အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
15 May 2024 3:16 pm တွင် တင်ခဲ့သည်
477 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
တာမွေမြို့နယ် ကျိုက္ကဆံလမ်းမကြီးပေါ်ရှိ တာမွေ(ယာယီ)ဈေးကို ယခုလ အတွင်း အဆင့်မြင့်အထပ်မြင့်ဈေး တည်ဆောက်ရန် ပန္နက်တင်တည်ဆောက်မည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန) မှ သိရသည်။
တာမွေအဆင့်မြင့်ဈေးတွင် Basement ၆ ထပ် ဈေးရုံကြီး (၁) ရုံ၊ Shophouse ၃ ထပ် အဆောက်အအုံ (၃၄) လုံး၊ နို့ဈေး ၂ ထပ်အဆောက်အအုံ (၁) လုံး၊ (၁၀) ခန်းတွဲ ၂ ထပ်အိမ်သာ (၁) လုံး၊ 3.5 MVA ဓာတ်အား ခွဲရုံ (၁) ရုံ၊ Bin Center (၁) ခုနှင့် ဈေးတာဝန်ခံရုံးခန်းတို့ ပါဝင်မည်ဖြစ်သည်။
တာမွေဈေးသစ်ကြီးအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် One One One Co.,Ltd တို့ အကျိုးတူပူးပေါင်းတည်ဆောက်ရန် ဧပြီလ ၃၀ ရက်နေ့က “ တာမွေအဆင့်မြင့်ဈေးတည်ဆောက်ခြင်းဆိုင်ရာလုပ်ငန်း အကျိုးတူပူး‌ပေါင်းဆောင်ရွက်ခြင်း သဘောတူစာချုပ် ” ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
လက်ရှိ တာမွေ(ယာယီဈေး) တွင် ယခင်က ဈေးရုံအဟောင်း ၁၈ ရုံရှိပြီး ဆိုင်ခန်းပေါင်း ၆၀၈ ခန်းရှိခဲ့ရာ ယင်းဈေးဆိုင်ခန်းများအတွက် ယာယီဈေးဆိုင်တန်းများကို ၂၀၁၉ ခုနှစ် သြဂုတ်လဆန်းပိုင်းက စတင်တည်ဆောက်၍ ယာယီဈေးဆိုင်ခန်းသစ်များပေါ်သို့ ပြောင်းရွှေ့ရောင်းချခွင့် ပြုထားခဲ့ကြောင်း သိရသည်။
ဈေးသစ်ကြီးပြီးစီးပါက ယခင်ဈေးဟောင်းမှ ဆိုင်ခန်းများကို ပြန်လည်နေရာချထားပေးမှာဖြစ်ပြီး၊ ကားအစီးရေ အများအပြားအတွက် ကျယ်ဝန်းသော ကားပါကင်နှင့် လာရောက်သူများ အပန်းဖြေနိုင်မယ့် ဧရိယာများလည်း ပူးတွဲတည်ဆောက်သွားမည်ဖြစ်သည်။
ယင်းဈေးနေရာမှာ ရှေးယခင်က တရုတ်သုသာန်မြေနေရာဖြစ်ပြီး ၃ ဒသမ ၇၉၂ ဧက ကျယ်ဝန်းကာ ၁၉၉၄ ခုနှစ် ဧပြီလ ၁ ရက်မှစတင်၍ တာမွေ (ယာယီ)ဈေးအဖြစ် စတင်အသုံးပြုခဲ့ခြင်း ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မြင့်မြင့်မားမား တွေးတောကြံစည်ရန် အချိန်ကျရောက်လာပြီ ဖြစ်သည်
မြင့်မြင့်မားမား တွေးတောကြံစည်ရန် အချိန်ကျရောက်လာပြီ ဖြစ်သည်
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘာ့အရှည်လျားဆုံး လမ်းဖြောင့်...
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘာ့အရှည်လျားဆုံး လမ်းဖြောင့်...
Beatles အဖွဲ့ကြီးမှ ရှေ့ထွက်အဆိုတော် ဂျွန်လင်နွန်၏ ကျန်ရစ်သူဇနီး ယိုကို အိုနိုက နှစ်ဦးအတူ နေထိုင်ခဲ့သော နယူးယောက်မြို့မှ အိမ်ကို ကန်ဒေါ်လာ ၅ ဒသမ ၅ သန်းဖြင့် ရောင်းချရန် စီစဉ်လာ...
Beatles အဖွဲ့ကြီးမှ ရှေ့ထွက်အဆိုတော် ဂျွန်လင်နွန်၏ ကျန်ရစ်သူဇနီး ယိုကို အိုနိုက နှစ်ဦးအတူ နေထိုင်ခဲ့သော နယူးယောက်မြို့မှ အိမ်ကို ကန်ဒေါ်လာ ၅ ဒသမ ၅ သန်းဖြင့် ရောင်းချရန် စီစဉ်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ခြံဝန်းအတွင်း လှေတစ်စင်းထားသော အမျိုးသားကို မြို့အုပ်ချုပ်ရေးအဖွဲ့က လှေကို အခြားသူများ မမြင်ရစေရေးအတွက် ၆ ပေမြင့်သော ခြံစည်းရိုးကာရန် အမိန့်ထုတ်ခဲ့ရာ ခြံစည်းရိုးကာပြီးနောက် ပန်းချီဆရာတစ်ဦး ...
ဆောက်လုပ်ရေးဝန်ကြီးဌာနက အိမ်ရာသုံးခုအတွက် တင်ဒါခေါ်နေ
ဆောက်လုပ်ရေးဝန်ကြီးဌာနက အိမ်ရာသုံးခုအတွက် တင်ဒါခေါ်နေ
အင်္ဂလန်ကမ်းလွန်ပင်လယ်ပြင်ရှိ စစ်ဘက်ခံတပ်ဟောင်း ၂ ခု လေလံတင်ရောင်းချရန် စီစဉ်ထားရာ လုံခြုံရေး ကောင်းမွန်သည့်နေအိမ် ရှာဖွေနေသူများအတွက် အထူးသင့်တော်...
အင်္ဂလန်ကမ်းလွန်ပင်လယ်ပြင်ရှိ စစ်ဘက်ခံတပ်ဟောင်း ၂ ခု လေလံတင်ရောင်းချရန် စီစဉ်ထားရာ လုံခြုံရေး ကောင်းမွန်သည့်နေအိမ် ရှာဖွေနေသူများအတွက် အထူးသင့်တော်...
အမေရိကန်ပြည်တွင် ရထားလမ်း၊ ဘူတာရုံ၊ တံတားများ၊ ခုံးကျော်များ၊ တောင်တန်းများ၊ မြို့များ၊ ကျေးရွာများ ပုံစံငယ်ပြုလုပ်ထားသည့် မြေအောက်ခန်းကြီးပါဝင်သော စတုရန်းပေ ၂၀၀၀၀ ကျော် ကျယ်ဝန်းသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၃,၂၉၅,၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကျော် မူဟာမက်အလီ၏ လော့စ်အိန်ဂျလိစံအိမ် လေလံတင် ရောင်းချမည်
သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကျော် မူဟာမက်အလီ၏ လော့စ်အိန်ဂျလိစံအိမ် လေလံတင် ရောင်းချမည်
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
area-one-business-complex
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service