ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသောမြို့များဖြစ်နေ

ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသောမြို့များဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
27 Mar 2024 11:29 am တွင် တင်ခဲ့သည်
948 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပြီးခဲ့သောနှစ်အတွင်း ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ တွင် မြို့တစ်မြို့မှ လွဲပြီး ကျန်မြို့အားလုံးမှာ အာရှမှ ဖြစ်ကြောင်း အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်ဟု CNN သတင်းတစ်ရပ်တွင် ဖော်ပြသည်။

လေထုအရည်အသွေးကျဆင်းရခြင်းမှာ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ ဘီလျံနှင့်ချီသော လူသားတို့၏ ကျန်းမာရေးအတွက် အန္တရာယ်ရှိနေသည်။

ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့ပေါင်း ၁၀၀ အနက် ၈၃ မြို့မှာ အာရှမှ နိုင်ငံတစ်ခုတည်းရှိ မြို့များဖြစ်နေသည်။

ထိုနိုင်ငံကား……….အိန္ဒိယ ဖြစ်သည်။

ယင်းမြို့များရှိ လေထုအရည်အသွေးမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) မှ သတ်မှတ်သော လေထု အရည်အသွေးစံညွှန်းများထက် ညစ်ညမ်းမှုပမာဏ ၁၀ ဆကျော်နေကြောင်း ကမ္ဘာ့တဝန်းရှိ လေထု အရည်အသွေးများကို ခြေရာခံသောအဖွဲ့ IQAir က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။

၎င်းတို့အဖွဲ့သည် PM2.5 ဟုခေါ်သော လေထုညစ်ညမ်းပစ္စည်းကို အဓိကလေ့လာခြင်းဖြစ်သည်။

ထိုအမှုန်များမှာ အလွန်သေးငယ်လှသော်လည်း အန္တရာယ်မှာမူ ကြီးမားသည်။

ကမ္ဘာပေါ်ရှိ မြို့ပေါင်း ၇၈၀၀ ကို လေ့လာခဲ့ရာတွင် ၉ ရာခိုင်နှုန်းမျှသာ WHO ၏ လေထုစံညွှန်းနှင့် ကိုက်ညီ ကြောင်း တွေ့ရသည်။

WHO ၏ စံညွှန်းအရ လေထုအတွင်း PM2.5 များ ပါဝင်မှုမှာ နှစ်စဉ်ပျှမ်းမျှပမာဏ လေထုကုဗ တစ်မီတာလျှင် ၅ မိုက္ကရိုဂရမ်ထက် မကျော်သင့်ကြောင်း သတ်မှတ်ထားသည်။

“ကျွန်တော်တို့ဘဝရဲ့ အစိတ်အပိုင်းတိုင်းမှာ လေထုညစ်ညမ်းမှုဟာ သက်ရောက်မှုရှိနေတာကို တွေ့ရပါတယ်” ဟု IQAir ၏ ကမ္ဘာလုံးဆိုင်ရာ စီအီးအို Frank Hammes က ပြောသည်။

“ယေဘုယျအားဖြင့် လေထုအညစ်ညမ်းဆုံးနိုင်ငံတွေက အချို့နေရာတွေမှာ လူတွေဟာ သက်တမ်း ၃ နှစ် ကနေ ၆ နှစ်အထိ အသက်တိုကြဖွယ်ရှိပါတယ်။”

“မသေဆုံးမီမှာလည်း နှစ်နဲ့ချီပြီး ရောဂါဝေဒနာတွေ ခံစားကြရမှာဖြစ်ပါတယ်။ ဒါတွေဟာ လေထုအရည်အသွေး ကောင်းမယ်ဆိုရင် ကာကွယ်လို့ရတဲ့အရာတွေပါ”

PM2.5 တို့ကို အသက်ရှူသွင်းမိပါက အဆုပ်ထဲသို့ နက်နက်ရှိုင်းရှိုင်းရောက်ရှိကာ ယင်းမှတဆင့် သွေးကြောများ ထဲသို့ ရောက်သွားသည်။

ထိုအမှုန်များသည် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းခြင်း၊ ဖုန်မုန်တိုင်းများနှင့် တောမီးလောင်ခြင်းတို့မှ ပေါ်ပေါက်လာခြင်းဖြစ်သည်။

