ဗြိတိန်တွင် ပေါင် ၁၇၅ သန်းတန်ကြေးအထိ ဈေးခေါ်ထားသော ဈေးအကြီးဆုံး လူနေခန်း

ဗြိတိန်တွင် ပေါင် ၁၇၅ သန်းတန်ကြေးအထိ ဈေးခေါ်ထားသော ဈေးအကြီးဆုံး လူနေခန်း - Property News in Myanmar from iMyanmarHouse.com
21 May 2024 11:00 am တွင် တင်ခဲ့သည်
703 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

လူတိုင်းတွင် ဝါသနာကိုယ်စီ ရှိကြသည်။

ကျွန်ုပ်၏ ဝါသနာတစ်ခုမှာ အိမ်ခြံမြေဝက်ဘ်ဆိုက်များတွင် နာရီပေါင်းများစွာ အချိန်ဖြုန်းကာ ကျွန်ုပ် မည်သည့်အခါမှ မဝယ်နိုင်မည့် ခမ်းနားလှသော အိမ်ကြီးများကို ကြည့်ပြီး စိတ်ကူးယဉ်ခြင်း ဖြစ်သည်။

အိမ်ခြံမြေဝဘ်ဆိုက်တွင် ထိုသို့ ရှာဖွေကြည့်ရှုရင်း ပေါင် ၁၇၅ သန်းအထိ ဈေးခေါ်ထားသော ဗြိတိန်ဈေးအကြီးဆုံး လူနေခန်းကို တွေ့ရှိချိန်တွင် အလွန်စိတ်လှုပ်ရှားမိခဲ့သည်။

အဆိုပါ အခန်းမှာ အိပ်ခန်း ၅ ခန်းပါ Penthouse ခန်း ဖြစ်သည်။

လန်ဒန်မြို့၊ Knightsbridge အရပ်ရှိ One Hyde Park အိမ်ရာစီမံကိန်းတွင် တည်ရှိသည်။

One Hyde Park သည် Luxury လူနေအဆောက်အအုံ ၄ ခုဖြင့် ဖွဲ့စည်းထားသော စီမံကိန်း ဖြစ်သည်။

Rightmove အချက်အလက်များအရ ပြီးခဲ့သောနှစ်အတွင်း Knightsbridge အရပ်တွင် ပျမ်းမျှ အိမ်ခြံမြေ ဈေးနှုန်းမှာ ပေါင် ၂,၉၁၅,၈၀၉ ရှိသည်ဟု ဆိုသည်။

ယခုအခန်း၏ ဈေးနှုန်းမှာ ထိုဒေသ ပျမ်းမျှအိမ်ဈေးထက် အဆပေါင်း ၆၀ ကျော် ပိုမိုများပြားနေသည်။

ထိုမျှ တန်ဖိုးကြီးမားသည့် လူနေခန်းတွင် မည်သည့်အရာများ ရှိသနည်း။

Sotheby’s International Realty ၏ ဖော်ပြချက်အရ ဤအခန်းသည် လန်ဒန်ရှိ အကောင်းဆုံး လူနေအိမ် များတွင် တစ်ခုပါဝင်ပြီး ပြိုင်ဘက်ကင်းသော ဧည့်ခန်း၊ Hyde Park ပန်းခြံ၏ ရှုမျှော်ခင်းနှင့် ပတ်လည်လသာဆောင်တို့ ပါဝင်ကြောင်း ဖော်ပြသည်။

ထို့အပြင် ဂျပန်စတိုင် မီးဖိုဆောင်၊ အိပ်ခန်းတိုင်းတွင် သီးသန့်ရေချိုးခန်း၊ ပင်မအိပ်ခန်းတွင် Jacuzzi ကန်များနှင့် အဝတ်လဲခန်း၊ cocktail ဘားတစ်ခုတို့လည်း ပါဝင်သည်။

 

(ဤအဆောက်အအုံမှ Penthouse ခန်းကို ပေါင် ၁၇၅ သန်း ဈေးခေါ်ထားသည်။ ဓာတ်ပုံ- Empics Entertainment )

