စင်္ကာပူနိုင်ငံ အရှေ့တောင်ပိုင်း Geylang အရပ်ရှိ အခန်းပေါင်း ၄၉ ခန်းပါ၊ ၈ ထပ်အဆောက်အအုံ ဟိုတယ်တစ်လုံးကို ဒေါ်လာ ၂၃ သန်းဖြင့် ရောင်းချမည်
စင်္ကာပူနိုင်ငံ အရှေ့တောင်ပိုင်း Geylang အရပ်ရှိ အခန်းပေါင်း ၄၉ ခန်းပါ၊ ၈ ထပ်အဆောက်အအုံ ဟိုတယ်တစ်လုံးကို ဒေါ်လာ ၂၃ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
23 Oct 2019 11:16 am တွင် တင်ခဲ့သည်
933 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
စင်္ကာပူနိုင်ငံ အရှေ့တောင်ပိုင်း Geylang အရပ်ရှိ အခန်းပေါင်း ၄၉ ခန်းပါ၊ ၈ ထပ်အဆောက်အအုံ ဟိုတယ်တစ်လုံးကို ဒေါ်လာ ၂၃ သန်းမှ ၂၅ သန်းကြားဖြင့် တင်ဒါခေါ်ယူ ရောင်းချရန် စီစဉ်လျက်ရှိကြောင်း စထရိတ်တိုင်းမ်သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ရောင်းချမည့်ဟိုတယ်မှာ Hotel Compass ဟု အမည်ရပြီး freehold အမျိုးအစားဖြစ်ကာ ဟိုတယ်၏ အကျယ်အဝန်း ဧရိယာမှာ ၄၃၆ ဒသမ ၉ စတုရန်းမီတာ ( ၄၇၀၃ စတုရန်းပေ ) ရှိသည်။
မြို့ပြ ပြန်လည်ဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့၏ ၂၀၁၄ ခုနှစ် မဟာစီမံကိန်းအရ ယခုဟိုတယ်တည်ရှိရာ နေရာမှာ ကူးသန်းရောင်းဝယ်ရေး/အင်စတီကျူးရှင်းဇုန်ဖြစ်ပြီး အသားတင်ကြမ်းခင်းဧရိယာ ၁၄၈၆ ဒသမ ၄ စတုရန်းမီတာ ရှိသည်။
Aljunied MRT ဘူတာရုံနှင့် Mountbatten MRT ဘူတာရုံတို့အနီးတွင် တည်ရှိပြီး စင်္ကာပူစီးပွားရေးအချက်အခြာဒေသ၊ ချန်ဂီလေဆိပ်တို့နှင့် မိနစ် ၂၀ ခရီးသာ ဝေးကွာသည်။
“ဟိုတယ်ကဏ္ဍဟာ စင်္ကာပူမှာ ဝယ်လိုအားများပြားတဲ့ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ရောင်းအားပမာဏရှိမှုနဲ့အတူ ဟိုတယ်ကဏ္ဍဟာ ရင်းနှီးမြှုပ်နှံသူတွေနဲ့ end-users နှစ်မျိုးလုံးအတွက် အကောင်းဆုံးအရာတစ်ခု ဖြစ်နေပါတယ်။”ဟု Knight Frank Singapore ၏ ရင်းနှီးမြှုပ်နှံမှုနှင့် သွင်းအားစုဈေးကွက်ဆိုင်ရာ အကြီးအကဲ Ian Loh က ပြောကြားသည်။
“နောက်တစ်ချက်ကတော့ ဒီဟိုတယ်ဟာ ပြန်လည်ပြုပြင်မွမ်းမံထားတဲ့ Paya Lebar ကူးသန်းရောင်းဝယ်ရေးဗဟိုနဲ့ အနည်းငယ်သာ ဝေးကွာပါတယ်။ ဟိုတယ်ကိုလာမယ့် ဧည့်သည်တွေဟာ မကြာမီဖွင့်လှစ်တော့မယ့် PLQ Mall, SingPost Centre, Paya Lebar Square နဲ့ Kinex Mall တို့မှာရှိတဲ့ ဖျော်ဖြေရေးနေရာတွေ၊ ညစာစားဖို့ နေရာတွေမှာ အပန်းဖြေနိုင်ကြမှာ ဖြစ်ပါတယ်”Knight Frank Singapore ၏ လေလံနှင့် အရောင်းဌာနအကြီးအကဲ ရှာရွန်လီက ပြောကြားရာတွင် ယခုဟိုတယ်ကို ပြည်ပနိုင်ငံသားများ နှင့် ကုမ္ပဏီများလည်း ဝယ်ယူနိုင်မည်ဖြစ်ပြီး ဝယ်လက်မှ တံဆိပ်ခေါင်းခွန် ကုန်ကျရမည်မဟုတ်ကြောင်း ပြောကြားသည်။
Hotel Compass အတွက် တင်ဒါပိတ်မည့်နေ့မှာ လာမည့် နိုဝင်ဘာ ၁ ရက်၊ နေ့လယ် ၂ နာရီတွင် ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service