ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ - Property News in Myanmar from iMyanmarHouse.com
26 Mar 2024 12:25 pm တွင် တင်ခဲ့သည်
900 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
((အိန္ဒိယဘီလျံနာကြီး နာရာယန မာသီက မြေးဖြစ်သူအား ပေးသောလက်ဆောင်))
အိန္ဒိယမှ နာမည်ကျော် သတင်းအချက်အလက် နည်းပညာကုမ္ပဏီ Infosys ပူးတွဲတည်ထောင်သူ ၊ ဥက္ကဌ နာရာယန မာသီကို သတင်းများတွင် မကြာခဏတွေ့ရသည်။
နာရာယန မာသီသည် ၄ လအရွယ်မြေးဖြစ်သူ Ekagrah အား Infosys ၏ ရှယ်ယာပေါင်း ၁၅ သိန်း လက်ဆောင်ပေးခဲ့ရာ တန်ကြေးအားဖြင့် ရူပီး ကုဋေ ၂၄၀ ခန့်တန်ကြေးရှိသည်ဟု ဆိုသည်။
နာရာယန မာသီနှင့် ဇနီးဖြစ်သူ ဆုဒ မာသီတို့တွင် အခြားမြေးများလည်းရှိရာ သမီးဖြစ်သူ အက်ရှ်တ မာသီမှ မွေးဖွားသော ကရစ်ရှနနှင့် အနော့ရှ်ကတို့ ဖြစ်သည်။
အက်ရှ်တ မာသီ၏ ခင်ပွန်းမှာ ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူးနက် ဖြစ်သည်။
((နီတာအမ်ဘာနီက ချွေးမအား လက်ဖွဲ့ခဲ့သော အလွန်တန်ဖိုးကြီးသည့် လည်ဆွဲ))
မူကက်ရှ်အမ်ဘာနီနှင့် နီတာ အမ်ဘာနီတို့၏ သားကြီး Akash သည် ရှလိုက မေတာအမည်ရှိ မိန်းကလေးနှင့် ၂၀၁၉ ခုနှစ်တွင် လက်ထပ်ခဲ့သည်။
ရှလိုကကို နီတာအမ်ဘာနီက လက်ဆောင်ပေးခဲ့သော လည်ဆွဲမှာ ရူပီး ၄၅၁ ကုဋေ တန်ကြေးရှိကြောင်း သတင်းများတွင် ဖော်ပြသည်။
လည်ဆွဲတွင် ၄၀၇ ဒသမ ၄၈ ကာရက်ရှိ စိန်ဝါတစ်လုံးကို ၂၂၉ ဒသမ ၅၂ ကာရက်ရှိ စိန်ဖြူများနှင့် ရောစပ်ကာ ၁၈ ကာရက်နှင်းဆီရောင်ရွှေဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
((ဘီလျံနာ ပုဏ္ဏဝါလက သားဖြစ်သူအား လက်ဆောင်ပေးသော လင်းနို့မော်တော်ကား))
(ဓာတ်ပုံ-Natasha Poonawalla)
Serum Institute of India ၏ စီအီးအို ၊အိန္ဒိယဘီလျံနာကြီး ပုဏ္ဏဝါလသည် မြေးဖြစ်သူအား လင်းနို့ကား တစ်စင်း လက်ဆောင်ပေးခဲ့ရာ ကာတွန်းစာအုပ်ထဲမှ ကားအသွင် မှတ်ထင်ရသည်။
သတင်းများအရ ပုဏ္ဏဝါလက သူ၏ Mercedes-Benz S-Class ကို လင်းနို့ကားအဖြစ် Modify ပြုလုပ်ခဲ့ပြီး သားဖြစ်သူ၏ အသက် ၆ နှစ်ပြည့်မွေးနေ့လက်ဆောင်အဖြစ် ၂၀၁၅ ခုနှစ်တွင် လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
((သတင်းအချက်အလက် နည်းပညာကုမ္ပဏီ HCL ပိုင်ရှင် ရှစ်ဗ်နာဒါက သမီးအား လက်ဆောင်ပေးသော ရူပီး ၁၁၅ ကုဋေတန် စံအိမ်))
(ဓာတ်ပုံ-HCL)
သတင်းအချက်အလက် နည်းပညာကုမ္ပဏီ HCL ၏ ဥက္ကဌ ၂၀၁၄ ခုနှစ်တွင် တစ်ဦးတည်းသောသမီး ရိုရှနီး အတွက် ရူပီး ၁၁၅ ကုဋေတန် အိမ်တစ်လုံးလက်ဆောင်ပေးခဲ့သည်။
