အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ရန်အတွက် သမိုင်းဝင်အိမ်တစ်လုံး ဖြိုချမှု ဝေဖန်ခံရလျက်ရှိ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ရန်အတွက် သမိုင်းဝင်အိမ်တစ်လုံး ဖြိုချမှု ဝေဖန်ခံရလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
1 May 2024 4:09 pm တွင် တင်ခဲ့သည်
717 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး ရှဝါ ဇနက်ဂါ ၏ သမီး) တို့စုံတွဲသည် စတုရန်းပေ ၁၅၀၀၀ ကျယ်ဝန်းသည့် ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ရန်အတွက် သမိုင်းဝင်အိမ်တစ်လုံး ဖြိုချမှုအတွက် ဝေဖန်ခံရလျက်ရှိသည်။
၎င်းတို့စုံတွဲ ကြီးမားသော စံအိမ်ကြီး ဆောက်လုပ်ရန် စီစဉ်နေသည့်နေရာမှာ လော့စ်အိန်ဂျလိမြို့၏ ဂုဏ်သတင်းကြီးမားသော ဘရန့်ဝုဒ်အရပ်တွင် ဖြစ်သည်။
နာမည်ကျော် ဗိသုကာပညာရှင် Craig Ellwood က ဒီဇိုင်းရေးဆွဲပေးကာ ၁၉၅၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ သော အိမ်ဖြစ်သည်။
ခရစ္စ ပရက်တို့ စုံတွဲက ဤစံအိမ်ကို ကန်ဒေါ်လာ ၁၂ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
စံအိမ်ခြံဝန်းအတွင်း မြေယာအလှပြုပြင်ရေးပညာရှင် ဂါးရက်အက်ဘိုက မြေယာအလှပြုပြင်ပေးထားသည်။
(တစ်ချိန်က ခမ်းနားခဲ့သော စံအိမ်ကို ခရစ္စ ပရက်တို့စုံတွဲက ဖြိုချခဲ့ပြီး ဖြစ်သည်။ ဓာတ်ပုံ-Google Maps)
ဤစံအိမ်တွင် ယခင်က နာမည်ကြီး အမေရိကန် ဇာတ်ညွှန်းရေးဆရာ ဆမ် ရော်လ်ဖီ၏ ဇနီးဖြစ်သူ ဟီလ်ဒါ ရော်လ်ဖီ နေထိုင်ခဲ့ဖူးသည်။
ဆမ် ရော်လ်ဖီသည် CIA သူလျှိုနှင့် KGB သူလျှိုတို့ အားပြိုင်မှုကို ရိုက်ကူးထားသော The Man from U.N.C.L.E ဇာတ်လမ်းတွဲကို ဇာတ်ညွှန်းရေးသားခဲ့မှုဖြင့် ထင်ရှားသည်။
အိမ်အတွင်းပိုင်းမှာ သဘာဝအလင်းတို့ဖြင့် လင်းလင်းချင်းချင်းရှိပြီး ကြီးမားကျယ်ပြောသော ပြတင်းများ၊ သစ်သားကြမ်းခင်းများ၊ ခေတ်ဟောင်းပရိဘောဂများအပါအဝင် ရာစုနှစ်လယ် ဂန္ထဝင်ဟန်ပန်များဖြင့် မွမ်းမံပြင်ဆင်ထားသည်။
အသေးစိတ် မွမ်းမံထားသော တစ်ထပ်စံအိမ်နှင့် လက်ရာများမှာ ယခုအခါ ဖယ်ရှားရှင်းလင်းခံလိုက်ရပြီ ဖြစ်သည်။
ပရက်တို့ စုံတွဲ၏ စံအိမ်သစ်ကို ခေတ်ပေါ် ယာတောအိမ်များ ဆောက်လုပ်မှုဖြင့် နာမည်ကြီးသော ဗိသုကာ ပညာရှင် Ken Ungar က ဒီဇိုင်း ရေးဆွဲပေးမည် ဖြစ်သည်။
ကက်သလင်းရှဝါ ဇနက်ဂါ၏ စံအိမ်သစ်နေရာမှာ မိခင်ဖြစ်သူ မာရီယာ ရှရိုင်ဗာ၏ အိမ်၏ မျက်နှာချင်းဆိုင်တွင် တည်ရှိပြီး ကား ၃ စင်းဆန့် ဂိုဒေါင်တစ်လုံးလည်း ပါဝင်မည်ဟု ဆိုသည်။
(မူလနေအိမ်ကို ၁၉၅၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကြမ်းပြင်မှ မျက်နှာကြက်အထိ မြင့်မားသော ပြတင်းများ ပါဝင်သည်။ ဓာတ်ပုံ-Julius Shulman)
(စံအိမ်မဖြိုဖျက်မီက မူလအိပ်ခန်းကို တွေ့ရပုံ။ ဓာတ်ပုံ-Julius Shulman)
