အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင်များ၏ ခွင့်ပြုချက်ရယူရေးမှာ ကြီးမားသောအခက်အခဲဖြစ်နေ

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင်များ၏ ခွင့်ပြုချက်ရယူရေးမှာ ကြီးမားသောအခက်အခဲဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
9 Apr 2024 11:37 am တွင် တင်ခဲ့သည်
836 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အီတလီတွင် သမိုင်းဝင် ရှေးဟောင်းအိမ်များကို အလွန်သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးနေ‌သော်လည်း အီတလီ၏ ဥပဒေက ရောင်းထွက်ရန် ကြီးမားသော အတားအဆီးတစ်ခု ဖြစ်နေသည်။

အီတလီနိုင်ငံအလယ်ပိုင်းမှ အလယ်ခေတ် မြို့ကလေးဖြစ်သော ပါ့တရီကာ(Patrica) မြို့ကလေးတွင် လူမနေ သော အိမ်များ ပြန်လည်အသက်ဝင်လာစေရန် မဟာဗျူဟာတစ်ခု ချမှတ်ဆောင်ရွက်လျက်ရှိသော်လည်း ရောင်းမထွက်သည့် အခြေအနေဆိုးမှ ကျော်လွှားနိုင်ဖွယ်မရှိ ဖြစ်နေသည်။

အီတလီနိုင်ငံတစ်ဝန်းရှိ လူနေနည်းပါးသော ဒေသများတွင် နေအိမ်များကို ၁ ယူရိုဖြင့် ရောင်းချပေးခဲ့ရာတွင် အောင်မြင်မှုများ ရရှိခဲ့ကြသည်။

ထို့ကြောင့် ပါ့တရီကာကလည်း ထိုအစီအမံမျိုး အကောင်အထည် ဖော်လာခဲ့ခြင်း ဖြစ်သည်။

မြို့အတွင်းရှိ လူမနေသောအိမ်များကို တစ်လုံးလျှင် ၁ ယူရိုမျှဖြင့် ရောင်းချပေးလျက်ရှိရာ လက်ရှိငွေလဲနှုန်း အားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၈ ဒေါ်လာမျှသာ ကျသင့်မည် ဖြစ်သည်။

နေအိမ်များကို ဤမျှနည်းပါးသည့်ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းမှာ ထူးခြားဆန်းကြယ်သည်ဟု မှတ်ထင်ရဖွယ် ရှိသည်။

သို့သော် လွန်ခဲ့သောနှစ်ပေါင်းများစွာအတွင်း အီတလီအခြားနေရာများတွင် ယခုကဲ့သို့ ရောင်းချပေးမှုများ ရှိခဲ့သည်။

(ဆက်စပ်သတင်း)

အီတလီနိုင်ငံတွင် လူမနေသော အိမ် ၁၀၀ ကို တစ်အိမ်လျှင် ၁ ဒေါ်လာဖြင့် ရောင်းမည်

https://www.imyanmarhouse.com/news/read/1036228

အဆိုပါဒေသများတွင် လူသူပြန်လည်စည်ကားစေရန် ကြိုးပမ်းသည့်အနေဖြင့် ထိုသို့ရောင်းချပေးခြင်း ဖြစ်သည်။

(ပါ့တရီကာမြို့၏ မြင်ကွင်း။ ဓာတ်ပုံ-Giamby/adobe.com)

(ကျေးရွာတည်နေရာမှာ အီတလီနိုင်ငံ၊ လာဇီယိုဒေသ၏ တောင်တန်းများတွင် တည်ရှိပြီး ရောမမြို့၏ တောင်ဘက်တွင် ရှိသည်။ ဓာတ်ပုံ-tiziana stock.adobe.com)

အီတလီရှိ အခြားမြို့များဖြစ်သော စစ္စလီကျွန်းရှိ Mussomeli နှင့် ကမ်ပါနီယာဒေသရှိ Zungoli မြို့များတွင် နေအိမ်များကို ၁ ယူရိုဖြင့် ရောင်းချပေးမှု အလုပ်ဖြစ်ခဲ့သော်လည်း ပါ့တရီကာတွင်မူ အဆိုပါ ကြိုးပမ်းမှုမှာ မအောင်မြင် ဖြစ်နေသည်။