ထိုအချိန်က ဒေလီမြို့၏ ဈေးအကြီးဆုံးအိမ်ခြံမြေအရောင်းအဝယ် ဖြစ်ခဲ့သည်။
((မူကက်ရှ်အမ်ဘာနီ၏ တစ်ဦးတည်းသော သမီး မင်္ဂလာဆောင်တွင် ယောက္ခများက ပေးသောစံအိမ်))
အိန္ဒိယ၏ အချမ်းသာဆုံးပုဂ္ဂိုလ် မူကက်ရှ်အမ်ဘာနီနှင့် ဇနီးဖြစ်သူ နီတာတို့၏ တစ်ဦးတည်းသောသမီး အီရှာ အမ်ဘာနီသည် အိန္ဒိယဘီလျံနာ အာနန်ပီရာမယ်နှင့် ၂၀၁၈ ခုနှစ်တွင် လက်ထပ်ခဲ့သည်။
အီရှာ အမ်ဘာနီတို့စုံတွဲကို ပီရာမယ်မိသားစုက တန်ဖိုးကြီးစံအိမ်ကြီးတစ်လုံး လက်ဆောင်ပေးခဲ့သည်။
စံအိမ်ကြီးမှာ ဂူလီတာဟုအမည်ရပြီး မွန်ဘိုင်းမြို့တွင် တည်ရှိသည်။ ဂူလီတာစံအိမ်သည် မူကက်ရှ်အမ်ဘာနီ၏ Antilia စံအိမ်နှင့် နီးပြီး တန်ကြေး ရူပီး ကုဋေ ၄၅၀ ရှိသည်ဟု ဆိုသည်။
((အာနန်ပီရာမယ်နှင့်အီရှာတို့မှ ထွန်းကားသောအမြွှာရင်သွေးများကို မူကက်ရှ်အမ်ဘာနီကပေးသော အထူးအော်ဒါမှာယူထားသည့် အဝတ်ဗီရိုများ))
၂၀၁၈ ခုနှစ်တွင် ကြီးကျယ်ခမ်းနားစွာ မင်္ဂလာပွဲ ကျင်းပပြီးနောက် အီရှာအမ်ဘာနီနှင့် အာနန်ပီရာမယ်တို့ စုံတွဲတွင် ၂၀၂၂ ခုနှစ်အတွင်း ကရစ်ရှန (သား)နှင့် အာဒီရား (သမီး) အမြွှာ ၂ ဦး ထွန်းကားသည်။
ဘိုးဘွားများဖြစ်သော မူကက်ရှ်အမ်ဘာနီတို့စုံတွဲက အဝတ်ဗီရိုများ အထူးအော်ဒါမှာယူကာ လက်ဆောင်ပေးခဲ့ သည်ဟု ဆိုသည်။
ဗီရိုများတွင် တိမ်တိုက်များ၊ လေယာဉ်ပျံများကဲ့သို့ ချစ်စဖွယ်ပုံများပါဝင်ပြီး Hermes,Dior တို့အပြင် ကမ္ဘာကျော် အမှတ်တံဆိပ်များထံမှ အော်ဒါမှာယူခဲ့ခြင်း ဖြစ်သည်။
((ဘီလ်ဂိတ်က သမီးဖြစ်သူအား လက်ဆောင်ပေးသော မြင်းခြံ))
မိုက္ကရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ်သည် သမီးဖြစ်သူ ဂျနီဖာဂိတ်အား ချစ်မည်မှာ သေချာလှသည်။
သတင်းများအရ ဂျနီဖာသည် အထူးလေ့ကျင့်ထားသော မြင်းစီးသမားတစ်ဦးဖြစ်ပြီး သူ၏ မြင်းစီးစွမ်းရည် ပိုမိုကောင်းမွန်စေရန်အတွက် ဘီလ်ဂိတ်က မြင်းမွေးမြူရေးခြံတစ်ခု ဝယ်ယူကာ လက်ဆောင်ပေးခဲ့သည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: From Narayana Murthy to Nita Ambani: Expensive things billionaires have gifted their kids and grandchildren (timesofindia)
Photo Credit: Natasha Poonawalla/ Instagram, HCL
[Zawgyi]
(ဓာတ်ပုံ-HCL)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
နှစ်ပေါင်း ၅၀၀ နီးပါး ပျောက်ဆုံးနေသော သင်္ဘောကြီးတစ်စင်းကို အာဖရိကရှိ သဲကန္တာရတစ်ခုထဲတွင် ရွှေဒင်္ဂါးများအပြည့်ဖြင့် ပြန်လည်တွေ့ရှိမှု...
