ရွမ္းျပည္နယ္ရွိ ဂုတ္ထိပ္တံတားအသစ္ တည္ေဆာက္ရန္ စိတ္ဝင္စားသည့္ ကုမၸဏီမရွိဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာနထုတ္ျပန္ - Property News in Myanmar from iMyanmarHouse.com
2167 Views

ရွမ္းျပည္နယ္ရွိ ဂုတ္ထိပ္တံတားအသစ္ တည္ေဆာက္ရန္ စိတ္ဝင္စားသည့္ ကုမၸဏီမရွိဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာနထုတ္ျပန္

### Zawgyi Version ###

ရန္ကုန္- ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ နာမည္ေက်ာ္ ဂုတ္ထိပ္တံတားကို အသစ္တည္ေဆာက္ရန္ တင္ဒါေခၚရာတြင္ စိတ္ဝင္စားသည့္ ကုမၸဏီမရွိေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ႏိုဝင္ဘာ ၂၀ ရက္တြင္ထုတ္ျပန္သည္။

မႏၲေလး-လားရႈိး-မူဆယ္-နမ့္ခမ္း လမ္း၏ မိုင္တိုင္ (၇၂/၅) မွ (၉၂/၅) အတြင္းရွိသည့္ ဂုတ္ထိပ္တံတားကို အက်ယ္ေလးလမ္းသြား ႏွင့္ အရွည္ ၈၈၇ မီတာရွိသည့္တံတား တည္ေဆာက္မည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာနက စက္တင္ဘာ ၂၇ ရက္တြင္ ေၾကညာခဲ့ျခင္းျဖစ္သည္၊

လမ္းဦးစီးဌာန၏ ႀကီးၾကပ္မူျဖင့္ အဆိုတံတားစီမံကိန္းမ်ားကို PPP (အစိုးရ ပုဂၢလိကပူးေပါင္းေဆာင္႐ြက္)ျဖင့္ ေဆာင္႐ြက္ရန္ ေအာက္တိုဘာ ၂၈ ရက္ေနာက္ဆုံးထား ေၾကာ္ျငာခဲ့ေသာ္လည္း ေနာက္ဆုံးရက္မတိုင္ခင္အထိ စိတ္ဝင္စားမူေဖာ္ျပလႊာတင္ျပသူမရွိဟုဆိုသည္။

ထိုစီမံကိန္းကိုတည္ေဆာက္ျခင္း၊လုပ္ငန္းလုပ္ကိုင္ျခင္းႏွင့္ျပဳျပင္ထိန္းျခင္းလုပ္ငန္းမ်ားအတြက္ PPP စနစ္ျဖင့္ ျပည္တြင္းလုပ္ငန္းရွင္မ်ားကို ဖိတ္ေခၚခဲ့ျခင္းျဖစ္သည္။

ကမာၻေက်ာ္ ဂုတ္ထိပ္တံတားအနီးတြင္ ျမန္မာႏိုင္ငံ၏ အျမင့္ဆုံးတံတား (ယခု ရင္းႏွီး ျမႇဳပ္ႏွံရန္ ဖိတ္ေခၚသည့္ တံတား) ကို တည္ေဆာက္မည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုဝန္ႀကီး ဦးေက်ာ္လင္းက ၿပီးခဲ့သည့္ႏွစ္တြင္ အမ်ိဳးသားလႊတ္ေတာ္၌ ေျပာၾကားထားသည္။

ဂုတ္တြင္းလမ္းပိုင္းကို ေရွာင္ကြင္းၿပီး ေနာင္ခ်ိဳၿမိဳ႕ေရွာင္လမ္း ႏွင့္ အသစ္တည္ေဆာက္မည့္ ဂုတ္ထိပ္တံတားသည္ ကမာၻလွည့္ခရီးသည္မ်ားကို ဆြဲေဆာင္ႏိုင္မည့္ စီမံကိန္းျဖစ္ေၾကာင္း ဒုဝန္ႀကီးက ေျပာထားသည္။

တံတားစီမံကိိန္းေၾကာင့္ ေတာင္သူ ၂၈၃ ဦးကို ေျမ ၄၆၃ ဒသမ ၃၈ ဧကအတြက္ က်ပ္ေျခာက္ဘီလီယံေက်ာ္ ေလ်ာ္ေၾကးေပးရမည္ျဖစ္ေၾကာင္း ေဆာက္ လုပ္ေရးဝန္ႀကီးဌာနဘက္က တင္ျပထားခဲ့သည္။