ထိုသို့ ဖြစ်ရခြင်းမှာ နေအိမ်များကို ၁ ယူရိုဖြင့်ရောင်းရန် လက်ရှိပိုင်ရှင်များထံ ခွင့်ပြုချက် တောင်းခံရန် လိုအပ် သောကြောင့် ဖြစ်သည်။

လူမနေသော အိမ်ရှင်အများစုမှာ ၁၉၀၀ ပြည့်လွန် အစောပိုင်းကာလများကတည်းက နေအိမ်များကို စွန့်ခွာသွား ခဲ့ကြခြင်းဖြစ်ကြောင်း CNN သတင်းတစ်ရပ်တွင် ဖော်ပြသည်။

“ကျွန်တော်တို့အနေနဲ့ လူမနေတဲ့ အိမ်ဟောင်းတွေကို ရောင်းထုတ်ဖို့အတွက် ပိုင်ရှင်တွေ (ဒါမှမဟုတ်) သူတို့ရဲ့ အမွေဆက်ခံသူတွေဆီက ခွင့်ပြုချက် လိုအပ်ပါတယ်”ဟု အဆိုပါ ရွာကလေးတည်ရှိသော မြို့မှ မြို့တော်ဝန် Lucio Fiordaliso က CNN သို့ ပြောသည်။

ထိုရွာကလေးမှာ လူဦးရေ ၃,၀၀၀ ခန့် နေထိုင်သော ရွာကလေးဖြစ်ပြီး အီတလီ၏ ဥပဒေက နေအိမ်များအား ပြန်လည်ရောင်းထုတ်ရေးတွင် ကြီးမားသော အဟန့်အတားဖြစ်နေကြောင်းလည်း ၎င်းက ပြောသည်။

“ဒီအိမ်တွေကို သူတို့ရဲ့ ခွင့်ပြုချက်ရမှသာ ကျွန်တော်တို့ ပြန်လည် ရောင်းထုတ်နိုင်ပါတယ်။ ဒါက အရမ်းရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်ပါ။ မဖြစ်နိုင်သလောက်ပါပဲ။”

ပါ့တရီကာတွင် ၁ ယူရိုဖြင့် ရောင်းချပေးနေသော စွန့်ပစ်ခံနေအိမ် အလုံး ၄၀ နီးပါးရှိပြီး အိမ် ၂ လုံးသာလျှင် ၁ ယူရိုဖြင့် ရောင်းထွက်သေးသည်။

ရောင်းထွက်သွားသောအိမ် ၂ လုံးမှာ ဒေသတွင်းတွင် နေထိုင်သူတို့ ပိုင်ဆိုင်သော အိမ်များ ဖြစ်သည်။

“အိမ်တွေကို ၁ ယူရိုနဲ့ ရောင်းထုတ်ရေးအစီအစဉ်ဟာ မဆုတ်သာမတိုးသာ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ အိမ်အများစုက ဆွေမျိုးတွေ၊ ညီကိုမောင်နှမတွေ ပူးတွဲပိုင်ဆိုင်ကြပြီး သူတို့က ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ တစ်ယောက်နဲ့ တစ်ယောက် မတည့်တာ (ဒါမှမဟုတ်) ရောင်းဖို့ သဘောမတူတာမျိုးတွေ ဖြစ်ကြပါ တယ်။ တချို့က စကားမပြောကြဘူး။ တချို့က သူတို့အချင်းချင်း သိတောင်မသိကြဘူး။ တချို့ကျတော့ အရမ်း အလှမ်းဝေးတဲ့မြို့တွေမှာ အခြေချ နေထိုင်ကြပြီး တချို့ဆိုရင် နိုင်ငံခြားတောင် ရောက်နေကြတယ် ”ဟု မြို့တော်ဝန်က ပြောသည်။

