အမေရိကန်တွင် ကန်ဒေါ်လာ ၃၁၄ သန်း ထီပေါက်ခဲ့သူက ထီဆုငွေကြောင့် မိမိဘဝ ပျက်စီးခဲ့ရကြောင်း၊ ထီလက်မှတ်ကို စုတ်ဖြဲခဲ့သင့်ကြောင်းထုတ်ဖော် ပြောကြားလာ

အမေရိကန်တွင် ကန်ဒေါ်လာ ၃၁၄ သန်း ထီပေါက်ခဲ့သူက ထီဆုငွေကြောင့် မိမိဘဝ ပျက်စီးခဲ့ရကြောင်း၊ ထီလက်မှတ်ကို စုတ်ဖြဲခဲ့သင့်ကြောင်းထုတ်ဖော် ပြောကြားလာ - Property News in Myanmar from iMyanmarHouse.com
23 Jul 2024 1:18 pm တွင် တင်ခဲ့သည်
2028 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အမေရိကန်ပြည်ထောင်စု၊ အနောက်ဗာဂျီးနီးယားပြည်နယ်တွင် နေထိုင်သူ ဂျက်ခ် ဝှက်တိတ်ကာ (Jack Whittaker) အမည်ရှိ အမျိုးသားတစ်ဦးသည် ၂၀၀၂ ခုနှစ် ခရစ္စမတ်ကာလမတိုင်မီတွင် ဘီစကွတ်မုန့်များ ဝယ်နေရင်း Powerball ထီလက်မှတ်တစ်စောင် ကံစမ်းကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

သူက အမြဲတစေ ထီထိုးတတ်သူကား မဟုတ်။

သို့သော် Jackpot ဆုကြေး များပြားသည့်အခါမျိုးတွင် ထီထိုးတတ်သည်။ ထိုစဉ်က Jackpot ဆုကြေးမှာ ဒေါ်လာ ၃၁၄ သန်းအထိ ရှိနေသောကြောင့် ပါဝင်ကံစမ်းခဲ့ခြင်း ဖြစ်သည်။

ခရစ္စမတ်အပြီး နောက်တစ်ရက်တွင် ထီပေါက်စဉ်ကို ရုပ်မြင်သံကြားမှ ကြေညာချိန်၌ မိမိ၏ ထီလက်မှတ်မှာ Jackpot ဆုနှင့် ဂဏန်း ၅ ခုလုံး တူညီနေသည်ကို တွေ့ရှိခဲ့ရာ ဂျက်ခ်မှာ များစွာ အံ့အားသင့်သွားခဲ့သည်။ ထိုပမာဏသည် ထိုအချိန်က အမေရိကန်တွင် အကြီးမားဆုံး ဆုကြေးဖြစ်ခဲ့သည်။

ဂျက်ခ်က ဆုငွေကို အရစ်ကျ မထုတ်ဘဲ တလုံးတခဲတည်း ထုတ်ယူရန် ရွေးချယ်ခဲ့ရာ အခွန်ဆောင်ပြီးနောက် အသားတင်ဆုငွေ ဒေါ်လာ သန်း ၁၀၀ ကျော် (၁၁၃,၃၈၆,၄၀၇ ဒေါ်လာ) ရရှိခဲ့သည်။

 

 

(မကြာမီတွင် သတင်းဌာနများ၌ ဂျက်ခ်၏ အကြောင်း ရေးသားဖော်ပြလာကြသည်။ ဓာတ်ပုံ- Michael Appleton/NY Daily News via Getty Images)

ဆုငွေထုတ်ယူချိန်တွင် ဂျက်ခ်က မိမိ၏ မိသားစု ကိုးကွယ်သော ဘုန်းတော်ကြီးများအား ဘုရားကျောင်းသစ်များ ဆောက်လုပ်ရန် ဒေါ်လာ သန်းပေါင်းများစွာ လှူဒါန်းမည်ဖြစ်ကြောင်း၊ အကူအညီ လိုအပ်နေသူများအတွက် ဖောင်ဒေးရှင်းတစ်ခု တည်ထောင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

