စကၤာပူအေျခစိုက္ Metro Holdings ကုမၸဏီက ၾသစေတးလ်တြင္ အိမ္ျခံေျမ ေဒၚလာ သန္း ၁၀၀ ဖိုးခန္႔ ဝယ္ယူကာ ၾသစေတးလ်အိမ္ျခံေျမေလာကသို႔ ျပန္လည္ဝင္ေရာက္

စကၤာပူအေျခစိုက္ Metro Holdings ကုမၸဏီက ၾသစေတးလ်တြင္ အိမ္ျခံေျမ ေဒၚလာ သန္း ၁၀၀ ဖိုးခန္႔ ဝယ္ယူကာ ၾသစေတးလ်အိမ္ျခံေျမေလာကသို႔ ျပန္လည္ဝင္ေရာက္ - Property News in Myanmar from iMyanmarHouse.com
14 Nov 2019 12:27 pm တွင် တင်ခဲ့သည်
755 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

စကၤာပူအေျခစိုက္ ကုန္တိုက္မ်ားတည္ေထာင္လည္ပတ္သည့္ ကုမၸဏီၾကီးျဖစ္ေသာ Metro Holdings ကုမၸဏီသည္ ၾသစေတးလ်တြင္ အိမ္ျခံေျမ ေဒၚလာ သန္း ၁၀၀ ဖိုးခန္႔ ဝယ္ယူကာ ၾသစေတးလ်အိမ္ျခံေျမေလာကသို႔ ျပန္လည္ဝင္ေရာက္ေၾကာင္း စကၤာပူအေျခစိုက္ စီးပြားေရး သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

Metro Holdings သည္ အိမ္ျခံေျမက႑တြင္လည္း ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္သည့္ ကုမၸဏီတစ္ခုျဖစ္ျပီး ၾသစေတးအိမ္ျခံေျမ ကုမၸဏီမ်ား၏ အိမ္ျခံေျမ ၁၄ ခုတြင္ ၂၀ ရာခိုင္ႏႈန္း ပါဝင္ရင္းႏွီးျမွဳပ္ႏွံခဲ့ျခင္းျဖစ္ကာ ယခုအခါ ၾသစေတးလ်ေဒၚလာ ၉၅ ဒသမ ၈ သန္း (စကၤာပူေဒၚလာ ၈၉ ဒသမ ၅ သန္း) ရင္းႏွီးျမွဳပ္ႏွံခဲ့သည္။

က်န္သည့္ ရာခိုင္ႏႈန္းကို ေဒသတြင္း အိမ္ျခံေျမကုမၸဏီျဖစ္သည့္ Sim Lian က ဆက္လက္ပိုင္ဆိုင္ထားမည္ ျဖစ္သည္။

Metro ႏွင့္ Sim Lian တို႔သည္ asset မ်ား စီမံခန္႔ခြဲမႈ ကုမၸဏီတစ္ခုတည္ေထာင္ရန္ သေဘာတူညီခဲ့ၾကသည္။

အဆိုပါကုမၸဏီျဖင့္ ဆစ္ဒနီ၊ ဘရစၥဘိန္း၊ မဲလ္ဘုန္းႏွင့္ ပါ့သ္ျမိဳ႕ၾကီးမ်ားရွိ ရံုးအေဆာက္အအံု ၄ ခုႏွင့္ ေစ်းဝယ္စင္တာ ၁၀ ခုကို ကြပ္ကဲသြားမည္ဟု ဆိုသည္။

ယင္းအေဆာက္အအံုမ်ား၏ စုစုေပါင္းတန္ဖိုးမွာ ၾသစေတးလ်ေဒၚလာ သန္း ၉၀၀ ခန္႔ရွိသည္ဟု တြက္ခ်က္ထားသည္။

စုစုေပါင္း အငွားခ်ထားႏိုင္သည့္ ၾကမ္းခင္းဧရိယာမွာ စတုရန္းမီတာ ၁၃၀၉၂၅ ရွိျပီး ပွ်မ္းမွ် ငွားရမ္းရမႈ ပမာဏမွာ ၉၆ ဒသမ ၇ ရာခိုင္ႏႈန္းရွိကာ အငွားခ်ထားမႈမ်ား၏ ပွ်မ္းမွ်သက္တမ္းမွာ ၈ ႏွစ္ခန္႔ ျဖစ္သည္။

“ယခုရင္းႏွီးျမွဳပ္ႏွံမႈသည္ Metro Group အတြက္ ၾကီးမားသည့္ပမာဏမဟုတ္ေသာ္လည္း ေဒသတြင္းတြင္ ဆက္လက္လုပ္ငန္းခ်ဲ႕ထြင္ သြားရန္ အေရးပါေၾကာင္း” Metro ကုမၸဏီက ထုတ္ျပန္ထားသည္။

ယခုေျခလွမ္းသည္ ၾသစေတးလ်သို႔ Metro ကုမၸဏီ ျပန္လည္ဝင္ေရာက္လာျခင္းလည္းျဖစ္ျပီး ၂၀၀၅ ခုႏွစ္အတြင္းကလည္း ၾသစေတးလ်ႏိုင္ငံ၊ ကြင္းစလန္ျပည္နယ္၊ Cairns ျမိဳ႕တြင္ ဇိမ္ခံအပန္းေျဖဟိုတယ္ၾကီးတစ္လံုး ဝယ္ယူကာ ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္ထားခဲ့ဖူးသည္။