နှစ်ပေါင်း ၅၀၀ နီးပါး ပျောက်ဆုံးနေသော သင်္ဘောကြီးတစ်စင်းကို အာဖရိကရှိ သဲကန္တာရတစ်ခုထဲတွင် ရွှေဒင်္ဂါးများအပြည့်ဖြင့် ပြန်လည်တွေ့ရှိမှု...
စီရော်နယ်ဒို ပေါ်တူဂီတွင် ကြီးမားလှသော စံအိမ်ကြီး ဆောက်လုပ်နေမှု အခြေအနေ၊ တစ်နိုင်ငံလုံးတွင် တန်ကြေးအကြီးဆုံး စံအိမ်ကြီး ဖြစ်လာဖွယ်ရှိ...
စီရော်နယ်ဒို ပေါ်တူဂီတွင် ကြီးမားလှသော စံအိမ်ကြီး ဆောက်လုပ်နေမှု အခြေအနေ၊ တစ်နိုင်ငံလုံးတွင် တန်ကြေးအကြီးဆုံး စံအိမ်ကြီး ဖြစ်လာဖွယ်ရှိ...
မိုနာလီဆာ၏ မိသားစု တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော အီတလီမှ စံအိမ် ကန်ဒေါ်လာ ၁၉ ဒသမ ၆၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
မိုနာလီဆာ၏ မိသားစု တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော အီတလီမှ စံအိမ် ကန်ဒေါ်လာ ၁၉ ဒသမ ၆၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာ့အံ့ဖွယ် ၇ ပါးရှိရာ နေရာများသို့ ၆ ရက်အတွင်း လည်ပတ်ခဲ့သည့် အီဂျစ်နိုင်ငံသား ဂင်းနက်စ် စံချိန်တင်...
ကမ္ဘာ့အံ့ဖွယ် ၇ ပါးရှိရာ နေရာများသို့ ၆ ရက်အတွင်း လည်ပတ်ခဲ့သည့် အီဂျစ်နိုင်ငံသား ဂင်းနက်စ် စံချိန်တင်...
ဗီယက်နမ်တွင် အိမ်အတွက် အစစအရာရာ ဦးဆောင်ကြိုးစားပေးခဲ့သော သားကြီးကို အမွေတစ်ပြားတစ်ချပ်မှ မပေးခဲ့ဘဲ အငယ်ဆုံးသားကို အမွေအားလုံး ပေးခဲ့သည့်ဖြစ်ရပ်...
ဗီယက်နမ်တွင် အိမ်အတွက် အစစအရာရာ ဦးဆောင်ကြိုးစားပေးခဲ့သော သားကြီးကို အမွေတစ်ပြားတစ်ချပ်မှ မပေးခဲ့ဘဲ အငယ်ဆုံးသားကို အမွေအားလုံး ပေးခဲ့သည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် ရိုးသားသော အမျိုးသမီးကြီးတစ်ဦးက ၎င်းထံ မှားယွင်းငွေလွှဲပို့လိုက်သော ယွမ်ငွေ ၂ ဒသမ ၂၆ သန်း (ကန်ဒေါ်လာ ၃၁၀,၀၀၀) ကို ပိုင်ရှင်ထံ ပြန်ပို့ပေးခဲ့မှု တရုတ်လူမှုကွန်ရက်တွင် အလွန်ဂယက်ရိုက်...
တရုတ်ပြည်တွင် ရိုးသားသော အမျိုးသမီးကြီးတစ်ဦးက ၎င်းထံ မှားယွင်းငွေလွှဲပို့လိုက်သော ယွမ်ငွေ ၂ ဒသမ ၂၆ သန်း (ကန်ဒေါ်လာ ၃၁၀,၀၀၀) ကို ပိုင်ရှင်ထံ ပြန်ပို့ပေးခဲ့မှု တရုတ်လူမှုကွန်ရက်တွင် အလွန်ဂယက်ရိုက်...