အမွေဆက်ခံသူများကို လိုက်လံရှာဖွေပြီး နေအိမ်များ ရောင်းချရေးအတွက် ခွင့်ပြုချက် တောင်းခံရေး လုပ်ငန်းစဉ်မှာ ကောက်ရိုးပုံအတွင်း အပ်တစ်ချောင်း လိုက်ရှာရသကဲ့သို့ဖြစ်ကြောင်း မြို့တော်ဝန်က ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Italian town lists homes for 1 euro — but still can’t find buyers for them (nypost)

Photo Credit- Giamby/adobe.com, tiziana stock.adobe.com

[Zawgyi]

အီတလီႏိုင္ငံအလယ္ပိုင္းရွိ ပါ့တရီကာျမဳိ႕တြင္ ေနအိမ္တစ္လံုးလွ်င္ (၁) ယူရိုမွ်ျဖင့္ ေရာင္းခ်ေပးရန္ စီစဥ္ေန‌ေသာ္လည္း အိမ္ရွင္မ်ား၏ ခြင့္ျပဳခ်က္ရယူေရးမွာ ၾကီးမားေသာအခက္အခဲျဖစ္ေန

အီတလီတြင္ သမိုင္းဝင္ ေရွးေဟာင္းအိမ္မ်ားကို အလြန္သက္သာေသာ ေစ်းႏႈန္းျဖင့္ ေရာင္းခ်ေပးေန‌ေသာ္လည္း အီတလီ၏ ဥပေဒက ေရာင္းထြက္ရန္ ၾကီးမားေသာ အတားအဆီးတစ္ခု ျဖစ္ေနသည္။

အီတလီႏိုင္ငံအလယ္ပိုင္းမွ အလယ္ေခတ္ ျမဳိ႕ကေလးျဖစ္ေသာ ပါ့တရီကာ(Patrica) ျမဳိ႕ကေလးတြင္ လူမေန ေသာ အိမ္မ်ား ျပန္လည္အသက္ဝင္လာေစရန္ မဟာဗ်ဴဟာတစ္ခု ခ်မွတ္ေဆာင္ရြက္လ်က္ရွိေသာ္လည္း ေရာင္းမထြက္သည့္ အေျခအေနဆိုးမွ ေက်ာ္လႊားႏိုင္ဖြယ္မရွိ ျဖစ္ေနသည္။

အီတလီႏိုင္ငံတစ္ဝန္းရွိ လူေနနည္းပါးေသာ ေဒသမ်ားတြင္ ေနအိမ္မ်ားကို ၁ ယူရိုျဖင့္ ေရာင္းခ်ေပးခဲ့ရာတြင္ ေအာင္ျမင္မႈမ်ား ရရွိခဲ့ၾကသည္။

ထုိ႔ေၾကာင့္ ပါ့တရီကာကလည္း ထိုအစီအမံမ်ဳိး အေကာင္အထည္ ေဖာ္လာခဲ့ျခင္း ျဖစ္သည္။

ျမိဳ႕အတြင္းရွိ လူမေနေသာအိမ္မ်ားကို တစ္လံုးလွ်င္ ၁ ယူရိုမွ်ျဖင့္ ေရာင္းခ်ေပးလ်က္ရွိရာ လက္ရွိေငြလဲႏႈန္း အားျဖင့္ အေမရိကန္ေဒၚလာ ၁ ဒသမ ၀၈ ေဒၚလာမွ်သာ က်သင့္မည္ ျဖစ္သည္။

ေနအိမ္မ်ားကို ဤမွ်နည္းပါးသည့္ေစ်းႏႈန္းျဖင့္ ေရာင္းခ်ေပးျခင္းမွာ ထူးျခားဆန္းၾကယ္သည္ဟု မွတ္ထင္ရဖြယ္ ရွိသည္။

သုိ႔ေသာ္ လြန္ခဲ့ေသာႏွစ္ေပါင္းမ်ားစြာအတြင္း အီတလီအျခားေနရာမ်ားတြင္ ယခုကဲ့သို႔ ေရာင္းခ်ေပးမႈမ်ား ရွိခဲ့သည္။

(ဆက္စပ္သတင္း)