“ကံထူးမယ့်နံပါတ်ကို ရွေးမိအောင် ကူညီခဲ့တဲ့ (ဒါမှမဟုတ်) ကျွန်တော်ရဲ့ ထီလက်မှတ်ကို ပေါက်ဂဏန်းအဖြစ် စက်က ရွေးချယ်အောင် ကူညီပေးခဲ့တဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်”ဟု ၎င်းက ဝါရှင်တန်ပို့စ် သတင်းစာသို့ ပြောသည်။

ဂျက်ခ်သည် ဘုရားကျောင်း ၂ ခု ဆောက်လုပ်ရန် ဒေါ်လာ ၁၅ သန်းကျော် လှူဒါန်းခဲ့သည်။

ဂျက်ခ်မှာ ဆုကြီးကံထူးခြင်းကြောင့် နာမည်ကြီးနေသည့်အပြင် မရှိဆင်းရဲသားများအား လှူဒါန်းမည်ဟူသော သူ၏စကားကြောင့် မကြာမီတွင် အခက်ကြုံလာရသည်။

မရှိဆင်းရဲသားများအား ငွေကြေးလှူဒါန်းနေသည်ဟူသော သတင်းကြားရချိန်တွင် ၎င်းထံ အကူအညီ လာရောက်တောင်းခံသူများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။

“ကျွန်တော် ဘယ်ကိုပဲသွားသွား အကူအညီတောင်းမယ့်လူတွေ အပြုံလိုက် ရောက်နေတယ်”ဟု ၎င်းက ABC News သတင်းဌာနသို့ ပြောသည်။

“ကျွန်တော် ဘောလုံးပွဲ၊ ဘတ်စ်ကက်ဘောပွဲ အစရှိသဖြင့် ဘယ်ကိုပဲသွားသွား လူ ၁၅၀ လောက် ရောက်လာ တယ်။ ပြီးတော့ ပိုက်ဆံတောင်းကြပါတယ်။”

 

 

(ဂျက်ခ်မှာ ငွေကြေးအကူအညီတောင်းသူများ ပတ်လည်ဝိုင်းနေခဲ့သည်။ ဓာတ်ပုံ- Susan Watts/NY Daily News Archive via Getty Images)

သူ၏ ကုမ္ပဏီမှာ တရားစွဲခြင်းများနှင့် ရင်ဆိုင်ခဲ့ရပြီး လူတို့မှာလည်း ဂျက်ခ်ထံမှ အမြတ်ထုတ်ရန် ကြိုးစားကြရာ ဂျက်ခ်မှာ ထွက်ပေါက်အနေဖြင့် အရက်သာ ဖိသောက်တော့သည်။

ထီပေါက်ပြီး လအနည်းငယ်မျှသာ ရှိသေးချိန်တွင် ကားထဲမှ ဒေါ်လာသန်း တဝက်ခန့် ငွေများ ခိုးယူခံခဲ့ရသည်။

အနောက်ဗာဂျီးနီးယားပြည်နယ်ရှိ အဖော်အချွတ်ကလပ်တစ်ခုတွင် လုပ်ကိုင်နေသူ ၂ ဦးကို ဂျက်ခ်ထံမှ ထိုပိုက်ဆံများ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့သည်။ ထိုသူတို့သည် ဂျက်ခ်၏ အရက်ထဲတွင် ဆေးခတ်ကာ ငွေသားများ ခိုးယူရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။

အထက်ပါ ဖြစ်ရပ် ဖြစ်ပွားပြီး တစ်နှစ်ခန့်အကြာတွင် ကားထဲမှ ဒေါ်လာ ၂၀၀,၀၀၀ ခိုးယူခံရပြန်သည်။

၂၀၀၄ ခုနှစ်တွင်မူ ဂျက်ခ်၏ မြေးမလေး Brandi သေဆုံးနေသည်ကို တစ်နေ့တွင် တွေ့လိုက်ရသည်။

