ရွမ္းျပည္နယ္ရွိ ဂုတ္ထိပ္တံတားအသစ္ တည္ေဆာက္ရန္ စိတ္ဝင္စားသည့္ ကုမၸဏီမရွိဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာနထုတ္ျပန္

ရွမ္းျပည္နယ္ရွိ ဂုတ္ထိပ္တံတားအသစ္ တည္ေဆာက္ရန္ စိတ္ဝင္စားသည့္ ကုမၸဏီမရွိဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာနထုတ္ျပန္ - Property News in Myanmar from iMyanmarHouse.com
22 Nov 2019 11:25 am တွင် တင်ခဲ့သည်
2161 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ရန္ကုန္- ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ နာမည္ေက်ာ္ ဂုတ္ထိပ္တံတားကို အသစ္တည္ေဆာက္ရန္ တင္ဒါေခၚရာတြင္ စိတ္ဝင္စားသည့္ ကုမၸဏီမရွိေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ႏိုဝင္ဘာ ၂၀ ရက္တြင္ထုတ္ျပန္သည္။

မႏၲေလး-လားရႈိး-မူဆယ္-နမ့္ခမ္း လမ္း၏ မိုင္တိုင္ (၇၂/၅) မွ (၉၂/၅) အတြင္းရွိသည့္ ဂုတ္ထိပ္တံတားကို အက်ယ္ေလးလမ္းသြား ႏွင့္ အရွည္ ၈၈၇ မီတာရွိသည့္တံတား တည္ေဆာက္မည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာနက စက္တင္ဘာ ၂၇ ရက္တြင္ ေၾကညာခဲ့ျခင္းျဖစ္သည္၊

လမ္းဦးစီးဌာန၏ ႀကီးၾကပ္မူျဖင့္ အဆိုတံတားစီမံကိန္းမ်ားကို PPP (အစိုးရ ပုဂၢလိကပူးေပါင္းေဆာင္႐ြက္)ျဖင့္ ေဆာင္႐ြက္ရန္ ေအာက္တိုဘာ ၂၈ ရက္ေနာက္ဆုံးထား ေၾကာ္ျငာခဲ့ေသာ္လည္း ေနာက္ဆုံးရက္မတိုင္ခင္အထိ စိတ္ဝင္စားမူေဖာ္ျပလႊာတင္ျပသူမရွိဟုဆိုသည္။

ထိုစီမံကိန္းကိုတည္ေဆာက္ျခင္း၊လုပ္ငန္းလုပ္ကိုင္ျခင္းႏွင့္ျပဳျပင္ထိန္းျခင္းလုပ္ငန္းမ်ားအတြက္ PPP စနစ္ျဖင့္ ျပည္တြင္းလုပ္ငန္းရွင္မ်ားကို ဖိတ္ေခၚခဲ့ျခင္းျဖစ္သည္။

ကမာၻေက်ာ္ ဂုတ္ထိပ္တံတားအနီးတြင္ ျမန္မာႏိုင္ငံ၏ အျမင့္ဆုံးတံတား (ယခု ရင္းႏွီး ျမႇဳပ္ႏွံရန္ ဖိတ္ေခၚသည့္ တံတား) ကို တည္ေဆာက္မည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုဝန္ႀကီး ဦးေက်ာ္လင္းက ၿပီးခဲ့သည့္ႏွစ္တြင္ အမ်ိဳးသားလႊတ္ေတာ္၌ ေျပာၾကားထားသည္။

ဂုတ္တြင္းလမ္းပိုင္းကို ေရွာင္ကြင္းၿပီး ေနာင္ခ်ိဳၿမိဳ႕ေရွာင္လမ္း ႏွင့္ အသစ္တည္ေဆာက္မည့္ ဂုတ္ထိပ္တံတားသည္ ကမာၻလွည့္ခရီးသည္မ်ားကို ဆြဲေဆာင္ႏိုင္မည့္ စီမံကိန္းျဖစ္ေၾကာင္း ဒုဝန္ႀကီးက ေျပာထားသည္။

တံတားစီမံကိိန္းေၾကာင့္ ေတာင္သူ ၂၈၃ ဦးကို ေျမ ၄၆၃ ဒသမ ၃၈ ဧကအတြက္ က်ပ္ေျခာက္ဘီလီယံေက်ာ္ ေလ်ာ္ေၾကးေပးရမည္ျဖစ္ေၾကာင္း ေဆာက္ လုပ္ေရးဝန္ႀကီးဌာနဘက္က တင္ျပထားခဲ့သည္။