အီတလီႏိုင္ငံတြင္ လူမေနေသာ အိမ္ ၁၀၀ ကို တစ္အိမ္လွ်င္ ၁ ေဒၚလာျဖင့္ ေရာင္းမည္

https://www.imyanmarhouse.com/news/read/1036228

အဆိုပါေဒသမ်ားတြင္ လူသူျပန္လည္စည္ကားေစရန္ ၾကိဳးပမ္းသည့္အေနျဖင့္ ထိုသို႔ေရာင္းခ်ေပးျခင္း ျဖစ္သည္။

(ပ့ါတရီကာျမဳိ႕၏ ျမင္ကြင္း။ ဓာတ္ပံု-Giamby/adobe.com)

(ေက်းရြာတည္ေနရာမွာ အီတလီႏိုင္ငံ၊ လာဇီယိုေဒသ၏ ေတာင္တန္းမ်ားတြင္ တည္ရွိျပီး ေရာမျမဳိ႕၏ ေတာင္ဘက္တြင္ ရွိသည္။ ဓာတ္ပံု-tiziana stock.adobe.com)

အီတလီရွိ အျခားျမဳိ႕မ်ားျဖစ္ေသာ စစၥလီကၽြန္းရွိ Mussomeli ႏွင့္ ကမ္ပါနီယာေဒသရွိ Zungoli ျမဳိ႕မ်ားတြင္ ေနအိမ္မ်ားကို ၁ ယူရိုျဖင့္ ေရာင္းခ်ေပးမႈ အလုပ္ျဖစ္ခဲ့ေသာ္လည္း ပါ့တရီကာတြင္မူ အဆုိပါ ၾကိဳးပမ္းမႈမွာ မေအာင္ျမင္ ျဖစ္ေနသည္။

ထိုသို႔ ျဖစ္ရျခင္းမွာ ေနအိမ္မ်ားကို ၁ ယူရိုျဖင့္ေရာင္းရန္ လက္ရွိပိုင္ရွင္မ်ားထံ ခြင့္ျပဳခ်က္ ေတာင္းခံရန္ လိုအပ္ ေသာေၾကာင့္ ျဖစ္သည္။

လူမေနေသာ အိမ္ရွင္အမ်ားစုမွာ ၁၉၀၀ ျပည့္လြန္ အေစာပိုင္းကာလမ်ားကတည္းက ေနအိမ္မ်ားကို စြန္႔ခြာသြား ခဲ့ၾကျခင္းျဖစ္ေၾကာင္း CNN သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

“ကၽြန္ေတာ္တို႔အေနနဲ႔ လူမေနတဲ့ အိမ္ေဟာင္းေတြကို ေရာင္းထုတ္ဖို႔အတြက္ ပိုင္ရွင္ေတြ (ဒါမွမဟုတ္) သူတို႔ရဲ႕ အေမြဆက္ခံသူေတြဆီက ခြင့္ျပဳခ်က္ လိုအပ္ပါတယ္”ဟု အဆုိပါ ရြာကေလးတည္ရွိေသာ ျမဳိ႕မွ ျမဳိ႕ေတာ္ဝန္ Lucio Fiordaliso က CNN သုိ႔ ေျပာသည္။

ထုိရြာကေလးမွာ လူဦးေရ ၃,၀၀၀ ခန္႔ ေနထိုင္ေသာ ရြာကေလးျဖစ္ျပီး အီတလီ၏ ဥပေဒက ေနအိမ္မ်ားအား ျပန္လည္ေရာင္းထုတ္ေရးတြင္ ၾကီးမားေသာ အဟန္႔အတားျဖစ္ေနေၾကာင္းလည္း ၎က ေျပာသည္။ “ဒီအိမ္ေတြကို သူတို႔ရဲ႕ ခြင့္ျပဳခ်က္ရမွသာ ကၽြန္ေတာ္တို႔ ျပန္လည္ ေရာင္းထုတ္ႏိုင္ပါတယ္။ ဒါက အရမ္းရႈပ္ေထြးတဲ့ လုပ္ငန္းစဥ္ပါ။ မျဖစ္ႏိုင္သေလာက္ပါပဲ။”