 

One Hyde Park သည် ကမ္ဘာ့ဈေးအကြီးဆုံး လူနေအိမ်ယာစီမံကိန်းများတွင် တစ်ခုအပါအဝင် ဖြစ်သည်။

အခန်းပေါင်း ၈၆ ခန်းဖြင့် ဖွဲ့စည်းထားပြီး Spa,Sauna နှင့် ရေနွေးငွေ့ခန်းများ၊ အဆင့်မြင့် အားကစား လေ့ကျင့်ခန်းမ ၊ ရေကူးကန် ၊ Virtual ဂိမ်းကစားခန်းတို့ ရှိသည်။

Vanity Fair ၏ ဖော်ပြချက်အရ အဆိုပါ အိမ်ရာသည် လုံခြုံရေးအဆင့်အလွန်မြင့်မားပြီး အဆင့်မြင့် နည်းပညာသုံး လျှို့ဝှက်ခန်းများ၊ ကျည်ကာမှန်များ ၊ ဗြိတိန်အထူးတပ်ဖွဲ့က လေ့ကျင့်ပေးထားသော လုံခြုံရေး အစောင့်များ ရှိသည်ဟု ဆိုသည်။

အိမ်ယာအတွင်း နေထိုင်သူများထံလာသော ပေးစာများကို သက်ဆိုင်ရာ ပုဂ္ဂိုလ်ထံ မပို့ဆောင်မီ X-Ray ဖြင့် စစ်ဆေးသည်ဟု ဆိုသည်။

One Hyde Park တွင် နေထိုင်ဖူးသော အကျော်အမော်များထဲတွင် ကိုင်လီမင်နော့လည်း ပါဝင်သည်။

ကိုင်လီမင်နော့သည် One Hyde Park တွင် အိပ်ခန်း ၃ ခန်းပါ လူနေခန်းတစ်ခန်း ပိုင်ဆိုင်ခဲ့ဖူးပြီး ၂၀၂၁ ခုနှစ်တွင် သြစတေးလျသို့ ပြောင်းရွှေ့သွားခဲ့သည်။

 

(ကိုင်လီမင်နော့သည် One Hyde Park တွင် လူနေခန်းတစ်ခန်း ပိုင်ဆိုင်ခဲ့ဖူးသည်။ ဓာတ်ပုံ-Getty Images)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Britain’s most expensive flat is in ‘secretive’ building and costs £175,000,000 (metro)

Photo Credit- Empics Entertainment, Getty Images

 

 

 

[Zawgyi]

ျဗိတိန္တြင္ ေပါင္ ၁၇၅ သန္းတန္ေၾကးအထိ ေစ်းေခၚထားေသာ ေစ်းအၾကီးဆံုး လူေနခန္း

 

လူတိုင္းတြင္ ဝါသနာကိုယ္စီ ရွိၾကသည္။

ကၽြႏု္ပ္၏ ဝါသနာတစ္ခုမွာ အိမ္ျခံေျမဝက္ဘ္ဆိုက္မ်ားတြင္ နာရီေပါင္းမ်ားစြာ အခ်ိန္ျဖဳန္းကာ ကၽြႏု္ပ္ မည္သည့္အခါမွ မဝယ္ႏိုင္မည့္ ခမ္းနားလွေသာ အိမ္ၾကီးမ်ားကို ၾကည့္ျပီး စိတ္ကူးယဥ္ျခင္း ျဖစ္သည္။

အိမ္ျခံေျမဝက္ဘ္ဆိုက္တြင္ ထုိသုိ႔ ရွာေဖြၾကည့္ရႈရင္း ေပါင္ ၁၇၅ သန္းအထိ ေစ်းေခၚထားေသာ ျဗိတိန္ေစ်းအၾကီးဆံုး လူေနခန္းကို ေတြ႔ရွိခ်ိန္တြင္ အလြန္စိတ္လႈပ္ရွားမိခဲ့သည္။

