စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး

စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး - Property News in Myanmar from iMyanmarHouse.com
19 Apr 2024 12:49 pm တွင် တင်ခဲ့သည်
631 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အကယ်၍သင်သည် သရဲခြောက်သောနေရာများသို့ သွားရောက်လည်ပတ်လိုလျက်ရှိသည်ဆိုပါက အမေရိကန်ပြည်၊ အီလီနွိုက်စ်ပြည်နယ်မှ အယ်လ်တန် (Alton) မြို့ကလေးသို့ သွားရောက်လည်ပတ်သင့်သည်။

သတ္တိအလွန်ကောင်းမှသာ သွားပါ။

အယ်လ်တန်သည် အမေရိက၏ သရဲအခြောက်ဆုံး မြို့ငယ်လေးဟု နာမည်ကြီးနေသော နေရာဖြစ်သည်။

အယ်လ်တန်တွင် တစ္ဆေသရဲများ လွန်စွာများပြားလှရာ သီလရှင်သရဲများမှသည် အိုင်းရစ်အရက်ဆိုင်နှင့် ဟိုတယ်ဧည့်သည်များကို ခြောက်လန့်နေသော ဘဏ်လုယက်သူတစ်ဦး၏ တစ္ဆေတို့အထိ ခြောက်လှန့်မှု များစွာရှိနေပြီး လိပ်ပြာလွင့်ကာ ပြန်လမ်းမဲ့ခဲ့သူ များလှသည်။

အယ်လ်တန်မြို့ကလေးသည် သရဲအလွန်ခြောက်လှသည်ဟု နာမည်ကြီးနေသည်မှာ မည်မျှ ကြာခဲ့ပြီနည်းဟု ‘မြစ်ကြီးများနှင့် လမ်းကြောင်းကြီးများ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဗျူရို’ ၏ ဥက္ကဌ၊ စီအီးအိုဖြစ်သူ Cory Jobe အား Dailymail သတင်းဌာနက မေးမြန်းခဲ့သည်။

Cory က ပြောသည်မှာ “မစ္စစ္စပီ မြစ်ကမ်းပါးမှာရှိတဲ့ အယ်လ်တန်မြို့လေးကို ၁၈၁၈ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမြို့ရဲ့ သမိုင်းကြောင်းက ဒီထက်ရှည်လျားပါတယ်။ မြို့မတည်ထောင်မီကတည်းက ဒီဒေသမှာ ဌာနေအမေရိကန်တိုင်းရင်းသားတွေ အခြေချနေထိုင်ခဲ့ကြပါတယ်။ ဘယ်အချိန်ကစပြီး သရဲခြောက်သလဲဆိုတာ အတိအကျပြောဖို့ဆိုတာ ငြင်းခုန်စရာ အကြောင်းရပ်ပါပဲ။ ကျွန်တော်တို့မှာ မှတ်တမ်းရှိတဲ့ကာလအထိပဲ ပြောနိုင်ပါလိမ့်မယ်။ ဒီဒေသမှာ သေဆုံးမှု ၊ ရောဂါဘယ၊ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းတွေ ရှိပါတယ်။ ပြည်တွင်းစစ် အကျဉ်းထောင်ဟောင်းတွေက စပြီး မြေအောက်ရထားလမ်းတွေကနေ ထွက်ပြေးဖို့ ကြိုးစားကြတဲ့သူတွေအထိ သမိုင်းကြောင်းတွေ ရှိပါတယ်။”

 

(အမေရိက၏ သရဲအခြောက်ဆုံး မြို့လေးဟု နာမည်ကြီးသော အယ်လ်တန်မြို့)

 

 

((အယ်လ်တန်မြို့ကလေး၏ တစ္ဆေများ))

 

အယ်လ်တန်မြို့မှ ပရလောကလေ့လာရေးအဖွဲ့ Alton Hauntings Tour and American Hauntings ကို တည်ထောင်သူ ထရွိုင် တေလာက အယ်လ်တန်မြို့မှ ထင်ရှားသော ခြောက်လှန့်မှုများအကြောင်း ပြောပြခဲ့သည်။

 