“သူ့သူငယ်ချင်းတွေက သူ့ကို လူကိုခင်လို့ ပေါင်းတာမဟုတ်ဘူး။ ငွေကို ခင်လို့ပါ”ဟု ဂျက်ခ်က ဝါရှင်တန်ပို့စ်သို့ ပြောကြားခဲ့သည်။

မြေးမလေးသည် နောက်ပိုင်းတွင် မူးယစ်ဆေးဝါးများ သုံးစွဲလာကြောင်းလည်း ဂျက်ခ်က ပြောသည်။

အဆိုပါ ထီဆုကံထူးပြီး နောက်ပိုင်းကတည်းက လောဘရမက် ငမ်းငမ်းတက်သူများနှင့်သာ ရင်ဆိုင်ခဲ့ရကြောင်း၊ ထီပေါက်သည့်အတွက် နောင်တရမိကြောင်း ဂျက်ခ်က ပြောကြားသည်။

“ခင်ဗျားတို့ဆီမှာ တစ်ခုခု ရှိနေတယ်ဆိုရင် အဲဒါကို လိုချင်တဲ့သူတစ်ယောက် အမြဲတမ်းရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ အမှန်က အဲဒီလက်မှတ်ကို ကျွန်တော် ဆုတ်ဖြဲပစ်ခဲ့ဖို့ ကောင်းတယ်။”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: $314 million jackpot winner reveals how the prize ruined his life after he made major mistake (unilad)

Photo Credit- Susan Watts/NY Daily News Archive via Getty Images, Michael Appleton/NY Daily News via Getty Images

 

 

[Zawgyi]

အေမရိကန္တြင္ ကန္ေဒၚလာ ၃၁၄ သန္း ထီေပါက္ခဲ့သူက ထီဆုေငြေၾကာင့္ မိမိဘဝ ပ်က္စီးခဲ့ရေၾကာင္း၊ ထီလက္မွတ္ကို စုတ္ျဖဲခဲ့သင့္ေၾကာင္းထုတ္ေဖာ္ ေျပာၾကားလာ

အေမရိကန္ျပည္ေထာင္စု၊ အေနာက္ဗာဂ်ီးနီးယားျပည္နယ္တြင္ ေနထုိင္သူ ဂ်က္ခ္ ဝွက္တိတ္ကာ (Jack Whittaker) အမည္ရွိ အမ်ဳိးသားတစ္ဦးသည္ ၂၀၀၂ ခုႏွစ္ ခရစၥမတ္ကာလမတိုင္မီတြင္ ဘီစကြတ္မုန္႔မ်ား ဝယ္ေနရင္း Powerball ထီလက္မွတ္တစ္ေစာင္ ကံစမ္းၾကည့္ရန္ ဆံုးျဖတ္ခဲ့သည္။

သူက အျမဲတေစ ထီထိုးတတ္သူကား မဟုတ္။

သို႔ေသာ္ Jackpot ဆုေၾကး မ်ားျပားသည့္အခါမ်ဳိးတြင္ ထီထိုးတတ္သည္။ ထိုစဥ္က Jackpot ဆုေၾကးမွာ ေဒၚလာ ၃၁၄ သန္းအထိ ရွိေနေသာေၾကာင့္ ပါဝင္ကံစမ္းခဲ့ျခင္း ျဖစ္သည္။

ခရစၥမတ္အျပီး ေနာက္တစ္ရက္တြင္ ထီေပါက္စဥ္ကို ရုပ္ျမင္သံၾကားမွ ေၾကညာခ်ိန္၌ မိမိ၏ ထီလက္မွတ္မွာ Jackpot ဆုႏွင့္ ဂဏန္း ၅ ခုလံုး တူညီေနသည္ကို ေတြ႔ရွိခဲ့ရာ ဂ်က္ခ္မွာ မ်ားစြာ အ့ံအားသင့္သြားခဲ့သည္။ ထိုပမာဏသည္ ထိုအခ်ိန္က အေမရိကန္တြင္ အၾကီးမားဆံုး ဆုေၾကးျဖစ္ခဲ့သည္။