PM2.5 တို့ကို ရှူရှိုက်မှုကြောင့် ပန်းနာရင်ကြပ်၊ နှလုံးရောဂါ၊ အဆုပ်ရောဂါ၊ ကင်ဆာ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါများအပြင် ကလေးများတွင် သိမှတ်စိတ် ထိခိုက်မှုများလည်း ဖြစ်စေနိုင်သည်။

((အိန္ဒိယနိုင်ငံမြောက်ပိုင်း ဘီဟာပြည်နယ်တွင် လူဦးရေ ၁ သန်းခန့် နေထိုင်သော ဘီဂူဆာရိုင်မြို့သည် ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့ဖြစ်ခဲ့သည်။ ဘီဂူဆာရိုင်၏ လေထုတွင် တစ်နှစ်တာပျမ်းမျှ PM2.5 ပါဝင်မှုမှာ ၁၁၈ ဒသမ ၉ ရှိရာ WHO မှ ထုတ်ပြန်သော စံညွှန်းထက် ၂၃ ဆခန့် မြင့်မားသော ပမာဏ ဖြစ်သည်))

IQAir ၏ အဆင့်သတ်မှတ်ချက်တွင် ဘီဂူဆာရိုင်ပြီးလျှင် အိန္ဒိယမှ ဂူဝါဟတီ၊ အာသံ၊ ဒေလီ၊ မူလန်ပူရ်နှင့် ပန်ဂျပ်ပြည်နယ်များမှ မြို့များ ပါဝင်နေသည်။

((၂၀၂၃ ခုနှစ်အတွင်း လေထုထဲတွင် PM2.5 ပါဝင်မှုနှုန်း WHO မှ သတ်မှတ်သော စံနှုန်းထက် ၇ ဆမှ ၁၀ ဆအထိ ရှိခဲ့သော နိုင်ငံများစာရင်း))

ဘင်္ဂလားဒေ့ရှ် 79.9 ပါကစ္စတန် 73.7 အိန္ဒိယ 54.4 တာဂျစ်ကစ္စတန် 49 ဘာဂီနာဖာဆို 46.6 အီရတ် 43.8 အာရပ်စော်ဘွားများ ပြည်ထောင်စု 43

နီပေါ 42.4 အီဂျစ် 42.4 ကွန်ဂို 40.8 ကူဝိတ် 39.9 ဘာရိန်း 39.2 ကာတာ 37.6 အင်ဒိုနီးရှား 37.1 ရဝမ်ဒါ 36.8

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The world’s 100 worst polluted cities are in Asia — and 83 of them are in just one country (edition)

[Zawgyi]

ကမ႓ာ့ေလထုအညစ္ညမ္းဆုံး ၿမိဳ႕ေပါင္း ၁၀၀ မွာ အာ႐ွတြင္ တည္႐ွိၿပီး ယင္းအနက္ ၿမိဳ႕ေပါင္း (၈၃) ခုမွာ တစ္ႏိုင္ငံတည္းတြင္ တည္႐ွိေသာၿမိဳ႕မ်ားျဖစ္ေန

ၿပီးခဲ့ေသာႏွစ္အတြင္း ကမ႓ာ့ေလထုအညစ္ညမ္းဆုံး ၿမိဳ႕ေပါင္း ၁၀၀ တြင္ ၿမိဳ႕တစ္ၿမိဳ႕မွ လြဲၿပီး က်န္ၿမိဳ႕အားလုံးမွာ အာ႐ွမွ ျဖစ္ေၾကာင္း အစီရင္ခံစာတစ္ခုတြင္ ေဖာ္ျပသည္ဟု CNN သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ေလထုအရည္အေသြးက်ဆင္းရျခင္းမွာ ရာသီဥတုေျပာင္းလဲမႈေၾကာင့္ျဖစ္ၿပီး ကမ႓ာတစ္ဝန္း႐ွိ ဘီလ်ံႏွင့္ခ်ီေသာ လူသားတို႔၏ က်န္းမာေရးအတြက္ အႏၲရာယ္႐ွိေနသည္။