(ပုံတွင် တွေ့ရသူမှာ ထရွိုင် တေလာဖြစ်သည် )

အသက် ၅၇ နှစ်အရွယ်ရှိ တေလာက ပြောသည်မှာ “အယ်လ်တန်မြို့က ပရလောကသားတွေအကြောင်းပြောဖို့ အကောင်းဆုံးနည်းလမ်းက သရဲရှိတဲ့နေရာတွေအကြောင်း ပြောပြတာပါပဲ။ အယ်လ်တန်မြို့မှာ ၁၉ ရာစုကုန် ပိုင်းနဲ့ ၂၀ ရာစု အစောပိုင်းတွေမှာ ဟင်နရီ မက်ပိုက်ဆိုတဲ့ အထင်ကရပုဂ္ဂိုလ်တစ်ဦး နေထိုင်ခဲ့တယ်။ ဒီမြို့ရဲ့ ဝိဉာဉ်လောကမှာ သူက ထင်ရှားတယ်။ အယ်လ်ဘီလမ်းမှာ ရှိတဲ့ မက်ပိုက်စံအိမ်ကြီးမှာ သူက ခြောက်လှန့်မှု တွေ လုပ်တယ်။” ဟု ဆိုသည်။

Mineral Springs ဟိုတယ်ဟောင်းကြီးတွင်မူ ဟိုတယ်တွင် လာရောက်တည်းခိုခဲ့ပြီးနောက် ပြန်လမ်းမရှိခဲ့ သူတို့၏ ခြောက်လှန့်မှုများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ထိုသို့သော တစ္ဆေများတွင် ‘စံပယ်ပန်းအမျိုးသမီး’ ဟု နာမည်ကြီးသော တစ္ဆေလည်းပါဝင်ပြီး သူ၏ အမည်ရင်း မှာ ပါးလ်ဆန်းစ်ဖြစ်သည်။ သူသည် ၁၉၆၅ ခုနှစ်တွင် အဆိုပါဟိုတယ်၌ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ခြင်း ဖြစ်သည်။

ထိုဟိုတယ်ရှိ အခြား နာမည်ကြီးတစ္ဆေမှာ L.M.Harwood အမည်ရှိ အမျိုးသားဖြစ်ပြီး မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ကာ အဆုံးစီရင်သွားသူ ဖြစ်သည်။

အရက်သေစာ အလွန်အကျွံသောက်စားထားကာ ဟိုတယ်၏ အရက်ဘားတွင် ၁၉၁၆ ခုနှစ်အတွင်း အဆုံးစီရင် ခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် ဟိုတယ်ရေကူးကန်တွင် ကလဲရင့်စ် ဘလဲအမည်ရှိ လူငယ်တစ်ဦးမှာ ရေနစ်ကာ သေဆုံးသွားခဲ့ ပြီးနောက် ရေကူးကန်အနီးတွင် ယနေ့တိုင် ခြောက်လှန့်နေဆဲ ဖြစ်သည်။

“ဖိလစ် မာဆာဆိုတဲ့ သင်းအုပ်ဘုန်းတော်ကြီးဟာ Third Street မှာရှိတဲ့ First Unitarian ဘုရားကျောင်းမှာ ၁၉၃၆ ခုနှစ်အတွင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ်။ ဘာကြောင့် အဆုံးစီရင်သွားလဲဆိုတာ မသိရ ပါဘူး။ အဲ့နောက်ပိုင်း ဆယ်စုနှစ်များစွာအတွင်း ဘုရားကျောင်းအဖွဲ့ဝင်တွေ၊ ဘုရားကျောင်းတက်သူတွေဟာ ဖိလစ် မာဆာကို သရဲဘဝနဲ့ မကြာခဏတွေ့ခဲ့ကြပါတယ်။ တခါတလေမှာ တစ္ဆေအဖြစ် တွေ့ရတာဖြစ်ပြီး တခါတလေမှာတော့ အမျိုးသားတစ်ယောက်ရဲ့ ရေမွှေးနံ့ရတာမျိုး ဖြစ်ပါတယ်” ဟု ထရွိုင် တေလာက ပြောသည်။