ဂ်က္ခ္က ဆုေငြကို အရစ္က် မထုတ္ဘဲ တလံုးတခဲတည္း ထုတ္ယူရန္ ေရြးခ်ယ္ခဲ့ရာ အခြန္ေဆာင္ျပီးေနာက္ အသားတင္ဆုေငြ ေဒၚလာ သန္း ၁၀၀ ေက်ာ္ (၁၁၃,၃၈၆,၄၀၇ ေဒၚလာ) ရရွိခဲ့သည္။

(မၾကာမီတြင္ သတင္းဌာနမ်ား၌ ဂ်က္ခ္၏ အေၾကာင္း ေရးသားေဖာ္ျပလာၾကသည္။ ဓာတ္ပံု- Michael Appleton/NY Daily News via Getty Images)

ဆုေငြထုတ္ယူခ်ိန္တြင္ ဂ်က္ခ္က မိမိ၏ မိသားစု ကိုးကြယ္ေသာ ဘုန္းေတာ္ၾကီးမ်ားအား ဘုရားေက်ာင္းသစ္မ်ား ေဆာက္လုပ္ရန္ ေဒၚလာ သန္းေပါင္းမ်ားစြာ လွဴဒါန္းမည္ျဖစ္ေၾကာင္း၊ အကူအညီ လိုအပ္ေနသူမ်ားအတြက္ ေဖာင္ေဒးရွင္းတစ္ခု တည္ေထာင္မည္ျဖစ္ေၾကာင္း ေျပာခဲ့သည္။

“ကံထူးမယ့္နံပါတ္ကို ေရြးမိေအာင္ ကူညီခဲ့တဲ့ (ဒါမွမဟုတ္) ကၽြန္ေတာ္ရဲ႕ ထီလက္မွတ္ကို ေပါက္ဂဏန္းအျဖစ္ စက္က ေရြးခ်ယ္ေအာင္ ကူညီေပးခဲ့တဲ့ ဘုရားသခင္ကို ေက်းဇူးတင္ပါတယ္”ဟု ၎က ဝါရွင္တန္ပို႔စ္ သတင္းစာသို႔ ေျပာသည္။

ဂ်က္ခ္သည္ ဘုရားေက်ာင္း ၂ ခု ေဆာက္လုပ္ရန္ ေဒၚလာ ၁၅ သန္းေက်ာ္ လွဴဒါန္းခဲ့သည္။

ဂ်က္ခ္မွာ ဆုၾကီးကံထူးျခင္းေၾကာင့္ နာမည္ၾကီးေနသည့္အျပင္ မရွိဆင္းရဲသားမ်ားအား လွဴဒါန္းမည္ဟူေသာ သူ၏စကားေၾကာင့္ မၾကာမီတြင္ အခက္ၾကံဳလာရသည္။

မရွိဆင္းရဲသားမ်ားအား ေငြေၾကးလွဴဒါန္းေနသည္ဟူေသာ သတင္းၾကားရခ်ိန္တြင္ ၎ထံ အကူအညီ လာေရာက္ေတာင္းခံသူမ်ားစြာႏွင့္ ရင္ဆုိင္ခဲ့ရသည္။

“ကၽြန္ေတာ္ ဘယ္ကိုပဲသြားသြား အကူအညီေတာင္းမယ့္လူေတြ အျပံဳလုိက္ ေရာက္ေနတယ္”ဟု ၎က ABC News သတင္းဌာနသို႔ ေျပာသည္။ “ကၽြန္ေတာ္ ေဘာလံုးပြဲ၊ ဘတ္စ္ကက္ေဘာပြဲ အစရွိသျဖင့္ ဘယ္ကိုပဲသြားသြား လူ ၁၅၀ ေလာက္ ေရာက္လာ တယ္။ ျပီးေတာ့ ပိုက္ဆံေတာင္းၾကပါတယ္။”

 