ကမ႓ာ့ေလထုအညစ္ညမ္းဆုံးၿမိဳ႕ေပါင္း ၁၀၀ အနက္ ၈၃ ၿမိဳ႕မွာ အာ႐ွမွ ႏိုင္ငံတစ္ခုတည္း႐ွိ ၿမိဳ႕မ်ားျဖစ္ေနသည္။

ထိုႏိုင္ငံကား……….အိႏၵိယ ျဖစ္သည္။

ယင္းၿမိဳ႕မ်ား႐ွိ ေလထုအရည္အေသြးမွာ ကမ႓ာ့က်န္းမာေရးအဖြဲ႕ႀကီး (WHO) မွ သတ္မွတ္ေသာ ေလထု အရည္အေသြးစံၫႊန္းမ်ားထက္ ညစ္ညမ္းမႈပမာဏ ၁၀ ဆေက်ာ္ေနေၾကာင္း ကမ႓ာ့တဝန္း႐ွိ ေလထု အရည္အေသြးမ်ားကို ေျခရာခံေသာအဖြဲ႕ IQAir က ထုတ္ျပန္သည့္ အစီရင္ခံစာတြင္ ေဖာ္ျပသည္။

၎တို႔အဖြဲ႕သည္ PM2.5 ဟုေခၚေသာ ေလထုညစ္ညမ္းပစၥည္းကို အဓိကေလ့လာျခင္းျဖစ္သည္။

ထိုအမႈန္မ်ားမွာ အလြန္ေသးငယ္လွေသာ္လည္း အႏၲရာယ္မွာမူ ႀကီးမားသည္။

ကမ႓ာေပၚ႐ွိ ၿမိဳ႕ေပါင္း ၇၈၀၀ ကို ေလ့လာခဲ့ရာတြင္ ၉ ရာခိုင္ႏႈန္းမွ်သာ WHO ၏ ေလထုစံၫႊန္းႏွင့္ ကိုက္ညီ ေၾကာင္း ေတြ႕ရသည္။

WHO ၏ စံၫႊန္းအရ ေလထုအတြင္း PM2.5 မ်ား ပါဝင္မႈမွာ ႏွစ္စဥ္ပွ်မ္းမွ်ပမာဏ ေလထုကုဗ တစ္မီတာလွ်င္ ၅ မိုကၠ႐ိုဂရမ္ထက္ မေက်ာ္သင့္ေၾကာင္း သတ္မွတ္ထားသည္။

“ကြၽန္ေတာ္တို႔ဘဝရဲ႕ အစိတ္အပိုင္းတိုင္းမွာ ေလထုညစ္ညမ္းမႈဟာ သက္ေရာက္မႈ႐ွိေနတာကို ေတြ႕ရပါတယ္” ဟု IQAir ၏ ကမ႓ာလုံးဆိုင္ရာ စီအီးအို Frank Hammes က ေျပာသည္။

“ေယဘုယ်အားျဖင့္ ေလထုအညစ္ညမ္းဆုံးႏိုင္ငံေတြက အခ်ိဳ႕ေနရာေတြမွာ လူေတြဟာ သက္တမ္း ၃ ႏွစ္ ကေန ၆ ႏွစ္အထိ အသက္တိုၾကဖြယ္႐ွိပါတယ္။”

“မေသဆုံးမီမွာလည္း ႏွစ္နဲ႔ခ်ီၿပီး ေရာဂါေဝဒနာေတြ ခံစားၾကရမွာျဖစ္ပါတယ္။ ဒါေတြဟာ ေလထုအရည္အေသြး ေကာင္းမယ္ဆိုရင္ ကာကြယ္လို႔ရတဲ့အရာေတြပါ”

PM2.5 တို႔ကို အသက္႐ွဴသြင္းမိပါက အဆုပ္ထဲသို႔ နက္နက္႐ိႈင္း႐ိႈင္းေရာက္႐ွိကာ ယင္းမွတဆင့္ ေသြးေၾကာမ်ား ထဲသို႔ ေရာက္သြားသည္။

ထိုအမႈန္မ်ားသည္ ေက်ာက္ျဖစ္႐ုပ္ႂကြင္းေလာင္စာမ်ား ေလာင္ကြၽမ္းျခင္း၊ ဖုန္မုန္တိုင္းမ်ားႏွင့္ ေတာမီးေလာင္ျခင္းတို႔မွ ေပၚေပါက္လာျခင္းျဖစ္သည္။