အဆိုပါ အခန္းမွာ အိပ္ခန္း ၅ ခန္းပါ Penthouse ခန္း ျဖစ္သည္။

လန္ဒန္ျမဳိ႕၊ Knightsbridge အရပ္ရွိ One Hyde Park အိမ္ရာစီမံကိန္းတြင္ တည္ရွိသည္။

One Hyde Park သည္ Luxury လူေနအေဆာက္အအံု ၄ ခုျဖင့္ ဖြဲ႔စည္းထားေသာ စီမံကိန္း ျဖစ္သည္။

Rightmove အခ်က္အလက္မ်ားအရ ျပီးခဲ့ေသာႏွစ္အတြင္း Knightsbridge အရပ္တြင္ ပ်မ္းမွ် အိမ္ျခံေျမ ေစ်းႏႈန္းမွာ ေပါင္ ၂,၉၁၅,၈၀၉ ရွိသည္ဟု ဆိုသည္။

ယခုအခန္း၏ ေစ်းႏႈန္းမွာ ထိုေဒသ ပ်မ္းမွ်အိမ္ေစ်းထက္ အဆေပါင္း ၆၀ ေက်ာ္ ပိုမိုမ်ားျပားေနသည္။

ထိုမွ် တန္ဖိုးၾကီးမားသည့္ လူေနခန္းတြင္ မည္သည့္အရာမ်ား ရွိသနည္း။

Sotheby’s International Realty ၏ ေဖာ္ျပခ်က္အရ ဤအခန္းသည္ လန္ဒန္ရွိ အေကာင္းဆံုး လူေနအိမ္ မ်ားတြင္ တစ္ခုပါဝင္ျပီး ျပိဳင္ဘက္ကင္းေသာ ဧည့္ခန္း၊ Hyde Park ပန္းျခံ၏ ရႈေမွ်ာ္ခင္းႏွင့္ ပတ္လည္လသာေဆာင္တို႔ ပါဝင္ေၾကာင္း ေဖာ္ျပသည္။

ထို႔အျပင္ ဂ်ပန္စတုိင္ မီးဖိုေဆာင္၊ အိပ္ခန္းတိုင္းတြင္ သီးသန္႔ေရခ်ဳိးခန္း၊ ပင္မအိပ္ခန္းတြင္ Jacuzzi ကန္မ်ားႏွင့္ အဝတ္လဲခန္း၊ cocktail ဘားတစ္ခုတို႔လည္း ပါဝင္သည္။

(ဤအေဆာက္အအံုမွ Penthouse ခန္းကို ေပါင္ ၁၇၅ သန္း ေစ်းေခၚထားသည္။ ဓာတ္ပံု- Empics Entertainment )

One Hyde Park သည္ ကမၻာ့ေစ်းအၾကီးဆံုး လူေနအိမ္ယာစီမံကိန္းမ်ားတြင္ တစ္ခုအပါအဝင္ ျဖစ္သည္။

အခန္းေပါင္း ၈၆ ခန္းျဖင့္ ဖြဲ႔စည္းထားျပီး Spa,Sauna ႏွင့္ ေရေႏြးေငြ႔ခန္းမ်ား၊ အဆင့္ျမင့္ အားကစား ေလ့က်င့္ခန္းမ ၊ ေရကူးကန္ ၊ Virtual ဂိမ္းကစားခန္းတို႔ ရွိသည္။

Vanity Fair ၏ ေဖာ္ျပခ်က္အရ အဆိုပါ အိမ္ရာသည္ လံုျခံဳေရးအဆင့္အလြန္ျမင့္မားျပီး အဆင့္ျမင့္ နည္းပညာသံုး လွ်ိဳ႕ဝွက္ခန္းမ်ား၊ က်ည္ကာမွန္မ်ား ၊ ျဗိတိန္အထူးတပ္ဖြဲ႔က ေလ့က်င့္ေပးထားေသာ လံုျခံဳေရး အေစာင့္မ်ား ရွိသည္ဟု ဆိုသည္။