ပါ့တရီကာတြင္ ၁ ယူရိုျဖင့္ ေရာင္းခ်ေပးေနေသာ စြန္႔ပစ္ခံေနအိမ္ အလံုး ၄၀ နီးပါးရွိျပီး အိမ္ ၂ လံုးသာလွ်င္ ၁ ယူရိုျဖင့္ ေရာင္းထြက္ေသးသည္။ ေရာင္းထြက္သြားေသာအိမ္ ၂ လံုးမွာ ေဒသတြင္းတြင္ ေနထုိင္သူတို႔ ပိုင္ဆိုင္ေသာ အိမ္မ်ား ျဖစ္သည္။

“အိမ္ေတြကို ၁ ယူရိုနဲ႔ ေရာင္းထုတ္ေရးအစီအစဥ္ဟာ မဆုတ္သာမတိုးသာ အေျခအေနနဲ႔ ရင္ဆိုင္ေနရပါတယ္။ အိမ္အမ်ားစုက ေဆြမ်ဳိးေတြ၊ ညီကိုေမာင္ႏွမေတြ ပူးတြဲပိုင္ဆုိင္ၾကျပီး သူတို႔က ကိုယ္ေရးကုိယ္တာကိစၥေတြနဲ႔ တစ္ေယာက္နဲ႔ တစ္ေယာက္ မတည့္တာ (ဒါမွမဟုတ္) ေရာင္းဖို႔ သေဘာမတူတာမ်ဳိးေတြ ျဖစ္ၾကပါ တယ္။ တခ်ဳိ႕က စကားမေျပာၾကဘူး။ တခ်ဳိ႕က သူတို႔အခ်င္းခ်င္း သိေတာင္မသိၾကဘူး။ တခ်ဳိ႕က်ေတာ့ အရမ္း အလွမ္းေဝးတဲ့ျမဳိ႕ေတြမွာ အေျခခ် ေနထိုင္ၾကျပီး တခ်ဳိ႕ဆုိရင္ ႏိုင္ငံျခားေတာင္ ေရာက္ေနၾကတယ္ ”ဟု ျမဳိ႕ေတာ္ဝန္က ေျပာသည္။

အေမြဆက္ခံသူမ်ားကို လိုက္လံရွာေဖြျပီး ေနအိမ္မ်ား ေရာင္းခ်ေရးအတြက္ ခြင့္ျပဳခ်က္ ေတာင္းခံေရး လုပ္ငန္းစဥ္မွာ ေကာက္ရိုးပံုအတြင္း အပ္တစ္ေခ်ာင္း လုိက္ရွာရသကဲ့သို႔ျဖစ္ေၾကာင္း ျမဳိ႕ေတာ္ဝန္က ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Italian town lists homes for 1 euro — but still can’t find buyers for them (nypost)