PM2.5 တို႔ကို ႐ွဴ႐ိႈက္မႈေၾကာင့္ ပန္းနာရင္ၾကပ္၊ ႏွလုံးေရာဂါ၊ အဆုပ္ေရာဂါ၊ ကင္ဆာ၊ အသက္႐ွဴလမ္းေၾကာင္း ဆိုင္ရာ ေရာဂါမ်ားအျပင္ ကေလးမ်ားတြင္ သိမွတ္စိတ္ ထိခိုက္မႈမ်ားလည္း ျဖစ္ေစႏိုင္သည္။

((အိႏၵိယႏိုင္ငံေျမာက္ပိုင္း ဘီဟာျပည္နယ္တြင္ လူဦးေရ ၁ သန္းခန္႔ ေနထိုင္ေသာ ဘီဂူဆာ႐ိုင္ၿမိဳ႕သည္ ၂၀၂၃ ခုႏွစ္အတြင္း ကမ႓ာ့ေလထုအညစ္ညမ္းဆုံးၿမိဳ႕ျဖစ္ခဲ့သည္။ ဘီဂူဆာ႐ိုင္၏ ေလထုတြင္ တစ္ႏွစ္တာပ်မ္းမွ် PM2.5 ပါဝင္မႈမွာ ၁၁၈ ဒသမ ၉ ႐ွိရာ WHO မွ ထုတ္ျပန္ေသာ စံၫႊန္းထက္ ၂၃ ဆခန္႔ ျမင့္မားေသာ ပမာဏ ျဖစ္သည္))

IQAir ၏ အဆင့္သတ္မွတ္ခ်က္တြင္ ဘီဂူဆာ႐ိုင္ၿပီးလွ်င္ အိႏၵိယမွ ဂူဝါဟတီ၊ အာသံ၊ ေဒလီ၊ မူလန္ပူရ္ႏွင့္ ပန္ဂ်ပ္ျပည္နယ္မ်ားမွ ၿမိဳ႕မ်ား ပါဝင္ေနသည္။

((၂၀၂၃ ခုႏွစ္အတြင္း ေလထုထဲတြင္ PM2.5 ပါဝင္မႈႏႈန္း WHO မွ သတ္မွတ္ေသာ စံႏႈန္းထက္ ၇ ဆမွ ၁၀ ဆအထိ ႐ွိခဲ့ေသာ ႏိုင္ငံမ်ားစာရင္း))

ဘဂၤလားေဒ့႐ွ္ 79.9 ပါကစၥတန္ 73.7 အိႏၵိယ 54.4 တာဂ်စ္ကစၥတန္ 49 ဘာဂီနာဖာဆို 46.6 အီရတ္ 43.8 အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စု 43 နီေပါ 42.4 အီဂ်စ္ 42.4 ကြန္ဂို 40.8 ကူဝိတ္ 39.9 ဘာရိန္း 39.2 ကာတာ 37.6 အင္ဒိုနီး႐ွား 37.1 ရဝမ္ဒါ 36.8