ဒေါ်နယ်ထရမ့်၏ ကွယ်လွန်သွားပြီဖြစ်သော ဇနီး အီဗားနား ထရမ့် နေထိုင်ခဲ့သော နယူးယောက်မှ ရွှေချထား သော စံအိမ်၊ ကွယ်လွန်ချိန် ၂၀၂၂ ကတည်းက အရောင်းဈေးကွက်တင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သောကြောင့် ဒေါ်လာ ၇ သန်း ဈေးလျှော့ပေးလာ...
ဆိုဗီယက်ခေတ် စတာလင်၏ လမ်းညွှန်မှုဖြင့် ဆောက်လုပ်ခဲ့သော ပင်လယ်ထဲမှ မြို့ကြီးမှာ ယခုအခါ စွန့်ပစ်ခံထားရပြီး မကြာမီ ပင်လယ်ရေအောက်သို့ ရောက်ရှိသွားတော့မည့် အလားအလာရှိနေ...
ဆိုဗီယက်ခေတ် စတာလင်၏ လမ်းညွှန်မှုဖြင့် ဆောက်လုပ်ခဲ့သော ပင်လယ်ထဲမှ မြို့ကြီးမှာ ယခုအခါ စွန့်ပစ်ခံထားရပြီး မကြာမီ ပင်လယ်ရေအောက်သို့ ရောက်ရှိသွားတော့မည့် အလားအလာရှိနေ...
အမေရိကန်တွင် ကန်ဒေါ်လာ ၃၁၄ သန်း ထီပေါက်ခဲ့သူက ထီဆုငွေကြောင့် မိမိဘဝ ပျက်စီးခဲ့ရကြောင်း၊ ထီလက်မှတ်ကို စုတ်ဖြဲခဲ့သင့်ကြောင်းထုတ်ဖော် ပြောကြားလာ...
အမေရိကန်တွင် ကန်ဒေါ်လာ ၃၁၄ သန်း ထီပေါက်ခဲ့သူက ထီဆုငွေကြောင့် မိမိဘဝ ပျက်စီးခဲ့ရကြောင်း၊ ထီလက်မှတ်ကို စုတ်ဖြဲခဲ့သင့်ကြောင်းထုတ်ဖော် ပြောကြားလာ...
တရုတ်ပြည် ဟူနန်ပြည်နယ်တွင် အကြီးအကျယ် ရေလွှမ်းမိုးမှု ဖြစ်ပွားရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အား ရင်စို့ခန့်ရှိသော ရေထဲ၌ ၃ နာရီခန့် ချီမထားခဲ့သော အမျိုးသား ၃ ဦးအား တရုတ်လူမှုကွန်ရက်တ...
တရုတ်ပြည် ဟူနန်ပြည်နယ်တွင် အကြီးအကျယ် ရေလွှမ်းမိုးမှု ဖြစ်ပွားရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အား ရင်စို့ခန့်ရှိသော ရေထဲ၌ ၃ နာရီခန့် ချီမထားခဲ့သော အမျိုးသား ၃ ဦးအား တရုတ်လူမှုကွန်ရက်တ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လူသိနည်းလွန်းတဲ့ မြေဖြူခဲရဲ့ အံ့မခန်းအသုံးဝင်ပုံ (၇) မျိုး
လူသိနည်းလွန်းတဲ့ မြေဖြူခဲရဲ့ အံ့မခန်းအသုံးဝင်ပုံ (၇) မျိုး
မိုနာလီဆာ၏ မိသားစု တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော အီတလီမှ စံအိမ် ကန်ဒေါ်လာ ၁၉ ဒသမ ၆၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မိုနာလီဆာ၏ မိသားစု တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော အီတလီမှ စံအိမ် ကန်ဒေါ်လာ ၁၉ ဒသမ ၆၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
နှစ်ပေါင်း ၅၀၀ နီးပါး ပျောက်ဆုံးနေသော သင်္ဘောကြီးတစ်စင်းကို အာဖရိကရှိ သဲကန္တာရတစ်ခုထဲတွင် ရွှေဒင်္ဂါးများအပြည့်ဖြင့် ပြန