ဂုတ္ထိပ္တံတားကို သုံးႏွစ္ခြဲအတြင္း ၿပီးစီးရန္ ေဆာင္႐ြက္မည္ျဖစ္ၿပီး တံတားစီမံကိန္း စုစုေပါင္းအတြက္ က်ပ္ဘီလီယံ ၄၀ ႏွင့္ ေဒၚလာသန္း ၁၂၀ ခန႔္ ကုန္က်မည္ဟု ဒုဝန္ႀကီး ဦးေက်ာ္လင္း က ဆိုထားသည္။

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ရန်ကုန်- ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နာမည်ကျော် ဂုတ်ထိပ်တံတားကို အသစ်တည်ဆောက်ရန် တင်ဒါခေါ်ရာတွင် စိတ်ဝင်စားသည့် ကုမ္ပဏီမရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၀ ရက်တွင်ထုတ်ပြန်သည်။

မန္တလေး-လားရှိုး-မူဆယ်-နမ့်ခမ်း လမ်း၏ မိုင်တိုင် (၇၂/၅) မှ (၉၂/၅) အတွင်းရှိသည့် ဂုတ်ထိပ်တံတားကို အကျယ်လေးလမ်းသွား နှင့် အရှည် ၈၈၇ မီတာရှိသည့်တံတား တည်ဆောက်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၇ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်သည်၊

လမ်းဦးစီးဌာန၏ ကြီးကြပ်မူဖြင့် အဆိုတံတားစီမံကိန်းများကို PPP (အစိုးရ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်)ဖြင့် ဆောင်ရွက်ရန် အောက်တိုဘာ ၂၈ ရက်နောက်ဆုံးထား ကြော်ငြာခဲ့သော်လည်း နောက်ဆုံးရက်မတိုင်ခင်အထိ စိတ်ဝင်စားမူဖော်ပြလွှာတင်ပြသူမရှိဟုဆိုသည်။

ထိုစီမံကိန်းကိုတည်ဆောက်ခြင်း၊လုပ်ငန်းလုပ်ကိုင်ခြင်းနှင့်ပြုပြင်ထိန်းခြင်းလုပ်ငန်းများအတွက် PPP စနစ်ဖြင့် ပြည်တွင်းလုပ်ငန်းရှင်များကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာကျော် ဂုတ်ထိပ်တံတားအနီးတွင် မြန်မာနိုင်ငံ၏ အမြင့်ဆုံးတံတား (ယခု ရင်းနှီး မြှုပ်နှံရန် ဖိတ်ခေါ်သည့် တံတား) ကို တည်ဆောက်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်လင်းက ပြီးခဲ့သည့်နှစ်တွင် အမျိုးသားလွှတ်တော်၌ ပြောကြားထားသည်။

ဂုတ်တွင်းလမ်းပိုင်းကို ရှောင်ကွင်းပြီး နောင်ချိုမြို့ရှောင်လမ်း နှင့် အသစ်တည်ဆောက်မည့် ဂုတ်ထိပ်တံတားသည် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်မည့် စီမံကိန်းဖြစ်ကြောင်း ဒုဝန်ကြီးက ပြောထားသည်။

တံတားစီမံကိန်းကြောင့် တောင်သူ ၂၈၃ ဦးကို မြေ ၄၆၃ ဒသမ ၃၈ ဧကအတွက် ကျပ်ခြောက်ဘီလီယံကျော် လျော်ကြေးပေးရမည်ဖြစ်ကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာနဘက်က တင်ပြထားခဲ့သည်။

ဂုတ်ထိပ်တံတားကို သုံးနှစ်ခွဲအတွင်း ပြီးစီးရန် ဆောင်ရွက်မည်ဖြစ်ပြီး တံတားစီမံကိန်း စုစုပေါင်းအတွက် ကျပ်ဘီလီယံ ၄၀ နှင့် ဒေါ်လာသန်း ၁၂၀ ခန့် ကုန်ကျမည်ဟု ဒုဝန်ကြီး ဦးကျော်လင်း က ဆိုထားသည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ

Upcoming Property Events

bkk-projects
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service