ဘဏ်လုယက်သူတစ်ဦးမှာလည်း Morrison’s Irish Pub အရက်ဆိုင်တွင် ယနေ့တိုင် ခြောက်လှန့်နေဆဲ ဖြစ်သည်။

ထိုလုယက်သူ၏ အမည်နာမကိုမူ မသိရချေ။

ထိုအရက်ဆိုင်သည် တချိန်ကမူ Alton မြို့လေး၏ ပထမဆုံး အမျိုးသားဘဏ်နေရာ ဖြစ်ခဲ့သည်။

၁၈၆၈ ခုနှစ်၏ Halloween ညတွင် အယ်လ်-အိတ်ချ်-ဖီလေအမည်ရှိ ရဲအရာရှိတစ်ဦးမှာ ကင်းလှည့်နေချိန်တွင် လူတစ်စုက ဘဏ်ဖောက်ထွင်းနေသည်ကို တွေ့ခဲ့ရသည်။

ရဲအရာရှိ ဖီလေမှာ အသတ်ခံခဲ့ရပြီး ထိုခေတ်က သူနေထိုင်ခဲ့ရာ State လမ်းရှိ နေအိမ်တွင် ယနေ့တိုင် ခြောက်လှန့်နေသည်။

လုယက်သူတို့သည် ကောင်တာတွင်ရှိသော အကြွေစေ့များသာ ရယူသွားနိုင်ခဲ့ပြီး မီးခံသေတ္တာထဲတွင် သိမ်းဆည်းထားသော ငွေများ ရမသွားခဲ့။

ထိုဘဏ်နေရာကို ၂၀၁၅ ခုနှစ်တွင် အရက်ဆိုင်အဖြစ် ပြောင်းလဲလိုက်ပြီးနောက်ပိုင်း အဆောက်အအုံ အနှံ့အပြားတွင် ရှေးခေတ်အကြွေစေ့များ ဆန်းကြယ်စွာ ပေါ်ပေါက်ရောက်ရှိလာသည်ကို တွေ့လာရသည်။

ဘဏ်လုယက်သူတို့သည် မိမိတို့ကျူးလွန်ခဲ့သော အမှားများကို နောင်တရကာ ပြန်လည်ပေးဆပ်ရန်အတွက် အကြွေစေ့များ ပြန်ထားပေးခြင်း ဖြစ်နိုင်သည်။

 

(Mineral Springs ဟိုတယ်ဟောင်း။ ၁၉၇၁ ခုနှစ်တွင် ပိတ်သိမ်းခဲ့သည်။ ဟိုတယ်မှ မည်သည့်အခါမှ Check out မလုပ်နိုင်တော့သည့် ဧည့်သည်များရှိနေသော ပြန်လမ်းမဲ့ဟိုတယ်ဖြစ်သည်)

 

(Alton မြို့လေးကို မစ္စစ္စပီမြစ်ကမ်းတွင် ၁၈၁၈ ခုနှစ်၌ တည်ထောင်ခဲ့သည်)

 

(သရဲခြောက်သော စံအိမ်ကြီး McPike Mansion)

 

(Mineral Springs ဟိုတယ်ရှိ သရဲခြောက်သော ပစ္စည်းများကို ပြသထားသည့် Soul Asylum ပြခန်း )

(Soul Asylum ၏ ပိုင်ရှင်ဖြစ်သူ David Nunnally)

 

ပြခန်းတွင် ပြသထားသည်မှာ သရဲခြောက်သော ပစ္စည်းများဖြစ်ပြီး အများဆုံး ပါဝင်သည်မှာ သရဲခြောက်သော အရုပ်များ ဖြစ်သည်။

 

(ဤနေရာရှိ ပရလောကဖြစ်ရပ်ဆန်းများနှင့် ခြောက်လှန့်မှုများကို ကိုယ်တိုင်လေ့လာပြီးလျှင် မိမိတို့ သင်ယူခဲ့ရ သော အသိအပေါ် မေးခွန်းထုတ်ကြရန် David Nunnally က ပြောသည်။)

 

(ဖီးလစ် မာဆာ အမည်ရှိ သင်းအုပ်ဘုန်းတော်ကြီးမှာ ပုံတွင် တွေ့ရသော ဘုရားကျောင်းတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။)