ဂုတ္ထိပ္တံတားကို သုံးႏွစ္ခြဲအတြင္း ၿပီးစီးရန္ ေဆာင္႐ြက္မည္ျဖစ္ၿပီး တံတားစီမံကိန္း စုစုေပါင္းအတြက္ က်ပ္ဘီလီယံ ၄၀ ႏွင့္ ေဒၚလာသန္း ၁၂၀ ခန႔္ ကုန္က်မည္ဟု ဒုဝန္ႀကီး ဦးေက်ာ္လင္း က ဆိုထားသည္။

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

ရန်ကုန်- ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နာမည်ကျော် ဂုတ်ထိပ်တံတားကို အသစ်တည်ဆောက်ရန် တင်ဒါခေါ်ရာတွင် စိတ်ဝင်စားသည့် ကုမ္ပဏီမရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၀ ရက်တွင်ထုတ်ပြန်သည်။

မန္တလေး-လားရှိုး-မူဆယ်-နမ့်ခမ်း လမ်း၏ မိုင်တိုင် (၇၂/၅) မှ (၉၂/၅) အတွင်းရှိသည့် ဂုတ်ထိပ်တံတားကို အကျယ်လေးလမ်းသွား နှင့် အရှည် ၈၈၇ မီတာရှိသည့်တံတား တည်ဆောက်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၇ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်သည်၊

လမ်းဦးစီးဌာန၏ ကြီးကြပ်မူဖြင့် အဆိုတံတားစီမံကိန်းများကို PPP (အစိုးရ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်)ဖြင့် ဆောင်ရွက်ရန် အောက်တိုဘာ ၂၈ ရက်နောက်ဆုံးထား ကြော်ငြာခဲ့သော်လည်း နောက်ဆုံးရက်မတိုင်ခင်အထိ စိတ်ဝင်စားမူဖော်ပြလွှာတင်ပြသူမရှိဟုဆိုသည်။

ထိုစီမံကိန်းကိုတည်ဆောက်ခြင်း၊လုပ်ငန်းလုပ်ကိုင်ခြင်းနှင့်ပြုပြင်ထိန်းခြင်းလုပ်ငန်းများအတွက် PPP စနစ်ဖြင့် ပြည်တွင်းလုပ်ငန်းရှင်များကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာကျော် ဂုတ်ထိပ်တံတားအနီးတွင် မြန်မာနိုင်ငံ၏ အမြင့်ဆုံးတံတား (ယခု ရင်းနှီး မြှုပ်နှံရန် ဖိတ်ခေါ်သည့် တံတား) ကို တည်ဆောက်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်လင်းက ပြီးခဲ့သည့်နှစ်တွင် အမျိုးသားလွှတ်တော်၌ ပြောကြားထားသည်။

ဂုတ်တွင်းလမ်းပိုင်းကို ရှောင်ကွင်းပြီး နောင်ချိုမြို့ရှောင်လမ်း နှင့် အသစ်တည်ဆောက်မည့် ဂုတ်ထိပ်တံတားသည် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်မည့် စီမံကိန်းဖြစ်ကြောင်း ဒုဝန်ကြီးက ပြောထားသည်။

တံတားစီမံကိန်းကြောင့် တောင်သူ ၂၈၃ ဦးကို မြေ ၄၆၃ ဒသမ ၃၈ ဧကအတွက် ကျပ်ခြောက်ဘီလီယံကျော် လျော်ကြေးပေးရမည်ဖြစ်ကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာနဘက်က တင်ပြထားခဲ့သည်။

ဂုတ်ထိပ်တံတားကို သုံးနှစ်ခွဲအတွင်း ပြီးစီးရန် ဆောင်ရွက်မည်ဖြစ်ပြီး တံတားစီမံကိန်း စုစုပေါင်းအတွက် ကျပ်ဘီလီယံ ၄၀ နှင့် ဒေါ်လာသန်း ၁၂၀ ခန့် ကုန်ကျမည်ဟု ဒုဝန်ကြီး ဦးကျော်လင်း က ဆိုထားသည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ
သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင့် တည်းခိုနေသော ဇိမ်ခံအပန်းဖြေစခန်း….....
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင့် တည်းခိုနေသော ဇိမ်ခံအပန်းဖြေစခန်း….....
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်...
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်...
နိုင်ငံခြားရောက် အလုပ်သမားများက အိမ်ခြံမြေ ဝယ်ယူမှုများနေ
နိုင်ငံခြားရောက် အလုပ်သမားများက အိမ်ခြံမြေ ဝယ်ယူမှုများနေ
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
pan-swal-taw
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service