နှစ်ပေါင်း ၅၀၀ နီးပါး ပျောက်ဆုံးနေသော သင်္ဘောကြီးတစ်စင်းကို အာဖရိကရှိ သဲကန္တာရတစ်ခုထဲတွင် ရွှေဒင်္ဂါးများအပြည့်ဖြင့် ပြန
ဇနီးဖြစ်သူ ကွယ်လွန်သွားပြီးနောက် ခင်ပွန်းက ဇနီး၏ အုတ်ဂူသို့ တစ်ပတ်လျှင် ၃ ကြိမ်နှုန်းဖြင့် ၃၇ နှစ်တိုင် နှင်းဆီပန်း ၆ ပွ
ဇနီးဖြစ်သူ ကွယ်လွန်သွားပြီးနောက် ခင်ပွန်းက ဇနီး၏ အုတ်ဂူသို့ တစ်ပတ်လျှင် ၃ ကြိမ်နှုန်းဖြင့် ၃၇ နှစ်တိုင် နှင်းဆီပန်း ၆ ပွ
ဆောင်းပါးရှင် Ashley Poskin ပြောပြသော “အိမ်သုံးပစ္စည်း ၂ မျိုးတည်းဖြင့် ပုရွက်ဆိတ် နှိမ်နင်းနည်း”
ဆောင်းပါးရှင် Ashley Poskin ပြောပြသော “အိမ်သုံးပစ္စည်း ၂ မျိုးတည်းဖြင့် ပုရွက်ဆိတ် နှိမ်နင်းနည်း”
အမေရိကန်ပြည်၊ အလက်စကားပြည်နယ်မှ စုံတွဲတစ်တွဲက ကုန်တင်လေယာဉ်ဟောင်းတစ်စင်းကို အိပ်ခန်း ၂ ခန်းပါ အငှားလူနေအိမ်အဖြစ် ပြောင်း
အမေရိကန်ပြည်၊ အလက်စကားပြည်နယ်မှ စုံတွဲတစ်တွဲက ကုန်တင်လေယာဉ်ဟောင်းတစ်စင်းကို အိပ်ခန်း ၂ ခန်းပါ အငှားလူနေအိမ်အဖြစ် ပြောင်း
မင်းသားကြီး Johnny Depp ရဲ့ ၃၇ ဧကအထိကျယ်ဝန်းတဲ့ ၁၉ ရာစုစတိုင် အပန်းဖြေ ပြင်သစ်ရွာ
မင်းသားကြီး Johnny Depp ရဲ့ ၃၇ ဧကအထိကျယ်ဝန်းတဲ့ ၁၉ ရာစုစတိုင် အပန်းဖြေ ပြင်သစ်ရွာ
တရုတ်ပြည် ဟူနန်ပြည်နယ်တွင် အကြီးအကျယ် ရေလွှမ်းမိုးမှု ဖြစ်ပွားရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အား ရင်စို့ခန့်ရှိသော ရေထဲ
တရုတ်ပြည် ဟူနန်ပြည်နယ်တွင် အကြီးအကျယ် ရေလွှမ်းမိုးမှု ဖြစ်ပွားရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အား ရင်စို့ခန့်ရှိသော ရေထဲ
Warren Buffett က ကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံ ထပ်မံလှူဒါန်း၊ မိမိကွယ်လွန်ချိန်တွင် ပိုင်ဆိုင်မှု၏ ၉၉ ရာခိုင်နှုန်းကျော်ကို ပ
Warren Buffett က ကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံ ထပ်မံလှူဒါန်း၊ မိမိကွယ်လွန်ချိန်တွင် ပိုင်ဆိုင်မှု၏ ၉၉ ရာခိုင်နှုန်းကျော်ကို ပ
Warren Buffett က အစ္စရေးနိုင်ငံရှိ စီးပွားရေးလုပ်ငန်းတစ်ခုကို သွားရောက်ကြည့်ရှုခြင်းပင် မပြုဘဲ ဒေါ်လာ ၄ ဘီလီယံဖြင့် ဝယ်ယ
Warren Buffett က အစ္စရေးနိုင်ငံရှိ စီးပွားရေးလုပ်ငန်းတစ်ခုကို သွားရောက်ကြည့်ရှုခြင်းပင် မပြုဘဲ ဒေါ်လာ ၄ ဘီလီယံဖြင့် ဝယ်ယ
sweet-dream
shwe-wutthmone
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service