 

(Alton မြို့လေးသို့ ကမ္ဘာတစ်ဝန်းမှ ပရလောက စိတ်ဝင်စားသူများစွာ လာရောက် လည်ပတ်ကြသည်။)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A spook-tacular vacation destination: Inside America's 'most haunted small town', whose cast of ghostly characters inhabit an eerie mansion, an abandoned hotel and an Irish pub (dailymail)

Photo Credit: dailymail

 

 

[Zawgyi]

စံပယ္ပန္းအမ်ဳိးသမီး၊ ျပန္လမ္းမဲ့ဟိုတယ္၊ သီလရွင္သရဲ (သို႔မဟုတ္) အေမရိကန္က လြန္စြာသရဲေျခာက္ေသာ ျမိဳ႕ငယ္ေလး

 

အကယ္၍သင္သည္ သရဲေျခာက္ေသာေနရာမ်ားသို႔ သြားေရာက္လည္ပတ္လိုလ်က္ရွိသည္ဆိုပါက အေမရိကန္ျပည္၊ အီလီႏြိဳက္စ္ျပည္နယ္မွ အယ္လ္တန္ (Alton) ျမိဳ႕ကေလးသို႔ သြားေရာက္လည္ပတ္သင့္သည္။

သတၱိအလြန္ေကာင္းမွသာ သြားပါ။

အယ္လ္တန္သည္ အေမရိက၏ သရဲအေျခာက္ဆံုး ျမိဳ႕ငယ္ေလးဟု နာမည္ၾကီးေနေသာ ေနရာျဖစ္သည္။

အယ္လ္တန္တြင္ တေစၦသရဲမ်ား လြန္စြာမ်ားျပားလွရာ သီလရွင္သရဲမ်ားမွသည္ အိုင္းရစ္အရက္ဆိုင္ႏွင့္ ဟိုတယ္ဧည့္သည္မ်ားကို ေျခာက္လန္႔ေနေသာ ဘဏ္လုယက္သူတစ္ဦး၏ တေစၦတို႔အထိ ေျခာက္လွန္႔မႈ မ်ားစြာရွိေနျပီး လိပ္ျပာလြင့္ကာ ျပန္လမ္းမဲ့ခဲ့သူ မ်ားလွသည္။

အယ္လ္တန္ျမိဳ႕ကေလးသည္ သရဲအလြန္ေျခာက္လွသည္ဟု နာမည္ၾကီးေနသည္မွာ မည္မွ် ၾကာခဲ့ျပီနည္းဟု ‘ျမစ္ၾကီးမ်ားႏွင့္ လမ္းေၾကာင္းၾကီးမ်ား ကမၻာလွည့္ခရီးသြားလုပ္ငန္းဗ်ဴရို’ ၏ ဥကၠဌ၊ စီအီးအိုျဖစ္သူ Cory Jobe အား Dailymail သတင္းဌာနက ေမးျမန္းခဲ့သည္။

Cory က ေျပာသည္မွာ “မစၥစၥပီ ျမစ္ကမ္းပါးမွာရွိတဲ့ အယ္လ္တန္ျမိဳ႕ေလးကို ၁၈၁၈ ခုႏွစ္မွာ စတင္ တည္ေထာင္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီျမိဳ႕ရဲ႕ သမိုင္းေၾကာင္းက ဒီထက္ရွည္လ်ားပါတယ္။ ျမိဳ႕မတည္ေထာင္မီကတည္းက ဒီေဒသမွာ ဌာေနအေမရိကန္တိုင္းရင္းသားေတြ အေျခခ်ေနထိုင္ခဲ့ၾကပါတယ္။ ဘယ္အခ်ိန္ကစျပီး သရဲေျခာက္သလဲဆိုတာ အတိအက်ေျပာဖုိ႔ဆိုတာ ျငင္းခုန္စရာ အေၾကာင္းရပ္ပါပဲ။ ကၽြန္ေတာ္တို႔မွာ မွတ္တမ္းရွိတဲ့ကာလအထိပဲ ေျပာႏိုင္ပါလိမ့္မယ္။ ဒီေဒသမွာ ေသဆံုးမႈ ၊ ေရာဂါဘယ၊ အၾကမ္းဖက္မႈေတြနဲ႔ ပတ္သက္တဲ့ သမိုင္းေၾကာင္းေတြ ရွိပါတယ္။ ျပည္တြင္းစစ္ အက်ဥ္းေထာင္ေဟာင္းေတြက စျပီး ေျမေအာက္ရထားလမ္းေတြကေန ထြက္ေျပးဖို႔ ၾကိဳးစားၾကတဲ့သူေတြအထိ သမိုင္းေၾကာင္းေတြ ရွိပါတယ္။”

