စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့

စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့ - Property News in Myanmar from iMyanmarHouse.com
23 Apr 2024 11:19 am တွင် တင်ခဲ့သည်
448 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည်မှ ဘီလျံနာကြီးတစ်ဦးက စင်္ကာပူရှိ ဈေးဝယ်ရပ်ကွက်နေရာဖြစ်သော Orchard လမ်းပေါ်ရှိ Far East ဈေးဝယ်စင်တာကြီးကို စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း အာဏာပိုင်တို့က အဆောက်အအုံ ပြန်လည်ဆောက်လုပ်ရေး အစီအစဉ်များကို ခွင့်မပြုသောကြောင့် အရောင်းအဝယ်မဖြစ်ခဲ့ကြောင်း အဆိုပါအရောင်းအဝယ်အကြောင်း သိရှိထားသူတို့က ပြောသည်ဟု စထရိတ်တိုင်းမ်သတင်းတစ်ရပ်တွင် ဖော်ပြသည်။

တရုတ်ဘီလျံနာကြီး Du Shuanghua နှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီတစ်ခုက ဝယ်ယူရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောကြားပြီး ယခုအရောင်းအဝယ်ကိစ္စကို လျှို့ဝှက်ကာ ပြုလုပ်ခြင်းဖြစ်သောကြောင့် ၎င်း၏အမည်နာမကို ထုတ်ဖော်ရေးသားခြင်းမပြုရန် ထိုသတင်းရင်းမြစ်က တောင်းဆိုခဲ့သည်။

သို့သော် မြို့ပြပြန်လည်ဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့ (URA) က အဆောက်အအုံပြန်လည်ဆောက်လုပ်မည့် အစီအစဉ်များကို ခွင့်မပြုသောကြောင့် အရောင်းအဝယ် အထမမြောက်ခဲ့ကြောင်းလည်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

အကယ်၍ အရောင်းအဝယ်သာဖြစ်ခဲ့ပါက ၂၀၂၃ ခုနှစ်အတွင်း စင်္ကာပူတွင် အကြီးမားဆုံး ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေအရောင်းအဝယ် ဖြစ်ခဲ့မည် ဖြစ်ကြောင်း Cushman & Wakefield က ဖော်ပြသည်။

စင်္ကာပူတွင် အတိုးနှုန်းမြင့်မားမှုကြောင့် လက်ကြီးဝယ်လက်တို့ ကျဲပါးနေချိန်မျိုးတွင် ရှားရှားပါးပါး အရောင်းအဝယ် အလားအလာတစ်ခုလည်း ဖြစ်ခဲ့သည်။

အရောင်းအဝယ်ပျက်သွားသည့်သတင်းကို အစောဆုံးဖော်ပြခဲ့သည်မှာ စင်္ကာပူအခြေစိုက် အိမ်ခြံမြေ ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော EdgeProp.sg မှ ဖြစ်သည်။

အဆိုပါ အရောင်းအဝယ်ကို အကျိုးဆောင်ခဲ့သော CBRE Group က ယခုသတင်းကို တစုံတရာ မှတ်ချက် မပေးသေး။

တရုတ်ဘီလျံနာ Du ၏ စင်္ကာပူမှ ကုမ္ပဏီ Bright Ruby Resources ကလည်း မှတ်ချက်မပေးသေးချေ။

ယခုအဆောက်အအုံ ပြန်လည်ဆောက်လုပ်မည့်အစီအစဉ်ကို ငြင်းပယ်ခဲ့ကြောင်း မြို့ပြပြန်လည်ဖွံ့ဖြိုးရေး အာဏာပိုင်အဖွဲ့ (URA) က အတည်ပြုထားသည်။

သတ်မှတ်စည်းမျဉ်းစည်းကမ်းနှင့် မညီသောကြောင့် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Stratgic Development Incentive Scheme အစီအစဉ်ဖြင့် ပြန်လည်ဆောက်လုပ်မှုများ ပြုလုပ်လိုလျှင် အနည်းဆုံး ကပ်လျက်အဆောက်အအုံ ၂ ခုပါ ပြန်လည်ဆောက်လုပ်ရန် လိုအပ်သည်ဟု ဆိုသည်။

“ပေါင်းစပ်ပြီး ပြန်လည်မွမ်းမံမှုမျိုးဟာ ခိုင်မာတဲ့အပြောင်းအလဲတွေနဲ့အတူ သက်ဆိုင်ရာဒေသကို သစ်လွင်နုပျိုစေမှာဖြစ်ပါတယ်” ဟု URA က ပြောကြားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Singapore’s largest property deal of 2023 falls apart on regulatory snag (straitstimes)

Photo Credit: straitstimes

[Zawgyi]

စကၤာပူရွိ Far East ေစ်းဝယ္စင္တာၾကီးကို တရုတ္ျပည္မွ ဘီလ်ံနာ Du Shuanghua က စကၤာပူေဒၚလာ ၉၀၈ သန္း (ကန္ေဒၚလာ သန္း ၆၇၀) ျဖင့္ ဝယ္ယူရန္ စီစဥ္ခဲ့ေသာ္လည္း ျပန္လည္ေဆာက္လုပ္ေရး စီမံကိန္း ခြင့္ျပဳခ်က္မရေသာေၾကာင့္ အေရာင္းအဝယ္ ပြဲမျဖစ္ခဲ့