Metro ကုမၸဏီဥကၠဌ ဝင္စတန္ခ်ဴးက ေျပာၾကားရာတြင္ ယခုရင္းႏွီးျမွဳပ္ႏွံမႈမွာ ေဒသတြင္း၌ လုပ္ငန္းမ်ား ခ်ဲ႕ထြင္ေရးႏွင့္ ရင္းႏွီးျမွဳပ္ႏွံမႈကို နယ္ပယ္စံု ျဖန္႔က်က္ေရးဟူေသာ ကုမၸဏီ၏ မဟာဗ်ဴဟာႏွင့္ ကိုက္ညီေၾကာင္း ေျပာၾကားသည္။

Metro ကုမၸဏီသည္ တရုတ္၊ အင္ဒိုနီးရွား၊ ျဗိတိန္ႏွင့္ စကၤာပူႏိုင္ငံမ်ား၏ အိမ္ျခံေျမက႑မ်ားတြင္လည္း ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္ထားသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

စင်္ကာပူအခြေစိုက် ကုန်တိုက်များ တည်ထောင်လည်ပတ်သည့် ကုမ္ပဏီကြီးဖြစ်သော Metro Holdings ကုမ္ပဏီသည် သြစတေးလျတွင် အိမ်ခြံမြေ ဒေါ်လာ သန်း ၁၀၀ ဖိုးခန့် ဝယ်ယူကာ သြစတေးလျအိမ်ခြံမြေလောကသို့ ပြန်လည်ဝင်ရောက်ကြောင်း စင်္ကာပူအခြေစိုက် စီးပွားရေး သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Metro Holdings သည် အိမ်ခြံမြေကဏ္ဍတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး သြစတေးအိမ်ခြံမြေ ကုမ္ပဏီများ၏ အိမ်ခြံမြေ ၁၄ ခုတွင် ၂၀ ရာခိုင်နှုန်း ပါဝင်ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်ကာ ယခုအခါ သြစတေးလျဒေါ်လာ ၉၅ ဒသမ ၈ သန်း (စင်္ကာပူဒေါ်လာ ၈၉ ဒသမ ၅ သန်း) ရင်းနှီးမြှုပ်နှံခဲ့သည်။

ကျန်သည့် ရာခိုင်နှုန်းကို ဒေသတွင်း အိမ်ခြံမြေကုမ္ပဏီဖြစ်သည့် Sim Lian က ဆက်လက်ပိုင်ဆိုင်ထားမည် ဖြစ်သည်။

Metro နှင့် Sim Lian တို့သည် asset များ စီမံခန့်ခွဲမှု ကုမ္ပဏီတစ်ခုတည်ထောင်ရန် သဘောတူညီခဲ့ကြသည်။

အဆိုပါကုမ္ပဏီဖြင့် ဆစ်ဒနီ၊ ဘရစ္စဘိန်း၊ မဲလ်ဘုန်းနှင့် ပါ့သ်မြို့ကြီးများရှိ ရုံးအဆောက်အအုံ ၄ ခုနှင့် ဈေးဝယ်စင်တာ ၁၀ ခုကို ကွပ်ကဲသွားမည်ဟု ဆိုသည်။

ယင်းအဆောက်အအုံများ၏ စုစုပေါင်းတန်ဖိုးမှာ သြစတေးလျဒေါ်လာ သန်း ၉၀၀ ခန့်ရှိသည်ဟု တွက်ချက်ထားသည်။

စုစုပေါင်း အငှားချထားနိုင်သည့် ကြမ်းခင်းဧရိယာမှာ စတုရန်းမီတာ ၁၃၀၉၂၅ ရှိပြီး ပျှမ်းမျှ ငှားရမ်းရမှု ပမာဏမှာ ၉၆ ဒသမ ၇ ရာခိုင်နှုန်းရှိကာ အငှားချထားမှုများ၏ ပျှမ်းမျှသက်တမ်းမှာ ၈ နှစ်ခန့် ဖြစ်သည်။

“ယခုရင်းနှီးမြှုပ်နှံမှုသည် Metro Group အတွက် ကြီးမားသည့်ပမာဏမဟုတ်သော်လည်း ဒေသတွင်းတွင် ဆက်လက်လုပ်ငန်းချဲ့ထွင် သွားရန် အရေးပါကြောင်း” Metro ကုမ္ပဏီက ထုတ်ပြန်ထားသည်။

ယခုခြေလှမ်းသည် သြစတေးလျသို့ Metro ကုမ္ပဏီ ပြန်လည်ဝင်ရောက်လာခြင်းလည်းဖြစ်ပြီး ၂၀၀၅ ခုနှစ်အတွင်းကလည်း သြစတေးလျနိုင်ငံ၊ ကွင်းစလန်ပြည်နယ်၊ Cairns မြို့တွင် ဇိမ်ခံအပန်းဖြေဟိုတယ်ကြီးတစ်လုံး ဝယ်ယူကာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားခဲ့ဖူးသည်။

Metro ကုမ္ပဏီဥက္ကဌ ဝင်စတန်ချူးက ပြောကြားရာတွင် ယခုရင်းနှီးမြှုပ်နှံမှုမှာ ဒေသတွင်း၌ လုပ်ငန်းများ ချဲ့ထွင်ရေးနှင့် ရင်း နှီးမြှုပ်နှံမှုကို နယ်ပယ်စုံ ဖြန့်ကျက်ရေးဟူသော ကုမ္ပဏီ၏ မဟာဗျူဟာနှင့် ကိုက်ညီကြောင်း ပြောကြားသည်။

Metro ကုမ္ပဏီသည် တရုတ်၊ အင်ဒိုနီးရှား၊ ဗြိတိန်နှင့် စင်္ကာပူနိုင်ငံများ၏ အိမ်ခြံမြေကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service