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The world’s 100 worst polluted cities are in Asia — and 83 of them are in just one country (edition)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်တွင် ကိုယ်ပိုင်ရထားလမ်းပါသော အံ့ဖွယ်စံအိမ်တစ်လုံး ပေါင် ၁ ဒသမ ၃ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်တွင် ကိုယ်ပိုင်ရထားလမ်းပါသော အံ့ဖွယ်စံအိမ်တစ်လုံး ပေါင် ၁ ဒသမ ၃ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ...
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ...
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ်ကြီး လက်ဆောင်ပေး...
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ်ကြီး လက်ဆောင်ပေး...
အိမ်ခြံမြေအကျပ်အတည်းကြောင့် ခရိုအေးရှားနိုင်ငံသားများ အသက် ၃၃ နှစ်အရွယ်ခန့်အထိ မိဘအိမ်တွင် နေထိုင်ကြရ...
အိမ်ခြံမြေအကျပ်အတည်းကြောင့် ခရိုအေးရှားနိုင်ငံသားများ အသက် ၃၃ နှစ်အရွယ်ခန့်အထိ မိဘအိမ်တွင် နေထိုင်ကြရ...
Britain Got Talent ဒိုင်လူကြီး ရုပ်ရှင်မင်းသမီး အာမန်ဒါ ဟိုးလ်ဒန်းနှင့် လူရွှင်တော် အလန်ကားရ်တို့ ၁ ယူရို ဖြင့် ဝယ်ယူကာ ပြန်လည်မွမ်းမံခဲ့သော ၁၇ ရာစုနေအိမ် ကန်ဒေါ်လာ ၂၃၈,၀၀၀ ဖြင့် ရောင်းထွက်...
Britain Got Talent ဒိုင်လူကြီး ရုပ်ရှင်မင်းသမီး အာမန်ဒါ ဟိုးလ်ဒန်းနှင့် လူရွှင်တော် အလန်ကားရ်တို့ ၁ ယူရို ဖြင့် ဝယ်ယူကာ ပြန်လည်မွမ်းမံခဲ့သော ၁၇ ရာစုနေအိမ် ကန်ဒေါ်လာ ၂၃၈,၀၀၀ ဖြင့် ရောင်းထွက်...
ကုန်သည်များ မှာယူထားသော ပမာဏထက် အာလူးပေါင်ချိန် (၁၂) သန်းခန့် ပိုလျှံနေသောကြောင့် စိုက်ခင်းရှင် လယ်သမားကြီးက အာလူးများအားလုံး ပေးဝေလှူဒါန်းပစ်...
ကုန်သည်များ မှာယူထားသော ပမာဏထက် အာလူးပေါင်ချိန် (၁၂) သန်းခန့် ပိုလျှံနေသောကြောင့် စိုက်ခင်းရှင် လယ်သမားကြီးက အာလူးများအားလုံး ပေးဝေလှူဒါန်းပစ်...
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄ သန်းမျှဖြင့် အရောင်းဈေးကွက်တင်လာ...
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄ သန်းမျှဖြင့် အရောင်းဈေးကွက်တင်လာ...
မန်ချက်စတာ ယူနိုက်တက် ပူးတွဲပိုင်ရှင် ဆာ ဂျင် ရက်ကလစ်ဖ်၏ ပေါင် ၆ သန်းတန် ခြံဝန်းအတွင်းရှိ ပျားအုံ၊ တင်းနစ်ကွင်းတို့နှင့် ပတ်သက်ပြီး အိမ်နီးချင်းနှင့် အမှုဖြစ်ပွား...
မန်ချက်စတာ ယူနိုက်တက် ပူးတွဲပိုင်ရှင် ဆာ ဂျင် ရက်ကလစ်ဖ်၏ ပေါင် ၆ သန်းတန် ခြံဝန်းအတွင်းရှိ ပျားအုံ၊ တင်းနစ်ကွင်းတို့နှင့် ပတ်သက်ပြီး အိမ်နီးချင်းနှင့် အမှုဖြစ်ပွား...
အမေရိကန်ရုပ်ရှင်မင်းသမီး ၊ စာရေးဆရာမ ဒရူးဘယ်ရီမိုး နယူးယောက်မှစံအိမ်ကို ကန်ဒေါ်လာ ၈ ဒသမ ၄ သန်းဖြင့် ရောင်းချရန် စီစဉ်...
အမေရိကန်ရုပ်ရှင်မင်းသမီး ၊ စာရေးဆရာမ ဒရူးဘယ်ရီမိုး နယူးယောက်မှစံအိမ်ကို ကန်ဒေါ်လာ ၈ ဒသမ ၄ သန်းဖြင့် ရောင်းချရန် စီစဉ်...
အသက် ၂၀ အရွယ်တွင် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ကာ အင်္ဂလိပ်စာဆရာ လုပ်ကိုင်ခဲ့ရင်း ထိုင်းကို နှစ်သက်သွားခဲ့သော သြစတေးလျနိုင်ငံသား အသက် ၄၀ အရွယ်၌ ထိုင်းသို့ ပြန်လာကာ ဂျိမ်းစ်ဘွန်းဇာတ်ကားများထဲမှ စံအိမ်ကြီးမျိုး ဆောက်လုပ်ကာ အခြေချနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

area-one-business-complex
golden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service