တရုတ္ျပည္မွ ဘီလ်ံနာၾကီးတစ္ဦးက စကၤာပူရွိ ေစ်းဝယ္ရပ္ကြက္ေနရာျဖစ္ေသာ Orchard လမ္းေပၚရွိ Far East ေစ်းဝယ္စင္တာၾကီးကို စကၤာပူေဒၚလာ ၉၀၈ သန္း (ကန္ေဒၚလာ သန္း ၆၇၀) ျဖင့္ ဝယ္ယူရန္ စီစဥ္ခဲ့ ေသာ္လည္း အာဏာပိုင္တို႔က အေဆာက္အအံု ျပန္လည္ေဆာက္လုပ္ေရး အစီအစဥ္မ်ားကို ခြင့္မျပဳ ေသာေၾကာင့္ အေရာင္းအဝယ္မျဖစ္ခဲ့ေၾကာင္း အဆိုပါအေရာင္းအဝယ္အေၾကာင္း သိရွိထားသူတို႔က ေျပာသည္ဟု စထရိတ္တိုင္းမ္သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

တရုတ္ဘီလ်ံနာၾကီး Du Shuanghua ႏွင့္ ဆက္ႏႊယ္ေနသည့္ ကုမၸဏီတစ္ခုက ဝယ္ယူရန္ စီစဥ္ခဲ့ျခင္း ျဖစ္ေၾကာင္း အဆိုပါသတင္းရင္းျမစ္က ေျပာၾကားျပီး ယခုအေရာင္းအဝယ္ကိစၥကို လွ်ိဳ႕ဝွက္ကာ ျပဳလုပ္ျခင္း ျဖစ္ေသာေၾကာင့္ ၎၏ အမည္နာမကို ထုတ္ေဖာ္ေရးသားျခင္းမျပဳရန္ ထိုသတင္းရင္းျမစ္က ေတာင္းဆို ခဲ့သည္။

သို႔ေသာ္ ျမိဳ႕ျပ ျပန္လည္ဖြံ႔ျဖိဳးေရးအာဏာပိုင္အဖြဲ႔ (URA) က အေဆာက္အအံုျပန္လည္ေဆာက္လုပ္မည့္ အစီအစဥ္မ်ားကို ခြင့္မျပဳေသာေၾကာင့္ အေရာင္းအဝယ္ အထမေျမာက္ခဲ့ေၾကာင္းလည္း အဆိုပါ သတင္းရင္းျမစ္က ေျပာသည္။

အကယ္၍ အေရာင္းအဝယ္သာျဖစ္ခဲ့ပါက ၂၀၂၃ ခုႏွစ္အတြင္း စကၤာပူတြင္ အၾကီးမားဆံုး ကူးသန္း ေရာင္းဝယ္ေရးဆိုင္ရာ အိမ္ျခံေျမအေရာင္းအဝယ္ ျဖစ္ခဲ့မည္ ျဖစ္ေၾကာင္း Cushman & Wakefield က ေဖာ္ျပသည္။ စကၤာပူတြင္ အတိုးႏႈန္းျမင့္မားမႈေၾကာင့္ လက္ၾကီးဝယ္လက္တို႔ က်ဲပါးေနခ်ိန္မ်ဳိးတြင္ ရွားရွားပါးပါး အေရာင္းအဝယ္ အလားအလာတစ္ခုလည္း ျဖစ္ခဲ့သည္။

အေရာင္းအဝယ္ပ်က္သြားသည့္သတင္းကို အေစာဆံုးေဖာ္ျပခဲ့သည္မွာ စကၤာပူအေျခစိုက္ အိမ္ျခံေျမ ဝက္ဘ္ဆိုက္တစ္ခုျဖစ္ေသာ EdgeProp.sg မွ ျဖစ္သည္။

အဆိုပါ အေရာင္းအဝယ္ကို အက်ဳိးေဆာင္ခဲ့ေသာ CBRE Group က ယခုသတင္းကို တစံုတရာ မွတ္ခ်က္ မေပးေသး။

တရုတ္ဘီလ်ံနာ Du ၏ စကၤာပူမွ ကုမၸဏီ Bright Ruby Resources ကလည္း မွတ္ခ်က္မေပးေသးေခ်။

ယခုအေဆာက္အအံု ျပန္လည္ေဆာက္လုပ္မည့္အစီအစဥ္ကို ျငင္းပယ္ခဲ့ေၾကာင္း ျမိဳ႕ျပျပန္လည္ဖြံ႔ျဖိဳးေရး အာဏာပိုင္အဖြဲ႔ (URA) က အတည္ျပဳထားသည္။

သတ္မွတ္စည္းမ်ဥ္းစည္းကမ္းႏွင့္ မညီေသာေၾကာင့္ ျငင္းပယ္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

Stratgic Development Incentive Scheme အစီအစဥ္ျဖင့္ ျပန္လည္ေဆာက္လုပ္မႈမ်ား ျပဳလုပ္လိုလွ်င္ အနည္းဆံုး ကပ္လ်က္အေဆာက္အအံု ၂ ခုပါ ျပန္လည္ေဆာက္လုပ္ရန္ လိုအပ္သည္ဟု ဆိုသည္။

“ေပါင္းစပ္ျပီး ျပန္လည္မြမ္းမံမႈမ်ဳိးဟာ ခိုင္မာတဲ့အေျပာင္းအလဲေတြနဲ႔အတူ သက္ဆိုင္ရာေဒသကို သစ္လြင္ႏုပ်ဳိေစမွာျဖစ္ပါတယ္” ဟု URA က ေျပာၾကားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Singapore’s largest property deal of 2023 falls apart on regulatory snag (straitstimes)

Photo Credit: straitstimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK အဖွဲ့မှ လီဆာက လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်များ အခြေချရာ Beverly Hills တွင် ကန်ဒေါ်လာ ၄ သန်းတန် စံအိမ်တစ်လုံး ဝ...

ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ရန်အတွက် သမိုင်းဝင်အိမ်တစ်လုံး ဖြိုချမှု ဝေဖန်ခံရလျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
mya-villa
cherry-condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service