(အေမရိက၏ သရဲအေျခာက္ဆံုး ျမဳိ႕ေလးဟု နာမည္ၾကီးေသာ အယ္လ္တန္ျမဳိ႕)

((အယ္လ္တန္ျမဳိ႕ကေလး၏ တေစၦမ်ား))

အယ္လ္တန္ျမဳိ႕မွ ပရေလာကေလ့လာေရးအဖြဲ႔ Alton Hauntings Tour and American Hauntings ကို တည္ေထာင္သူ ထရိြဳင္ ေတလာက အယ္လ္တန္ျမဳိ႕မွ ထင္ရွားေသာ ေျခာက္လွန္႔မႈမ်ားအေၾကာင္း ေျပာျပခဲ့သည္။ (ပံုတြင္ ေတြ႔ရသူမွာ ထရြိဳင္ ေတလာျဖစ္သည္ )

အသက္ ၅၇ ႏွစ္အရြယ္ရွိ ေတလာက ေျပာသည္မွာ “အယ္လ္တန္ျမဳိ႕က ပရေလာကသားေတြအေၾကာင္းေျပာဖို႔ အေကာင္းဆံုးနည္းလမ္းက သရဲရွိတဲ့ေနရာေတြအေၾကာင္း ေျပာျပတာပါပဲ။ အယ္လ္တန္ျမဳိ႕မွာ ၁၉ ရာစုကုန္ ပိုင္းနဲ႔ ၂၀ ရာစု အေစာပိုင္းေတြမွာ ဟင္နရီ မက္ပိုက္ဆိုတဲ့ အထင္ကရပုဂၢိဳလ္တစ္ဦး ေနထုိင္ခဲ့တယ္။ ဒီျမဳိ႕ရဲ႕ ဝိဥာဥ္ေလာကမွာ သူက ထင္ရွားတယ္။ အယ္လ္ဘီလမ္းမွာ ရွိတဲ့ မက္ပိုက္စံအိမ္ၾကီးမွာ သူက ေျခာက္လွန္႔မႈ ေတြ လုပ္တယ္။” ဟု ဆိုသည္။

Mineral Springs ဟိုတယ္ေဟာင္းၾကီးတြင္မူ ဟိုတယ္တြင္ လာေရာက္တည္းခိုခဲ့ျပီးေနာက္ ျပန္လမ္းမရွိခဲ့ သူတို႔၏ ေျခာက္လွန္႔မႈမ်ားႏွင့္ ရင္ဆိုင္ရမည္ ျဖစ္သည္။

ထိုသို႔ေသာ တေစၦမ်ားတြင္ ‘စံပယ္ပန္းအမ်ဳိးသမီး’ ဟု နာမည္ၾကီးေသာ တေစၦလည္းပါဝင္ျပီး သူ၏ အမည္ရင္း မွာ ပါးလ္ဆန္းစ္ျဖစ္သည္။ သူသည္ ၁၉၆၅ ခုႏွစ္တြင္ အဆိုပါဟိုတယ္၌ မိမိကိုယ္ကို အဆံုးစီရင္သြားခဲ့ျခင္း ျဖစ္သည္။

ထိုဟိုတယ္ရွိ အျခား နာမည္ၾကီးတေစၦမွာ L.M.Harwood အမည္ရွိ အမ်ဳိးသားျဖစ္ျပီး မိမိကိုယ္ကို ေသနတ္ျဖင့္ ပစ္ကာ အဆံုးစီရင္သြားသူ ျဖစ္သည္။

