု အခန္းဝယ္ထားသူတစ္ဦးက မန္ဒရင္းစကားျဖင့္ ေျပာသည္။

“ကၽြန္ေတာ္ရဲ႕ တစ္ခုတည္းေသာ ေတာင္းဆိုခ်င္တာကေတာ့ အခန္းျပန္အပ္ခ်င္တယ္။ ကၽြန္ေတာ့္ေငြကို ျပန္လိုခ်င္ပါတယ္” ဟု အဆိုပါဝယ္လက္က ေျပာသည္။

“တကယ္လို႔ အခန္းရခဲ့မယ္ဆိုရင္ေတာင္ ကၽြန္ေတာ္စိတ္ခ်မ္းသာလိမ့္မွာ မဟုတ္ပါဘူး”

အခ်ဳိ႕ တိုက္ခန္းဝယ္ယူသူမ်ားက ေျပာသည္မွာ မိဘမ်ား အနားယူေနထိုင္ရန္အတြက္ ဝယ္ယူျခင္းျဖစ္ေၾကာင္း ေျပာၾကျပီး အခ်ဳိ႕ကမူ အနီးရွိ ေက်ာင္းတစ္ခုတြင္ ကေလးမ်ား ေက်ာင္းတက္ႏိုင္ရန္ ဝယ္ယူျခင္းျဖစ္ေၾကာင္း ေျပာၾကသည္။

ထိုသို႔ေသာ ရည္မွန္းခ်က္မ်ားျဖင့္ ဝယ္ယူခဲ့ၾကျပီးေနာက္ ဝယ္လက္တစ္ဦး၏ မိဘႏွစ္ပါးအနက္ တစ္ဦးမွာ တိုက္ခန္းရရန္ ေစာင့္ဆိုင္းေနရင္း ကြယ္လြန္သြားခဲ့ျပီျဖစ္ေၾကာင္း ေျပာသည္။

အျခားတစ္ဦးက ေျပာသည္မွာ မိမိတို႔၏ ကေလးမ်ားမွာ အခန္းရရန္ ေစာင့္ဆိုင္းေနရင္း အျခားေက်ာင္းတစ္ခုသို႔ တက္ခဲ့ရျပီး ယခုအခါ ကေလးမ်ားလည္း အရြယ္ေရာက္လာခဲ့ျပီျဖစ္ေၾကာင္း ေျပာသည္။

“ ဒါဟာ တရုတ္ျပည္က အိမ္ျခံေျမ Developer ေတြ ဘယ္ေလာက္အခက္ၾကံဳေနရတယ္ဆိုတာကို ျပသလိုက္တဲ့ သာဓကတစ္ခုပဲျဖစ္တယ္လို႔ ကၽြန္မထင္ပါတယ္ ” ဟု Hang Seng Bank (China) မွ စီးပြားေရးပညာရွင္ Dan Wang က CNBC သတင္းဌာနသို႔ ေျပာသည္။

“ ထ်န္က်င္းက ဒီကိစၥဟာ ထူးဆန္းတဲ့ျဖစ္ရပ္ေတာ့ မဟုတ္ပါဘူး။ ဒီလိုျဖစ္ရပ္ေတြ ေနာက္ကိုလည္း ဆက္ျပီး ျဖစ္ေပၚေနလိမ့္ဦးမယ္လို႔ ကၽြန္မ ထင္ပါတယ္ ”

တရုတ္ျပည္မွ အိမ္ျခံေျမ developer တို႔သည္ ျပီးခဲ့ေသာ ဆယ္စုႏွစ္မ်ားအတြင္း ေဆာက္လုပ္ေရး စီမံကိန္းမ်ား အေဆာတလ်င္ တိုးခ်ဲ႕ခဲ့ၾကျပီး အေၾကြးႏြံနစ္ေနခဲ့ၾကသည္။

အေၾကြးျဖင့္ ေဆာက္လုပ္ထားေသာ စီမံကိန္းမ်ားမွာ ဝယ္လိုအားထက္ မ်ားျပားေနသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: ‘I feel like I’ve been tricked’: Some property buyers in China’s Tianjin have been waiting 8 years for their homes (cnbc)

Photo Credit: Getty image

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service