(ဂ်က္ခ္မွာ ေငြေၾကးအကူအညီေတာင္းသူမ်ား ပတ္လည္ဝိုင္းေနခဲ့သည္။ ဓာတ္ပံု- Susan Watts/NY Daily News Archive via Getty Images)

သူ၏ ကုမၸဏီမွာ တရားစြဲျခင္းမ်ားႏွင့္ ရင္ဆိုင္ခဲ့ရျပီး လူတုိ႔မွာလည္း ဂ်က္ခ္ထံမွ အျမတ္ထုတ္ရန္ ၾကိဳးစားၾကရာ ဂ်က္ခ္မွာ ထြက္ေပါက္အေနျဖင့္ အရက္သာ ဖိေသာက္ေတာ့သည္။

ထီေပါက္ျပီး လအနည္းငယ္မွ်သာ ရွိေသးခ်ိန္တြင္ ကားထဲမွ ေဒၚလာသန္း တဝက္ခန္႔ ေငြမ်ား ခုိးယူခံခဲ့ရသည္။

အေနာက္ဗာဂ်ီးနီးယားျပည္နယ္ရွိ အေဖာ္အခၽြတ္ကလပ္တစ္ခုတြင္ လုပ္ကိုင္ေနသူ ၂ ဦးကို ဂ်က္ခ္ထံမွ ထိုပိုက္ဆံမ်ား ခုိးယူမႈျဖင့္ ဖမ္းဆီးခဲ့သည္။ ထုိသူတို႔သည္ ဂ်က္ခ္၏ အရက္ထဲတြင္ ေဆးခတ္ကာ ေငြသားမ်ား ခိုးယူရန္ ၾကံစည္ခဲ့ျခင္း ျဖစ္သည္။

အထက္ပါ ျဖစ္ရပ္ ျဖစ္ပြားျပီး တစ္ႏွစ္ခန္႔အၾကာတြင္ ကားထဲမွ ေဒၚလာ ၂၀၀,၀၀၀ ခုိးယူခံရျပန္သည္။

၂၀၀၄ ခုႏွစ္တြင္မူ ဂ်က္ခ္၏ ေျမးမေလး Brandi ေသဆံုးေနသည္ကို တစ္ေန႔တြင္ ေတြ႔လိုက္ရသည္။

“သူ႔သူငယ္ခ်င္းေတြက သူ႔ကို လူကိုခင္လို႔ ေပါင္းတာမဟုတ္ဘူး။ ေငြကို ခင္လို႔ပါ”ဟု ဂ်က္ခ္က ဝါရွင္တန္ပို႔စ္သုိ႔ ေျပာၾကားခ့ဲသည္။

ေျမးမေလးသည္ ေနာက္ပိုင္းတြင္ မူးယစ္ေဆးဝါးမ်ား သံုးစြဲလာေၾကာင္းလည္း ဂ်က္ခ္က ေျပာသည္။

အဆိုပါ ထီဆုကံထူးျပီး ေနာက္ပိုင္းကတည္းက ေလာဘရမက္ ငမ္းငမ္းတက္သူမ်ားႏွင့္သာ ရင္ဆုိင္ခဲ့ရေၾကာင္း၊ ထီေပါက္သည့္အတြက္ ေနာင္တရမိေၾကာင္း ဂ်က္ခ္က ေျပာၾကားသည္။

“ခင္ဗ်ားတို႔ဆီမွာ တစ္ခုခု ရွိေနတယ္ဆုိရင္ အဲဒါကို လိုခ်င္တဲ့သူတစ္ေယာက္ အျမဲတမ္းရွိတယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ အမွန္က အဲဒီလက္မွတ္ကို ကၽြန္ေတာ္ ဆုတ္ျဖဲပစ္ခဲ့ဖို႔ ေကာင္းတယ္။”

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: $314 million jackpot winner reveals how the prize ruined his life after he made major mistake (unilad)

Photo Credit- Susan Watts/NY Daily News Archive via Getty Images, Michael Appleton/NY Daily News via Getty Images

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service