အရက္ေသစာ အလြန္အကၽြံေသာက္စားထားကာ ဟိုတယ္၏ အရက္ဘားတြင္ ၁၉၁၆ ခုႏွစ္အတြင္း အဆံုးစီရင္ ခဲ့ျခင္း ျဖစ္သည္။

ယင္းအျပင္ ဟိုတယ္ေရကူးကန္တြင္ ကလဲရင့္စ္ ဘလဲအမည္ရွိ လူငယ္တစ္ဦးမွာ ေရနစ္ကာ ေသဆံုးသြားခဲ့ ျပီးေနာက္ ေရကူးကန္အနီးတြင္ ယေန႔တိုင္ ေျခာက္လွန္႔ေနဆဲ ျဖစ္သည္။

“ဖိလစ္ မာဆာဆိုတဲ့ သင္းအုပ္ဘုန္းေတာ္ၾကီးဟာ Third Street မွာရွိတဲ့ First Unitarian ဘုရားေက်ာင္းမွာ ၁၉၃၆ ခုႏွစ္အတြင္း ကိုယ့္ကိုယ္ကုိယ္ အဆံုးစီရင္သြားခဲ့တယ္။ ဘာေၾကာင့္ အဆံုးစီရင္သြားလဲဆိုတာ မသိရ ပါဘူး။ အဲ့ေနာက္ပိုင္း ဆယ္စုႏွစ္မ်ားစြာအတြင္း ဘုရားေက်ာင္းအဖြဲ႔ဝင္ေတြ၊ ဘုရားေက်ာင္းတက္သူေတြဟာ ဖိလစ္ မာဆာကို သရဲဘဝနဲ႔ မၾကာခဏေတြ႔ခဲ့ၾကပါတယ္။ တခါတေလမွာ တေစၦအျဖစ္ ေတြ႔ရတာျဖစ္ျပီး တခါတေလမွာေတာ့ အမ်ဳိးသားတစ္ေယာက္ရဲ႕ ေရေမႊးနံ႔ရတာမ်ဳိး ျဖစ္ပါတယ္” ဟု ထရြိဳင္ ေတလာက ေျပာသည္။

ဘဏ္လုယက္သူတစ္ဦးမွာလည္း Morrison’s Irish Pub အရက္ဆိုင္တြင္ ယေန႔တိုင္ ေျခာက္လွန္႔ေနဆဲ ျဖစ္သည္။

ထိုလုယက္သူ၏ အမည္နာမကိုမူ မသိရေခ်။

ထိုအရက္ဆိုင္သည္ တခ်ိန္ကမူ Alton ျမိဳ႕ေလး၏ ပထမဆံုး အမ်ဳိးသားဘဏ္ေနရာ ျဖစ္ခဲ့သည္။

၁၈၆၈ ခုႏွစ္၏ Halloween ညတြင္ အယ္လ္-အိတ္ခ်္-ဖီေလအမည္ရွိ ရဲအရာရွိတစ္ဦးမွာ ကင္းလွည့္ေနခ်ိန္တြင္ လူတစ္စုက ဘဏ္ေဖာက္ထြင္းေနသည္ကို ေတြ႔ခဲ့ရသည္။

ရဲအရာရွိ ဖီေလမွာ အသတ္ခံခဲ့ရျပီး ထိုေခတ္က သူေနထုိင္ခဲ့ရာ State လမ္းရွိ ေနအိမ္တြင္ ယေန႔တိုင္ ေျခာက္လွန္႔ေနသည္။

လုယက္သူတို႔သည္ ေကာင္တာတြင္ရွိေသာ အေၾကြေစ့မ်ားသာ ရယူသြားႏိုင္ခဲ့ျပီး မီးခံေသတၱာထဲတြင္ သိမ္းဆည္းထားေသာ ေငြမ်ား ရမသြားခဲ့။