ဤစံအိမ် ဖြိုဖျက်မှုအပေါ် သမိုင်းဝင်ဗိသုကာလက်ရာများ ထိန်းသိမ်းရေးအဖွဲ့ဖြစ်သည့် Los Angeles Conservancy က စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါအိမ်ကို သမိုင်းဝင်နေရာအဖြစ် လော့စ်အိန်ဂျလိ၏ SurveyLA ပရိုဂရမ်က သတ်မှတ်ထားသော်လည်း လိုအပ်သည့် အကာအကွယ်ပေးမှုများ မရှိခဲ့ကြောင်း Los Angeles Conservancy အဖွဲ့က အင်စတာဂရမ်တွင် ရေးသားဖော်ပြခဲ့သည်။
(ရုပ်ရှင်မင်းသားပရက်နှင့် ကက်သလင်းတို့မိသားစု။ ဓာတ်ပုံ-Mega)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Chris Pratt and Katherine Schwarzenegger face backlash after demolishing a historic home to build a mega-mansion (nypost)
Photo Credit-Google Maps, Getty Research Institute, Los Angeles, MEGA, Julius Shulman
[Zawgyi]
(တချိန်က ခမ်းနားခဲ့သော စံအိမ်ကို ခရစ္စ ပရက်တို့စုံတွဲက ဖြိုချခဲ့ပြီး ဖြစ်သည်။ ဓာတ်ပုံ-Google Maps)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
ကျိန်စာသင့်အရုပ်များ၊ ခေါင်းတလားများနှင့် ခြောက်ခြားဖွယ်ပစ္စည်းများ စုဆောင်းထားသော အမေရိကန်မှ မိန်းကလေးတစ်ဦး၏ ကျောချမ်းဖွယ် နေအိမ်...
ကျိန်စာသင့်အရုပ်များ၊ ခေါင်းတလားများနှင့် ခြောက်ခြားဖွယ်ပစ္စည်းများ စုဆောင်းထားသော အမေရိကန်မှ မိန်းကလေးတစ်ဦး၏ ကျောချမ်းဖွယ် နေအိမ်...
ဆောက်လုပ်ရေးလုပ်သား ရှားပါးနေသော အမေရိကန်ဆောက်လုပ်ရေးလောကအကြောင်း ရင်ဖွင့်လာသည့် နယူးဂျာစီပြည်နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်...
ဆောက်လုပ်ရေးလုပ်သား ရှားပါးနေသော အမေရိကန်ဆောက်လုပ်ရေးလောကအကြောင်း ရင်ဖွင့်လာသည့် နယူးဂျာစီပြည်နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်...
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
အမေရိကန်ပြည်၊ ဖလော်ရီဒါရှိ လှပထည်ဝါခမ်းနားလှသော ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ဝယ်လက်တစ်ဦးက ကန်ဒေါ်လာ သန်း ၄၀ ဖြင့် စံချိန်တင်ဈေးနှုန်းပေးကာ ဝယ်ယူပြီးနောက် စံအိမ်ကို ဖြိုချရန် စီစဉ်...
အမေရိကန်ပြည်၊ ဖလော်ရီဒါရှိ လှပထည်ဝါခမ်းနားလှသော ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ဝယ်လက်တစ်ဦးက ကန်ဒေါ်လာ သန်း ၄၀ ဖြင့် စံချိန်တင်ဈေးနှုန်းပေးကာ ဝယ်ယူပြီးနောက် စံအိမ်ကို ဖြိုချရန် စီစဉ်...
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် နှစ်ပေါင်း (၆၀) ခန့် စွန့်ပစ်ခံထားရ...
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် နှစ်ပေါင်း (၆၀) ခန့် စွန့်ပစ်ခံထားရ...
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ
ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
area-one-business-complex
kt
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service