ဝူဟန်ဗိုင်းရပ်စ် (ကိုရိုနာဗိုင်းရပ်စ်) နှိမ်နင်းရေး အိမ်ခြံမြေ Developer များ ညီညွတ်စွာလှုပ်ရှား
ဝူဟန်ဗိုင်းရပ်စ် (ကိုရိုနာဗိုင်းရပ်စ်) နှိမ်နင်းရေး အိမ်ခြံမြေ Developer များ ညီညွတ်စွာလှုပ်ရှား - Property News in Myanmar from iMyanmarHouse.com
10 Feb 2020 10:48 am တွင် တင်ခဲ့သည်
825 ကြိမ် ကြည့်ရှု့ပြီး
### Unicode Version ###
တရုတ်တွင် အဆုတ်ရောင်ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေမှုကို ထိန်းချုပ်လျှော့ချရေးအကူအညီဖြစ်စေရန်အလို့ငှါ ရန်ပုံငွေနှင့်လိုအပ်သည့်ပံ့ပိုးမှုများပေးရန် အိမ်ခြံမြေ developer (မြေယာဝယ်ယူ၍အဆောက်အအုံဆောက်လုပ်ရောင်းချသည့်ကုမ္ပဏီ) များက ပြီးခဲ့သည့်ရက်များအတွင်း တစ်ညီတစ်ညွတ်တည်းဆောင်ရွက်နေကြပြီဖြစ်သည်။
ငွေကြေးလှူဒါန်းမှုများအပြင် Developer များက ကိုရိုနာဗိုင်းရပ်စ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနှိမ်နင်းနေကြစဉ်အတွင်း ဆိုးဆိုးရွားရွားလုပ်ငန်းထိခိုက်ကြရသည့် စီးပွားရေးလုပ်ငန်းရှင်များအတွက် လုပ်ငန်းအဆောက်အအုံနေရာငှါးခများ၊ စီမံခန့်ခွဲမှုနှင့် အခြားအခကြေးငွေများကိုပါ လျှော့ချပေးလာကြသည်။
ယခုနောက်ဆုံးကြိုးပမ်းမှုများအနက် တစ်ခုကိုတင်ပြရသော် Shui On Land Ltd က ကုမ္ပဏီ၏ ဝူဟန်စီမံကိန်းများတွင် ငှါးရမ်းသူများအတွက် ဇန်နဝါရီ ၂၄ မှ ဖေဖော်ဝါရီ ၂၉ အကြား ငှါးရမ်းခ၊ စီမံခန့်ခွဲမှုနှင့် ပရိုမိုးရှင်းကြေးများကို လျှော့ချပေးမည်ဟု ကြေညာထားသည်။ ဝူဟန်ပြင်ပ အခြားမြို့များတွင် ငှါးရမ်းသူများအတွက်လည်း ၅၀ ရာခိုင်နှုန်း ဈေးလျှော့ပေးမည်ဟု သိရသည်။
၎င်းရှန်ဟိုင်းအခြေစိုက်ကုမ္ပဏီသည် ဝူဟန်မြို့ကြက်ခြေနီအသင်းအတွက် ယွမ် ၁၀ သန်း လှူဒါန်းမည်ဖြစ်သည်။
Shui On Land ၏ ကြေညာချက်သည် Dalian Wanda Group ၏ ကုန်သွယ်ရေးအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီခွဲ Dalian Wanda Commercial Management Group က နိုင်ငံတစ်ဝန်းရှိ ၎င်းတို့၏ Wanda Plaza ၂၈၀ တွင် ငှါးရမ်းသူများအတွက် ဇန်နဝါရီ ၂၄ မှ ဖေဖော်ဝါရီ ၂၅ အကြား ငှါးရမ်းခနှင့် စီမံခန့်ခွဲမှုအခကြေးငွေများ လျှော့ပေါ့ပေးမည်ဟု ကြေညာခဲ့ပြီးနောက် နှစ်ရက်အကြာတွင် ထွက်ရှိလာခဲ့ခြင်းဖြစ်သည်။
Dalian Wanda Group ကလည်း ဟူပေပြည်နယ် ဝူဟန်မြို့မှစတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေမှုထိန်းချုပ်လျှော့ချရေးအတွက် ယွမ် ၁၀ သန်း လှူဒါန်းမည်ဟု ဇန်နဝါရီ ၂၅ ကတည်းက ကြေညာခဲ့ပြီးဖြစ်သည်။
အိမ်ခြံမြေလုပ်ငန်းကဏ္ဍ၏ ဦးဆောင်ကုမ္ပဏီများဖြစ်သော Sunac China ၊ China Evergrande Group ၊ Country Garden Group နှင့် China Vanke Group တို့ပါဝင်သည့် developer ၆၀ ခန့်က ဇန်နဝါရီ ၂၈ ည ၇ နာရီအထိ စုစုပေါင်း ယွမ် ၁ ဒသမ ၁ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၅၈ သန်း) နှင့် ဆေးဘက်ဆိုင်ရာအထောက်အပံ့ ယွမ် ၁၅ သန်းဖိုး လှူဒါန်းထားကြပြီးဖြစ်ကြောင်း တရုတ်ထိပ်တန်းအိမ်ခြံမြေဝန်ဆောင်မှုဝက်ဘ်ဆိုက် Leju မှ ထုတ်ပြန်သည့်သုတေသနတစ်ရပ်က ဖော်ပြခဲ့သည်။
လှူဒါန်းထားသောအထောက်အပံ့များမှာ လူနာတင်ယာဉ် ၁၀ စီး၊ မျက်နှာဖုံး ၂ ဒသမ ၅ သန်း၊ ရောဂါကာကွယ်ရေးဝတ်စုံ ၅၀,၀၀၀ နှင့် တစ်ခါသုံးရာဘာလက်အိတ် ၉၀,၀၀၀ တို့ဖြစ်ကြောင်း သိရသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
18th Property and Car Expo
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service