ထိုဘဏ္ေနရာကို ၂၀၁၅ ခုႏွစ္တြင္ အရက္ဆိုင္အျဖစ္ ေျပာင္းလဲလိုက္ျပီးေနာက္ပိုင္း အေဆာက္အအံု အႏွံ႔အျပားတြင္ ေရွးေခတ္အေၾကြေစ့မ်ား ဆန္းၾကယ္စြာ ေပၚေပါက္ေရာက္ရွိလာသည္ကို ေတြ႔လာရသည္။

ဘဏ္လုယက္သူတို႔သည္ မိမိတို႔က်ဴးလြန္ခဲ့ေသာ အမွားမ်ားကို ေနာင္တရကာ ျပန္လည္ေပးဆပ္ရန္အတြက္ အေၾကြေစ့မ်ား ျပန္ထားေပးျခင္း ျဖစ္ႏိုင္သည္။

 

(Mineral Springs ဟိုတယ္ေဟာင္း။ ၁၉၇၁ ခုႏွစ္တြင္ ပိတ္သိမ္းခဲ့သည္။ ဟိုတယ္မွ မည္သည့္အခါမွ Check out မလုပ္ႏိုင္ေတာ့သည့္ ဧည့္သည္မ်ားရွိေနေသာ ျပန္လမ္းမဲ့ဟိုတယ္ျဖစ္သည္)

(Alton ျမိဳ႕ေလးကို မစၥစၥပီျမစ္ကမ္းတြင္ ၁၈၁၈ ခုႏွစ္၌ တည္ေထာင္ခဲ့သည္)

(သရဲေျခာက္ေသာ စံအိမ္ၾကီး McPike Mansion)

(Mineral Springs ဟိုတယ္ရွိ သရဲေျခာက္ေသာ ပစၥည္းမ်ားကို ျပသထားသည့္ Soul Asylum ျပခန္း )

(Soul Asylum ၏ ပိုင္ရွင္ျဖစ္သူ David Nunnally)

 

ျပခန္းတြင္ ျပသထားသည္မွာ သရဲေျခာက္ေသာ ပစၥည္းမ်ားျဖစ္ျပီး အမ်ားဆံုး ပါဝင္သည္မွာ သရဲေျခာက္ေသာ အရုပ္မ်ား ျဖစ္သည္။

 

(ဤေနရာရွိ ပရေလာကျဖစ္ရပ္ဆန္းမ်ားႏွင့္ ေျခာက္လွန္႔မႈမ်ားကို ကိုယ္တိုင္ေလ့လာျပီးလွ်င္ မိမိတို႔ သင္ယူခဲ့ရ ေသာ အသိအေပၚ ေမးခြန္းထုတ္ၾကရန္ David Nunnally က ေျပာသည္။)

(ဖီးလစ္ မာဆာ အမည္ရိွ သင္းအုပ္ဘုန္းေတာ္ၾကီးမွာ ပံုတြင္ ေတြ႔ရေသာ ဘုရားေက်ာင္းတြင္ မိမိကိုယ္ကိုယ္ အဆံုးစီရင္သြားခဲ့သည္။)

(Alton ျမဳိ႕ေလးသို႔ ကမၻာတစ္ဝန္းမွ ပရေလာက စိတ္ဝင္စားသူမ်ားစြာ လာေရာက္ လည္ပတ္ၾကသည္။)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A spook-tacular vacation destination: Inside America's 'most haunted small town', whose cast of ghostly characters inhabit an eerie mansion, an abandoned hotel and an Irish pub (dailymail)

Photo Credit: dailymail

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK အဖွဲ့မှ လီဆာက လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်များ အခြေချရာ Beverly Hills တွင် ကန်ဒေါ်လာ ၄ သန်းတန် စံအိမ်တစ်လုံး ဝ...
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK အဖွဲ့မှ လီဆာက လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်များ အခြေချရာ Beverly Hills တွင် ကန်ဒေါ်လာ ၄ သန်းတန် စံအိမ်တစ်လုံး ဝ...
ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ရန်အတွက် သမိုင်းဝင်အိမ်တစ်လုံး ဖြိုချမှု ဝေဖန်ခံရလျက်ရှိ...
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ရန်အတွက် သမိုင်းဝင်အိမ်တစ်လုံး ဖြိုချမှု ဝေဖန်ခံရလျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
cherry-condo
119-mdy

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service