Photo Credit- Giamby/adobe.com, tiziana stock.adobe.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်တွင် ကိုယ်ပိုင်ရထားလမ်းပါသော အံ့ဖွယ်စံအိမ်တစ်လုံး ပေါင် ၁ ဒသမ ၃ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်တွင် ကိုယ်ပိုင်ရထားလမ်းပါသော အံ့ဖွယ်စံအိမ်တစ်လုံး ပေါင် ၁ ဒသမ ၃ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ...
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ...
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ်ကြီး လက်ဆောင်ပေး...
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ်ကြီး လက်ဆောင်ပေး...
အိမ်ခြံမြေအကျပ်အတည်းကြောင့် ခရိုအေးရှားနိုင်ငံသားများ အသက် ၃၃ နှစ်အရွယ်ခန့်အထိ မိဘအိမ်တွင် နေထိုင်ကြရ...
အိမ်ခြံမြေအကျပ်အတည်းကြောင့် ခရိုအေးရှားနိုင်ငံသားများ အသက် ၃၃ နှစ်အရွယ်ခန့်အထိ မိဘအိမ်တွင် နေထိုင်ကြရ...
Britain Got Talent ဒိုင်လူကြီး ရုပ်ရှင်မင်းသမီး အာမန်ဒါ ဟိုးလ်ဒန်းနှင့် လူရွှင်တော် အလန်ကားရ်တို့ ၁ ယူရို ဖြင့် ဝယ်ယူကာ ပြန်လည်မွမ်းမံခဲ့သော ၁၇ ရာစုနေအိမ် ကန်ဒေါ်လာ ၂၃၈,၀၀၀ ဖြင့် ရောင်းထွက်...
Britain Got Talent ဒိုင်လူကြီး ရုပ်ရှင်မင်းသမီး အာမန်ဒါ ဟိုးလ်ဒန်းနှင့် လူရွှင်တော် အလန်ကားရ်တို့ ၁ ယူရို ဖြင့် ဝယ်ယူကာ ပြန်လည်မွမ်းမံခဲ့သော ၁၇ ရာစုနေအိမ် ကန်ဒေါ်လာ ၂၃၈,၀၀၀ ဖြင့် ရောင်းထွက်...
ကုန်သည်များ မှာယူထားသော ပမာဏထက် အာလူးပေါင်ချိန် (၁၂) သန်းခန့် ပိုလျှံနေသောကြောင့် စိုက်ခင်းရှင် လယ်သမားကြီးက အာလူးများအားလုံး ပေးဝေလှူဒါန်းပစ်...
ကုန်သည်များ မှာယူထားသော ပမာဏထက် အာလူးပေါင်ချိန် (၁၂) သန်းခန့် ပိုလျှံနေသောကြောင့် စိုက်ခင်းရှင် လယ်သမားကြီးက အာလူးများအားလုံး ပေးဝေလှူဒါန်းပစ်...
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄ သန်းမျှဖြင့် အရောင်းဈေးကွက်တင်လာ...
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄ သန်းမျှဖြင့် အရောင်းဈေးကွက်တင်လာ...
မန်ချက်စတာ ယူနိုက်တက် ပူးတွဲပိုင်ရှင် ဆာ ဂျင် ရက်ကလစ်ဖ်၏ ပေါင် ၆ သန်းတန် ခြံဝန်းအတွင်းရှိ ပျားအုံ၊ တင်းနစ်ကွင်းတို့နှင့် ပတ်သက်ပြီး အိမ်နီးချင်းနှင့် အမှုဖြစ်ပွား...
မန်ချက်စတာ ယူနိုက်တက် ပူးတွဲပိုင်ရှင် ဆာ ဂျင် ရက်ကလစ်ဖ်၏ ပေါင် ၆ သန်းတန် ခြံဝန်းအတွင်းရှိ ပျားအုံ၊ တင်းနစ်ကွင်းတို့နှင့် ပတ်သက်ပြီး အိမ်နီးချင်းနှင့် အမှုဖြစ်ပွား...
အမေရိကန်ရုပ်ရှင်မင်းသမီး ၊ စာရေးဆရာမ ဒရူးဘယ်ရီမိုး နယူးယောက်မှစံအိမ်ကို ကန်ဒေါ်လာ ၈ ဒသမ ၄ သန်းဖြင့် ရောင်းချရန် စီစဉ်...
အမေရိကန်ရုပ်ရှင်မင်းသမီး ၊ စာရေးဆရာမ ဒရူးဘယ်ရီမိုး နယူးယောက်မှစံအိမ်ကို ကန်ဒေါ်လာ ၈ ဒသမ ၄ သန်းဖြင့် ရောင်းချရန် စီစဉ်...
အသက် ၂၀ အရွယ်တွင် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ကာ အင်္ဂလိပ်စာဆရာ လုပ်ကိုင်ခဲ့ရင်း ထိုင်းကို နှစ်သက်သွားခဲ့သော သြစတေးလျနိုင်ငံသား အသက် ၄၀ အရွယ်၌ ထိုင်းသို့ ပြန်လာကာ ဂျိမ်းစ်ဘွန်းဇာတ်ကားများထဲမှ စံအိမ်ကြီးမျိုး ဆောက်လုပ်ကာ အခြေချနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များ
ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များ
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွ
ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွ
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

shwe-wutthmone
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service