အိမ္ယာအတြင္း ေနထုိင္သူမ်ားထံလာေသာ ေပးစာမ်ားကို သက္ဆုိင္ရာ ပုဂၢိဳလ္ထံ မပို႔ေဆာင္မီ X-Ray ျဖင့္ စစ္ေဆးသည္ဟု ဆိုသည္။

One Hyde Park တြင္ ေနထုိင္ဖူးေသာ အေက်ာ္အေမာ္မ်ားထဲတြင္ ကိုင္လီမင္ေနာ့လည္း ပါဝင္သည္။

ကိုင္လီမင္ေနာ့သည္ One Hyde Park တြင္ အိပ္ခန္း ၃ ခန္းပါ လူေနခန္းတစ္ခန္း ပိုင္ဆိုင္ခဲ့ဖူးျပီး ၂၀၂၁ ခုႏွစ္တြင္ ၾသစေတးလ်သို႔ ေျပာင္းေရႊ႕သြားခဲ့သည္။

(ကိုင္လီမင္ေနာ့သည္ One Hyde Park တြင္ လူေနခန္းတစ္ခန္း ပိုင္ဆိုင္ခဲ့ဖူးသည္။ ဓာတ္ပံု-Getty Images)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Britain’s most expensive flat is in ‘secretive’ building and costs £175,000,000 (metro)

Photo Credit- Empics Entertainment, Getty Images

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ...
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ...
မိန်းကလေးတို့၏ မျက်ရည်မှ ဓာတုအချက်ပြရနံ့ကို ရှူမိလျှင် ယောက်ျားလေးတို့၏ ဒေါသကို ၄၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အစ္စရေးနှင့် အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
မိန်းကလေးတို့၏ မျက်ရည်မှ ဓာတုအချက်ပြရနံ့ကို ရှူမိလျှင် ယောက်ျားလေးတို့၏ ဒေါသကို ၄၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အစ္စရေးနှင့် အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိုင်...
လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိုင်...
အခေါင်းပေါ်ကို ကြောင်နက်ခုန်ကျော်ရင် သေဆုံးပြီးသူ ငုတ်တုတ်ထထိုင်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့သူ ဗီယက်နမ်အမျိုးသမီး...
အခေါင်းပေါ်ကို ကြောင်နက်ခုန်ကျော်ရင် သေဆုံးပြီးသူ ငုတ်တုတ်ထထိုင်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့သူ ဗီယက်နမ်အမျိုးသမီး...
ခေါင်းပြတ်သွားတာတောင် ၁၈ လ အသက်ဆက်ရှင်နေခဲ့တဲ့ အမေရိကန်က ကြက်ဖ
ခေါင်းပြတ်သွားတာတောင် ၁၈ လ အသက်ဆက်ရှင်နေခဲ့တဲ့ အမေရိကန်က ကြက်ဖ
နှာချေလိုချိန်တွင် မချေဘဲ အောင့်ထားလိုက်ပါက ဦးခေါင်းတွင်းသွေးကြောပေါက်ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား...
နှာချေလိုချိန်တွင် မချေဘဲ အောင့်ထားလိုက်ပါက ဦးခေါင်းတွင်းသွေးကြောပေါက်ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား...
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်းဝင် အံ့မခန်းဖြစ်ရပ်...
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်းဝင် အံ့မခန်းဖြစ်ရပ်...
အိမ်ခြံမြေအကျိုးဆောင်အမျိုးသမီး ကျကျန်ခဲ့သော ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ်ကို လိုက်ရှာ ပြန်ပေးတဲ့ အိမ်ရာမဲ့ အမျိုးသား ဘဝပြောင်းလဲသွားပုံ...
အိမ်ခြံမြေအကျိုးဆောင်အမျိုးသမီး ကျကျန်ခဲ့သော ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ်ကို လိုက်ရှာ ပြန်ပေးတဲ့ အိမ်ရာမဲ့ အမျိုးသား ဘဝပြောင်းလဲသွားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service